ခေါင်းကိုက်ခြင်း၊ လည်ပင်းနာကျင်ခြင်း၊ ခါးနာခြင်း စတဲ့ အာရုံကြောဆိုင်ရာ ရောဂါတွေကြောင့် ဆက်စပ် ဖြစ်လာတဲ့ နာကျင်မှုတွေကို မကုသဘဲ ပေါ့ဆလျစ်လျူရှုထားမယ်ဆိုရင် နောက်ပိုင်းဖြစ်ပေါ်လာမယ့် နောက်ဆက်တွဲပြဿနာတွေဟာ မသန်စွမ်းဖြစ်တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ ဒါ့အပြင် လူနာအများစုဟာ ရောဂါအမျိုးအစားတွေအပေါ်မှာ နားလည်မှုလွဲမှားနေတာမျိုးတွေလည်း ရှိနေနိုင်ပြီး၊ တချို့နာကျင်မှု မျိုးတွေဟာ လုံးဝကိုကုသလို့မရနိုင်တော့ဘူးလို့ ထင်မှတ်နေကြပါတယ်။ လည်ပင်းနာကျင်မှုနဲ့ ခေါင်းကိုက်ခြင်းကို ခံစားနေရသူတွေအတွက် အရေးအကြီးဆုံးအချက်ကတော့ ဖြစ်ပွားရတဲ့ အကြောင်းရင်း ကို တိကျတဲ့ ရောဂါရှာဖွေမှုတွေ ပြုလုပ်ဖို့ပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တချို့ အကြောင်းရင်းတွေ ထဲမှာ မတူညီတဲ့ အခြားအကြောင်းရင်းတွေများစွာ ပေါင်းစပ်ပါဝင်နေတတ်တာကြောင့် ဖြစ်ပါတယ်။ ရောဂါလက္ခဏာများရဲ့ အကြောင်းရင်းကို သိပြီဆိုပါမှ ဆရာဝန်က မှန်ကန်တဲ့ ကုသမှုကို ပေးနိုင်မှာ ဖြစ်ပါ တယ်။ အခုဆိုရင် နာကျင်မှုကို ထိထိရောက်ရောက်ထိန်းချုပ်နိုင်ဖို့၊ ရလဒ်တွေ မြန်မြန်ဆန်ဆန် ရရှိနိုင်ဖို့ နဲ့ အပြီးတိုင်ပျောက်ကင်းအောင် ကုသနိုင်ဖို့ စတာတွေအတွက် “နည်းစနစ်များပေါင်းစပ်ကုသခြင်း” ကဲ့သို့သော နာကျင်မှုအရင်းအမြစ်ကို ရှာဖွေပစ်မှတ်ထားပြီး ကုသနိုင်တဲ့ နည်းပညာသစ်တွေလည်း ရှိနေပြီ ဖြစ်ပါတယ်။
ခေါင်းတစ်ခြမ်းကိုက်ခြင်းဝေဒနာ (မိုင်ဂရိန်း) ဆိုတာ ဦးနှောက်အတွင်းရှိ အာရုံကြောပို့လွှတ်ပစ္စည်းများ ပုံမှန်မဟုတ်ဘဲ ထုတ်လွှတ်ခြင်း သို့မဟုတ် စိမ့်ထွက်ခြင်းတို့ကြောင့် ဖြစ်လာရတာ ဖြစ်ပါတယ်။ အဲဒါတွေ ထုတ်လွှတ်လိုက်တာနဲ့ ဦးနှောက်ရဲ့ အပြင်ဘက်အလွှာဖြစ်တဲ့ အမြှေးပါးကို ရောက်ရှိပြီး သွေးကြောများ ရောင်ရမ်းခြင်းနှင့် ဦးနှောက်သို့ သွေးပို့ဆောင်သော သွေးလွှတ်ကြောများ ကျုံ့သွားခြင်းတို့ကို ဖြစ်စေပါ တယ်။ ခေါင်းကိုက်ခြင်းအပြင် အမြင်အာရုံမှုန်ဝါးခြင်း၊ အလင်းများ လျှပ်စီးလက်သလို ဖြစ်ခြင်း၊ ခေါင်းမူးခြင်း၊ ပျို့အန်ခြင်း၊ ထုံကျင်ခြင်း နှင့် အားနည်းခြင်း အပါအဝင် အခြားသော