တိတ်တဆိတ် အသက်အန္တရာယ်ကိုဒုက္ခပေးမယ့် ဆီးချို ၊ သွေးတိုး ၊ သွေးတွင်းအဆီဓာတ်များခြင်း လက္ခဏာများ

တိတ်တဆိတ် အသက်အန္တရာယ်ကိုဒုက္ခပေးမယ့် ဆီးချို ၊ သွေးတိုး ၊ သွေးတွင်းအဆီဓာတ်များခြင်း လက္ခဏာများ

အနှစ်ချုပ်

  • သွေးတိုးခြင်းဟာ ပြင်ပလက္ခဏာ ပြသလေ့မရှိပေမယ့် သွေးကြောများ နဲ့ နှလုံးကို သိသိသာသာထိခိုက်စေပြီ နှလုံးသွေးကြောရောဂါကဲ့သို့ နာတာရှည် ကျန်းမာရေးပြဿနာတွေ ဖြစ်လာနိုင်စေပါတယ်။ သွေးတိုးခြင်းရဲ့ (၉၀) ကနေ (၉၅) ရာခိုင်နှုန်းဟာဖြစ်ပွားရတဲ့အကြောင်းအရင်းမသိရပါဘူး။ ဒါပေမယ့် ဖြစ်နိုင်ခြေရှိတဲ့အကြောင်းအရင်းများကတော့ အသက်အရွယ် ၊ အဝလွန်ခြင်း ၊ စားသောက်မှုပုံစံ ၊ မျိုးရိုးဗီဇ စတာတွေပဲဖြစ်ပါတယ်။

  • ပုံမှန်ကျန်းမာရေးစစ်ဆေးခြင်းဟာ ရောဂါစတင်ဖြစ်ပွားမှုကို ကြိုတင်ကာကွယ် ရှာဖွေစစ်ဆေးပေးနိုင်ပါတယ်။ ဒါ့အပြင် အာဟာရပြည့်ဝအောင်စားခြင်း ၊ ပုံမှန် လေ့ကျင့်ခန်းလုပ်ခြင်း ၊ လုံလောက်စွာအိပ်စက်ခြင်း ၊ စိတ်ကျန်းမာအောင်နေထိုင်ခြင်း စတာတွေဟာ ကျန်းမာတဲ့ ကိုယ်ခန္ဓာတစ်ခုကို ထိန်းသိမ်းနိုင်တဲ့ နည်းလမ်းတွေဖြစ်ပါတယ်။

ပြင်ပလက္ခဏာမပြသော်လည်း (သို့) မူမမှန်တဲ့အခြေအနေမရှိသော်လည်း ကျန်းမာရေး စစ်ဆေးမှုပြုလုပ်ခြင်းဟာ မတွေ့ရှိသေးတဲ့ ကျန်းမာရေးပြဿနာများကို  ရှာဖွေ စစ်ဆေးရာမှာအသုံးဝင်တဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒီလိုရှာဖွေစစ်ဆေးခြင်း ဟာ ဆရာဝန်များအတွက် ရောဂါဖြစ်ပွားမှုအစပိုင်းအခြေအနေကို ရှာဖွေကုသပေးနိုင်ဖို့ အထောက်အကူပြုပါတယ်။ အဲဒီကနေတစ်ဆင့် လူနာများအတွက် ရောဂါကြီးထွား လာမှုကိုကာကွယ်ဖို့ ၊ ရောဂါကြီးထွားလာမှုကို အရှိန်ရပ်တန့်ဖို့ ၊ နောက်ဆက်တွဲ ပြဿနာဖြစ်ပွားလာမှုကိုလျှော့ချဖို့ ဘဝနေထိုင်မှုပုံစံပြောင်းလဲခြင်းများကို အကြံပြု ဆွေးနွေးပေးနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် အာဟာရပြည့်ဝတဲ့စားသောက်မှုပုံစံ ၊ သင့်တင့်တဲ့အားစိုက်ထုတ်မှု တစ်ခုနဲ့ ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ခြင်း ၊ စိတ်ကျန်းမာဖို့နည်းလမ်းများကိုလိုက်နာ ကျင့်သုံးခြင်း ၊ ညစဉ်ကောင်းစွာအိပ်စက်အနားယူခြင်းအပါအဝင် ကျန်းမာရေးနဲ့ပတ်သက်တဲ့ အချက်များကို ဂရုတစိုက် လိုက်နာခြင်းဟာ စိတ်ရောကိုယ်ပါ ကျန်းမာသန်စွမ်းစေမှာ ဖြစ်ပါတယ်။

