ကလေးများမှာဖြစ်ပွားတတ်တဲ့ မွေးရာပါရှားပါးကျောရိုးကြွက်သားရောဂါ - Spinal Muscular Atrophy (SMA) ရောဂါကိုကာကွယ်ကုသခြင်း

ကလေးများမှာဖြစ်ပွားတတ်တဲ့ မွေးရာပါရှားပါးကျောရိုးကြွက်သားရောဂါ - Spinal Muscular Atrophy (SMA) ရောဂါကိုကာကွယ်ကုသခြင်း

အနှစ်ချုပ်

  • Spinal Muscular Atrophy(SMA)  ဟာ ကျောရိုးမှာရှိတဲ့ အာရုံကြောဆဲလ်များ ဆုံးရှုံးသွားခြင်းကြောင့် ကြွက်သားများအားနည်းခြင်းနဲ့ လျော့ရဲခြင်းတို့ကို ဖြစ်စေတဲ့ မျိုးရိုးဗီဇရောဂါတစ်ခုဖြစ်ပါတယ်။ ဒီရောဂါဟာ သာလာဆီးမီးယား သွေးအားနည်းရောဂါ (Thalassemia) ပြီးရင် ဒုတိယအများဆုံးအဖြစ်များတဲ့ မျိုးရိုးလိုက်တဲ့ ရောဂါ ဖြစ်ပါတယ်။ ဒါဟာအာရုံကြောနဲ့ကြွက်သားများ ယိုယွင်းခြင်းကြောင့် ဖြစ်ပြီး ကျောရိုးကနေ ကြွက်သားစနစ်ဆီကို အချက်ပြမှု မပို့ပေးနိုင်တဲ့အထိ ဖြစ်နိုင် ပါတယ်။
  • SMA ရောဂါရှိတဲ့ မွေးကင်းစ ကနေ (၆)လအထိကလေးငယ်များဟာ အသက် (၂) နှစ် ကျော်ရင် အသက်ရှင်သန်ဖို့အတွက် အာမခံချက်မရှိတော့ ပါဘူး။
  • မျိုးရိုးဗီဇစစ်ဆေးခြင်း နဲ့ ကလေးမယူခင် SMA ရောဂါ ဖြစ်လာနိုင်တဲ့ ဗီဇဂျင်း (Gene) ရှိ မရှိ စစ်ဆေးခြင်း နည်းလမ်းများနဲ့ ကြိုတင် ကာကွယ်နိုင်ပါတယ်။

မွေးရာပါရှားပါးကျောရိုးကြွက်သားရောဂါ - Spinal Muscular Atrophy (SMA)

Spinal Muscular Atrophy  ဟာ အာရုံကြောဆဲလ်များ ယိုယွင်းခြင်းကြောင့် ဖြစ်ပြီး ကျောရိုးကနေ ကြွက်သားစနစ်ဆီကို အချက်ပြမှု မပို့ပေးနိုင်တဲ့အထိ ဖြစ်နိုင် ပါတယ်။ SMA ဟာ သာလာဆီးမီးယားသွေးအားနည်းရောဂါ ပြီးရင် ဒုတိယ အများဆုံးအဖြစ်များတဲ့ မျိုးရိုးလိုက်တဲ့ ရောဂါ ဖြစ်ပါတယ်။

Spinal Muscular Atrophy(SMA) အမျိုးအစားများ

ဒီရောဂါဟာဟ မွေးကင်းစ မှသည် လူကြီးအထိ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ဒါပေမယ့်လည်း မွေးကင်းစကာလအတွင်းမှာ လက္ခဏာပြတယ်ဆိုရင် ပိုပြီးဆိုးရွားနိုင် ပါတယ်။ ရောဂါအခြေအနေကို အောက်ပါအတိုင်း အမျိုးအစား(၄)ခု ခွဲခြားနိုင်ပါတယ်။