လက္ခဏာများစွာကိုလည်း ခံစားရနိုင်ပြီး အဆိုပါ လက္ခဏာတွေကို စုပေါင်းပြီး “ရှေ့ပြေးလက္ခဏာများ”လို့ ခေါ်ပါတယ်။ မိုင်ဂရိန်းဖြစ်နေစဉ် လူအများစု ခံစားရတဲ့ ပြင်းထန်ပြီး တဒိတ်ဒိတ်ဖြစ်နေတဲ့ ခေါင်းကိုက်ခြင်းဟာ ဦးနှောက်ကို ဖုံးအုပ်ထားတဲ့ အမြှေးပါးမှာ ရှိတဲ့ သွေးလွှတ်ကြောတွေကို ကျယ်စေတဲ့ အာရုံကြောဓာတုပစ္စည်းများကြောင့် ဖြစ်လာနိုင်ခြေရှိပါတယ်။ မိုင်ဂရိန်းကိုဖြစ်စေတဲ့ အစပျိုးအကြောင်းရင်းတွေကတော့ -
အတွင်းပိုင်းမှ အစပျိုးသော အကြောင်းရင်းများ
ပြင်ပမှ အစပျိုးသော အကြောင်းရင်းများ
မိုင်ဂရိန်း ကို ရောဂါရှာဖွေကြမယ်ဆိုရင် ဦးစွာပထမ ဦးနှောက်သွေးကြောပိတ်လေဖြတ်ခြင်း၊ ဦးနှောက်သွေးကြောပေါက်ပြီး သွေးယိုစိမ့် ခြင်းကြောင့် လေဖြတ်ခြင်း စတဲ့ ပြင်းထန်ပြီး အန္တရာယ်ရှိတဲ့ ရောဂါတွေကို ထည့်သွင်း စဉ်းစားတဲ့ အထဲက အရင် ဖယ်ထုတ်ထားဖို့ လိုအပ်ပါတယ်။ ဒီလို ပြင်းထန်ဝေဒနာတွေကို သေသေချာချာ ဖယ်ထုတ်ပြီးတဲ့အခါကျမှသာ လူနာခံစား နေရတဲ့ နာကျင်မှု အကြိမ်ရေ နဲ့ ပြင်းထန်မှုတွေအပေါ်မှာ အခြေပြုပြီး ကုသမှုအစီအစဉ်တွေကို ရေးဆွဲ ကြရမှာ ဖြစ်ပါတယ်။
ကုသမှုကို အဓိကအမျိုးအစား နှစ်မျိုးပိုင်းခြားထားပါတယ် -
ဒါ့အပြင် ခေါင်းကိုက်ခြင်း စတင်ဖြစ်ပေါ်မလာစေဖို့အတွက် မိုင်ဂရိန်းကို အစပျိုးစေတဲ့ အကြောင်းရင်းတွေ ကိုလည်း ရှောင်ကြဉ်စေရပါမယ်။ ကြွက်သားတောင့်တင်းခြင်းနဲ့ ရုံးထိုင်ဝေဒနာကဲ့သို့သော ဖြစ်နိုင်ချေရှိတဲ့ အခြား လှုပ်ရှားမှုပြဿနာများကိုလည်း ရှာဖွေပြီး ကုသမှု ခံယူသင့်ပါတယ်။
ကုသမှုကိုမခံယူဘဲ လျစ်လျူရှုထားမိတဲ့ ခေါင်းကိုက်ဝေဒနာမျိုးဟာ သွေးလွှတ်ကြောတွေ ပိတ်ဆို့နေတာ၊ ဒါမှမဟုတ် သွေးခဲနေတာ၊ သွေးလွှတ်ကြောမကြီး ဖောင်းနေတာ၊ ဦးနှောက်မှာသွေးခဲနေခြင်းနဲ့ အခြား ပြင်းထန်တဲ့ ရောဂါတွေဆီကနေ အစပြုပြီး ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဖြစ်ရတဲ့ အရင်းခံအကြောင်းရင်း ကို ရှာဖွေမှု ဒါမှမဟုတ် ကုသမှု မပြုဘဲ ထားမယ်ဆိုရင် အာရုံကြောဆိုင်ရာ နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်တဲ့ အမြဲတမ်းအားနည်းနေခြင်း၊ ကုထုံးရဲ့ အာနိသင်တွေ ဆုံးရှုံးပြီး