အမြွှာကိုယ်ဝန်ဆောင်များအတွက် သတိထားရမယ့်အန္တရာယ်

အမြွှာကိုယ်ဝန်ဆောင်များအတွက် သတိထားရမယ့်အန္တရာယ်

အရေးကြီးသော အချက်များ

  • အမြွှာကိုယ်ဝန်လွယ်ထားရတဲ့ကိုယ်ဝန်ဆောင်တွေဟာ အန္တရာယ်အကြီးမား ဆုံး အခြေအနေမှာရှိတယ်လို့ သတ်မှတ်လို့ရပါတယ်။ အမြွှာကိုယ်ဝန်တွေ မှာ အချင်း(Placenta) နဲ့ ရေမြွှာအိတ်(Amniotic Sac) ကို အမြွှာသန္ဓေ သားများအတွက် မျှဝေပေးထားရတာကြောင့် ဆရာဝန်တွေအတွက် လွန်စွာမှ ခေါင်းခဲရပါတယ်။
  • အမြွှာကိုယ်ဝန်လွယ်ထားတဲ့ မိခင်တစ်ယောက်ဟာ ကိုယ်ဝန်ပျက်ကျခြင်း၊ သွေးအားနည်းရောဂါ၊ သွေးတိုးရောဂါစတဲ့ နောက်ဆက်တွဲရောဂါတွေ ရှိလာနိုင်သလို ဆီးချိုဖြစ်နိုင်ခြေမြင့်မားခြင်းဟာလည်း အတွေ့ရများတဲ့ ဖြစ်ရပ်တစ်ခုပါ။

ဇနီးမောင်နှံများအတွက် ကလေးနှစ်ယောက်ကိုတစ်ပြိုင်တည်းယူချင်ပြီး အမြွှာ ကိုယ်ဝန်လွယ်ထားတဲ့ အခြေအနေဟာ ကျေနပ်ဝမ်းသာစရာ မင်္ဂလာ သတင်း တစ်ခုပါ။ တချို့မိခင်တွေကတော့ ကိုယ်ဝန်လွယ်ရတဲ့တောက်လျှောက် ခံစား ရတဲ့နာကျင်မှုတွေကို ထပ်ပြီးမခံစားချင်တာကြောင့် အမြွှာမွေးလိုက်ရင် နောက်တစ်ကြိမ်ကိုယ်ဝန်ဆောင်နေစရာမလိုတော့ဘူးဆိုတဲ့ အတွေးနဲ့အတူ စိတ်သက်သာရာရကြပါတယ်။ ဒါပေမယ့် တခြားရှုထောင့်ကနေကြည့်မယ်ဆိုရင် အမြွှာကိုယ်ဝန်ဆောင်ခြင်းနဲ့ ဆက်စပ်နေတဲ့ အန္တရာယ်ကြီးတဲ့ အခြေအနေများ ကြောင့်  စိုးရိမ်ပူပန်စရာဖြစ်ပါတယ်။ ရိုးရိုးလေးပဲတွေးကြည့်ပါမယ်။ အမျိုးသမီး တို့ရဲ့ သားအိမ်ဟာ ကိုယ်ဝန်တစ်ကြိမ်လွယ်ရင် သန္ဓေသား တစ်ယောက်အ တွက်သာ လျှင် သဘာဝအတိုင်းဖန်တီးထားပါတယ်။ ဒါကြောင့် အမြွှာကိုယ်ဝန် လွယ်လိုက် ပြီဆိုတာနဲ့ မိခင်ရော ကလေးအတွက်ပါ အန္တရာယ်ရှိတဲ့ နေ့ရက်တွေ ကို အစပြုလိုက်တာပါပဲ။

အမြွှာကိုယ်ဝန်ဖြစ်နိုင်ခြေဘယ်လောက်ရှိလဲ?

