ကလေးရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် သင့်တော်မှန်ကန်သော ကစားစရာပစ္စည်း ရွေးချယ်ခြင်း

ကလေးရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် သင့်တော်မှန်ကန်သော ကစားစရာပစ္စည်း ရွေးချယ်ခြင်း

အနှစ်ချုပ်

  • ကလေးအတွက် လက်ဆောင်ရွေးချယ်သောအခါ ထိုကစားစရာပစ္စည်းဟာ ကလေးရဲ့ လက်ရှိ ဖွံ့ဖြိုးမှုအဆင့် နဲ့ ပတ်သက်ပြီး ဘယ်လို အကျိုးကျေးဇူးများ ပေးနိုင်မလဲ ဆိုတာကို အဓိကထားပြီး အာရုံစိုက်သင့်ပါတယ်။
  • လက်ဆောင်ကို ရွေးချယ်တဲ့အခါ ကလေးအတွက်ဘေးအန္ဓရာယ်မဖြစ်စေသော ကစားစရာဖြစ်ရန် အရေးအကြီးဆုံးဖြစ်ပါတယ်။ ကစားစရာပစ္စည်းဟာ မတော်တဆ ထိခိုက်မှု ဖြစ်စေနိုင်တာမျိုး မဖြစ်ရသလို၊ လည်ချောင်းပိတ်ဆို့ပြီး အသက်အန္တရာယ်ဖြစ်စေသော ပါးစပ်ထဲ ဝင်နိုင်တဲ့ အရွယ်အစားမဖြစ်အောင်လည်း ဂရုစိုက်ရပါမယ်။

  • ဘယ်လို လက်ဆောင်မျိုးကိုပဲ ရွေးချယ်ပေးပါစေ၊ ၎င်းပစ္စည်းတစ်ခုတည်းနဲ့ ကလေးအတွက် ပြည့်စုံမှု အပြည့်အဝ ရရှိစေမှာ မဟုတ်ပါ။ ကလေးငယ်တစ်ဦးရဲ့ ပစ္စည်းအပေါ် လိုအပ်မှုကို မိသားစုနဲ့ ချစ်ခင်ရသူများရဲ့ အချိန်၊ မေတ္တာ၊ နားလည်မှုနဲ့ ဂရုစိုက်မှုများဖြင့် ပေါင်းစပ်မှသာ စစ်မှန်တဲ့ တန်ဖိုးရှိသော လက်ဆောင် ဖြစ်လာပါလိမ့်မယ်။

မွေးနေ့၊ နှစ်သစ်ကူးပွဲ သို့မဟုတ် ကလေးများနေ့ကဲ့သို့ ဘယ်လို အထူးနေ့မျိုး ဖြစ်ဖြစ်၊ မိဘတိုင်းမှ မိမိကလေးအတွက် လက်ဆောင် ရွေးချယ်ရာတွင် ဂရုပြုရန်