ဆီးချိုရောဂါ

ဆီးချိုရောဂါ ဟာ ထိုင်းလူမျိုးများမှာ ဖြစ်ပွားမှုမြင့်တက်လာပြီး အရင်ကထက်စာရင် လူငယ်များမှာဖြစ်ပွားမှုဟာ ပိုပြီးများပြားလာ့ပါတယ်။ အသက် (၃၅)နှစ်နဲ့ အထက် ထိုင်းလူမျိုးများကို စစ်တမ်းကောက်ယူခဲ့တဲ့ အချက်အလက်များအရ ဆီးချိုရောဂါ ရှာဖွေတွေ့ရှိမှုဟာ (၉.၅) ရာခိုင်နှုန်းအထက်မှာရှိပါတယ်။ ဒါပေမယ့် (၃) ယောက်မှာ (၂) ယောက်ဟာ ကိုယ့်မှာရောဂါရှိနေတာကိုသိပြီး (၃)ယောက်မှာ (၁) ယောက်ကတော့ ဆီးချိုရောဂါအတွက် ရောဂါရှာဖွေမှုနဲ့ ကုသမှုကို မပြုလုပ်ထားပါဘူး။
ဆီးချိုရောဂါဟာ အသက်အရွယ်မရွေး ကျားမ မရွေး ဖြစ်ပွားပြီး အသံတိတ်အန္တရာယ် ရောဂါအဖြစ် သတ်မှတ်နိုင်ပြီး အများအားဖြင့် လက္ခဏာမပြပါဘူး။ သွေးတွင်းသကြားဓာတ်စစ်ဆေးခြင်းဟာ ရောဂါကို ထိရောက်စွာရှာဖွေစစ်ဆေး ပေးနိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ဆီးချိုရောဂါဟာ နှစ်စဉ်ကျန်းမာရေး ပြုလုပ်မှာသာလျှင် သိနိုင်မှာဖြစ်ပါတယ်။
 
အနည်းဆုံး (၈)နာရီကြာ ကြိုတင် အစားရှောင်ပြီး သွေးတွင်းသကြားဓာတ် စစ်ဆေးခြင်း အပါအဝင် ဆီးချိုရောဂါကို စစ်ဆေးပေးနိုင်တဲ့ နည်းလမ်းတွေ အများကြီးရှိပါတယ်။ ပုံမှန်ကျန်းမာတဲ့ သွေးတွင်းသကြားဓာတ်ပမာဏဟာ ၁၀၀ mg/dL ( ၁ ဒက်စီလီတာ တွင်ရှိသည့်မီလီဂရမ်ပမာဏ) အောက်ရှိပါတယ်။ ဒါကြောင့် လူတစ်ယောက်မှာ သွေးတွင်းသကြားဓာတ် ၁၂၆ mg/dL ရှိမယ်ဆိုရင် ဆီးချိုရောဂါရှိနေပြီလို့ သတ်မှတ် နိုင်ပါတယ်။  သွေးတွင်းသကြားဓာတ် ၁၀၀ နဲ့ ၁၂၅ mg/dL မှာရှိနေမယ်ဆိုရင် ဆီးချိုရောဂါဖြစ်နိုင်ခြေ (သို့) ဆီးချိုရောဂါစတင်ဖြစ်ပွားနေကြောင်း သတ်မှတ် နိုင်ပါတယ်။
 
