PTSD ခေါ် တစ်စုံတစ်ရာထိခိုက်မှုအပြီးနောက်ဆက်တွဲဖြစ်တတ်တဲ့စိတ်ရောဂါ အကြောင်း

PTSD ခေါ် တစ်စုံတစ်ရာထိခိုက်မှုအပြီးနောက်ဆက်တွဲဖြစ်တတ်တဲ့စိတ်ရောဂါ အကြောင်း

အဓိကအချက်များ

  • ကလေးငယ်များအနေနဲ့ မထင်ထားတဲ့ထိခိုက်မှုဖြစ်ရပ်တစ်ခုခုကို ကြုံတွေ့ ခဲ့ဖူးတယ်ဆိုရင် ဒီအဖြစ်အပျက်ဟာ ကလေးများရဲ့ စိတ်ပိုင်းနဲ့ ရုပ်ပိုင်း ဆိုင်ရာ ကျန်းမာရေးကိုထိခိုက်စေပါတယ်။ ဒီလိုဖြစ်ရပ်ဆိုးကြီးဟာ ကလေး ငယ်ရဲ့ စိတ်ထဲမှာ သံမှိုစွဲသလို ဖျောက်ဖျက်လို့မရဘဲ နောက်ဆက် တွဲ အနေနဲ့ စိတ်ကျန်းမာရေးပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။
  • ဖြစ်ရပ်ဆိုး ကြောင့် စိုးရိမ်ပူပန်ပြီး ဝမ်းနည်းပူဆွေးနေရတဲ့ မိဘ များရဲ့ စိတ်အခြေအနေဟာလည်း ကလေးငယ်များ ထိခိုက်မှုအပြီးဖြစ်တတ်တဲ့ စိတ်ရောဂါ(PTSD) အတွက် အဓိကကျတဲ့ အကြောင်းအရာ တစ်ခုပဲဖြစ်ပါ တယ်။

ကိုယ်တိုင်ကြုံတွေ့ရတဲ့ ထိခိုက်မှု(သို့) အန္တရာယ်ရှိတဲ့ ဖြစ်ရပ်ဆိုးတစ်ခုခု ကြုံတွေ့ရမှုရဲ့ နောက်ဆက်တွဲကနေတစ်ဆင့် ခံစားမှု(သို့) စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေဖြစ်လာပြီး PTSD လို့ အတိုကောက်ခေါ်တဲ့  ထိခိုက်မှုအပြီးဖြစ်တတ်တဲ့စိတ်ရောဂါ(Post-Traumatic Stess Disorder)  ဖြစ်လာနိုင်ပါတယ်။ ဒီလိုအခြေအနေဟာ ဆိုးဆိုးရွားရွား စိတ်ထိခိုက်မှု၊ ပြင်းပြင်းထန်ထန်အန္တ ရာယ်ဖြစ်ရပ်တစ်ခုခု၊ မမျှော်လင့်ဘဲအသက်အန္တရာယ်ရှိတဲ့အခြေအနေ စသဖြင့် ပုံစံအမျိုးမျိုးကြောင့် ဖြစ်နိုင်ပြီး လူနာ(သို့) ၎င်းတို့အနီးမှာရှိသူ တွေကို တိုက်ရိုက် ထိခိုက်စေပါတယ်။ ဥပမာအနေနဲ့ မိသားစုဝင်တစ်ဦး ကိုဆုံးရှုံးလိုက်ရချိန်မှာ ကျန်တဲ့ မိသားစုဝင်များအတွက် ကြီးမားတဲ့ပူဆွေး ဝမ်းနည်းမှုတွေနဲ့ကျန်ခဲ့ခြင်းမျိုးဖြစ်ပါတယ်။ တစ်ခါတစ်လေမှာ ဒီလိုမျိုးပူဆွေးသောကတွေဟာ အရမ်းပြင်းထန်ပြီး ခံစား ရသူအတွက် ဖြစ်ခဲ့တဲ့အကြောင်းတရားကို လက်မခံနိုင်ဘဲ ဆောက်တည်ရာ မရတဲ့အထိ ဖြစ်တတ်ပါတယ်။ ဒီလိုမျိုး ထိခိုက်မှုဖြစ်ရပ်များမှတစ်ဆင့် စိတ်ဖိစီးမှုတွေဖြစ်လာပါတော့တယ်။ ဒီလိုအခြေအနေ ကြောင့်ဖြစ်တဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုဟာ အာရုံခံစားမှုပျောက်ဆုံးသူ များရဲ့ စိတ်ပိုင်း ဆိုင်ရာထိခိုက်မှုနဲ့ မတူဘဲ ပိုပြီးပြင်းထန်ဆိုးရွားပါတယ်။ ဥပမာပြလို့ရတဲ့ ဖြစ်ရပ်ဆိုးများအနေနဲ့ အောက်ပါအတိုင်းဖြစ်ပါတယ်။

