ပိုမိုကြည်လင်တောက်ပတဲ့အသားအရေကိုပိုင်ဆိုင်နိုင်ဖို့နည်းလမ်း(၆)ခု

ပိုမိုကြည်လင်တောက်ပတဲ့အသားအရေကိုပိုင်ဆိုင်နိုင်ဖို့နည်းလမ်း(၆)ခု

အနှစ်ချုပ်

  • အသားအရေအတွက်လိမ်းတဲ့ ခရင်(မ်)တွေမှာ အသားအရေကို ပိုမိုကြည်လင် ဝင်းပစေဖို့ အထောက်အကူပြုတဲ့ ဗီတာမင် စီ နဲ့ ဗီတာမင် B-3 ဓာတ်တွေ ပါဝင် သင့်ပါတယ်။ အမျိုးသမီးများအနေနဲ့ အသားအရေမှာ လိမ်းတဲ့ ခရင်(မ်)တွေကို ရွေးချယ်မယ်ဆိုရင် ၎င်းမှာပါဝင်တဲ့ ပါဝင်ပစ္စည်းများကို စဉ်းစားရမယ့်အပြင် သူ့ရဲ့ အသုံးပြုပုံ ၊ ကိုယ်နဲ့ ကိုက်ညီမှု ရှိ မရှိ စတာတွေကိုပါ စဉ်းစားဖို့လိုပါတယ်။
  • အမျိုးသမီးများအနေနဲ့ ပိုမိုဝင်းလက်တောက်ပတဲ့ အသားအရေကို ရရှိနိုင်ဖို့အတွက် ယနေ့ခေတ်မှာ လေဆာအသုံးပြုကုသမှုတွေ ရှိနေပြီဖြစ်ပြီး အသားဖြူစေတဲ့ ပစ္စည်းများ အသုံးပြုမှုကိုလည်း လျှော့ချပေးပါတယ်။ Harmony Acne Pro ၊  Picosecond Laser ၊ IDEAL Radiant ကဲ့သို့သော လေဆာကုသမှု များကို အသားအရေထိန်းသိမ်းမှုနည်းလမ်းများနဲ့ တွဲဖက်လုပ်ဆောင်ခြင်းဖြင့် ပိုမိုကျန်းမာတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

“အမျိုးသမီးများဟာ သူတို့ရဲ့ အလှအပကို တစ်ရက်ကလေးတောင် လျစ်လျူမရှုကြပါဘူး။ ” ဒီ အဆိုဟာ မိန်းကလေးအများစုအတွက် ရင်းနှီးကျွမ်းဝင်ပြီး သားဖြစ်တဲ့အပြင် လှ သထထက် လှအောင် နေ့စဉ်ဘဝမှာ ကြိုးစားထိန်းသိမ်းကြ ပါတယ်။ ဘာလို့လဲဆိုတော့ ကြည်လင်ဝင်းပတဲ့အသားအရေဟာ အမျိုးသမီးများ အတွက် ယေဘုကျကျန်းမာရေးကောင်းမွန်ခြင်းရဲ့ ပြယုဂ် တစ်ခုဖြစ်နေလို့ပါပဲ။ တခြား အရာတွေကောင်းမွန်နေခြင်းအပြင် ကြည်လင်ဝင်းပတဲ့ အသားအရေ ပိုင်ဆိုင်ခြင်းဟာ လူတစ်ယောက်ရဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှုကို ပိုမိုမြှင့်တင်ပေးပါတယ်။ ဒါဆိုရင် အမျိုးသမီးများအတွက် ကျန်းမာကြည်လင်ဝင်းပတဲ့ အသားအရေ ပိုင်ဆိုင်နိုင်ဖို့ လွယ်ကူရိုးရှင်းပြီး ထိရောက်မှုအရှိဆုံး အသားအရေထိန်းသိမ်းမှု နည်းလမ်း (၆) ခုကို ကြည့်ရအောင်ပါ။