အရင်တုန်းကတော့ အမြွှာကိုယ်ဝန်ဖြစ်နိုင်ခြေဟာ လူအယောက် (၁၀၀၀) မှာ (၃) ယောက်သာရှိပါတယ်။ ဒါပေမယ့်လည်း လက်ရှိချိန်မှာတော့ အကြောင်းအရင်း အရပ်ရပ်ကြောင့် အမြွှာကိုယ်ဝန်ဖြစ်နိုင်မှုနှုန်းဟာ တစ်စ တစ်စနဲ့ မြင့်တက်လာပါ တယ်။ ဒါပေမယ့်လည်း အမြွှာကိုယ်ဝန်ဘယ်လိုဖြစ်နိုင်လဲဆိုတာကို ဆန်းစစ် ကြည့်ရင်အောက်ပါ အကြောင်းအရင်းတချို့ထွက်လာပါတယ်။

၁ ။ မိသားစုရာဇဝင်မှာ အမြွှာကိုယ်ဝန်ဆောင်မှုရှိခဲ့ခြင်း။

၂ ။ ကလေးမွေးဖွားမှုဆိုင်ရာနည်းပညာများ၏အထောက်အကူ - ယနေ့ခေတ် မှာ အမြွှာကိုယ်ဝန်ဆောင်နိုင်ခြေကို မြင့်မားစေတဲ့ မမျိုးဥကြွေစေသည့်ဆေးများ (Ovulation Induction Drugs)၊ ဖန်ပြွှန်သန္ဓေသား(IVF)၊ သန္ဓေသားထည့်သွင်း ခြင်း အပြင် တခြားနည်းလမ်းများကိုအသုံးပြုလာကြပြီဖြစ်ပါတယ်။

အမြွှာကိုယ်ဝန်ဆောင်အမျိုးအစားများ

အောက်မှာဖော်ပြထားတဲ့အခြေအနေ(၃)ရပ်အပေါ်မူတည်ပြီးအမြွှာကိုယ်ဝန် များကိုသတ်မှတ်နိုင်ပါတယ်။

၁ ။ အချင်းနှင့်ရေမြွှာရည်အိတ်တစ်ခုစီပါတဲ့အမြွှာကိုယ်ဝန်။

၂ ။ အချင်းတစ်ခုတည်းရှိပေမယ့် ရေမြွှာရည်အိတ်တစ်ခုစီပါတဲ့အမြွှာကိုယ်ဝန်။

၃။ အချင်းရောရေမြွှာရည်ပါ တစ်ခုသာလျှင်ပါတဲ့အမြွှာကိုယ်ဝန်။

အထက်ဖော်ပြပါ အမြွှာကိုယ်ဝန်အားလုံးဟာ သူ့ အမျိုးအစားအလိုက် အန္တရာယ်ရှိတယ်လို့ ယေဘုယျအားဖြင့်ပြောလို့ရပေမယ့် ဆေးပညာရှုထောင့်က ကြည့်ရင် နံပါတ်(၃)အမျိုးအစား အမြွှာကိုယ်ဝန်ဟာ အန္တရာယ်အရှိဆုံးဖြစ်ပြီး နောက်ဆက်တွဲကျန်းမာရေး ပြဿနာတွေအများကြီးရှိပါတယ်။ ပြဿနာတစ်ခုကတော့ သန္ဓေသားတွေဟာ ခန္ဓာကိုယ်အစိတ်အပိုင်းတွေနဲ့ ပေါင်းစည်းသွားခြင်း ဖြစ်ပြီး သာမန်ကိုယ်ဝန်တွေမှာလည်း ဒီလိုအန္တရာယ်ဖြစ်နိုင် ခြေရှိပါတယ်။ နောက်တစ်ခုကတော့ သန္ဓေသားတွေနဲ့ ခန္ဓာကိုယ်အစိတ် အပိုင်း တွေဟာ အတူတကွ မပေါင်းစည်းဘူးဆိုရင် ဗိုက်ထဲက ကလေးဟာ လွတ်လွတ် လပ်လပ်လှုပ်ရှားရာမှတစ်ဆင့် သူတို့ရဲ့ချက်ကြိုး နဲ့ သူတို့ဖာသာ ပြန်ပတ်မိပြီး အန္တရာယ်ဖြစ်စေပါတယ်။ အမြွှာသန္ဓေသားနှစ်ယောက်ဟာ အချင်းတစ်ခုထဲ ရှိသလို မရှိမဖြစ်အာဟာရ တွေကိုလည်း နှစ်ယောက်မျှပြီး မျှဝေယူရမှာဖြစ်ပေမယ့် တစ်ခါတစ်လေမှာ တစ်ယောက်တည်းကပဲ အာဟာရဓာတ် အားလုံးကိုရယူ လိုက်တာမျိုးလည်းဖြစ်နိုင်ပါတယ်။ ဒါဟာ ကလေးငယ်များရဲ့ ကိုယ်အလေးချိန်နဲ့ ကြီးထွားဖွံ့ဖြိုးမှုကို ထိခိုက်စေပါတယ်။