တခြားသော သွေးတွင်းသကြားဓာတ်စစ်ဆေးမှုနည်းလမ်းဖြစ်တဲ့ A1C – HbA 1C စစ်ဆေးခြင်းနည်းလမ်းဟာ ပြီးခဲ့တဲ့ (၂)လ-(၃) လအတွင်း ရှိခဲ့တဲ့ သွေးတွင်းသကြား ဓာတ်ပမာဏကို စစ်ဆေးတာဖြစ်ပါတယ်။ HbA1C ပမာဏ ၅.၇ mg% အောက် ရှိသူတွေဟာ ကျန်းမာရေးကောင်းမွန်တယ်လို့သတ်မှတ်နိုင်ပါတယ်။ HbA1C ပမာဏ ၅.၇ မှ ၆.၄ mg% အတွင်းရှိရင် ဆီးချိုစတင်ဖြစ်ပွားနေတယ်လို့သတ်မှတ်နိုင်ပြီး ၆.၅ mg% အထက်ဆိုရင် ဆီးချိုရောဂါရှိနေပြီလို့ ဆိုရမှာဖြစ်ပါတယ်။

သွေးတိုးခြင်း

သွေးတိုးခြင်း ကို သေချာဂရုတစိုက်စောင့်ရှောက်မှုလိုအပ်ပါတယ်။ အဲဒီလိုဂရုစိုက်မှု မရှိဘူးဆိုရင် နှလုံးရောဂါ ၊ ဦးနှောက်သွေးကြောပေါက်ခြင်း ၊ လေဖြတ်ခြင်း အပါအဝင် ပိုမိုဆိုးရွားတဲ့ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ . ပုံမှန်သွေးပေါင်ချိန်ဟာ အပေါ်သွေး ၁၂၀ အောက်သွေး ၈၀ ( ၁၂၀/၈၀ mmHg) ရှိရမှာဖြစ်ပါတယ်။ တကယ်လို့ သွေးပေါင်ချိန် အပေါ်သွေး ၁၄၀ နဲ့အထက် ၊ အောက်သွေး ၉၀ နဲ့အထက် ရှိနေတယ်ဆိုရင် သွေးတိုးနေတယ်လို့သတ်မှတ်ရပါမယ်။

သွေးတိုးခြင်းနဲ့ပတ်သက်ပြီး ကြောက်စရာအကောင်းဆုံးအချက်ကတော့ သွေးတိုး ရှိသူများ ရဲ့ ၉၀-၉၅ ရာခိုင်နှုန်းဟာ ဖြစ်ပွားရတဲ့အကြောင်းအရင်းအမှန်ကို မသိရှိနိုင် ခြင်းပဲဖြစ်ပါတယ်။  ဒါပေမယ့်လည်း အသက်အရွယ် ၊ ကိုယ်အလေးချိန်များခြင်း ၊ ကျန်းမာရေးနဲ့မညီညွတ်တဲ့စားသောက်မှုပုံစံ ၊ မျိုးရိုးဗီဇ စတဲ့အချက်တွေဟာ ရောဂါ ဖြစ်ပွားစေနိုင်တဲ့အချက်များအဖြစ် သတ်မှတ်နိုင်ပါတယ်။ ဒါ့အပြင် လက္ခဏာမပြသ သော်လည်း  သွေးတိုးခြင်းဟာ သွေးကြောများနဲ့ နှလုံးကို ထိခိုက်စေပြီး နှလုံးသွေးကြော ရောဂါကဲ့သို့ နာတာရှည်ကျန်းမာရေးပြဿနာအထိ ဖြစ်လာနိုင်ပါတယ်။