နံပါတ်(၁) - မျက်နှာသစ်ခြင်းဖြင့်စတင်ပါ

ပိုမိုကြည်လင်ဝင်းပတဲ့ မျက်နှာတစ်စုံကို ရရှိစေနိုင်မယ့် ပထမဆုံး အဆင့်အနေနဲ့ ကိုယ့်ရဲ့ မျက်နှာဟာ သန့်ရှင်းနေရပါမယ်။ တကယ်လို့ကိုယ့်ရဲ့မျက်နှာမှာ အညစ်အကြေး တွေရှိနေမယ်ဆိုရင် ချွေးပေါက်တွေကို ပိတ်မိစေပြီး ဝက်ခြံတွေ ထွက်လာနိုင်ပါတယ်။ မျက်နှာပြင်အသားအရေအတွက်အသုံးပြုမယ့် ပစ္စည်းများဟာ ခြောက်သွေ့မှုကို မဖြစ်စေဘဲ သန့်ရှင်းမှုကို ပေးစွမ်းနိုင်ရပါမယ်။ ရေမွှေးလိုမျိုး အသားအရေကို ကျိန်းစပ်မှု ဖြစ်စေတဲ့ ဓာတ်ပစ္စည်းများ မပါဝင်စေဖို့လည်း အရေးကြီးပါတယ်။

 

နံပါတ်(၂) - ဆဲလ်သေများကို Scrub တိုက်ခြင်း (သို့) သဘာဝသစ်သီးမှရတဲ့ အက်ဆစ်များဖြင့် ဆေးကြောဖယ်ရှားပါ

ဆဲလ်သေများကိုဖယ်ရှားပြီး ဆဲလ်အသစ်များပြန်လည်မွေးဖွားလာစေဖို့ အတွက် Scrub တိုက်ခြင်းကို တစ်ပတ်ကို (၁)ကြိမ် (သို့) နှစ်ကြိမ်ထက်ပိုပြီး မလုပ်သင့်ပါဘူး။ ရွေးချယ်ဝယ်ယူရာမှာလည်း ချွေးပေါက်များကို မပိတ်စေဖို့အတွက် သေးငယ်တဲ့အစေ့ များ ပါဝင်တဲ့ Scrub Cream ကို ရွေးချယ်သင့်ပါတယ်။ တချို့အမျိုးသမီးများအနေနဲ့  Scrub တ်ိုက်ခြင်းအစား မျက်နှာမှာအသုံးပြုဖို့သင့်လျော်ပြီး သဘာဝသစ်သီးကရတဲ့ အက်ဆစ် အနည်းငယ်ပါဝင်တဲ့ ခရင်(မ်) ကို တစ်ပတ်မှာ (၁)ကြိမ် (သို့) (၂)ကြိမ် အိပ်ယာမဝင်ခင် အသုံးပြုကြပါတယ်။

နံပါတ်(၃) - ဖြူဝင်းစေတဲ့ဓာတ်ပစ္စည်းများပါဝင်တဲ့ မျက်နှာလိမ်းခရင်(မ်)များကို ရွေးချယ်အသုံးပြုပါ

ပိုမိုကြည်လင်ဝင်းပတဲ့ အသားအရေ ရရှိစေဖို့ အမျိုးသမီးများအနေနဲ့ မှန်ကန်တဲ့ အသားအရေထိန်းသိမ်း ပစ္စည်းများရွေးချယ်ခြင်းရဲ့ အရေးပါမှုကိုလည်း လျစ်လျူရှုလို့ မရပါဘူး။  ဒီအတွက် ဗီတာမင်စီ (Ethyl Ascorbic Acid, Ascorbyl Tetraisopalmitate, Ascorbyl Glucoside) ၊ ဗီတာမင် B-3 (Niacinamide)  စတဲ့ ဓာတ်ပစ္စည်း များအပြင် အသားအရေကို ကောင်းကျိုးပြုတဲ့ ဓာတ်ပစ္စည်းများ  (Arbutin,Kojic Acid, Thiamidol, Undecylenoyl Phenylalanine, L-Glutathione, Resorcinol, Deoxyarbutin, Licorice Extract, Resveratrol, Tranexamic Acid) ပါဝင်တဲ့ အလှကုန်များကို ရွေးချယ်ရမှာဖြစ်ပါတယ်။ ဒီလိုမျိုး ပါဝင်ပစ္စည်းများကို စဉ်းစားရွေးချယ်ခြင်းအပြင် အမျိုးသမီးများအနေနဲ့ အရေပြားအပေါ်မှာ အသုံးပြုမှုကို ဦးစားပေးပြီး ကိုယ်လိုချင်တဲ့ ကျန်းမာတဲ့အသားအရေ ရရှိဖို့ ဒီပစ္စည်းဟာ ကိုယ်နဲ့ ကိုက်ညီမှု ရှိ မရှိ ဆိုတဲ့ အချက်ကိုပါ ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။