ဆေးအပေါ်မှာ တုံ့ပြန်မှု မရှိတော့ခြင်း စတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် နာကျင်မှု သက်သာစေတဲ့ ဆေးဝါးတွေကို အလွန်အကျွံသုံးစွဲ ခြင်းကနေ အဲဒီဆေးကိုစွဲသွားတဲ့အထိတောင် ဖြစ်လာစေနိုင်ပါတယ်။ ထပ်တလဲလဲ ပြန်လည်ဖြစ်ပွားတာမျိုး ကို ကာကွယ်ဖို့ဆိုရင် ခေါင်းကိုက်ခြင်းအမျိုးအစားအလိုက် အသေးစိတ်အချက်အလက်တွေ မတူကွဲပြား ပေမယ့် အဓိကအကျဆုံးကတော့ အရင်းခံအကြောင်းရင်းတွေကို ကုသခြင်း၊ လှုံ့ဆော်မှုများကို ရှောင်ရှား ခြင်းနှင့် နာကျင်မှု သက်သာစေတဲ့ ဆေးဝါးတွေ သောက်သုံးခြင်း စတာတွေပဲ ဖြစ်ပါတယ်။
ကြွက်သားတွယ်ဆက်တစ်ရှူးလွှာနာကျင်မှုရောဂါစုဟာ အထူးသဖြင့် ကြွက်သားအုပ်စုတစ်စုတည်းကို ထပ်ခါတလဲလဲ အသုံးပြုခြင်း၊ ပုံစံအနေအထားတစ်ခုခုတွင် အချိန်ကြာမြင့်စွာရှိနေခြင်း (ဥပမာ အချိန်ကြာမြင့်စွာ ထိုင်ခြင်း) တို့ကြောင့် ဖြစ်ပေါ်လာပြီး ကြွက်သားတွေ ကျုံ့သွား ခြင်းနှင့် တောင့်တင်းသွားခြင်းကို ဖြစ်စေကာ တစ်ခါတစ်ရံ အဆက်မပြတ် ဖြစ်နေနိုင်ပါတယ်။ ဒါ့အပြင် နာကျင်မှုကို လှုံ့ဆော်တဲ့ အာရုံကြောပို့လွှတ်ပစ္စည်းတွေဖြစ်တဲ့ နိုက်ထရစ်အောက်ဆိုဒ် ဆင်းသေ့စ်များ (nitric oxide synthases)တွေဟာ ကြွက်သားပတ်ဝန်းကျင်မှာရှိတဲ့ နာကျင်မှုခံယူနိုင်တဲ့နေရာတွေ (pain receptors) ကို လှုံ့ဆော်ပေးတာကြောင့် အဲဒီနေရာတွေမှာနာကျင်မှုဝေဒနာတွေ ဖြစ်ပေါ်လာရတာပဲ ဖြစ်ပါတယ်။ အစပျိုးအကြောင်းရင်းတစ်ခု ဖြစ်ပေါ်လာရင်၊ အထူးသဖြင့် အချိန်အကြာကြီး ဖြစ်ပေါ်နေတယ်ဆိုရင် အဲဒါဟာ ဗဟိုနာကျင်မှုခံယူနိုင်သည့် နေရာတွေ (central pain receptors) ကို ထိခိုက်နေတာဖြစ်ပြီး နာတာရှည် / ကြာရှည်စွာ နာကျင်မှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ကြွက်သား တောင့်တင်းခြင်းနှင့် နာကျင်ခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်းတွေကတော့ -
ကြွက်သားအရွတ်မျှင်နာကျင်မှုရောဂါစု / ရုံးထိုင် ဝေဒနာ အတွက် ကုသမှုပေးရာမှာ ယေဘုယျအားဖြင့် ထိခိုက်နေတဲ့ကြွက်သားအုပ်စုမှာဖြစ်နေတဲ့ တောင့်တင်းမှုနှင့် တင်းမာမှုကို လျှော့ချပေးတာလည်း ပါဝင် ပါတယ်။
ကုသမှု လုပ်ငန်းစဉ်
ဆောင်းပါးများ