မိဘများဟာ များသောအားဖြင့် ကလေးများ တောင်းဆိုမှုအပေါ် အခြေခံပြီး လက်ဆောင်ရွေးချယ်လေ့ ရှိပါတယ်။ သို့သော် လက်ဆောင်ရွေးချယ်သောအခါတွင် ဘေးကင်းမှုနဲ့ ခံနိုင်ရည်ရှိမှု ကိုပါ ထည့်သွင်းစဉ်းစားသင့်ပါတယ်။ လက်ဆောင်ဟာ အန္တရာယ်ဖြစ်စေနိုင်ခြင်း သို့မဟုတ် လည်ချောင်းထဲပိတ်ဆို့နိုင်တဲ့အထိ သေးငယ်လွန်းခြင်းမျိုး မဖြစ်စေရန် သေချာဂရုစိုက်ရပါမယ်။ ဒါ့အပြင် ကစားစရာပစ္စည်းဟာ ကလေးရဲ့ လက်ရှိ ဖွံ့ဖြိုးမှုအဆင့်နဲ့ ကိုက်ညီမှုရှိ ရပါမယ်။ကလေးဆန်လွန်းသော လက်ဆောင်ဟာ ကလေးကို အချိန်တိုအတွင်း ပျင်းရိစေ နိုင်ပါတယ်။ အလားတူ သူတို့ အကြိုက်နဲ့ မကိုက်ညီသော ကစားစရာပစ္စည်းဟာလည်း ပျော်ရွှင်မှုရရန် အတားအဆီးတစ်ခု ဖြစ်စေနိုင်ပါတယ်။သင့်တော်သော ကစားစရာပစ္စည်းများဟာ ကလေးရဲ့ အသက်အရွယ်နဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လိုအပ်ချက်တွေအပေါ် မူတည်ပြီး သိသိသာသာ ကွာခြား သွားပါတယ်။ ကလေးတစ်ဦးဟာ ကစားစရာတစ်ခုမှာ ပြည့်စုံတဲ့ပျော်ရွှင်မှုကို ရှာတွေ့သောအခါ၊ အနာဂတ်တွင် သူတို့ရဲ့ စွမ်းရည်အပြည့်အဝကို ရရှိစေရန် ကူညီပေးမယ့် အခြေခံကျွမ်းကျင်မှုများကို သင်ယူလေ့လာဖို့ လမ်းကြောင်းတစ်ခု ဖြစ်လာစေပါတယ်။

မွေးကင်းစမှ ၆ လအထိ ကလေးငယ်များအတွက် သင့်လျော်သော ကစားစရာများ

ဤ အရွယ် ကလေးငယ်များအတွက်  သင့်လျော်သော ကစားစရာများဟာ ဖွံ့ဖြိုးတိုးတက်မှုကို လှုံ့ဆော်ပေးပြီး  á€‘á€­á€á€˝á€ąá€ˇá€œá€­á€Żá€ˇá€›á€á€˛á€ˇ အရာများ ဖြစ်သင့်ပါတယ်။ ဥပမာအားဖြင့်-

  • အမြင်အာရုံကို လှုံ့ဆော်သော ကစားစရာများ - ကလေးငယ်များသည် ရွေ့လျားနေသော ရောင်စုံကစားစရာများကို နှစ်သက်ကြပါတယ်။ ဥပမာအားဖြင့်၊ ရောင်စုံပြီး ဖြည်းညှင်းစွာ လှုပ်ရှားနေသော ရောင်စုံ မိုဘိုင်း (အိပ်ယာချိတ် အရုပ်) များ ဖြစ်ပါတယ်။
  • အကြားအာရုံကို လှုံ့ဆော်သော ကစားစရာများ - ပုတ်ခတ်ခြင်း/လှုပ်ခါခြင်းများ ပြုလုပ်လိုက်သောအခါ မြည်သံ သို့မဟုတ် သီချင်းသံ ထွက်ပေါ်လာနိုင်သော ကစားစရာများ ပါဝင်ပါတယ်။
  • ပါးစပ်နဲ့ အထိအတွေ့ကို လှုံ့ဆော်သော ကစားစရာများ - ကလေးငယ်များဟာ ပတ်ဝန်းကျင်ကို လက်နဲ့ ပါးစပ်ကို အသုံးပြုပြီး စူးစမ်း တတ်ကြပါတယ်။ ဒါကြောင့် ထိတွေ့မှုဆိုင်ရာ လှုံ့ဆော်မှု ပေးနိုင်သော ကစားစရာတွေဟာ ပျော့ပျောင်းရမယ်၊ ရာဘာဆန်ရမယ် နဲ့ ပါးစပ်ထဲ ထည့်လို့ ဘေးကင်းရပါမယ်။ ဥပမာအနေဖြင့် ကလေးဖမ်းဆုပ်လို့ရသော ပျော့အိအိ အရုပ်လေးများ နဲ့ ရောင်စုံဘောလုံးများ ဖြစ်ပါတယ်။