နံပါတ်(၄) – Sun Cream လိမ်းဖို့ မမေ့ပါနဲ့

ထိုင်းနိုင်ငံရဲ့ အပူချိန်မှာ UV Index ပါဝင်မှုနှုန်းမြင့်မားတာကြောင့် လူတစ်ယောက် အပြင်ထွက်တဲ့အခါ SPF rating 30 နဲ့ PA Score 3+ ပါဝင်တဲ့ မျက်နှာနဲ့ အရေပြား ခရင်(မ်)များကို  လိမ်းမှသာလျှင်  အရေပြားကျန်းမာရေးအတွက် ရေရှည် အကျိုးရှိ စေမှာဖြစ်ပါတယ်။

နံပါတ်(၅) - ကျန်းမာတဲ့ဘဝနေထိုင်မှုပုံစံရဲ့အရေးပါမှုကိုလျစ်လျူမရှုပါနဲ့

ကျန်းမာတဲ့ ဘဝနေထိုင်မှုပုံစံ ဟာ ရေဓာတ်ပြည့်ဝခြင်းနဲ့ စတင်ပါတယ်။ တစ်နေ့ကို ရေ ဖန်ခွက် (၆)ခွက် ကနေ (၈) ခွက်လောက် ပုံမှန်သောက်ပေးရပါမယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဘဝနေထိုင်မှု ပုံစံများထဲမှာ ဓာတ်တိုးဆန့်ကျင်ဓာတ်ပစ္စည်းများပါဝင်တဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက် အမျိုးမျိုးကိုစားသုံးခြင်း၊  သင့်လျော်တဲ့အချိန် (ညသန်းခေါင်မတိုင်ခင်) မှာ အိပ်စက်ခြင်း ၊ တစ်နေ့ကို မိနစ်(၃၀) ခန့် လေ့ကျင့်ခန်း လုပ်ခြင်း စတာတွေ ပါဝင်ပါတယ်။ ဒီလိုလုပ်ဆောင်မယ်ဆိုရင် ဟော်မုန်းညီမျှမှုကို ထိန်းသိမ်းပေးပြီး ပျက်စီးနေတဲ့အသားအရေကို ရေရှည်ထိန်းသိမ်းပေးကာ သင့်ကို ကျန်းမာစေမှာဖြစ်ပါတယ်။

နံပါတ်(၆)- Skincare Program များနဲ့ အသားအရေကိုပိုမိုလှပအောင်လုပ်ပါ

အမျိုးသမီးများရဲ့  အနည်းငယ်မျှသောအားလပ်ချိန် အတွင်း ကျန်းမာရေးနဲ့ပိုမို ညီညွတ်တဲ့ အသားအရေကိုရရှိနိုင်မယ့်နည်းလမ်းကတော့ လေဆာနဲ့အရေပြား ကုသမှု ပဲဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ထိုကဲ့သို့နည်းလမ်းတွေ အများကြီးကို ရွေးချယ်နိုင်ပြီ ဖြစ်ပါတယ်။ ၎င်း ကုသမှုနည်းလမ်းများဟာ အသားအရေကို ပိုမိုဝင်းလက်ကြည်လင် တောက်ပစေရုံသာမက အသားဖြူစေတဲ့ ပစ္စည်းတွေ သုံးရတဲ့ အချိန်ကိုပါ လျှော့ချ ပေးပါတယ်။ ဒါ့အပြင် လေဆာကုသမှု များကို အသားအရေထိန်းသိမ်းမှုနည်းလမ်းများနဲ့ တွဲဖက်လုပ်ဆောင်ခြင်းဖြင့် ပိုမိုကျန်းမာတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ လေဆာကုသမှုနည်းလမ်းများ -

