လက်ဆောင်ကို ရွေးချယ်တဲ့အခါ ကလေးအတွက်ဘေးအန္ဓရာယ်မဖြစ်စေသော ကစားစရာဖြစ်ရန် အရေးအကြီးဆုံးဖြစ်ပါတယ်။ ကစားစရာပစ္စည်းဟာ မတော်တဆ ထိခိုက်မှု ဖြစ်စေနိုင်တာမျိုး မဖြစ်ရသလို၊ လည်ချောင်းပိတ်ဆို့ပြီး အသက်အန္တရာယ်ဖြစ်စေသော ပါးစပ်ထဲ ဝင်နိုင်တဲ့ အရွယ်အစားမဖြစ်အောင်လည်း ဂရုစိုက်ရပါမယ်။
ဘယ်လို လက်ဆောင်မျိုးကိုပဲ ရွေးချယ်ပေးပါစေ၊ ၎င်းပစ္စည်းတစ်ခုတည်းနဲ့ ကလေးအတွက် ပြည့်စုံမှု အပြည့်အဝ ရရှိစေမှာ မဟုတ်ပါ။ ကလေးငယ်တစ်ဦးရဲ့ ပစ္စည်းအပေါ် လိုအပ်မှုကို မိသားစုနဲ့ ချစ်ခင်ရသူများရဲ့ အချိန်၊ မေတ္တာ၊ နားလည်မှုနဲ့ ဂရုစိုက်မှုများဖြင့် ပေါင်းစပ်မှသာ စစ်မှန်တဲ့ တန်ဖိုးရှိသော လက်ဆောင် ဖြစ်လာပါလိမ့်မယ်။
မိဘများဟာ များသောအားဖြင့် ကလေးများ တောင်းဆိုမှုအပေါ် အခြေခံပြီး လက်ဆောင်ရွေးချယ်လေ့ ရှိပါတယ်။ သို့သော် လက်ဆောင်ရွေးချယ်သောအခါတွင် ဘေးကင်းမှုနဲ့ ခံနိုင်ရည်ရှိမှု ကိုပါ ထည့်သွင်းစဉ်းစားသင့်ပါတယ်။ လက်ဆောင်ဟာ အန္တရာယ်ဖြစ်စေနိုင်ခြင်း သို့မဟုတ် လည်ချောင်းထဲပိတ်ဆို့နိုင်တဲ့အထိ သေးငယ်လွန်းခြင်းမျိုး မဖြစ်စေရန် သေချာဂရုစိုက်ရပါမယ်။ ဒါ့အပြင် ကစားစရာပစ္စည်းဟာ ကလေးရဲ့ လက်ရှိ ဖွံ့ဖြိုးမှုအဆင့်နဲ့ ကိုက်ညီမှုရှိ ရပါမယ်။ကလေးဆန်လွန်းသော လက်ဆောင်ဟာ ကလေးကို အချိန်တိုအတွင်း ပျင်းရိစေ နိုင်ပါတယ်။ အလားတူ သူတို့ အကြိုက်နဲ့ မကိုက်ညီသော ကစားစရာပစ္စည်းဟာလည်း ပျော်ရွှင်မှုရရန် အတားအဆီးတစ်ခု ဖြစ်စေနိုင်ပါတယ်။သင့်တော်သော ကစားစရာပစ္စည်းများဟာ ကလေးရဲ့ အသက်အရွယ်နဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လိုအပ်ချက်တွေအပေါ် မူတည်ပြီး သိသိသာသာ ကွာခြား သွားပါတယ်။ ကလေးတစ်ဦးဟာ ကစားစရာတစ်ခုမှာ ပြည့်စုံတဲ့ပျော်ရွှင်မှုကို ရှာတွေ့သောအခါ၊ အနာဂတ်တွင် သူတို့ရဲ့ စွမ်းရည်အပြည့်အဝကို ရရှိစေရန် ကူညီပေးမယ့် အခြေခံကျွမ်းကျင်မှုများကို သင်ယူလေ့လာဖို့ လမ်းကြောင်းတစ်ခု ဖြစ်လာစေပါတယ်။