  • ရေကြီးခြင်း(သို့) ငလျင်လှုပ်ခြင်း စသည့်သဘာဝဘေးအန္တရာယ်များ။
  • ဆိုးဆိုးရွားရွားထိခိုက်မှုအပါအဝင် ကြီးမားတဲ့မတော်တဆမှုများ။
  • လူထုအုံကြွမှု(သို့) စစ်ပွဲကိုကိုယ်တိုင်ကြုံတွေ့ခဲ့ရသူများ။
  • မိမိချစ်ခင်ရသူများရဲ့ သေကြောင်းကြံစည်မှု(သို့) အသတ်ခံရမှုကို ကြုံတွေ့ရသူများ။
  • အဓမ္မပြုကျင့်ခံရခြင်း(သို့) နှိပ်စက်ညှဉ်းပန်းခြင်းကဲ့သို့သော ရုပ်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားခံခဲ့ရဖူးသူများ။
  • အိမ်တွင်းရေးအဆင်မပြေတဲ့မိသားစုမှာပါဝင်သူများ (အထူးသဖြင့်ကလေးများ)။

ထိခိုက်မှုအပြီးဖြစ်တတ်တဲ့စိတ်ရောဂါ(PTSD)လက္ခဏာများ ဟာ အသက်အရွယ် မရွေး၊ ကျား မ မရွေး ထိခိုက်မှုရှိစေပါတယ်။ ဒီလိုမျိုး လက္ခဏာတွေဟာ နောက်ဆက်တွဲအခြေအနေပုံစံ(၄)မျိုး မှာ ပြန်လည် ပေါ်ပေါက်လာတတ်ပါတယ်။

၁ ။ အသစ်တစ်ဖန်ပြန်လည်ကြုံတွေ့ရခြင်း - ကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်ဆိုးကြီး ကို တောက်လျှောက် တွေးတောခြင်း၊ ကိုယ်မှတ်မိနေတဲ့ ဖြစ်ရပ်ဆိုးကြီး နောက်တစ် ကြိမ် ပြန်လည် ကြုံတွေ့လာခြင်းသကဲ့သို့ခံစားရခြင်းမျိုးဟာ ခံစားရသူ အနေနဲ့ စိတ်ဒဏ်ရာကို ထပ်ခါ ထပ်ခါ ခံစားရနိုင်ပါတယ်။ အဲဒီကနေတစ်ဆင့် သူတို့ စိတ်ထဲမှာ ဒီလို ဖြစ်ရပ်ဆိုးတွေ နောက်တစ်ကြိမ်ကြုံတွေ့မှာကို ကြောက်ရွံ့ ပူပန် နေတတ်ကြပါတယ်။ တကယ်လို့ လူတစ်ယောက်ဟာ သူအရင်က ကြုံခဲ့ဖူးတဲ့ ဖြစ်ရပ်ဆိုးအခြေအနေ ကို မမျှော်လင့်ဘဲ ပြန်လည်ကြုံတွေ့(သို့) မြင်တွေ့ ရမယ် ဆိုရင် အဲဒီအကြောင်းဟာ အိပ်မက်ထဲ အထိ ပါလာနိုင်ပြီး ရုပ်ပိုင်းနဲ့ စိတ်ပိုင်း ဆိုင်ရာ ထိခိုက်မှုတွေ ရှိလာနိုင်ပါတယ်။

