အဝလွန်တဲ့ ကလေးတွေဟာ အသည်းအဆီဖုံးခြင်းရောဂါ ဖြစ်နိုင်ချေများပိုပါတယ်

အဝလွန်တဲ့ ကလေးတွေဟာ အသည်းအဆီဖုံးခြင်းရောဂါ ဖြစ်နိုင်ချေများပိုပါတယ်

စိတ်ဝင်စားဖွယ်ရာအချက်အလက်များ

  • အဝလွန်တဲ့ ကလေးတွေဟာ အသည်းအဆီဖုံးခြင်းရောဂါ ဖြစ်နိုင်ချေပိုများပါတယ်။
  • အဝလွန်တဲ့ လူငယ်တွေဟာ တခြားလူငယ်တွေထက် အသည်းအဆီဖုံးခြင်း ရောဂါ ဖြစ်နိုင်ချေ အဆ ၂၀ နီးပါး ပိုပြီးမြင့်မားပါတယ်။
  • အသည်းကို FibroScan ရိုက်ခြင်းရဲ့ အကျိုးကျေးဇူးများရိုးရှင်းသော စစ်ဆေးမှုဖြစ်ပြီး အဖြေထွက်မြန်ဆန်ပါတယ်။

အဝလွန်တဲ့ကလေးတွေဟာ အကြော်စာတွေ၊ အသင့်စား အစားအစာတွေ၊ အချိုပွဲ စားသုံးမှုတွေ၊ သကြားပါဝင်မှုများတဲ့ အချိုရည် အလွန်အကျွံ သောက်သုံးမှုတွေအပါအဝင်

လှုပ်ရှားမှုနဲ့ လေ့ကျင့်ခန်း လုံလောက်စွာပြုလုပ်မှုမရှိခြင်း စတဲ့ အမူအကျင့်တွေကြောင့် အသည်းအဆီဖုံးခြင်းရောဂါ ဖြစ်နိုင်ချေပိုများပါတယ်။ အားအင်ရရှိမှုနဲ့ အားအင်လောင်ကျွမ်းမှု မျှတမှုမရှိခြင်းတွေဟာ တဖြည်းဖြည်း အဝလွန်လာစေပါတယ်။

တနည်းအားဖြင့်ကြည့်ရင် မိဘ နဲ့ အုပ်ထိန်းသူသူတချို့ဟာ “ဝဝကစ်ကစ် ကလေးတွေ” ကို ချစ်စရာကောင်းတယ်လို့ မြင်နေကြတုန်းပါပဲ။ ကလေးငယ်ရဲ့ ယေဘူယျ ကျန်းမာရေးနဲ့ ဖွံ့ဖြိုးမှုမှာ အဆီဟာ မကောင်းတဲ့ အကျိုးသက်ရောက်မှုရှိတယ်ဆိုတာကို သူတို့တွေ မတွေးမိကြပါဘူး။ အထူးသဖြင့် ကလေးငယ်ရဲ့ လည်ပင်းနားတဝိုက်၊ ချိုင်းအောက်(သို့) ပွတ်တိုက်မှုရှိတဲ့ အသားရေတိုင်းမှာ အရေပြား မည်းနက်မှုဖြစ်ပေါ်စေပြီး၊ ဂျေးချွတ်ပေမယ့် မပြောင်တဲ့ Dead Skin တွေလို ဖြစ်နေပါတယ်။ မည်းနက်တဲ့ အသားအရေဟာ ဆီးချိုစဖြစ်ခါနီးလူနာရှင်တွေမှာ အများအားဖြင့် တွေ့ရလေ့ရှိတဲ့ အင်ဆူလင်ပမာဏ လိုအပ်တာထက် မြင့်မားမှုနဲ့ ဆက်စပ်နေပါတယ်။

အဝလွန်တဲ့ကလေးတွေဟာ အသည်းအဆီဖုံးခြင်းရောဂါ ဖြစ်ပွားနိုင်ချေ ၂၂.၅% မှ ၄၄% အထိ ရှိပြီး ဒီလိုအသည်းအဆီဖုံးရောဂါဟာ ပုံမှန်အားဖြင့်တော့ သက်လတ်ပိုင်းရွယ်နဲ့ သက်ကြီးပိုင်းသူတွေမှာ ဖြစ်နိုင်ချေ ပိုများပါတယ်။ကလေးတွေမှာတော့ အဝလွန်ခြင်းကြောင့် အသည်းရောင်ရမ်းခြင်း (သို့) အသည်းခြောက်ခြင်း စတဲ့ အန္တရာယ်တွေ ဖြစ်ပေါ်နိုင်ပါတယ်။ အဝလွန်တဲ့ လူငယ်တွေဟာ တခြားလူငယ်တွေထက် အသည်းအဆီဖုံးခြင်း ရောဂါ ဖြစ်နိုင်ချေ အဆ ၂၀ နီးပါး ပိုပြီးမြင့်မားသလို အသက် ၈ နှစ်အရွယ် ကလေးတွေမှာတောင် အသည်းခြောက်ခြင်း ဖြစ်ပေါ်စေနိုင်တယ်ဆိုတာကို ပိုပြီး အံ့ဩဖွယ်ထိတ်လန့်ဖွယ် ကောင်းပါတယ်။

