နှလုံး၊ ဦးနှောက်နဲ့ အဆုတ်တို့ရဲ့ခွဲခြားမရတဲ့သုံးပွင့်ဆိုင်ရောဂါပြဿနာများ

နှလုံး၊ ဦးနှောက်နဲ့ အဆုတ်တို့ရဲ့ခွဲခြားမရတဲ့သုံးပွင့်ဆိုင်ရောဂါပြဿနာများ

အနှစ်ချုပ်

  • နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ အသက်ရှူလမ်းကြောင်းရောဂါ (သို့) အဆုတ်ရောဂါ များဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်လျက်ရှိတဲ့ရောဂါများဖြစ်ပါတယ်။ ရောဂါများဟာ တစ်ချိန်တည်းမှာ ဒွန်တွဲဖြစ်နိုင်သလို ရောဂါတစ်ခုဖြစ်ခြင်း ကြောင့် တစ်ခြားနောက်ထပ်ရောဂါတစ်ခုဖြစ်တာမျိုးလည်း ရှိပါတယ်။
  • The American Heart Association(AHA) ရဲ့ ၂၀၁၈ ခုနှစ်ထုတ်ပြန်ချက်အရ နှလုံးရောဂါဖြစ်ပွားတဲ့ လူနာ(၁ဝဝ)မှာ (၁၇)ယောက်ဟာ လေဖြတ်နိုင်ခြေ ရှိတယ်လို့ဆိုပါတယ်။
  • ရောဂါအန္တရာယ်ဖြစ်နိုင်ခြေရှိတဲ့အကြောင်းအရင်းများကို ကိုယ်တိုင်ဂရုစိုက်ခြင်း၊ ကျွမ်းကျင်ဆရာဝန် ခေတ်မီပစ္စည်းများနဲ့အဆက်မပြတ်စေဘဲ အမြဲတစေ ရောဂါရှာဖွေစစ်ဆေးခြင်း စတဲ့နည်းလမ်းတွေဟာ ရောဂါကြီးထွားပြင်း ထန်မှု နဲ့ ဆက်စပ် ခန္ဓာကိုယ်စနစ်တွေကိုထိခိုက်စေတဲ့ ရောဂါပြဿနာများကို လျော့ကျ စေပါတယ်။

ပြိုင်တူလုပ်ဆောင်တဲ့ ခန္ဓာကိုယ်အစိတ်ပိုင်း(၃)ခု (နှလုံး၊ ဦးနှောက်၊အဆုတ်)

နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ အသက်ရှူလမ်းကြောင်းနဲ့ အဆုတ်ရောဂါ များဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်လျက်ရှိတဲ့ရောဂါများဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အစည်း (WHO) ရဲ့ ၂၀၁၉ ထုတ်ပြန်ချက်အရ နှလုံးသွေးကြောကျဉ်းခြင်း၊ နာတာရှည် အဆုတ်လေပြွန်ကျဉ်းခြင်း ၊ လေဖြတ်ခြင်း စတဲ့ရောဂါများဟာ ကမ္ဘာပေါ်မှာ သေဆုံးမှုအဖြစ်စေဆုံး ရောဂါ(၃)ခုဖြစ်တယ်လို့ဆိုပါတယ်။

နှလုံးရောဂါနှင့်လေဖြတ်ခြင်း

ရောဂါနှစ်ခုစလုံးကို ဖြစ်ပွားစေတဲ့အကြောင်းအရင်များဟာ အရမ်းဆင်တူတာကြောင့် ဒီရောဂါနှစ်ခုစလုံးဟာ တစ်ပြိုင်တည်းဖြစ်ပွား နိုင်ခြေများပါတယ်။ ဖြစ်ပွားစေတဲ့ အကြောင်းအရင်းများကတော့ သွေးတိုး၊ ဆီးချို၊ သွေးတွင်းကိုလက်စ်ထရောပါဝင်မှုများခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အဝလွန်ခြင်း၊ ခန္ဓာကိုယ်လှုပ်ရှားမှုမရှိခြင်း၊ အယ်လ်ကိုဟောပါဝင်တဲ့အရည်များကိုပုံမှန်သောက်သုံးခြင်း စတာတွေပဲဖြစ်ပါတယ်။ ဒီအချက်များအားလုံးဟာ ခန္ဓာကိုယ်တွင်း အဆီခဲများ ဖြစ်လာအောင် ဖန်တီးပြီး နှလုံးသွေးကြော၊ သွေးလွှတ်ကြော၊ ဦးနှောက်သွေးကြောများမှာ သွားပြီး ကပ်ငြိပါ တယ်။ အဲဒီ အဆီခဲတွေ များလာတဲ့အခါမှာ ရုတ်တရက်နှလုံးသွေး ကြောရောဂါ ၊ နှလုံးသွေးကြောပိတ်ရောဂါ၊ ရုတ်တရက်နှလုံးသွေးကြောမူမမှန်ခြင်းလက္ခဏာများ၊ ရုတ်တရက်လေဖြတ်ခြင်း စတာတွေဖြစ်နိုင်ပါတယ်။ တကယ်လို့ အဆီခဲလေး တစ်ပိုင်းတစ်စဟာ သွေးလွှတ်ကြောနံရံကနေ ပြိုကွဲထွက်ပြီး ဦးနှောက်ရဲ့ ပိုမိုသေးငယ် တဲ့သွေးကြောလေးများဆီ ရွေ့သွားတယ်ဆိုရင် လေဖြတ်တတ်ပါတယ်။ 

