ဘန်ကောက်မှာကလေးမွေးဖို့ပြင်ဆင်နေလား?

ဘန်ကောက်မှာကလေးမွေးဖို့ပြင်ဆင်နေလား?

ကလေးမွေးဖို့အချိန်နီးကပ်လာတာနဲ့ အမျှ မိခင်လောင်းများဟာ စိတ်လှုပ်ရှားမှု ၊ ကြောက်ရွံ့မှု ၊ စိုးရိမ်ပူပန်မှု နဲ့ အခြားသော စိတ်ခံစားရမှုများ ဖော်ပြရခက်တဲ့ စိတ်ခံစားမှုများ ဖြစ်ပေါ်လာလေ့ရှိပါတယ်။  ဒိအချိန်မှာ မိခင်တစ်ယောက်ဖြစ်လာမယ့် ကျွန်မစိတ်ထဲမှာ တစ်ခါတစ်လေ မြန်မြန်ပဲ သွားပြီးမွေးပစ်ချင်လောက်အောင် ဖြစ်တတ်သလို တစ်ခါတစ်လေမှာ သွားမွေးရမှာကြောက်သလိုလို ထိတ်လန့် စိုးရိမ်နေသလိုလိုလည်း ဖြစ်ခဲ့ပါတယ်။  တကယ်လို့ ကိုယ့်နိုင်ငံမဟုတ်တဲ့ နိုင်ငံရပ်ခြားမှာ ကလေးမွေးဖို့ပြင်ဆင်နေတဲ့ မိခင်လောင်းများအဖို့ စိုးရိမ်မှုတွေ ပိုပြီးကြီးစိုးနေနိုင်ပါတယ်။  ဒါကြောင့် ကျွန်မရဲ့ စိုးရိမ်စိတ်တွေကို ဆစ်မီတဝေ့ဆေးရုံရဲ့ အတွေ့အကြုံရင့် သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး Dr.Yaowaluk Rapeepattana နဲ့ ရင်ဖွင့်ဖြစ်ခဲ့ပါတယ်။ ကျွန်မအနေနဲ့ နိုင်ငံခြားမှာ ကလေးမွေး မယ်လို့ ဆုံးဖြတ်လိုက်တဲ့အချိန်မှာ ကျွန်မအတွက် အရာရာအထောက်အပံ့ဖြစ်စေခဲ့တဲ့ အချက်တွေကို ဒီမှာ ပြန်လည် ဝေမျှချင်ပါတယ်။ ဒါတွေဟာ ကလေးမွေးဖွားရာမှာ ကျွန်မနဲ့ ကျွန်မမိသားစုအတွက် ဘာတွေပြင်ဆင်ထားရမလဲဆိုတာကို အထောက်အကူဖြစ်စေခဲ့ပါတယ်။ ကျွန်မတို့ရဲ့ ရင်သွေးရတနာ လေးကို အဲဒီမှာ အောင်မြင်စွာ မွေးဖွားနိုင်ခဲ့တဲ့အတွက် အလွန်ပဲဝမ်းသာပီတိဖြစ်ရပါတယ်။ 

ကလေးမွေးဖို့ဘန်ကောက်ကို ဘာကြောင့်ရွေးချယ်သင့်လဲ?