 

ရောဂါလက္ခဏာများ

ကလေးငယ်ဟာ အစာအိမ်နာခြင်း နဲ့ ပင်ပန်းနွမ်းနယ်ခြင်းတွေ ခံစားရနိုင်ပါတယ်။ ဒီလက္ခဏာရပ်တွေဟာ မကြာခဏ ဖြစ်လေ့ရှိသလို ထူးပြီး သိသာမနေတာကြောင့် မိဘတွေအနေနဲ့လည်း စိုးရိမ်မှုမရှိသလို (သို့) သူတို့ရဲ့ ကလေးငယ် အန္တရာယ်ရှိတဲ့အခြေအနေဖြစ်နေတယ်ဆိုတာကိုလည်း မစဉ်းစားမိကြပါဘူး။

ရောဂါရှာဖွေခြင်း

ဒီအခြေအနေကို လွယ်ကူရိုးရှင်းစွာ စစ်ဆေးနိုင်တဲ့ နည်းလမ်းက အသည်းကို Ultrasound ရိုက်ခြင်း၊ အသည်းရဲ့ လုပ်ဆောင်မှုကို အကဲဖြတ်ဖို့အတွက် သွေးနမူနာ စစ်ခြင်း စတာတွေဖြစ်ပါတယ်။ ကလေးတွေရဲ့ အသည်း လုပ်ဆောင်ချက်ဟာ ပုံမှန်ထက် ပိုပြီးမြင့်မားနေမယ်ဆိုရင်တော့ ကလေးအထူးကုဆရာဝန်တွေက ကလေးငယ်တွေမှာ ဖြည့်စွက် ဆေးဝါးနဲ့ အခြားဆေးများ ပေးထားမှု ရှိ၊မရှိ သိနိုင်ဖို့ ကလေးငယ်ရဲ့ ကျန်းမာရေးဆိုင်ရာ ရာဇဝင်နောက်ကြောင်းကို စစ်ဆေးမှာဖြစ်ပါတယ်။ ဆရာဝန်များဟာ ဗိုင်းရပ်စ်ရောဂါပိုး ဝင်ရောက်နိုင်မှု (သို့) အသည်းအတွင်း ကြေးနီ တည်ဆောက်မှု စတဲ့ အသည်းရောင်ရမ်းခြင်း ဖြစ်စေနိုင်တဲ့ ဆေးဝါးဆိုင်ရာ နောက်ခံ အခြေအနေကို ဆန်းစစ်ကြည့်မှာလည်း ဖြစ်ပါတယ်။

FibroScan က အသည်းမှာ အမြှေးပါး membrane ပုံမှန်ဟုတ်ဘဲ ပမာဏမြင့်မားနေသလားဆိုတာကို ဆန်းစစ်ပေးခြင်းဖြင့် အသည်းရဲ့ Stiffness ကို စစ်ဆေးပေးတဲ့ စစ်ဆေးချက် တစ်ခုဖြစ်ပါတယ်။ နောက်ဆက်တွဲ ကုသမှုတွေကိုလည်း ရောဂါကို အာရုံစိုက်ကုသမှု (Targeted) နဲ့ ထိထိရောက်ရာက် ကုသနိုင်မှု (Effectiveness) တို့ကို စီစဉ်နိုင်အောင် FibroScan ကို အချိန်မရွေး၊ ဘယ်လိုရောဂါလက္ခဏာပြပြ ရိုက်ပေးလို့ရပါတယ်။

 

FibroScan ပြုလုပ်သင့်တဲ့ ကလေးငယ်အုပ်စုများ

  • ဝမ်းဗိုက်ပူနေသော (သို့) ကိုယ်အလေးချိန်များနေသော ကလေးများ
  • ALT လို့ခေါ်တဲ့ အသည်းရဲ့အင်ဇိုင်းမ် ပမာဏ ၂၂ ထက်မြင့်မားနေတဲ့ ကလေးများ အသည်းခြောက်ခြင်း ဖြစ်နိုင်ချေများ
  • အသည်းရောင်အသားဝါ B ပိုး(သို့) အသည်းရောင်အသားဝါ C ပိုး ရှိတဲ့ ကလေးများ
  • ဆေးဝါးများ၊ ဆေးဖက်ဝင်အပင်ကနေ ထုတ်တဲ့ ဖြည့်စွက်ဆေးဝါးများ အချိန်ကာလကြာမြင့်စွာ သောက်သုံးလာခဲ့သော ကလေးငယ်များ