ဒီလိုအကြောင်းအရင်းများဟာ သွေးကြောများကို ပျက်စီးလွယ်စေကာ ဦးနှောက်သွေး ကြောရောင်ခြင်း (သို့) အစာအိမ်သွေးကြော ရောင်ခြင်း ကနေတစ်ဆင့် နောက်ဆုံးမှာ သွေးကြောတွေပေါက်ထွက်သွားတတ်ပါတယ်။ ဒါဆိုရင် ဦးနှောက်(သို့)ဝမ်းဗိုက်မှာ သွေးယိုစိမ့်ပြီး အသက်ဆုံးရှုံးတဲ့အထိ ဖြစ်စေနိုင်ပါတယ်။

တစ်ချိန်တည်းမှာပဲ ရုတ်တရက်နှလုံးသွေးကြောမူမမှန်ခြင်းလက္ခဏာများ၊ နှလုံးခုန်မမှန် ခြင်းများကြောင့် နှလုံးအပေါ်ဘက်အကန့် များ(ATRIUM) ထဲမှာ သွေးကျန်စေပါတယ်။ အဲဒီလိုကျန်ရှိနေတဲ့ သွေးများဟာ နှလုံးအကန့်ထဲမှာ သွေးခဲများအဖြစ် ပြောင်းလဲ သွားပါတယ်။ တကယ်လို့ အဲဒီသွေးခဲလေးများဟာ ပြေလျော့ ပြိုကွဲပြီး သွေးစီးဆင်းမှု ထဲကို ရောက်သွားမယ်ဆိုရင် ဦးနှောက်ဆီရွေ့လျားသွားပြီး သွေးကြောများကို ပိတ်ဆို့ စေမှာဖြစ်ပါတယ်။


နှလုံးခုန်နှုန်းမမှန်ခြင်းဟာ လေဖြတ်နိုင်ခြေမြင့်မားပြီး တခြားရောဂါအခံရှိသူများကတော့ (၅)ဆ ဖြစ်နိုင်ခြေများပါတယ်။  လေ့လာမှုများအရ နှလုံးသွေးကြောဆိုင်ရာရောဂါ (သို့) နှလုံးသွေးကြောကျဉ်းခြင်းဟာ ထိုင်းနိုင်ငံသားများအတွက် ကင်ဆာပြီးရင် သေဆုံးမှုအများဆုံးဖြစ်စေတဲ့ ဒုတိယမြောက် အကြောင်းအရင်း ဖြစ်ပါတယ်။ The American Heart Association(AHA) ရဲ့ ၂၀၁၈ ခုနှစ် ထုတ်ပြန်ချက်အရ နှလုံးရောဂါဖြစ်ပွားတဲ့ လူနာ(၁ဝဝ)မှာ (၁၇)ယောက်ဟာ လေဖြတ်နိုင်ခြေ ရှိတယ်လို့ဆိုပါတယ်။ ဒါကြောင့် ဒီလိုအခြေအနေတွေဟာ သေချာ ကိုင်တွယ်ဖြေရှင်းပြီး အစောဆုံးကုသနိုင်ဖို့အရေးကြီးတယ်ဆိုတာကို ညွှန်းဆိုနေပါ တယ်။