၇ လမှ ၁၂ လအရွယ် ကလေးငယ်များအတွက် သင့်လျော်သော ကစားစရာများ

ဤအရွယ် ကလေးငယ်များဟာ ကိုယ်တိုင်လှုပ်ရှားနိုင်စွမ်း ပိုတိုးလာပြီး ဆက်သွယ်ပြောဆိုနိုင်သော စွမ်းရည်များလည်း တိုးတက်လာပါတယ်။ ဒါကြောင့် ကစားစရာ ရွေးချယ်သောအခါ သူတို့ရဲ့ ပိုမိုကျယ်ပြန့်လာသော လိုအပ်ချက်များကို အထောက်အကူပြုရန် ထိတွေ့မှုဆိုင်ရာ လှုံ့ဆော်မှု ကို ဆက်လက် ထည့်သွင်းစဉ်းစားသင့်ပါတယ်။ ဥပမာအားဖြင့် -

  • ကလေးရဲ့ ထိတွေ့မှုအပေါ် မှီခိုအားထားမှု ပိုများလာခြင်းကို အားပေးသော ကစားစရာများ။ ဥပမာ- ပျော့ပျောင်းပြီး ချောမွေ့သော ဘောလုံးများ၊ သို့မဟုတ် ကလေးများ ဖမ်းဆုပ်ကိုင်တွယ်နိုင်သော/လှုပ်ခါနိုင်သော ချိုင့်ခွက်လေးများပါတဲ့ ဘောလုံးများ။
  • ကြွက်သား အသုံးပြုမှုနဲ့ လှုပ်ရှားမှုကို အားပေးသော ကစားစရာများ။ ဥပမာ- အမြင့် ဆောက်နိုင်သော သို့မဟုတ် ဘူးခွံများထဲကို ထည့်လိုက်၊ ပြန်ထုတ်လိုက် လုပ်နိုင်သော အရွယ်အစားအသင့်အတင့်ရှိသော သစ်သား/ပလတ်စတစ် တုံးများ၊ ကြိုးတပ်ထားသော ယာဉ်များ၊ လှိမ့်လို့ရသော ကစားစရာများ၊ ပါဝင်ပါတယ်။ ၎င်းဟာ လက်ချောင်း သန်မာသွက်လက်မှု ကို တိုးတက်စေပြီး ခြေထောက် ကြွက်သားတွေကိုလည်း သန်မာစေ ပါတယ်။
  • အာရုံစူးစိုက်မှုကို ကောင်းမွန်စေသော ကစားစရာများ။ ကတ်ထူပြား၊ ပလတ်စတစ် သို့မဟုတ် တခြားပစ္စည်းများဖြင့် ပြုလုပ်ထားသော ရောင်စုံပုံပါ စာအုပ်များပါဝင်ပါတယ်။ ကလေးများဟာ စာအုပ်ကို ကိုင်ခြင်း၊ ဖွင့်ခြင်းနဲ့ ပိတ်ခြင်း စတဲ့ အလေ့အကျင့်များကို လုပ်နေစဉ်တွင် စာအုပ်ထဲမှ ရုပ်ပုံများဟာ သူတို့စိတ်ဝင်စားမှုကို ထိန်းထား နိုင်ပါတယ်။ ဤကဲ့သို့လုပ်ခြင်းအားဖြင့် ဘာသာစကားပိုင်းဆိုင်ရာနဲ့ လက်ချောင်း သန်မာသွက်လက်မှု နှစ်မျိုးလုံး ဖွံ့ဖြိုးတိုးတက်မှုကို လှုံ့ဆော်ပေးပါတယ်။