  • SMA Type I: ဒါဟာရောဂါရဲ့ အပြင်းထန်ဆုံးအခြေအနေဖြစ်ပြီး  မွေးကင်းစ အချိန်ကနေ အသက်(၆)လအထိ လက္ခဏာတွေပြပါတယ်။ ဒီရောဂါခံစားရတဲ့ ကလေးငယ်ဟာ ကိုယ်တိုင် ထိုင်နိုင်မှာမဟုတ်ပါဘူး။ ဒါ့အပြင် အသက်ရှူလမ်း ကြောင်း လုပ်ဆောင်ချက်တွေအားနည်းပြီး အသက်ရှူရခက်တာကြောင့် ဒီလိုမျိုး ကလေးငယ်ဟာ အသက်(၂)နှစ်ကျော်ရင် အသက်အာမခံချက်မရှိပါဘူး။
  • SMA Type II: ဒီအမျိုးအစားကတော့ ရောဂါအသင့်အတင့်ပြင်းထန်တဲ့ အခြေအနေဖြစ်ပြီး အသက်(၇)လ-(၈)လ လောက်မှာ လက္ခဏာပြတတ်ပါတယ်။ ဒီအခြေအနေရှိတဲ့ ကလေးတွေဟာ မတ်တပ်မရပ်နိုင်ဘဲ အသက်(၂)နှစ်ကျော် ရင် အသက်ဆက်လက်ရှင်သန်ဖို့ အာမခံချက်မရှိပါဘူး။
  • SMA Type III: ဒီအမျိုးအစားကတော့  အသက် (၁၈) လကျော်မှသာ စတင် လက္ခဏာပြပြီး ရောဂါအများကြီးမပြင်းထန်ပါဘူး။
  • SMA Type IV: ဒီအမျိုးအစားကတော့ အသက်(၁၈)နှစ်ကျော်မှပဲ လက္ခဏာပြ ပါတယ်။ ရေရှည်မှာ လူနာအနေနဲ့ အသက်(၅၀)-(၆၀) လောက်ကျရင် ဝှီးချဲ နဲ့မှ သွားလာနိုင်တဲ့ အခြေအနေဖြစ်သွားနိုင်ပါတယ်။

Spinal Muscular Atrophy ကိုကုသခြင်း

SMA ကိုခံစားရတဲ့လူနာများအနေနဲ့ သူတို့ရဲ့ အသက်ရှူလမ်း ကြောင်းစနစ်၊ ဗဟိုနာ့ဗ်ကြောစနစ်၊ ကြွက်သားနဲ့အရေပြားစနစ် များအတွက် အထူးကုသမှုတွေကို ခံယူသင့်ပါတယ်။  ဒါ့အပြင် ကျွမ်းကျင်ဆရာဝန်များနဲ့ တိုင်ပင်ပြီး ကိုယ်ကာယကုထုံးနဲ့ သင့်တင်တဲ့အာဟာရ ဆိုင်ရာ အကြံဥာဏ်များကို ရယူသင့်ပါ တယ်။ SMA ခံစားနေရတဲ့ ကလေးငယ်တွေအနေနဲ့ ဦးနှောက်၊ ကျောရိုး ၊ ကြွက်သားနဲ့ အရေပြားစနစ် စတာတွေကို  ထိခိုက်စေတဲ့ မူမမှန်မှုများ ကြောင့် ပျက်စီးသွားတဲ့ ကြွက်သားစနစ်ပြန်လည်ကောင်းမွန်ဖွံ့ဖြိုးလာစေရေးကို ရည်ရွယ်ပြီး အထူးပြုလုပ်ထား တဲ့ ကိရိယာတွေကိုအသုံးပြီး ကုသပေးနိုင်မယ့် ကျွမ်းကျင်ဆရာဝန်များနဲ့ တိုင်ပင်ရပါမယ်။