ဘန်ကောက်မြို့ဟာ မိခင်လောင်းတို့ရဲ့ ဆန္ဒကိုဖြည့်ဆည်းပေးနိုင်တဲ့ ဝန်ဆောင်မှုများနဲ့ ဆေးဘက်ဆိုင်ရာကိရိယာများ အပြည့်အစုံ ရှိနေတဲ့နေရာတစ်ခုဖြစ်ပါတယ်။ အဲဒီအထဲမှာ ဆစ်မီတဝေ့ဆေးရုံဟာ သင်တို့ယုံကြည်စိတ်ချအားကိုးလောက်တဲ့ ဆေးရုံတစ်ခုဖြစ်ပါတယ်။    သင့်ကို အကောင်းဆုံးဝန်ဆောင်မှုပေးဖို့လည်း ကျွန်မတို့ အဆင်သင့်စောင့်ကြိုနေပါတယ် ။ ပြီးပြည့်စုံတဲ့စက်ကိရိယာတွေ ၊  ကောင်းစွာလေ့ကျင့်ထားပြီးစိတ်ကျေနပ်မှုရအောင် ဝန်ဆောင်မှုပေးမယ့် အဖွဲ့တွေလည်း ရှိနေပါတယ်။ သင့်ရဲ့ ကိုယ်ဝန်အခြေအနေအပေါ် မူတည်ပြီး သင် စိတ်ကျေနပ်မယ့် နည်းလမ်းအတိုင်း ကျွန်မတို့ ဆရာဝန်တွေ ဝန်ဆောင်မှုပေးနိုင်ပါတယ်။ သဘာဝနည်းလမ်းအတိုင်း ရေထဲမှာ (သို့) ရေထဲမှာ မဟုတ်ဘဲ မွေးချင်လား ၊ သဘာဝနည်းလမ်းအတိုင်း ကျောရိုး(သို့)မြှီးညှောင့်ရိုးကို ထုံဆေးထိုးပြီးမွေးမလား ၊ ညှပ်နဲ့ဆွဲပြီးမွေးခြင်း ၊ ဗိုက်ခွဲမွေးခြင်း စတဲ့ နည်းလမ်းတွေအကုန်လုံးကို ကျွန်တော်တို့လုပ်ဆောင်ပေးနိုင်ပါတယ်။ လိုအပ်တယ်ဆိုရင် VBAC လို့ခေါ်တဲ့ ပထမကလေးကို ဗိုက်ခွဲမွေးပြီး နောက်ထပ်ကလေးတစ်ယောက်ကို သဘာဝအတိုင်းမွေးဖွားခြင်း ကိုတောင် လုပ်ဆောင်ပေးနိုင်ပါတယ်။ ဆစ်မီတဝေ့ဆေးရုံဟာ ကလေးမွေးဖွားခြင်းအတွက် တကယ်ကိုတတ်ကျွမ်းနားလည်တဲ့ ဆရာဝန်တွေနဲ့ ခေတ်မီစက်ကိရိယာများ အပြည့်အစုံရှိနေ ပါတယ်။

နောက်ထပ်(၂)နှစ်အတွင်း ကျွန်တော်တို့ နိုင်ငံ(ထိုင်းန်ိုင်ငံ)ဟာ ယေဘုယျအားဖြင့် ဆေးဘက်ဆိုင်ရာနယ်ပယ်မှာ အချက်အချာကျတဲ့ နေရာတစ်ခုဖြစ်လာမယ်ဆိုတာကို ယုံကြည်ပါတယ်။ ကျွန်တော်တို့မှာ နောက်ဆုံးပေါ်ခေတ်မီနည်းပညာတွေရှိနေသလို ကုန်ကျစရိတ်ကလည်း အများသူငါ လက်ခံနိုင်တဲ့ နှုန်းတစ်ခုမှာရှိနေပါတယ်။ အထူးသဖြင့် ထိုင်းန်ိုင်ငံရဲ့ ပုဂ္ဂလိကဆေးရုံတွေရဲ့ အဆင့်အတန်းမြင့်မားတဲ့ ဝန်ဆောင်မှုတွေဟာ နာမည်ကြီးတယ်ဆိုတာကို မေ့ထားလို့မရပါဘူး။

ဆေးရုံနဲ့ဘယ်လိုဆက်သွယ်ရမလဲ?

သင့်အနေနဲ့ အသေးစိတ်အချက်အလက်တွေအတွက် ဖုန်းခေါ်တာ(သို့) အီးမေးလ်ပို့နိုင်ပါတယ်။ အဆင်မပြေဘူးဆိုရင် အစောပိုင်းကာလတွေမှာ ဆေးရုံကို လူကိုယ်တိုင်လာဖို့ မလိုအပ်ပါဘူး။ ကျွန်မကတော့ ကျန်းမာရေးဆွေးနွေးတိုင်ပင်မှုတွေအတွက် လိုအပ်ရင်အထောက်အထားရဖို့နဲ့ ရှင်းရှင်းလင်းလင်းသိရဖို့ဖုန်းခေါ်တာထက် အီးမေးလ် ပို့ဖို့ကို ပိုပြီး အကြံပြုလိုပါတယ်။ တစ်ခါတစ်ရံ ဖုန်းနဲ့ ပြောဆိုခြင်းမှာ စကားလုံးတစ်လုံး နားလည်မှုလွဲတယ်ဆိုရင်  အဓိပ္ပာယ်တစ်ခုလုံး ပြောင်းသွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်ဘယ်နှလမှာ ဆေးရုံလာရမလဲ …. ဘယ်လောက်ကြာနိုင်လဲ?