အဆုတ်ရောဂါနှင့်နှလုံးရောဂါ

ဆေးလိပ်သောက်ခြင်းဟာ အဆုတ်ကင်ဆာ၊ နာတာရှည်အဆုတ်လေပြွန်ရောင်ခြင်း (COPD)၊ အဆုတ်ရောင်ခြင်း စတာတွေအပါအဝင် အဆုတ်ရောဂါဖြစ်စေတဲ့ အဓိက အကြောင်းအရင်းဖြစ်ပါတယ်။ ဒီရောဂါတွေဖြစ်လာမယ်ဆိုရင် အဆုတ်မှာ ပုံမှန်ထက် မြင့် မားတဲ့ ခုခံမှုတွေဖြစ်လာတာကြောင့် နှလုံးအပေါ်ကို ပိုပြီး ဝန် ပိ စေပါတယ်။ သွေးကြောများထဲမှ ပိုမိုမြင့်မားတဲ့ ဖိအားတွေဟာလည်း နှလုံးဆီကိုပြန်ပြီး သွေးတွေ ပို့လွှတ်တာကြောင့် နှလုံးခုန်မမှန်တာတွေ ဖြစ်လာနိုင်ပါတယ်။ ပြောရမယ်ဆိုရင် အဆုတ်ရောင်ခြင်းဟာ အဆုတ်သွေးကြောထဲမှာရှိတဲ့ သွေးဖိအားကို မြင့်တက်စေပြီး နှလုံးညာဘက်တစ်ခြမ်းပုပ်သွားစေပါတယ်။ ဒါဟာ အန္တရာယ်ရှိတဲ့ အခြေအနေတစ်ခုဖြစ်ပြီး အားအင်ကုန်ခမ်းခြင်း၊ မောပန်းနွမ်းနယ်ခြင်းတို့ကိုဖြစ်စေကာ နောက်ဆုံးမှာ သေဆုံးသည်အထိဖြစ်နိုင်ပါတယ်။ လေ့လာမှုများအရ အဆုတ်လေပြွန်ရောင်တဲ့ လူနာ အယောက်(၁၀၀)မှာ ၂၅-၃၃ ယောက်ဟာ နှလုံးရောဂါကြောင့် သေဆုံးလေ့ရှိကြပြီး ဒါဟာ တကယ့်ကို များပြားတဲ့ အရေအတွက်ပဲဖြစ်ပါတယ်။ အဆုတ်သွေးကြောပိတ်ခြင်းရောဂါ(Pulmonary Embolisms) ရှိသူများအနေနဲ့ ရုတ်တရက်အဆုတ်လေပြွန်ရောင်လာတယ်ဆိုရင် နှလုံးရပ်တန့်ခြင်း(သို့) ရုတ်တရက်ညာဘက်နှလုံးပုပ်ခြင်း ဖြစ်နိုင်ပါတယ်။ နာတာရှည် ဆိုရင်တော့ နှလုံးကြောင့်အဆုတ်သွေးဖိအားများခြင်း(Pulmonary Hypertension) ဖြစ်နိုင်ပါတယ်။

 

အပြန်အလှန်အားဖြင့် နှလုံးသွေးကြောကျဉ်းရောဂါလိုမျိုး အဆုတ်ကို ထိခိုက်စေတဲ့ နှလုံးရောဂါတွေလည်း အများကြီးရှိပါတယ်။ နှလုံးသွေးကြောများကျဉ်းခြင်း (သို့) နှလုံး အဆို့ရှင် ကျဉ်းခြင်း(သို့)သွေးယိုခြင်းဟာ နှလုံးမှ သွေးစီးဆင်းမှုကို ယိုယွင်းစေပါ တယ်။ တကယ်လို့ နှလုံးဟာ သူ လုပ်ဆောင်ရမယ့် လုပ်ဆောင်ချက်အတိုင်း မလုပ်ဆောင်နိုင်ဘူးဆိုရင် နှလုံးမှာသွေးခဲခြင်းနဲ့ သွေးပြန်ကြောဆီ သွေးပြန်ပို့ကာ အဆုတ်ထဲ သွေးရောက်နိုင်ပါတယ်။ ဖိအားများလာတဲ့အခါမှာ ပိုနေတဲ့ အရည်တွေကို အဆုတ်ထဲရှိတဲ့ အဆုတ်လေ အိတ်ငယ်(Alveoli) ဆီ ပြန်တွန်းပို့ပြီး အဆုတ်ဖောရောင်ခြင်း(Pulmonary Edema) ဖြစ်လာနိုင်ပါတယ်။ ဒါဟာ အောက်ဆီဂျင်နဲ့ ကာဗွန်ဒ်ိုင်အောက်ဆိုဒ် အချိန်းအပြောင်း မှာ ပြဿနာဖြစ်စေပြီး အသက်ရှူရခက်ခြင်း၊ သွေးတွင်းအောက်ဆီဂျင်ကျခြင်း များ ဖြစ်နိုင်ပါတယ်။ လက္ခဏာများအနေနဲ့ အသက်ရှူမြန်ခြင်း၊ အလွန်မောပန်းနွမ်းနယ်ခြင်း၊ လှဲနေစဉ် (သို့) အိပ်ပျော်နေရာမှန်ိုးလာပြီး အသက်ရှူချိန် များမှာ အသက်ရှူရခက်ခြင်း စတာတွေကြုံတွေ့ရနိုင်ပါတယ်။ တကယ်လို့ ဒီအခြေအနေကို သေချာမကုသဘူး (သို့) အချိန်မီမကုသဘူးဆိုရင် အသက်အန္တရာယ်အထိ ရှိလာနိုင်ပါတယ်။ ဒါ့အပြင် အဆုတ်ရောဂါနဲ့ နှလုံးရောဂါဟာ တစ်ပြိုင်နက်တည်းဖြစ်မယ်ဆိုရင် အသက်ဆုံးရှုံး ဖို့ ပိုပြီးအခြေအနေများပါတယ်။