သွေးတွင်းအဆီဓာတ်များခြင်း

သွေးတွင်းအဆီဓာတ်ပမာဏဟာ သွေးလွှတ်ကြော တစ်ရှားများမာခြင်း ၊ ကျဉ်းခြင်း ၊ ပိတ်ဆို့ခြင်း စတာတွေဖြစ်ပွားနိုင်ခြင်းနဲ့ဆက်စပ်နေတဲ့ အကြောင်းအရင်းတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် သွေးတွင်းအဆီဓာတ်လွန်ကဲခြင်း ( Hyperlipidemia) ဟာ နှလုံးသွေးကြောရောဂါ ဖြစ်ပွားနိုင်မှုကိုမြင့်မားစေတဲ့ အဓိက အကြောင်းအရင်း တစ်ချက်ဖြစ်ပါတယ်။ သွေးတွင်းအဆီဓာတ်မြင့်မားသူတွေ ဟာ လေဖြတ်နိုင်ခြေများပြီး အဲဒီကနေတစ်ဆင့် လေတစ်ခြမ်းဖြတ်ခြင်း ၊ တစ်ကိုယ်လုံး လေဖြတ်ခြင်း (သို့) အသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်ပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ သွေးတွင်းအဆီဓာတ်ပမာဏဟာ ၂၀၀ mg/dL ( ၁ ဒက်စီလီတာ တွင်ပါဝင်သည့်မီလီဂရမ်ပမာဏ) ထက် မပိုရသလို Triglycerideအဆီ ဓာတ်ပမာဏဟာလည်း ၁၅၀ mg/dL ထက်မပိုရပါဘူး။ လူကိုကောင်းကျိုးပြုတဲ့ HDL အဆီဓာတ်ပမာဏဟာ ၆၀ mg/dL အထက်မှာရှိရမှာဖြစ်ပြီး လူကို ကောင်းကျိုးမပြုတဲ့ LDL အဆီဓာတ်ပမာဏကတော့ ၁၃၀ mg/dL ထက် မပိုရပါဘူး။

နှလုံးရောဂါ

နှလုံးသွေးကြောလုပ်ဆောင်မှု ဟန်ချက်မညီစေတဲ့ ရောဂါမှန်သမျှကို နှလုံးရောဂါ အဖြစ် သတ်မှတ်နိုင်ပါတယ်။ နှလုံးသွေးကြောရောဂါ ၊ နှလုံးအဆို့ရှင်ရောဂါ ၊ မွေးရာပါ နှလုံး‌ ရောဂါပြဿနာများ (သို့) နှလုံးစည်းချက်မမှန်ခြင်း စတာတွေအားလုံးဟာ နှလုံးရောဂါ အုပ်စုဝင် တွေပဲဖြစ်ပါတယ်။ နှလုံးရောဂါဖြစ်နိုင်တဲ့ အကြောင်းအရင်းများကတော့ အသက်အရွယ် ၊ မျိုးရိုးဗီဇ ၊ ဆီးချိုရောဂါ ၊ သွေးတိုးရောဂါ ၊ သွေးတွင်းအဆီဓာတ်များခြင်း ၊ အဝလွန်ခြင်း ၊ အဆီများတဲ့ အစားအစာများစားခြင်း ၊ အရက်ကိုပုံမှန်သောက်ခြင်း ၊ ပုံမှန်လေ့ကျင့် ခန်းမလုပ်ခြင်း စတာတွေဖြစ်ပါတယ်။ အဆိုပါအကြောင်းအရင်းများကြောင့် ရင်ထဲမှာ တင်းကျပ်ခြင်း ၊ ရင်တုန်ခြင်း ၊ အသက်ရှူမဝခြင်း ၊ မောပန်းနွမ်းနယ်ခြင်း စတာတွေကို ခံစားရနိုင်ပါတယ်။