ကျွန်မအနေနဲ့ အရမ်းအစောကြီးမလာချင်သေးရင်တောင် ကိုယ်ဝန်ဆောင်ချိန် (၃၆)ပတ်ထက် နောက်မကျဘဲ ဆေးရုံလာဖို့ အကြံပေးချင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်(၃၆) ပတ်နောက်ပိုင်းဆိုရင် အချိန်မရွေး ကလေးမွေးဖွားသွားနိုင်ပါတယ် ။ ဒီလိုပြောလို့ ဒီ ရက်သတ္တပတ်ရောက်တာနဲ့ ကလေးမွေးမယ်လို့ တစ်ထစ်ချ မဆိုလိုပါဘူး။ တချို့မိခင်တွေဟာ ကိုယ်ဝန်ဆောင်ချိန် (၃၇) ပတ်နဲ့တင် ကလေးမွေးနိုင်သလို တချို့ ကတော့ (၄၁)ပတ် သို့မဟုတ် (၄၂)ပတ်ရောက်မှ မွေးဖွားတာလည်းဖြစ်နိုင်ပါတယ်။ ဆေးရုံလာရောက်ဖို့ ခရီးစဉ်ရေးဆွဲမှုကို ဆရာဝန်နဲ့ဆွေးနွေးရမှာပါ ။ ဒါမှသာ သင့်အနေနဲ့ လေယာဉ်စီးဖို့ အသင့်ရှိ မရှိ ၊  အစစအရာရာ အဆင်ပြေမှုရှိဖို့ သေချာပြင်ဆင်နိုင်မှာဖြစ်ပါတယ်။ ဆေးရုံတက်ဖို့လာတဲ့လမ်းခရီးမှာ ကလေးမွေးခြင်းမျိုး မဖြစ်စေဖို့အတွက် သင့်ရဲ့ သားဖွားမီးယပ်ဆရာဝန်နဲ့ သေချာ အတည်ပြုချက်ယူသင့်ပါတယ်။ ဆေးရုံမှာ ဘယ်လောက်ကြာကြာ နေရမလဲဆိုတာကတော့ အခြေအနေအပေါ်မူတည်ပါတယ်။ သဘာဝအတိုင်း မွေးမယ်ဆိုရင် မိခင်နဲ့ ကလေးအတွက် လိုအပ်တဲ့စစ်ဆေးမှုတွေလုပ်ဖို့ မွေးပြီး တစ်ပတ်လောက်အထိ ဆေးရုံမှာဆက်နေဖို့ အကြံပြုပေမယ့်လည်း တကယ်တမ်းမှာတော့ မွေးပြီးတာနဲ့ ချက်ချင်း လမ်းထလျှောက်နိုင်ပါတယ်။

 

ဆစ်မီတဝေ့ဆေးရုံကို ရောက်ရောက်ချင်း ဘာတွေလုပ်ဆောင်ရမလဲ?

ဆေးရုံရောက်တာနဲ့ အရင်ဆုံး သင့်မိသားစုရဲ့ ကျန်းမာရေးရာဇဝင်နဲ့ပတ်သက်တာတွေ မေးမြန်းပြီး လိုအပ်တဲ့ ပုံမှန်စစ်ဆေးမှုတွေလုပ်မှာဖြစ်သလို လိုအပ်ရင် အာထရာစောင်းရိုက်ပါမယ်။ ကျွန်မတို့အနေနဲ့ မိခင်နို့ချို တိုက်ကျွေးခြင်းကို အားပေးတဲ့အလျောက် သင့်ရဲ့ ရင်သားကိုလည်း စစ်ဆေးပေးမှာဖြစ်ပါတယ် ။ တကယ်လို့ သင့်အတွက် ဆစ်မီတဝေ့ဆေးရုံကို ပထမဆုံးလာရောက်ခြင်းဖြစ်တယ်ဆိုရင် ကျွန်မတို့ရဲ့ ဝန်ဆောင်မှု ၊ စက်ကိရိယာ ၊ ဝန်ထမ်း များနဲ့ အကျွမ်းတဝင်ရှိစေဖို့ ကလေးမွေးခန်းကိုပြသပေးမှာဖြစ်သလို ကလေးထိန်းများနဲ့လည်း မိတ်ဆက်ပေးမှာပါ။

ကလေးမွေးဖွားဖို့အတွက် စိတ်ပိုင်းနဲ့ရုပ်ပိုင်းဆိုင်ရာဘယ်လိုပြင်ဆင်ရမလဲ?