၂ ။ ရှောင်ဖယ်ခြင်း - စိတ်ထိခိုက်စရာတစ်ခု ဖြစ်ပွားခဲ့တဲ့ နေရာဆီ ထပ်ရောက် မှာကို၊ ဒီလိုဖြစ်ရပ်မျိုး ပြန်လည်ကြုံတွေ့မှာကို ကြောက်ရွံ့ထိတ်လန့် နေတယ်ဆို ရင် အဲဒီလူဟာ ဒီနေရာ ဒီဖြစ်ရပ်ကို ရှောင်ဖယ်ဖို့ ကြိုးစားမှာ အမှန်ပါပဲ။ အဲဒီလူ တွေဟာ အတိတ်ကဖြစ်ရပ်တွေ နောက်တစ်ကြိမ်ပြန်လည်ကြုံ တွေ့လာမှာ၊ ဖြစ်လာမှာကို စိုးရိမ်ပြီး အပြင်ထွက်ဖို့ ကြောက်တတ်ကြပါတယ်။ ကိုယ့်ကိုနာကျင် စေခဲ့တဲ့နေရာတွေကို ရောက်သွားမယ်ဆိုရင် အဲဒီနေရာ၊ အခြေအနေ၊ ဖြစ်ရပ်၊ စကားပြောဆိုမှု စတာတွေအပါအဝင် အတိတ်ဖြစ်ရပ်တွေ ဟာ တစ်ရေးရေး ပြန်လည်မြင်ယောင်လာမိပြီး သူတို့ကိုစိတ်ဝေဒနာ ခံစားရစေမှာဖြစ်ပါ တယ်။

၃။ အသိအမြင်နှင့်စိတ်ကိုအဆိုးဘက်သို့ပြောင်းလဲခြင်း - အဆိုးမြင်တတ်တဲ့ ခံစားမှုများဟာ ထိခိုက်မှုကြုံတွေ့ခဲ့ရသူရဲ့  စိတ်နှလုံးထဲမှာ အမြစ်တွယ်နေပြီး ဘယ်လိုကိစ္စမျိုးကိုမဆို အကောင်းမြင်စိတ်မထားနိုင်တော့ဘဲ ပျော်ရွှင်မှု မရှိခြင်း၊ ကိုယ်လုပ်နေတဲ့လုပ်ဆောင်မှုအပါ် စိတ်ဝင်စားမှုမရှိခြင်း စတဲ့ ခံစားမှု များဖြစ်လာနိုင်ပါတယ်။ 

အဲဒီလိုအခြေအနေမှာ အမြဲတမ်းဖြစ်နေတဲ့အဆိုးမြင်စိတ်၊ ယုံကြည်ချက်နဲ့ မျှော်လင့်ချက်မတူညီမှုများကြောင့် သူတို့ဟာ လူမှုဝန်းကျင်ကနေ အလိုလို ကွာဝေးသွားပြီး ဘာကိစ္စကိုမဆို အဆိုးမြင်စိတ်နဲ့ပဲ ကြည့်ကြပါတော့တယ်။

တချို့သူများအတွက်ကတော့ သူတို့ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေရဲ့ အဓိကအချက်တွေကို သတိရဖို့ အတော်လေးကြိုးစားကြရပါတယ်။ အဲဒီလိုနဲ့ သူတို့ဟာ သူတို့ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်နဲ့ နောက်ဆက်တွဲ အခြေ အနေ တွေကို ဦးနှောက်ထဲမတွေးဖြစ်အောင် နေတတ်ကြပါတယ်။ ဒီလိုမျိုး အတွေးတွေဟာ နောက်ဆုံးမှာ ဖြစ်ရပ်များအတွက် ကိုယ်တိုင်လုပ် ဆောင်ရ မယ့် တာဝန်တွေကို ထိခိုက်မှုရှိစေပါတယ်။ တခြားသူကို အလွယ်တကူ ပြစ်တင်ဝေဖန်ခြင်းမှတစ်ဆင့် စိတ်ဆိုးဒေါသထွက်လွယ်ခြင်း၊ ကြောက်ရွံ့ခြင်း၊ အရှက်ရခြင်း၊ လိပ်ပြာမလုံခြင်း စတဲ့ ခံစားမှုတွေကို ဖြစ်စေပါ တယ်။

၄။ PTSDရဲ့ပြင်းထန်လက္ခဏာများ(Hyperarousal Symptoms) - တစ်ခုခု ဆိုရင်စိုးရိမ်စိတ်ကြီးခြင်းရဲ့လက္ခဏာများ၊ သတိထားစိတ်လွန်ကဲခြင်း၊ အမြဲတမ်းအန္တရာယ်ဖြစ်နိုင်တာတွေကို စောင့်ကြည့်နေခြင်း စတာတွေဟာ အတိတ်ဖြစ်ရပ်ဆိုးရှိသူအတွက် ကြောက်ရွံ့စိတ်၊ ဒေါသစိတ်၊ အားမလိုအားမရ စိတ် ပိုမိုအလွယ်တကူ ဖြစ်စေပါတယ်။