SMA ကိုကြိုတင်ကာကွယ်ခြင်း

ဒီအခြေအနေဟာ ငုပ်လျှိုးနေတဲ့ ဗီဇဂျင်း (Recessive Genes) များကနေ သယ်ဆောင် လာနိုင်တာကြောင့် ကလေးမယူခင် SMA သယ်ဆောင် လာနိုင်တဲ့ဗီဇဂျင်း စစ်ဆေးခြင်းအပါအဝင် မျိုးရိုးဗီဇစစ်ဆေးခြင်းနည်းလမ်းများနဲ့ ကြိုတင်ကာကွယ် နိုင်ပါတယ်။ တကယ်လို့ အဖေရော အမေကပါ Gene သယ်ဆောင်လာနိုင်သူမျိုးဆိုရင် ကလေးငယ်အနေနဲ့ ရောဂါပါလာနိုင်ခြေ ၄း၁ ရှိပါတယ်။

SMA ဗီဇဂျင်းကိုစစ်ဆေးခြင်းဟာ ရိုးရှင်းလွယ်ကူပါတယ်။ ရှုပ်ထွေးခက်ခဲမှုမရှိတဲ့ သွေးစစ်ဆေးခြင်းကိုလုပ်ဆောင်နိုင်ပြီး တစ်လအတွင်း ရလဒ်ကို သိရှိနိုင်ပါတယ်။ ဒီလို စစ်ဆေးမှုမျိုးဟာ အမေ(သို့)အဖေက Gene သယ်ယူမှု ရှိ မရှိဆိုတာကို သိနိုင်ပါတယ်။ ဒါကြောင့်သူတို့အနေနဲ့ အနာဂတ်မှာ မိသားစုဘဝတစ်ခုတည်ဆောက်မယ်ဆိုရင် ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိစေမှာဖြစ်ပါတယ်။

ဆစ်မီတဝေ့ဆေးရုံရဲ့ ကလေးဦးနှောက်နှင့်အာရုံကြောအထူးကုဆေးခန်း (Pediatric Neurology Clinic) ဟာ ဦးနှောက်၊ ကျောရိုး၊ နာ့ဗ်အာရုံကြောနဲ့ ကြွက်သား စတာတွေ မှာဖြစ်တတ်တဲ့ နာတာရှည်ခေါင်းကိုက်ခြင်း၊ ကလေး၏ကြွက်သားလုပ်ဆောင်မှုပျက်စီး ခြင်း(Cerebral Palsy)၊ ဝက်ရူးပြန်ရောဂါ(Epilepsy)၊ ဦးနှောက်မြှေးရောင်ခြင်း (Meningitis)၊ ဦးနှောက်ရောင်ရောဂါ(Encephalitis)၊ ဦးနှောက်သွေးယိုခြင်း (Cerebral Hemorrhage)၊ ဦးနှောက်အကျိတ်(Brain Tumors)၊ ကြွက်သားအားနည်းခြင်း၊ အကြောင်းအမျိုးမျိုးကြောင့်လှုပ်ရှားမှုပြဿနာရှိခြင်း စတာတွေကို ရှာဖွေစစ်ဆေး ကုသခြင်းများကို ဝန်ဆောင်ပေးလျက်ရှိပါတယ်။ ဆေးရုံရဲ့ အထူးကုဆရာဝန်ကြီးများ ဟာ ဦးနှောက်လျှပ်လှိုင်းပုံဖော်စစ်ဆေးခြင်း(Electroencephalography) ၊ CT Scan ၊ MRI Scan များကိုအသုံးပြုပြီး မူမမှန်မှုများဖြစ်စေတဲ့အကြောင်းအရင်းကို စစ်ဆေးပေး ပါတယ်။ အဆိုပါ နည်းပညာများဟာ ဆရာဝန်များနဲ့ လူနာများအတွက် အကောင်းဆုံး ရလဒ်ရရှိစေမယ့် ကုသမှုအစီအစဉ်များကို အဆင့် တစ်ဆင့်ချင်းစီအလိုက် အကူအညီပေးနိုင်မှာ အသေအချာပါပဲ။

အဆင့်သတ်မှတ်ချက်

မှတ်ပုံတင်ပြီးသားလား။