တကယ်လို့ သင့်အတွက် ပထမဆုံးကလေးမွေးဖွားခြင်း ဖြစ်တယ်ဆိုရင် ကလေးမွေးဖွားခြင်းအတွက် ပြင်ဆင်ပို့ချမှုသင်တန်းမှာ သင့်ရဲ့ ခင်ပွန်းသည်ကိုပါ ခေါ်ဖို့ အကြံပေးပါရစေ။ သင့်အနေနဲ့ ဒီခေတ် ဒီအသက်အရွယ်မှာ သိမှတ်စရာတွေအများကြီးဖတ်ရှုခဲ့ပြီးဖြစ်လို့ မတူညီတဲ့ ရင်းမြစ် အသီးသီးကနေ သတင်းအချက်အလက်များစွာကို ရခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမယ့်လည်း သင့်ရဲ့ တစ်ကိုယ်ရည် သီးသန့် အခြေအနေနဲ့ လေ့ကျင့်မှုကို အခြေပြုပြီး အကြံဥာဏ်များရယူဖို့ဟာလည်း အရေးကြီးပါတယ်။ ခြုံပြောရမယ်ဆိုရင် ဒီသင်တန်းမှာ သင် သိသင့်သိထိုက် လုပ်သင့်လုပ်ထိုက်တဲ့ အရာမှန်သမျှရှိနေပါတယ်။ သင် မျှော်လင့်ထားရမယ့် အရာတွေနဲ့ ကလေးမွေးချိန် ဘယ်လိုတွေ ခံစားရမယ်ဆိုတာကို ကျွန်မတို့ဝန်ထမ်းများမှ စာတွေ့ လက်တွေ့ ပြင်ဆင်သင်ကြား ပို့ချပေးမှာ ဖြစ်ပါတယ်။ သင့် ကိုယ်ဝန်ဆောင်ချိန် (၃၆) ပတ်ကာလ ဆေးရုံရောက်လာတဲ့အချိန်မှာ ဒီသင်တန်းကို တက်ရောက်ရမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ခုံနေရာအတွက် ကြိုတင် ဘွတ်ကင် လုပ်ထားဖို့လိုပါတယ်။ သင်အီးမေးလ်ပို့တဲ့ အခါ “ ကလေးမွေးဖွားရန်ပြင်ဆင်ခြင်းသင်တန်း ”  တက် ချင်တယ်ဆိုတာကို ထည့်သွင်းဖော်ပြပေးရပါမယ်။ ကျွန်တော်တို့အနေနဲ့ သင့်အဖော်ဖြစ်တဲ့ ခင်ပွန်း ၊ အမေ (သို့) သူငယ်ချင်း ကိုပါ တက်ရောက်ဖို့ တိုက်တွန်းချင်ပါတယ်။ ဒါမှသာ သူတို့လည်း ကောင်းစွာ နားလည်သဘောပေါက်ပြီး သင့်ကို အကောင်းဆုံး နည်းလမ်းများနဲ့ ကူညီပေးနိုင်မှာဖြစ်ပါတယ်။

ဆေးရုံလာရောက်ဖို့အတွက်ဘာတွေပြင်ဆင်ထားရမလဲ?

အရေးအကြီးဆုံးကတော့ သင့်ရဲ့ ကျန်းမာရေးနဲ့ဆိုင်တဲ့စာရွက်စာတမ်းများ ၊ သွေးစစ်ချက်အဖြေများ ၊ အာထရာစောင်းအဖြေများကို သေချာ ထုပ်ပိုးပြင်ဆင်ထားဖို့ဖြစ်ပါတယ်။ ကိုယ်သွားရမယ့်မြို့ … ခုဆို ဘန်ကောက်ပေါ့ .. ဒီမြို့နဲ့ပတ်သက်ပြီး သေချာလေ့လာထားပြီး လိုတာတွေ ပြင်ဆင်ထားရပါမယ်။ လေယာဉ်စီးနေချိန်အတွင်းမှာ သွေးခဲပိတ်ခြင်း(Embolism)ကို ရှောင်ရှားနိုင်ဖို့ ခြေအိတ်အရှည် ဝတ်ထားဖို့ လိုအပ်ပါလိမ့်မယ်။ လမ်းများများလျှောက်ရပါမယ် ။ လမ်းမလျှောက်တဲ့ အချိန်တွေမှာ ကောင်းစွာအနားယူရပါမယ်။ လေယာဉ်ပေါ်မှာ သက်သောင့်သက်သာ လှဲလျောင်းအနားယူနိုင်ဖို့ အတွက် First Class ကနေ စီးတာ ပိုကောင်းပါတယ်။ အရည်များများသောက်ပါ ။ ရိုးရိုးရေ သောက်ရုံနဲ့ လုံလောက်ပါတယ်။ အစပ်ပါတဲ့အစားအစာတွေဟာ ဝမ်းသွား နိုင်တာကြောင့် ဒါတွေကို ရှောင်ဖို့သတိပြုပါ။ အဆင်ပြေချောမွေ့တဲ့ ခရီးစဉ်တစ်ခု ဖြစ်စေမှာပါ ။ မကြာခင်မှာ ပြန်တွေ့ပါမယ်။