နှလုံးရောဂါဟာ အမျိုးသမီးများအတွက်ရော အမျိုးသားများအတွက်ပါ အသက်ဆုံးရှုံး စေနိုင်တဲ့ ရောဂါဖြစ်ပါတယ်။ ဒါကြောင့် နည်းလမ်းအမျိုးမျိုးနဲ့နှလုံးရောဂါစစ်ဆေး ခြင်း ၊ နှလုံးရောဂါအထူးကုဆရာဝန်များထံမှ အကြံဉာဏ်ရယူခြင်း စတာတွေဟာ ရောဂါဖြစ်နိုင်ခြေများကို လျှော့ချဖို့ အရေးပါတဲ့ နည်းလမ်းပဲဖြစ်ပါတယ်။  အဆိုပါစစ်ဆေးမှုနည်းလမ်းများဟာ အချိန်မီရောဂါရှာဖွေမှုနဲ့ ကုသမှုများကို အစောဆုံး လုပ်ဆောင်နိုင်အောင် အထောက်အကူပြုတဲ့ နည်းလမ်းများပဲဖြစ်ပါတယ်။

 

ကယ်လ်ဆီယမ်ပမာဏစစ်ဆေးခြင်း (CT Score Assessment)ကနေထွက်လာတဲ့ ရလဒ်ဟာ ၄၀၀ အထက်မှာရှိနေမယ်ဆိုရင် နှလုံးသွေးကြောကျဉ်းခြင်းဟာ အသံတိတ် ကြီးထွားနေပြီဖြစ်ပြီး နှလုံးသွေးရရှိမှုနည်းခြင်းရောဂါ ဖြစ်နိုင်ခြေ သိသိသာသာ များပြား ပါတယ်။ ကံကောင်းတာကတော့ ဒီလိုမျိုး လူနာတွေအတွက် စားသောက်မှုပုံစံကို ပြောင်းလဲခြင်း ၊ သင့်လျော်တဲ့လေ့ကျင့်ခန်းများလုပ်ဆောင်ခြင်း နည်းလမ်းများနဲ့ နှလုံးကျန်းမာရေးအခြေအနေကို တိုးတက်အောင် လုပ်ဆောင်ပေးနိုင်ပါတယ်။ ဒါပေမယ့် အဆိုပါ ပြုပြင်ပြောင်းလဲမှုများဟာ နည်းလမ်းတစ်ခုချင်းစီရဲ့ အားသာချက် အားနည်းချက်များကို ကောင်းစွာသိရှိထားပြီးမှသာ လုပ်ဆောင်ရမှာဖြစ်ပါတယ်။

လေဖြတ်ခြင်း

သွေးတိုးခြင်း ဟာ လေဖြတ်ခြင်း ကို ဖြစ်ပွားစေနိုင်တဲ့ အကြီးမားဆုံး ပြဿနာဖြစ်ပါတယ်။ သွေးတွင်းသကြားဓာတ်စစ်ဆေးခြင်း ၊ သွေးပေါင်ချိန်စစ်ဆေး ခြင်း ၊ သွေးတွင်းအဆီဓာတ်စစ်ဆေးခြင်း စတဲ့နည်းလမ်းများဟာ ဒါကြောင့် ဦးနှောက်သွေးကြောဆိုင်ရာရောဂါများကို ရှာဖွေ စစ်ဆေးရာမှာ အသုံးပြုတဲ့ နည်းလမ်းတွေပဲဖြစ်ပါတယ်။ တကယ်လို့ လေဖြတ်နိုင်ခြေ ရှိတယ်လို့ ရှာဖွေတွေ့ရှိရတယ်ဆိုရင် လူနာများအနေနဲ့ သွေးကြောရောင်ရမ်းမှုစစ်ဆေးခြင်း ( C-reactive Protein Screening) ၊ နှလုံးခုန်မမှန်ခြင်းအတွက် နှလုံးလျှပ်စစ်စွမ်းရည်စစ်ဆေးခြင်း ၊ အသံလှိုင်း အသုံးပြုကာ ဦးနှောက်သွေးကြောအတွင်း သွေးစီးဝင်မှု နဲ့ သွေးစီးဝင်မှုအမြန်နှုန်း ကို တိုင်းတာခြင်း ( Transcranial Doppler Ultrasound) ၊ လည်ပင်းတစ်ဖက်စီရှိ သွေးကြောများဆီသွေးစီးဆင်းမှုကိုအသံလှိုင်းအသုံးပြုကာပုံရိပ်အဖြစ်စစ်ဆေးခြင်း (Carotid Duplex Ultrasound) ကဲ့သို့ တခြားသောလိုအပ်တဲ့စစ်ဆေးမှု များကိုပါ ပြုလုပ်ရမှာဖြစ်ပါတယ်။ ဒီလိုစစ်ဆေးမှုအမျိုးမျိုးဟာ ဆရာဝန်များအတွက် မူမမှန် မှုများဖြစ်တဲ့ နေရာအတိအကျကိုထောက်ပြီး လက္ခဏာမပြခင် လေဖြတ်နိုင်ခြေ ရှိ မရှိ ဆိုတာကို ပိုမိုတိကျစွာစစ်ဆေးပေးနိုင်ပါတယ်။