ကျယ်လောင်တဲ့အသံတစ်ခုခုကြားရချိန်မှာ ဗြုန်းကနဲ စိုးရိမ်ထိပ်လန့်သွား တတ်ပြီး ဒါဟာ သူ့အတွက် အာရုံစူးစိုက်နိုင်စွမ်းကို ထိခိုက်စေပါတယ်။ ဒီလိုမျိုး လက္ခဏာများဟာ ခံစားရသူအနေနဲ့ ညဘက်မှာ ရုတ်တရက် လန့်နိုး တာတွေဖြစ်တတ်ပြီး အိပ်လိုက်နိုးလိုက်(သို့) ပြန်အိပ်လို့မရတော့တဲ့အထိ ဖြစ်တတ်ပါတယ်။

လေးငယ်တစ်ဦးအတွက်ထိခိုက်မှုအပြီးဖြစ်တတ်တဲ့စိတ်ရောဂါ(PTSD)ဖြစ်စေ သည့်အကြောင်းအရင်းများ

  • အကြမ်းဖက်မှုနှင့်ကြုံတွေ့ခဲ့ရခြင်း။
  • ထိခိုက်တဲ့ကလေးငယ်အတွက်ဖြစ်ရပ်ဆိုးရဲ့အတိုင်းအတာ။
  • ဖြစ်ရပ်ဖြစ်ပွားခဲ့တဲ့ အချိန်ကာလအတိုင်းအတာ။
  • သောကဖြစ်စေတဲ့အခြေအနေများကြုံလာရတဲ့အချိန်မှာ လူနာရင်ဆိုင်ခဲ့တဲ့ နည်းလမ်းနဲ့ လူနာရဲ့စိတ်နေစိတ်ထား။
  • ကလေးငယ်ရဲ့အသက်အရွယ်။
  • ယခင်ကကြုံခဲ့ဖူးတဲ့အတွေ့အကြုံများ။
  • သူတို့နေထိုင်တဲ့ပတ်ဝန်းကျင်။
  • လူမှုဝန်းကျင်မှာကူညီပံ့ပိုးပေးမှုမရှိခြင်း။
  • နေ့စဉ်အခြေခံဘဝမှာ စိတ်ပိုင်းဆိုင်ရာနဲ့ လူမှုဝန်းကျင် ဒုက္ခများရဲ့ ရင်ဆိုင်နေရတဲ့ကလေးငယ်များ။

ဖြစ်ရပ်ဆိုး ကြောင့် စိုးရိမ်ပူပန်မှုနဲ့ ဝမ်းနည်းမှုများခံစားနေရတဲ့ မိဘ များရဲ့ စိတ်အခြေအနေဟာလည်း ကလေးငယ်များ ထိခိုက်မှုအပြီးဖြစ်တတ်တဲ့ စိတ်ရောဂါ(PTSD) အတွက် အဓိကကျတဲ့ အကြောင်းအရာတစ်ခုပဲဖြစ်ပါတယ်။ မိဘအနေနဲ့ သူတို့ရဲ့ ရင်သွေးကို အားပေးမှုနဲ့ ပံ့ပိုးမှု ရှိ မရှိ၊ မိဘနဲ့ ကလေးကြား ဆက်ဆံရေး၊ ကလေးငယ်အခြေအနေမြင့်မားဖို့အတွက် သူတို့ ဘယ်လိုရွေးချယ်သလဲ စတာတွေအပေါ်မှာ မူတည်ပါတယ်။

 PTSD နဲ့ ၎င်းရောဂါရဲ့လက္ခဏာများဟာ ကုသဖို့လိုအပ်သလား?