အသက် ၁ နှစ်မှ ၂ နှစ်အရွယ် ကလေးငယ်များအတွက် သင့်လျော်သော ကစားစရာများ

ဤအရွယ် ကလေးငယ်များအတွက် သင့်လျော်သော ကစားစရာများဟာ ကြွက်သားများဖွံ့ဖြိုးမှု ကို အလေးပေးရမှာ ဖြစ်သလို၊ ဟန်ချက်ထိန်းနိုင်စွမ်း နဲ့ ဘာသာစကား စွမ်းရည် တွေကိုလည်း တိုးတက်စေဖို့ လိုအပ်ပါတယ်။ ဥပမာအားဖြင့် -

  • ကြွက်သားဖွံ့ဖြိုးမှုနှင့် ဟန်ချက်ထိန်းမှုကို အားပေးသော ကစားစရာများ၊ ဥပမာ ကြိုးတပ်ထားသော ယာဉ်ငယ်လေးများ၊ သံပတ်ပေးနိုင်သောအရုပ်များ၊ ကိုင်တွယ်ခြင်း၊ ဆုပ်ကိုင်ခြင်း၊ ညှစ်ခြင်း၊ ဖိခြင်း သို့မဟုတ် လှုပ်ခါခြင်း အားဖြင့် ၎င်းတို့ရဲ့ ပုံသဏ္ဌာန်အနေအထားကို ပြောင်းလဲစေရန် ဒီဇိုင်းထုတ်ထားသော သစ်သား သို့မဟုတ် ပလတ်စတစ်တုတ်များ ပါဝင်ပါတယ်။ ရောင်စုံ ခဲတံ သို့မဟုတ် ဖယောင်းစက္ကူခဲတံ များဟာလည်း လက်ချောင်း သန်မာသွက်လက်မှုကို ဖွံ့ဖြိုးစေပြီး၊ သူတို့အရွယ်နဲ့ သင့်လျော်သော အခြေခံစာလုံးများ ဘယ်လို ရေးရမလဲ ဆိုတာကို သင်ကြားရာတွင် အထောက်အကူပြုပါတယ်။
  • ဘာသာစကား ဖွံ့ဖြိုးတိုးတက်မှုကို ကူညီပေး တဲ့ ကစားစရာများ၊ ဥပမာ- သူတို့အရွယ်နဲ့ ကိုက်ညီသော ပုံပြင်စာအုပ်များ၊ တိရစ္ဆာန်ရုပ်ပုံများပါဝင်သော လေ့ကျင့်ခန်းစာအုပ်များ၊ ပတ်ဝန်းကျင် ကမ္ဘာလောကအတွက် အခြေခံအသိပညာကို တည်ဆောက်ပေးနိုင်သော တခြားကစားစရာပစ္စည်းများ ပါဝင်ပါတယ်။
  • အာရုံစူးစိုက်မှုနှင့် မျက်စိ-လက် ပေါင်းစပ်လှုပ်ရှားမှုကို အားပေးသော ကစားစရာများ၊ ဥပမာ - ခွဲခြားထည့်သွင်းရသော ဘူးခွံများကဲ့သို့ အာရုံစူးစိုက်မှုနဲ့ မျက်စိ-လက် တွဲဖက်လှုပ်ရှားမှုကို အထောက်အကူပြုသော ကစားစရာများ ပါဝင်ပါတယ်။

အသက် ၂ နှစ်မှ ၃ နှစ်အရွယ် ကလေးငယ်များအတွက် သင့်လျော်သော ကစားစရာများ

ဤအရွယ် ကလေးငယ်များအတွက် ရွေးချယ်သော ကစားစရာများဟာ သူတို့ကို ကျောင်းအတွက် ကြိုတင်ပြင်ဆင်ပေးရန်၊ ပတ်ဝန်းကျင်ကို ပိုမိုနားလည်အောင် အားပေးရန် ဖြစ်ပါတယ်။