အမြွှာကိုယ်ဝန်ဆောင်ရင်ဘယ်လိုလက္ခဏာတွေပြတတ်လဲ?

သဘာဝအတိုင်းကိုယ်ဝန်ဆောင်တဲ့ အမျိုးသမီးတွေအနေနဲ့ ကိုယ်ဝန်စဆောင် စဉ်ကာလမှာ အမြွှာကိုယ်ဝန်နဲ့ သာမန်ကိုယ်ဝန် ဘာမှ ကွာခြားမှုမရှိပါဘူး။ ဒါပေမယ့်လည်း အမြွှာကိုယ်ဝန်ဆောင်တွေမှာ သိသာတဲ့အခြေအနေ နှစ်ခုရှိ ပါတယ်။ ပထမတစ်ခုကတော့ အမြွှာကိုယ်ဝန်ကြောင့်ဖြစ်တဲ့ ဟော်မုန်းလှုပ်ရှားမှု တွေမြင့်တက်လာတာကြောင့် ပုံမှန်ထက်ပိုပြီး ပျို့အန်ခြင်းကိုခံစားရတာဖြစ်ပါ တယ်။ နောက်တစ်ခုကတော့ ပူပြီးဖောင်းကားနေတဲ့ ဝမ်းဗိုက်အရွယ်အစား ဖြစ်ပြီး သိသိသာသာတစ်မူထူးခြားပြီး ပိုကြီးနေတာကိုတွေ့ရမှာပါ။ ဒုတိယလက္ခဏာအတွက် ဆရာဝန်နဲ့တိုင်ပင်ပြသပြီး စစ်ဆေးတာ အကောင်းဆုံး ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ပိုမိုကြီးမားနေတဲ့ ဝမ်းဗိုက်ဟာ အမြွှာကိုယ်ဝန် ကြောင့်လည်းဖြစ်နိုင်သလို မိခင်မှာ နဂို ကတည်းက အလုံး (သို့) မမျိုးဥမှာ အဖု အကျိတ်ဖြစ်နေခြင်း၊ ဝမ်းဗိုက်အဆီပိုများနေခြင်း၊ ရေမြွှာရည်ပမာဏဟာ သာမန် ထက်များနေခြင်း စတဲ့တခြား အကြောင်းအရင်းတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ရဖို့ခက်ခဲတာကြောင့် ကလေးယူဖို့ နည်းပညာအကူအညီနဲ့ လုပ်ဆောင်သူအမျိုးသမီးများကတော့ သူတို့လွယ်ထားတဲ့ ကိုယ်ဝန်ဟာ အမြွှာ ဟုတ်မဟုတ်ကို သိပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ဆရာဝန်များက ကိုယ်ဝန်စ လွယ်တဲ့ အချိန်မှာ အမြွှာကိုယ်ဝန်အနေအထားအမျိုးအစားပေါ်မူတည်ကာ သူတို့ရဲ့ ကိုယ်ဝန်ကို အာထရာစောင်းစစ်ဆေးမှုများ ပြုလုပ်ပြီး (၂)ပတ်-(၃) ပတ်ခြား ပုံမှန်စစ်ဆေးနေတာကြောင့်ပဲဖြစ်ပါတယ်။

 

အဆင့်သတ်မှတ်ချက်

မှတ်ပုံတင်ပြီးသားလား။