နှစ်စဉ်ကျန်းမာရေးစစ်ဆေးခြင်းဟာ လူနာများအတွက် အန္တရာယ်ဖြစ်ပွားစေတဲ့ ရောဂါများကနေ ကင်းဝေးစေနိုင်ဖို့ အာမခံချက်မရှိပေမယ့်လည်း ဆရာဝန်များအတွက် လက္ခဏာမပြတဲ့ ကျန်းမာရေးအခြေအနေများကို စစ်ဆေးတွေ့ရှိနိုင်အောင် ထိထိ ရောက်ရောက် ကူညီပေးနိုင်ပါတယ်။ တကယ်လို့ ဒီလို စစ်ဆေးမှုများကို ကျန်းမာရေးနဲ့ ညီညွတ်အောင်စားခြင်းနည်းလမ်းနဲ့အတူ ပေါင်းစပ်လိုက်မယ်ဆိုရင် ကျန်းမာရေးပိုမို ကောင်းမွန်စေဖို့ အထောက်အကူပြုမှာဖြစ်ပါတယ်။ ဆိုလိုတာက အဆီများပြီး အငံအစိမ့်များတဲ့အစားစာများကိုရှောင်ကျဉ်ခြင်း ၊ ပုံမှန် လေ့ကျင့်ခန်းလုပ်ခြင်း ၊ စိတ်ဖိစီးမှုလျှော့ချခြင်း ၊ ညစဉ်ကောင်းစွာအိပ်စက် အနားယူခြင်း ၊ ကျန်းမာရေးကိုထိခိုက်စေတဲ့ မူမမှန်မှုများကိုရှာဖွေခြင်း ၊ ဖျားနာမှုကို အတတ်နိုင်ဆုံးလျှော့ချနိုင်စေမယ့်နည်းလမ်းများအတိုင်းလိုက်နာဖို့ ဆရာဝန်နဲ့ ပုံမှန်ဆွေးနွေးခြင်း  စတဲ့နည်းလမ်းတွေကို လုပ်ဆောင်ဖို့လိုအပ်ပါတယ်။

ဆစ်မီတဝေ့ဆေးရုံရဲ့အလုံးစုံပြီးပြည့်စုံတဲ့ကျန်းမာရေးစောင့်ရှောက်မှု

ကျန်းမာရေးလမ်းညွှန်ချက်များကိုဖျားနာအခြေအနေအထိ စောင့်ဆိုင်းနေစရာမလို တဲ့ Samitivej HEALTH RACE Program