ကုသမှုနဲ့ အားပေးပံ့ပိုးမှုတွေဟာ အရေးကြီးကိစ္စအဖြစ် သတ်မှတ်ရမှာဖြစ်ပြီး တတ်နိုင်သမျှအမြန်ဆုံးလုပ်ဆောင်သင့်ပါတယ်။ အထူးသဖြင့် ထိခိုက်မှုဖြစ်ရပ် ပြီးနောက်မှာ လက္ခဏာတွေ စတင်များပြားလာတတ်ပါတယ်။ တကယ်လို့ ဒီလက္ခဏာတွေကို မကုသဘဲ လျစ်လျူရှုထားလိုက်မယ်(သို့) ကုသမှုက လုံလောက်တဲ့ ကုသမှုမျိုးမဟုတ်ဘူးဆိုရင် ကလေးငယ်ဟာ အသက်အရွယ် ကြီးပြင်းလာတဲ့အထိ နာတာရှည်လက္ခဏာများဖြစ်သွားနိုင်ပါတယ်။

PTSDအတွက် ကနဦးကုသမှုပုံစံတွေကဘာတွေလဲ?

၁။ လူနာရဲ့စိတ်ခံစားမှုအခြေအနေကိုစူးစမ်းလေ့လာခြင်း။

၂။ လူနာနဲ့ ၎င်းရဲ့ပတ်ဝန်းကျင်ရှိ လူများကိုလျှင်မြန်စွာသဟဇာတဖြစ်အောင် တည်ဆောက်ပေးခြင်း။

၃။ လက္ခဏာများကိုစစ်ဆေးခြင်း၊ ကလေးငယ်များရဲ့ အပြုအမူများကို လေ့လာစစ်ဆေးခြင်းနှင့် ရောဂါလက္ခဏာများကို သုံးသပ်ခြင်း။

၄ ။ စိတ်မချမ်းမြေ့စရာအဖြစ်အပျက်များက လူနာအပေါ်ဘယ်လောက်အထိ ထိခိုက်စေခဲ့သလဲဆိုတာကို သုံးသပ်ခြင်းနှင့် အောက်တွင်ဖော်ပြထားတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာများရှိ မရှိဆိုတာကို သုံးသပ်စစ်ဆေးခြင်း။

  • စိတ်ဓာတ်ကျခြင်း။
  • စိုးရိမ်ပူပန်မှုပြဿနာ။
  • အကြောက်လွန်ရောဂါ
  • အရက်(သို့)ဆေးစွဲခြင်း။
    (လူနာကိုသုံးသပ်စစ်ဆေးတဲ့အချိန်မှာ မိဘ(သို့)အုပ်ထိန်းသူများရဲ့ ပူးပေါင်းပါဝင်မှုကလည်းအရေးကြီးပါတယ်။)

PTSD အတွက်ကုသမှု

စိတ်ပိုင်းဆိုင်ရာမြှင့်တင်ပေးသည့်ကုသမှုတွင် စိတ်ရောဂါကုထုံး (Psychotherapy) ပုံစံအမျိုးမျိုးပါဝင်ပါတယ်။

။ အတိတ်ဖြစ်ရပ်ဆိုးကိုအခြေခံသည့်စိတ်ရောဂါကုထုံးတစ်မျိုး(Trauma-Focused Cognitive Therapy)
ဒီကုထုံးမှာ ကြုံတွေ့ခဲ့ရတဲ့ အတိတ်ဖြစ်ရပ်အကြောင်းကို ကလေးနဲ့ ပြန်လည် ပြောဆိုဆွေးနွေးခြင်းကနေ စတင်ပြီး ဒီဖြစ်ရပ်ရဲ့ ကြောက်ရွံ့ထိတ်လန့်မှုတွေက နေ ပြန်လည်သက်သာလာနိုင်တဲ့နည်းလမ်းတွေကိုဆွေးနွေးအကြံပေးမှာဖြစ်ပါ တယ်။ ပြီးတော့ အဲဒီအချိန်တုန်းက ဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး သူတို့ရဲ့ ယုံကြည်မှုနဲ့ အတွေးအမြင်တွေကို ဘယ်လိုမျိုး ဟန်ချက်ညီအောင် ထိန်းညှိမလဲဆိုတာကို အကြံပေးပါတယ်။ ဒီလိုမျိုးအကြံပေးခြင်းဖြင့် ခံစားရသူကလေးငယ်အနေနဲ့ သူတို့ရဲ့ အတွေ့အကြုံနဲ့ပတ်သက်ပြီး မကောင်းမြင်တာတွေကို လက်ခံလာပြီး စိတ်ခံစားမှုတွေကို တည်ငြိမ်လာအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို လေ့ကျင့် ပေးတာဖြစ်ပါတယ်။ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်များအပေါ် ကလေးများရဲ့ ကိုယ်ပိုင်ခံစားမှုအမြင်၊ စိတ်သောကတွေကိုဘယ်လိုဖြေဖျောက်မလဲ စသဖြင့် ပြောဆိုဆွေးနွေးနေချိန်မှာ မိဘအုပ်ထိန်းသူများကလည်း ကလေးငယ်ဘက်မှ နားလည်လက်ခံလာအောင် တစ်စိတ်တစ်ပိုင်းအားဖြင့် တွန်းအားပေးကူညီနိုင်ပါတယ်။ ဆွေးနွေးနေချိန်မှာ ကလေးငယ်များရဲ့ မသင့်လျော်တဲ့ တုန့်ပြန်မှုအပြုအမူများ ရှိခဲ့မယ်ဆိုရင် မိဘများအနေနဲ့ သင့်လျော်မှန်ကန်အောင် ဘယ်လိုလုပ်ရမလဲ ဆိုတာကို သိနေရမှာဖြစ်ပါတယ်။ ဒီလိုပြောင်းလဲနိုင်ဖို့အတွက် မိဘများရဲ့ သွန်သင်မှု စွမ်းရည်က အဓိက ကျပါတယ်။ 