တခြားအသုံးဝင်မည့်ဥပဒေဆိုင်ရာသတိပြုစရာများ

  • အာမခံ       - သင့်အတွက် ဘယ်လို အာမခံမျိုးက အကျိုးခံစားခွင့် ရှိမလဲဆိုတာကို ကြိုတင် သိထားရပါမယ်။ ဥပမာ - ကလေးမမွေးခင်စစ်ဆေးမှုတွေအတွက် အကျိုးခံစားခွင့်ရှိ မရှိ ၊ ပြန်လည်တောင်းခံခွင့်ရှိတဲ့ ပမာဏကဘယ်လောက် ၊ ကလေးမမွေးခင် ဘယ်လောက်သုံးခဲ့ပြီး ပြီလဲ ၊ မွေးဖွားခြင်းအတွက် ဘယ်လောက် ကျန်သေးလဲ စတာတွေကို သေချာစစ်ရပါမယ်။ ဒီအတွက်လုပ်ဆောင်မှုအဆင့်ဆင့်ကို ဆေးရုံက ကူညီပေးနိုင်သလို သင်ကိုယ်တိုင် ကျသင့်ငွေ ပြန်လည်တောင်းခံခြင်းလည်း လုပ်နိုင်ပါတယ်။
  • ဗီဇာ     - ဆစ်မီတဝေ့ဆေးရုံဘက်မှ ဗီဇာလျှောက်ရာမှာလိုအပ်တဲ့ ဆရာဝန်ဆီမှ ထောက်ခံစာ တစ်စောင်ကို စီစဉ်ပေးမှာဖြစ်ပါတယ်။ သင်ကိုယ်တိုင်ဗီဇာလျှောက်နိုင်သလို ဆေးရုံဝန်ထမ်းများမှလည်း ကူညီလျှောက်ထားပေးနိုင်ပါတယ်။ လိုအပ်ရင် ဗီဇာသက်တမ်းတိုးဖို့ ဆေးရုံက ကူညီပေးနိုင်ပါတယ်။
  • နိုင်ငံသားခံယူခြင်း     - တကယ်လို့ မိဘနှစ်ပါးမှ တစ်ယောက်ဟာ ထိုင်းနိုင်ငံသားဆိုရင် မွေးလာတဲ့ ကလေးဟာလည်း ထိုင်းန်ိုင်ငံသား အဖြစ် ခံယူနိုင်ပါတယ်။ ဒါပေမယ့် မိဘနှစ်ပါးစလုံးဟာ ထိုင်းနိုင်ငံသားမဟုတ်ဘူးဆိုရင် မိခင်နိုင်ငံရဲ့ နိုင်ငံသားအဖြစ်သာ ခံယူနိုင်မှာ ဖြစ်ပါတယ်။
  • နေထိုင်မှု       - တကယ်လို့ ဆက်လက်နေထိုင်ဖို့လိုတယ်ဆိုရင် ဆစ်မီတဝေ့ဆေးရုံအနီးနား ရှိ လုံးချင်းအခန်းများစာရင်းကိုပေးမှာဖြစ်ပြီး သင်ကိုယ်တိုင်ရွေးချယ်ကာ တိုက်ရိုက်ဆက်သွယ်ငှားရမ်းရမှာ ဖြစ်ပါတယ်။
အဆင့်သတ်မှတ်ချက်

မှတ်ပုံတင်ပြီးသားလား။