The Health Race program ဟာ သင့်ရဲ့ကိုယ်ပိုင် မှတ်တမ်းများကို ချိုးဖျက်ပြီး ခန္ဓာကိုယ် ကို ဘယ်လို အကောင်းဆုံးဖြစ်အောင်ထိန်းသိမ်းမလဲဆိုတာကို အသေးစိတ် ရေးဆွဲထားတဲ့အစီအစဉ်ဖြစ်ပြီး ရေရှည်မှာ သင့်ကျန်းမာရေးကို တိုးတက်ကောင်းမွန် စေမှာဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ “Health Companion” ခေါ်သင့်အတွက်သီးသန့်ရေးဆွဲထားမှု နဲ့ အတူ သင်မျှော်မှန်းထားတဲ့ကျန်းမာရေးပန်းတိုင်ဆီရောက်ရှိအောင် တိုးတက်ကောင်းမွန်မှုပုံစံ (၄) မျိုးနဲ့အတူ ကူညီပံ့ပိုးပေးမှာဖြစ်ပါတယ်။ အဆိုပါ တိုးတက်ကောင်းမွန်မှုပုံစံ (၄) မျိုးမှာ သင့်ရဲ့လုပ်နိုင်စွမ်းအပေါ် ယုံကြည်မှုအပြည့်အဝရရှိစေဖို့ ကာလတစ်ခုရေးဆွဲပြီး သေချာဂရုတစိုက်စောင့်ရှောက်ပေးမှာဖြစ်ပါတယ်။ သင်သတ်မှတ်ထားတဲ့ ကျန်းမာမှု ပန်းတိုင်ဆီရောက်ရှိစေရန် ကိုယ်ပိုင် လမ်းကြောင်းအတိုင်းရွေးချယ်နိုင်ဖို့ သင့်လိုအပ်ချက် များအတိုင်းရေးဆွဲထားတဲ့ သီးသန့်ပရိုဂရမ်ဖြစ်ပါတယ်။

ဒီလိုပြီးပြည့်စုံတဲ့ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်ကိုစိတ်ပါဝင်စားသူများ အတွက် သင့်ရဲ့ တိုးတက်မှုကို အနီးကပ်ဂရုပြုရေးဆွဲထားတဲ့ တစ်ဦးချင်းသီးသန့် အစီအစဉ်များကို ကျွန်တော်တို့ရဲ့ ကျွမ်းကျင်ဆရာဝန် ၊ပညာရှင်များမှ ကူညီဝန်ဆောင် မှုပေးမှာဖြစ်ပါတယ်။ ဒီပရိုဂရမ်ကို နှစ်စဉ်ကျန်းမာရေးစစ်ဆေးမှုပုံစံတစ်ခု အနေနဲ့ ပြောင်းလဲလုပ်ဆောင်လိုသူများအနေနဲ့ အထူးသဖြင့် ဓာတ်ခွဲစမ်းသပ်မှုရလဒ်များ အရ မူမမှန်တာကိုတွေ့ရှိခဲ့သူများအနေနဲ့ ပြင်းထန်လက္ခဏာများကို ကာကွယ်နိုင်ဖို့ ၊  ရေရှည်စွဲသောက်ရမယ့် သောက်ဆေးလမ်းညွှန်မှုများကိုရယူနိုင်ဖို့ ကျန်းမာရေးဆိုင်ရာ ဘဝနေထိုင်မှု ပုံစံ အပြောင်းအလဲများကိုပါ လမ်းညွှန်ပေးမှာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ Health Companion ဖြစ်လာဖို့ နဲ့ လိုအပ်တဲ့ အချက်အလက်များရယူကာ HEALTH RACE ပရိုဂရမ်မှာပါဝင်နိုင်ရန် ဆုံးဖြတ်ဖို့  ပိုမိုသိရှိလိုတဲ့ အချက်အလက်များနဲ့ပတ်သက်ပြီး ဆစ်မီတဝေ့ဆေးရုံရဲ့   Wellness Center ကို ဆက်သွယ်လိုက်ပါ။

အဆင့်သတ်မှတ်ချက်

မှတ်ပုံတင်ပြီးသားလား။