၂။ CBT ခေါ် အပြုအမူအပေါ်အခြေခံတဲ့စိတ်ရောဂါကုထုံးတစ်မျိုး(Cognitive-Behaviour Therapy)

  • မိဘနှင့်ကလေးစိတ်ရောဂါကုထုံး(Child-Parent Psychotherapy) နဲ့ မိသားစုကုထုံး(Family Therapy) များကို ပေါင်းစပ်ပြီး ကုသတဲ့နည်းလမ်း ဟာ စိတ်သောကများနဲ့ အဆင်မပြေမှုတွေကို ညှိနှိုင်းဆွေးနွေးဖို့အတွက် လွန်စွာထိရောက်ပါတယ်။ ဒါ့အပြင် ကိစ္စပြဿနာများကိုဖြေရှင်းဖို့ မိဘ အုပ်ထိန်းသူများမှ ကူညီပံ့ပိုးမှုတွေ ပေးနိုင်ပါတယ်။
  • ဒီကုထုံးမှာ ဆရာ၊ မိဘ၊ ကလေးများ(သို့) လူနာနဲ့ဆက်ပတ်သက် ဆက်နွယ် ပြီး PTSD အကြောင်းသိထားတဲ့မည်သူမဆို ကလေးငယ်ကို ပတ်ဝန်းကျင်မှာ လိုက်လျောညီထွေမှုရှိအောင် အပြောင်းအလဲလုပ်ခြင်းနဲ့ နည်းလမ်းရှာဖွေခြင်းများပါဝင်ပါတယ်။  ဒါ့အပြင် အခြေအနေရဲ့ အနာဂတ် ကို ကြိုတင်စဉ်းစားခြင်း၊ မိသားစုအတူတကွ ပြန်လည်ပေါင်းစည်း နိုင်ဖို့အ တွက် စီစဉ်ရေးဆွဲခြင်း စတာတွေလည်း ပါဝင်ပါတယ်။ နောက်တစ်ခု က တော့ ကလေးငယ်အနေနဲ့ သာမန်ဘဝပုံစံဆီကို အလျှင် အမြန် ပြန်လည် ရောက်ရှိစေရန်၊ မိမိအိမ်နဲ့ လူမှုဝန်းကျင်အတွင်း သက်သာဘေးကင်းလုံခြုံ စွာရှိနေစေရန်၊ ဖြစ်ရပ်ဆိုးများနောက်တစ်ကြိမ် ပြန်လည်မဖြစ်ပေါ်စေရေး ကြိုတင်ကာကွယ်ထားရန် စသည်တို့အတွက် ကလေးငယ်များရဲ့ ကျောင်းပတ်ဝန်းကျင်ကိုလည်း အထူး ဂရုစိုက်လုပ်ဆောင်ဖို့လိုပါတယ်။ ကလေးငယ်များရဲ့ စိ်တ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို သိရှိဖို့အတွက် အချိန်တစ်ခုလိုအပ် ပါတယ်။

