ဒုတိယရင်းမြစ်အနေနဲ့ ဗီတာမင် D3 ကို ခန္ဓာကိုယ်ကိုယ်တိုင်ကလည်း ထုတ်လုပ်ပေး ပါတယ်။ တစ်ပတ်မှာ ၂ ကြိမ်မှ ၄ ကြိမ်အထိ၊ တစ်ကြိမ်လျှင် ၁၅ မိနစ်ခန့် နေပူထဲ ထွက်ပေး ခြင်းဖြင့် ဗီတာမင် D3 ကို ရရှိနိုင်ပါတယ်။ ဥပမာအားဖြင့် မနက် ၆ နာရီမှ ၈ နာရီအတွင်း နဲ့ ညနေ ၄ နာရီမှ ၆ နာရီအတွင်း နေရောင်ခြည် ခံယူမယ်, နေပူစာလှုံမယ် ဆိုရင် နေရောင်ထဲ က ခရမ်းလွန်ရောင်ခြည်တွေက ခန္ဓာကိုယ်ထဲက ကိုလက်စထရောတွေကို ဗီတာမင် D အဖြစ် ပြောင်းလဲပေးရာမှာ အကူအညီပေးပါတယ်။
ဗီတာမင် D ချို့တဲ့မှု ဖြစ်နိုင်ခြေရှိတဲ့ကလေးများအုပ်စုထဲမှာ - နေရောင်ခြည်နဲ့ထိတွေ့မှု နည်းပါးသူများ၊ နေရောင်ကာခရင်မ်လိမ်းသူများ၊ နို့စို့ကလေးငယ်များ၊ ဗီတာမင် D ပါဝင်တဲ့ အစားအစာတွေကို မစားတဲ့ ကလေးများနဲ့ အဝလွန်ကလေးများ စတာတွေ ပါဝင်ပါတယ်။
တစ်နေ့ ၂,၀၀၀ IU ထက် ပိုပြီး စားသုံးမိရင်တော့ ကလေးတွေမှာ ဗီတာမင် D ပမာဏ လွန်ကဲမှုကို ဖြစ်ပေါ်စေနိုင်မှာ ဖြစ်ပါတယ်။ ဗီတာမင် D လွန်ကဲမှုကို ဖော်ပြနေတဲ့ လက္ခဏာတွေက တော့ ဆီးမကြာခဏသွားခြင်း၊ ပုံမှန်မဟုတ်ဘဲ အလွန်အမင်း ရေငတ်ခြင်း၊ အလွန်အမင်း ရေဓာတ် ခန်းခြောက်ခြင်း၊ မျက်စိနာခြင်း (မျက်မြှေးရောင်ခြင်း)၊ ယားယံခြင်း၊ ဗိုက်နာခြင်း၊ အော့အန်ခြင်း၊ ဝမ်းချုပ်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သွေးကြောနံရံများ၊ နှလုံး၊ အဆုတ်၊ အသည်းနှင့် အစာအိမ် စတာတွေမှာ ကယ်လ်စီယမ်တွေ စုပုံစေခြင်းကို ဖြစ်ပေါ်စေနိုင်ပြီး၊ ကျောက်ကပ်မှာ ကျောက်တည်ခြင်းကိုလည်း ဖြစ်စေနိုင်ပါတယ်။
အစားအစာများ |
||
| မိခင်နို့ |
ဗီတာမင် D3 ~ တစ်လီတာလျှင် ~ ၂၅ IU |
|
|
ကော့ဒ်ပင်လယ်ငါးကြီးဆီ |
ဗီတာမင် D3 ~ လက်ဖက်ရည်ဇွန်းတစ်ဇွန်းလျှင် ~ ၄၀၀–၁,၀၀၀ IU |
|
|
ဆယ်လ်မွန်ငါး |
ဗီတာမင် D3 ~ ၁၀၀ ဂရမ်လျှင် ~ ၃၀၀–၆၀၀ IU |
|
|
ဆာဒင်းငါး |
ဗီတာမင် D3 ~ ၁၀၀ ဂရမ်လျှင် ~ ၃၀၀ IU |
|
| မက်ကရယ်ငါး (သို့) ငါးကွမ်းရှပ် |
ဗီတာမင် D3 ~ ၁၀၀ ဂရမ်လျှင် ~ ၂၅၀ IU |
|
|
တူနာငါး |
ဗီတာမင် D3 ~ ၁၀၀ ဂရမ်လျှင် ~ ၂၃၆ IU |
|
|
ရှင်နီတက်မှို (အစို) |
ဗီတာမင် D2 ~ ၁၀၀ ဂရမ်လျှင် ~ ၁၀၀ IU |
|
|
ရှင်နီတက်မှို (အခြောက်) |
ဗီတာမင် D2 ~ ၁၀၀ ဂရမ်လျှင် ~ ၁,၆၀၀ IU |
|
|
ကြက်ဥအနှစ် |
ဗီတာမင် D3 (သို့) D2 တစ်လုံးလျှင် ~ ၂၀ IU |
|
|
နေရောင်ခြည်ခံခြင်း (၁၅ မိနစ်) |
||
|
ခြေထောက်နှင့် လက်များပေါ်တွင် |
ဗီတာမင် D3 ~ ၃,၀၀၀ IU |
|
|
ဗီတာမင် D ဖြည့်တင်းထားသော နို့ |
ဗီတာမင် D3 ၈ အောင်စလျှင် ၁၀၀ IU |
|
|
ဗီတာမင် D ဖြည့်တင်းထားသော ဒိန်ချဉ် |
ဗီတာမင် D3 ၈ အောင်စလျှင် ၁၀၀ IU |
|
|
ဗီတာမင် D ဖြည့်တင်းထားသော ထောပတ် |
ဗီတာမင် D3 ၈ အောင်စလျှင် ၅၆ IU |
|
|
ဗီတာမင် D ဖြည့်တင်းထားသော မာဂျရင်း |
ဗီတာမင် D3 ၈ အောင်စလျှင် ၄၂၉ IU |
|
| ဗီတာမင် D ဖြည့်တင်းထားသော ချိစ် |
ဗီတာမင် D3 ၈ အောင်စလျှင် ၁၀၀ IU |
|
|
ဆေးဝါးများ |
||
| Ergocalciferol (အာဂိုကယ်လ်စီဖီရောလ်) |
ဗီတာမင် D2 တစ်တောင့်လျှင် ၅၀,၀၀၀ IU |
|
|
ဒရစ်စောလ် အရည် (Drisdol liquid) |
ဗီတာမင် D2 ၁ စီစီလျှင် ၈,၀၀၀ IU |
|
|
ဖြည့်စွက်စာများ |
||
|
ဗီတာမင်စုံဆေး |
ဗီတာမင် D3 (သို့) D2 ၄၀၀, ၅၀၀ နှင့် ၁,၀၀၀ IU |
|
|
ဗီတာမင် D3 |
၄၀၀, ၈၀၀, ၁,၀၀၀, ၂,၀၀၀, ၅,၀၀၀, ၁၀,၀၀၀ နှင့် ၅၀,၀၀၀ IU |
ကိုးကားချက်များ