  • Harmony Acne Pro လို့ ခေါ်တဲ့ နောက်ဆုံးပေါ် လေဆာသုံးကုသမှုနည်းလမ်း တစ်မျိုးဟာ ဝက်ခြံ ၊ အမာရွတ်နဲ့ ကြီးမားတဲ့ ချွေးပေါက်များ ကို လျော့ကျစေခြင်း ၊  အသားအရေကို ပိုမိုကြည်လင်စေကာ အစက်အပြောက်များမှ ကင်းဝေးစေတဲ့ အရေပြားအောက်ရှိ ဂလင်းများအပေါ် ဖိအားရှိစေခြင်းကိုလည်း လျှော့ချပေးပါ တယ်။
  • Picosecond Laser နည်းလမ်းဟာ တင်းတိပ် ၊ အမည်းကွက် ၊ အမည်းစက် များအပါအဝင် အရေပြားအရောင်ကို ထိခိုက်စေတဲ့ မူမမှန်မှုများကို ကုသရာမှာ အသုံးပြုပါတယ်။ ဒါ့အပြင် ၎င်းနည်းလမ်းကို Tattoo ဖယ်ရှားရာမှာလည်း အသုံး ပြုနိုင်ပါတယ်။ ၎င်း ကုသမှုနည်းလမ်းဟာ ကော်လာဂျင်ထုတ်လုပ်မှုကို မြင့်မားစေပြီး အရေပြားကို ပိုမို နူးညံ့ကြည်လင်တောက်ပ စေမှာဖြစ်ပါတယ်။
  • IDEAL Radiant or Elos Plus လို့ခေါ်တဲ့ လေဆာကုသမှုနည်းလမ်းဟာ အစွန်းနှစ် ဖက်ရှိတဲ့ ရေဒီယိုကြိမ်နှုန်း နဲ့ Intense Pulsed Light(IPL) ကိုအသုံးပြုပြီး တင်းတိပ်၊ ဝက်ခြံကြောင့်ဖြစ်တဲ့ အနီကွက်၊ အမည်းကွက်များကဲ့သို့  အရောင် မူမမှန်မှုများကို ကုသတဲ့ နည်းလမ်းဖြစ်ပါတယ်။ ဒါ့အပြင် ပုံမှန်မဟုတ်တဲ့ သွေးကြောမျှင်လေးများထွက်ပေါ်မှုကိုသက်သာစေတဲ့အပြင် အသားအရေကို တင်းရင်စေကာ ချွေးပေါက်များကိုလည်း ပြုပြင်ပေးပါတယ်။

ကျန်းမာရေးနဲ့ပိုမိုညီညွတ်ပြီး ပိုမိုဝင်းပတဲ့ အသားအရေရရှိဖို့ဟာ သင်ထင်သလောက် မခက်ခဲသလို ဈေးကြီးတဲ့ ပစ္စည်းတွေကိုလည်း အိမ်မှာ ဝယ်သုံးစရာမလိုပါဘူး။ တချို့အချက်တွေကို လိုက်နာဖို့ ၊ ကိုယ့်အသားအရေနဲ့ကိုက်ညီတဲ့ အလှကုန်တွေ ရွေးချယ်တတ်ဖို့ပဲလိုအပ်ပါတယ်။ ဒါ့အပြင် သင့်ရဲ့ ခန္ဓာကိုယ်ကို ကျန်းမာပြည့်ဝ စေမယ့် ဘဝနေထိုင်မှုပုံစံများကိုလည်း လိုက်နာနေထိုင်ဖို့ လိုအပ်ပါတယ်။

အဆင့်သတ်မှတ်ချက်

မှတ်ပုံတင်ပြီးသားလား။