 PTSDကုသမှုအတွင်းလိုအပ်တဲ့ဆေးဝါးများ

လက်ရှိမှာတော့ Setraline , Paroxetine စတဲ့ SSRIs ဆေးဝါးအုပ်စုထဲမှာ ပါဝင်တဲ့ဆေးများဟာ လူငယ်ပိုင်းလူနာတွေကို ကုသရာမှာ ထိရောက်မှုရှိပါတယ်။ ဒါပေမယ့်လည်း ၎င်း ဆေးဝါးများရဲ့ အကျိုးဆက်နဲ့ပတ်သက်ပြီး တိတိကျကျ လေ့လာမှုများမရှိပါဘူး။ ဒါကြောင့် ဆေးဝါးများကိုအသုံးပြုပြီး PTSD ခံစားနေရတဲ့ ကလေးနဲ့ လူငယ်များကို ကုသခြင်းကို ဖြစ်ရပ်တစ်ခုချင်းစီအလိုက် သေချာလုပ် ဆောင်သင့်ပါတယ်။

ကလေးငယ်တစ်ယောက်မှာ PTSD လက္ခဏာတွေပြလာရင်ဘာလုပ်ရမလဲ?

  • ကလေးငယ်အတွက် စောင့်ရှောက်မှုပေးမယ့်သူအနေနဲ့ ကလေးငယ်ရဲ့ လိုအပ်ချက်ကိုသေချာသိရှိထားဖို့က အရေးအကြီးဆုံးဖြစ်ပြီး ကလေးငယ် လက်ခံနားလည်ပေးနိုင်တဲ့အထိ ပံ့ပိုးအားပေးနိုင်ဖို့လိုပါတယ်။ ဒါဆိုရင် ကလေးငယ်များရဲ့စိတ်ထဲမှာ သူတို့ကို စောင့်ရှောက်မှုနဲ့ ကာကွယ်မှု ပေးနိုင်တဲ့ သူရှိပါလား ဆိုတဲ့ စိတ်တွေနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလာမှာ ဖြစ်ပါတယ်။
  • ကလေးရဲ့ ကုသမှုနဲ့မဆိုင်တဲ့ အင်တာဗျူးမေးခွန်းများ(သို့) မီဒီယာတွေမှာ ဖော်ပြဖို့အတွက် အင်တာဗျူး မေးခွန်းများ မေးမြန်းခြင်းကို ရှောင်ကျဉ်ပါ။
  • ကလေးငယ်များကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်ဆိုးတွေအကြောင်းကို ထပ်ခါ ထပ်ခါ မေးမြန်းခြင်းမျိုး မပြုလုပ်ပါနဲ့။
  • ဖြစ်ရပ်ဆိုးအကြောင်းအရာတွေကို အဆက်မပြတ် ထုတ်ဖော်ပြောကြားမှု ကို ရှောင်ကျဉ်ပါ။ ဒါဟာ သူတို့မှာ တာဝန်ရှိတယ်လို့ ခံစားရစေပါတယ်။ တကယ်လို့ ကလေးငယ်ကိုယ်တိုင်က ဖြစ်ရပ်နဲ့ပတ်သက်ပြီး သူတို့ရဲ့ ခံစားချက်တွေကို စိတ်လိုလက်ရပြောကြားလိုစိတ်ရှိတယ်ဆိုရင်တော့ ကလေးငယ်ကို သက်သောင့်သက်ဖြစ်စေမယ့် နေရာတစ်ခုမှာ ပြောခွင့်ပြု ပါ။
  • ကလေးငယ်များကို နေ့စဉ် လှုပ်ရှားဆောင်ရွက်မှုတွေမှာ ပါဝင်ခွင့်ပြုမယ်ဆို ရင် သူတို့အတွက် ပုံမှန်အခြေအနေကို အမြန်ဆုံး ပြန်လည်ရောက်ရှိစေ မှာဖြစ်ပါတယ်။ မိဘအုပ်ထိန်းသူများအနေနဲ့ ကလေးငယ်များကို အမြဲတမ်း စိတ်ဓာတ်ခွန်အားတွေ ပေးစွမ်းပြီး ကူညီပံ့ပိုးနေဖို့လိုပါတယ်။ ဘာလို့လဲဆိုတော့ ဖြစ်ရပ်ဆိုးရဲ့ နောက်ဆက်တွဲဖြစ်တဲ့ ကလေးငယ်ရဲ့ လက္ခဏာ(သို့)အခြေအနေ ကို ကုသရာမှာ မိဘအုပ်ထိန်းသူများဟာ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်နေလို့ပါပဲ။
အဆင့်သတ်မှတ်ချက်

မှတ်ပုံတင်ပြီးသားလား။