  • ကြွက်သားအုပ်စုအမျိုးမျိုးကို ပေါင်းစပ်ပြီး အသုံးပြုနိုင်ရန် အားပေးသော ကစားစရာများ၊ ဥပမာ- ဟန်ချက်ထိန်းနိုင်စွမ်း၊ ခြေထောက်၊ လက်မောင်းအား နဲ့ မျက်စိ-လက် ပေါင်းစပ်လှုပ်ရှားမှုများ လိုအပ်သော သုံးဘီးဆိုင်ကယ်များနဲ့ ပုတီးစေ့ အလုံးများကို ကြိုးသီခိုင်းခြင်းဟာလည်း မျက်စိ-လက် ပေါင်းစပ်လှုပ်ရှားမှု ကို ဖွံ့ဖြိုးစေပြီး တစ်ချိန်တည်းတွင် အာရုံစူးစိုက်မှုကိုပါ ကူညီပေး ပါတယ်။
  • ဘာသာစကား ဖွံ့ဖြိုးမှု á€€á€­á€Żá€Ąá€‘္ဏက်ဥကူပဟုသ္ဏ ကစားစရာများ၊ ဥပမာ- အရောင်စုံပြီး စိတ်ဝင်စားစရာ ပုံများပါဝင်တဲ့၊ သူတို့အရွယ်နဲ့ သင့်လျော်သော ပုံပြင်စာအုပ်များ ဖြစ်ပါတယ်။ ဤကဲ့သို့စာအုပ်များဖြင့် ကလေးကို စိတ်ဝင်စားစရာ အသံမျိုးစုံနဲ့ ဖတ်ပြ ခြင်းအားဟာ ပျော်စရာကောင်းတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်ပြီး၊ သူတို့ရဲ့ ဝေါဟာရ တိုးပွားစေရုံ သာမက ပြောဆိုဆက်ဆံရေးနဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကိုပါ တိုးတက်စေ ပါတယ်။
  • အာရုံစူးစိုက်မှုကို အားပေး တဲ့ ကစားစရာများ၊ ဥပမာ- ရုပ်ပုံဆက် ပဟေဠိများ၊ ရောင်စုံ သစ်သားတုံးများနဲ့ တခြား ပုံသဏ္ဌာန်များသစ်သားတုံးများ ပါဝင်ပါတယ်။ ဤပစ္စည်းများဟာ ကလေးများ အရောင်နဲ့ ပုံသဏ္ဌာန်တွေ တွဲစပ်နိုင်ရန် ကူညီပေးသလို၊ ရေတွက်နိုင်စွမ်း ကိုပါ ဖွံ့ဖြိုးစေပါတယ်။
  • တီထွင်ဖန်တီးနိုင်စွမ်းနဲ့ ပြဿနာဖြေရှင်းနိုင်စွမ်းကို တိုးတတ်စေသော ကစားစရာများ၊ ဥပမာ- လက်တွေ့ဘဝကို ပုံတူကူးထားသော ကစားစရာများ (ဥပမာ- ဆရာဝန်ကိရိယာ၊ မီးဖိုချောင်ပစ္စည်းများ)ဖြစ်ပါတယ်။ ကလေးတွေကို ဟန်ဆောင် ကစားခြင်းတွေ ပေးစွမ်းပါတယ်။ ဤကဲ့သို့ ကစားခြင်းဟာ ပျော်စရာကောင်းတဲ့အပြင်၊ ကလေးများဟာ လူကြီးများနဲ့ ဆက်သွယ်သောအခါ သို့မဟုတ် သူတို့ရဲ့ ဆန္ဒတွေကို ပြောပြတဲ့အခါ အသုံးပြုနိုင်မယ့် စကားလုံးအသစ်များကိုပါ သင်ယူနိုင်မှာ ဖြစ်ပါတယ်။