အဆုတ်ရောဂါနှင့်လေဖြတ်ခြင်း

ဒီရောဂါနှစ်ခုဟာလည်း တစ်ပြိုင်တည်း ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် ဆေးလိပ်သောက်သူများမှာ ဒီရောဂါနှစ်မျိုးစလုံးကို တစ်ချိန်တည်းမှာ ခံစားရနိုင်ပါ တယ်။ ဆုတ်သွေးကြောပိတ်ခြင်းနဲ့ နှလုံးအပေါက်ဖြစ်ခြင်း(Atrial Septal Defect) တွဲ ပြီးဖြစ်တဲ့ အဆုတ်ရောဂါမျိုး ဆိုရင် လေဖြတ်နိုင်ဖို့ ရာခိုင်နှုန်းများပါတယ်။ တစ်ခါတစ် လေမှာ သွေးခဲတစ်ခုဟာ သွေးစီးဆင်းမှုအတိုင်း အဆုတ်ကနေ ဦးနှောက်ကို ရောက်သွားတယ်ဆိုရင်လည်း လေဖြတ်တတ်ပါတယ်။ သွေးခဲခြင်းဟာ သွေးပျစ်ခင်း ကြောင့်ဖြစ်ပါတယ်။ အကျိုးဆက်အနေနဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းများအနှံ့ အထူး သဖြင့် အဆုတ်၊ ခြေထောက်၊ ဦးနှောက် သွေးကြောများထဲမှာ သွေးခဲတွေ ပျံ့နှံ့ သွားစေပါတယ်။ အဆုတ်ကင်ဆာအပါအဝင် ကင်ဆာတော်တော်များများဖြစ်စေတဲ့ အကြောင်းအရင်းဟာ သွေးခဲခြင်းကြောင့်ဖြစ်ပါတယ်။

လေဖြတ်ပြီးမလှုပ်ရှားနိုင်သူများ၊ မရွေ့လျားန်ိုင်သူများ မှာလည်း ခြေထောက်သွေးကြောများထဲမှာ သွေးခဲခြင်းဖြစ်နိုင်ပါတယ်။ သွေးခဲတစ်ခု ဟာ ပြိုကွဲပြီးခြေထောက်ကနေ အဆုတ်ဆီ ရောက်သွားတယ်ဆိုရင်လည်း အဆုတ်သွေးကြောပိတ်ဆို့ခြင်းဖြစ်တတ်ပါတယ်။