ဤ အရွယ် ကလေးငယ်များအတွက် သင့်လျော်သော ကစားစရာများဟာ ဖွံ့ဖြိုးတိုးတက်မှုကို လှုံ့ဆော်ပေးပြီး ထိတွေ့လို့ရတဲ့ အရာများ ဖြစ်သင့်ပါတယ်။ ဥပမာအားဖြင့်-
ဤအရွယ် ကလေးငယ်များဟာ ကိုယ်တိုင်လှုပ်ရှားနိုင်စွမ်း ပိုတိုးလာပြီး ဆက်သွယ်ပြောဆိုနိုင်သော စွမ်းရည်များလည်း တိုးတက်လာပါတယ်။ ဒါကြောင့် ကစားစရာ ရွေးချယ်သောအခါ သူတို့ရဲ့ ပိုမိုကျယ်ပြန့်လာသော လိုအပ်ချက်များကို အထောက်အကူပြုရန် ထိတွေ့မှုဆိုင်ရာ လှုံ့ဆော်မှု ကို ဆက်လက် ထည့်သွင်းစဉ်းစားသင့်ပါတယ်။ ဥပမာအားဖြင့် -
ဤအရွယ် ကလေးငယ်များအတွက် သင့်လျော်သော ကစားစရာများဟာ ကြွက်သားများဖွံ့ဖြိုးမှု ကို အလေးပေးရမှာ ဖြစ်သလို၊ ဟန်ချက်ထိန်းနိုင်စွမ်း နဲ့ ဘာသာစကား စွမ်းရည် တွေကိုလည်း တိုးတက်စေဖို့ လိုအပ်ပါတယ်။ ဥပမာအားဖြင့် -
ဤအရွယ် ကလေးငယ်များအတွက် ရွေးချယ်သော ကစားစရာများဟာ သူတို့ကို ကျောင်းအတွက် ကြိုတင်ပြင်ဆင်ပေးရန်၊ ပတ်ဝန်းကျင်ကို ပိုမိုနားလည်အောင် အားပေးရန် ဖြစ်ပါတယ်။
ဤအရွယ်ကလေးများအတွက် ကစားစရာများဟာ သူတို့ရဲ့ ပတ်ဝန်းကျင်နဲ့ အခြားလူများ (ကျောင်းနေဖက်၊ အိမ်နီးနားချင်း) အကြောင်းကို ပိုမိုနက်နက်နဲနဲ နားလည်စေရန် အားပေးသင့်ပါတယ်။
ကလေးတိုင်းဟာ သူတို့ရဲ့ ငယ်ဘဝတစ်လျှောက်တွင် ကစားစရာအရုပ်များကို တောင်းဆိုလာတတ်ကြပါတယ်။ သို့သော် ကျွန်တော်တို့ ရွေးချယ်ပေးလိုက်သော ကစားစရာများဟာ ကလေးနဲ့အတူတူ ကစားဖော်မရှိပါက အသုံးဝင်မှာ မဟုတ်ပါ။ ဒါ့အပြင်၊ ကလေးများဟာ ဒါကို ပြောပြဖို့ ခက်ခဲနိုင်ပေမဲ့၊ သူတို့ဘဝမှာ တကယ့်ကို လိုအပ်နေတဲ့အရာများမှာ သူတို့နဲ့ အနီးစပ်ဆုံး လူကြီးများမှရတဲ့ အချိန်ပေးမှု၊ ချစ်ခြင်းမေတ္တာ၊ နားလည်ပေးမှုနဲ့ ဂရုတစိုက်စောင့်ရှောက်မှုများသာ ဖြစ်ပါတယ်။
ဆောင်းပါးများ