အသက် ၄ နှစ်မှ ၆ နှစ်အရွယ် ကလေးငယ်များအတွက် သင့်လျော်သော ကစားစရာများ

ဤအရွယ်ကလေးများအတွက် ကစားစရာများဟာ သူတို့ရဲ့ ပတ်ဝန်းကျင်နဲ့ အခြားလူများ (ကျောင်းနေဖက်၊ အိမ်နီးနားချင်း) အကြောင်းကို ပိုမိုနက်နက်နဲနဲ နားလည်စေရန် အားပေးသင့်ပါတယ်။

  • ကြွက်သား ဖွံ့ဖြိုးမှုနဲ့ လှုပ်ရှားမှုဆိုင်ရာ ကျွမ်းကျင်မှုကို အထောက်အကူပြုသော ကစားစရာများ၊ ဥပမာ- စက်ဘီးနဲ့ စကူတာများ ပါဝင်ပါတယ်။ ဤပစ္စည်းများဟာ ဟန်ချက်ထိန်းနိုင်စွမ်း လိုအပ်သလို၊ ခြေထောက်နဲ့ လက်မောင်းတို့ တွဲဖက်ညီညီ လှုပ်ရှားဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် ဤကဲ့သို့အရုပ်များနဲ့ အဖွဲ့လိုက်ကစားခြင်းဟာ သူတို့ရဲ့ လူမှုဆက်ဆံရေး စွမ်းရည် ကိုပါ မြှင့်တင်ပေးပါတယ်။
  • စိတ်ကူးစိတ်သန်းနဲ့ ပိုမိုရှုပ်ထွေးသော ပြဿနာများကို ဖြေရှင်းနိုင်ရန် အားပေးသော ကစားစရာများ၊ ဥပမာ- လက်တွေ့ဘဝကို ပုံတူကူးထားပြီး အသွင်ယူ ကစားရန်နဲ့ ပုံပြင်ပြောရန် အသုံးပြုနိုင်သော အရုပ်များ ပါဝင်ပါတယ်။ ဥပမာအားဖြင့် မီးဖိုချောင်သုံးပုံစံ ကစားစရာများ၊ ဆရာဝန်နှင့် သူနာပြုပုံစံ ကစားစရာများ၊ နဲ့ LEGO မြို့ပုံစံတုံးများ ဖြစ်ပါတယ်။ ကစားခြင်းမှ ရရှိသော ပျော်ရွှင်မှုနဲ့ ဝေါဟာရအသစ်များအပြင်၊ ကလေးများဟာ ကြီးပြင်းလာသောအခါ သူတို့ရဲ့ လက်တွေ့ဘဝတွင် အသုံးဝင်သော အခြေအနေများကို စီစဉ်ရန်နဲ့ ဖြေရှင်းနည်းရှာဖွေရန် ကိုလည်း သင်ယူရရှိပါတယ်။

ကလေးတိုင်းဟာ သူတို့ရဲ့ ငယ်ဘဝတစ်လျှောက်တွင် ကစားစရာအရုပ်များကို တောင်းဆိုလာတတ်ကြပါတယ်။ သို့သော် ကျွန်တော်တို့ ရွေးချယ်ပေးလိုက်သော ကစားစရာများဟာ ကလေးနဲ့အတူတူ ကစားဖော်မရှိပါက အသုံးဝင်မှာ မဟုတ်ပါ။ ဒါ့အပြင်၊ ကလေးများဟာ ဒါကို ပြောပြဖို့ ခက်ခဲနိုင်ပေမဲ့၊ သူတို့ဘဝမှာ တကယ့်ကို လိုအပ်နေတဲ့အရာများမှာ သူတို့နဲ့ အနီးစပ်ဆုံး လူကြီးများမှရတဲ့ အချိန်ပေးမှု၊ ချစ်ခြင်းမေတ္တာ၊ နားလည်ပေးမှုနဲ့ ဂရုတစိုက်စောင့်ရှောက်မှုများသာ ဖြစ်ပါတယ်။

အဆင့်သတ်မှတ်ချက်