ရောဂါဖြစ်နိုင်ခြေရှိ မရှိ ကို ဘယ်လိုသိမလဲ

တကယ်လို့ သွေးတိုး၊ သွေးတွင်းအဆီများခြင်း၊ ဆီးချို(သို့) ကိုယ်အလေးချိန်များ မယ်၊ ပုံမှန် ဆေးလိပ်နဲ့ အရက်သောက်မယ်၊ အမြဲတမ်းစိတ်ဖိစီးမှုရှိမယ်၊ အသက်(၅၀)ကျော် ပြီး မိသားစုထဲမှာ အထူးသဖြင့် တိုက်ရိုက်တော်စပ်တဲ့ သွေးချင်းထဲမှာလည်း ရောဂါ ရာဇဝင်ရှိတယ် ဆိုရင် အဲဒီလူဟာ နှလုံးရောဂါ၊ လေဖြတ်ခြင်းနဲ့ အဆုတ်ရောဂါ တွေ ရှိဖို့ ရာခိုင်နှုန်းများပါတယ်။ တစ်ခါတစ်ရံ ပိုမိုငယ်ရွယ်တဲ့သူများမှာလည်း အဲဒီရောဂါ တွေပေါင်းပြီးဖြစ်တာမျိုး မြင်တွေ့ရနိုင်ပါတယ်။ ဒါဟာ လေ့ကျင့်ခန်း ပုံမှန်လုပ်တဲ့သူများမှာ တောင်ဖြစ်နိုင်ပါသေးတယ်။

အထက်ဖော်ပြပါအချက်များအရ နှလုံး၊ အဆုတ် နဲ့ လေဖြတ်ခြင်းတို့ဟာ ဆက်စပ် နေတယ်ဆိုတာ ထင်ရှားပါတယ်။ တကယ်လို့ လူတစ်ယောက်က ဒီရောဂါထဲက တစ်မျိုး ခံစားနေရပြီဆိုရင် သေချာပါတယ် နောက် ရောဂါ နှစ်မျိုးလည်း ဖြစ်လာဖို့ များပါတယ်။ ဒါကြောင့် လက္ခဏာတွေပြမလာခင် စောစီးစွာ ရောဂါရှာဖွေစစ်ဆေးထား ဖို့က အရးကြီးပါတယ်။ စစ်ဆေးနိုင်တဲ့နည်းလမ်းတွေကိုလည်း အောက်မှာဖော်ပြ ထားပါတယ်။

  • Coronary Calcium Score CT Scan ဒီစစ်ဆေးမှုဟာ နှလုံးသွေးကြောများ ထဲရှိ အဆီခဲများကို Computed Tomography နည်းစနစ်အသုံးပြု ကာတွက်ချက်ပေးပြီး နှလုံးသွေးကြောစနစ်ဆိုင်ရာရောဂါများကို ရှာဖွေ စစ်ဆေး နိုင်ပါတယ်။
  • Carotid Duplex Ultrasound ဒီနည်းစနစ်ဟာ ဦးနှောက်နဲ့ အာရုံကြောစနစ် ရောဂါများကို ရှာဖွေပေးဖို့အတွက် သွေးပြန်ကြော(Carotid Arteries ) များကို စစ်ဆေးပေးပါတယ်။
  • Low-dose CT Chest Screening ဒီနည်းစနစ်ဟာ အသက်ရှူလမ်း ကြောင်းဆိုင်ရာရောဂါများကို ရှာဖွေနိုင်ဖို့ အဆုတ်ကို Low-dose Computed Tomography နည်းနဲ့ စစ်ဆေးပေးပါတယ်။

ဒီလိုစစ်ဆေးမှုတွေအပြင် က်ိုယ့်ကိုယ်ကို အကောင်းဆုံးဂရုစိုက်ပြီး ကောင်းမွန်တဲ့ လေ့ကျင့်မှုများ လုပ်ဆောင်ဖို့ကိုလည်း အကြံပေးလိုပါတယ်။ သွေးဖိအား၊ သွေးတွင်း သကြားဓာတ်နဲ့အဆီဓာတ်၊ ဆေးလိပ်သောက်ခြင်း၊ ကိုယ်အလေးချိန် စတဲ့ အချက်များ ဟာလည်း ကိုယ်တိုင် ချင့်ချိန်လိုက်နာနိုင်တဲ့အချက်များပဲဖြစ်ပါတယ်။ ဒါ့အပြင် အမြဲ တမ်း ကျွမ်းကျင်ဆရာဝန်များနဲ့ စစ်ဆေးလုပ်ဆောင်မယ်ဆိုရင် ရောဂါကို စောစီးစွာ ရှာဖွေတွေ့ရှိပြီး ရောဂါကြီးထွားမှုကို လျော့ကျစေမှာဖြစ်ကာ တခြားရောဂါတွေ ဖြစ်မလာအောင်လည်း ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။

အဆင့်သတ်မှတ်ချက်

မှတ်ပုံတင်ပြီးသားလား။