အသည်းကို FibroScan ရိုက်ခြင်းရဲ့ အကျိုးကျေးဇူးများ

  • ရိုးရှင်းသော စစ်ဆေးမှုဖြစ်ပြီး အဖြေထွက်မြန်ဆန်ခြင်း။
  • နာကျင်မှု လုံးဝမရှိခြင်း။
  • အသည်း ခြောက်ခြင်းအား ဆောလျင်စွာ ရောဂါရှာဖွေသိရှိစေခြင်း
  • အသည်းခြောက်မှု ဘယ်လောက်အထိ ဆိုးရွားနေသလဲဆိုတာကို သုံးသပ်နိုင်ပြီး ရှာဖွေနိုင်ခြင်းနှင့် ကုသမှု အစီအစဉ်ကို ချမှတ်နိုင်ရန် ကူညီပေးခြင်း။
  • အသည်းအသားစ စစ်ဆေးလို့မရသော လူနာများ (သို့) အသည်းအသားစ စစ်ဆေးဖို့ ငြင်းဆန်နေသော လူနာများကို အသည်းအသားစ စစ်ဆေးခြင်းအစား အစားထိုး စစ်ဆေးမှုတရပ်အနေဖြင့်ပြုလုပ်နိုင်ခြင်း။
  • အသည်းအဆီဖုံးခြင်း ခံစားနေရတဲ့ လူနာများ၏ အသည်းအတွင်းရှိ အဆီ ပမာဏကို FibroScan တစ်ခါရိုက်ရုံဖြင့် ဖော်ပြပေးနိုင်ခြင်း။

ကလေးငယ်ရဲ့ အမူအကျင့်တွေကို ပြင်ဆင်ပေးခြင်းက အထိရောက်ဆုံး ကာကွယ်မှု ပုံစံများဖြစ်ပါတယ်

  • အာဟာရသင့်တင့်မျှတတဲ့အစားအစာ ( Square Meals) တစ်နေ့ ၃ ကြိမ် မဖြစ်မနေစားပါ။ သို့သော် ညစာကို ဗိုက်အရမ်းပြည့်အင့်အောင် မစားပါနဲ့။
  • သကြားပါဝင်မှုများတဲ့ အချိုရည်တွေ၊ ဂက်စ်၊ အမြုပ်ပါတဲ့ အချိုရည်တွေ၊ ဘူးနဲ့ အသင့်လာတဲ့ သစ်သီးဖျော်ရည် နဲ့ ဒိန်ချဉ်တွေ မသောက်ပါနဲ့။
  • အဆီများတဲ့အသား၊ ထောပတ်၊ အုန်းသီးခရင်မ်၊ အုန်းသီး (သို့) အုန်းဆီကနေ လုပ်တဲ့ ပါဝင်ပစ္စည်းတွေပါတဲ့ အစားအစာများ စတဲ့ ပြည့်ဝဆီ ပါဝင်မှုမြင့်မားတဲ့အစားအစာများ စားသုံးမှုကို လျှော့ချပါ။
  • မနက်စာ၊ နေ့လည်စာ (သို့) အစာမစားခင်စပ်ကြားမှာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ သွားရေစာ စားသုံးခြင်းကို ရပ်လိုက်ပါ။ အဲဒီအစား အသီးအနှံကို ရွေးချယ်ပါ။
  • တစ်နေ့ကို မိနစ် ၃၀ မှ ၆၀ အထိ လေ့ကျင့်ခန်းလုပ်ပါ (သို့) အိမ်တွင်းသန့်ရှင်းရေးလုပ်ပါ။
  • TV ကြည့်ခြင်း (သို့) ကွန်ပျူတာ ဂိမ်းကစားခြင်း စတဲ့ တစ်နေရာတည်းမှာ ကလေးအနေနဲ့ အကြာကြီး ထိုင်ရတဲ့ မည်သည့် လုပ်ဆောင်မှုကိုမဆို လျှော့ချပါ။ TV ကြည့်ခြင်း (သို့)ကွန်ပျူတာ ဂိမ်းများ ကစားခြင်းကို တစ်နေ့ ၂ နာရီ ကန့်သတ်တာမျိုး လုပ်ဆောင်ပါ။

မိဘတွေကိုယ်တိုင်ကလည်း အမူအကျင့်တွေကို အခုဖော်ပြခဲ့တဲ့ (Parameters) ဒီ စံ နမူနာတွေအတိုင်း ပြုပြင်မယ်ဆိုရင်တော့ သင်တို့ ကလေးငယ်အတွက် ပိုမိုကောင်းမွန်တဲ့ စံနမူနာ တွေဖြစ်လာမယ်ဆိုတာ သိထားစေချင်ပါတယ်။

* အဝလွန်တဲ့ ကလေးတွေဟာ အသည်းအဆီဖုံးခြင်း ရောဂါ ဖြစ်ပွားနိုင်ချေ အမြင့်ဆုံးဖြစ်ပါတယ်။
(Source: https://www.ncbi.nlm.nih.gov)

အဆင့်သတ်မှတ်ချက်

မှတ်ပုံတင်ပြီးသားလား။