လူသားမျိုးရိုးဗီဇဆိုင်ရာ သုတေသနတွေ တိုးတက်လာတာနဲ့အမျှ ရောဂါဖြစ်နိုင်ခြေနဲ့ ဆက်နွယ်တဲ့ မျိုးရိုးဗီဇတွေအကြောင်း နားလည်မှုလည်း ပိုမိုကျယ်ပြန့်လာပါတယ်။ ဒီအသိပညာတွေက ဆေးဝါးကုသမှုမှာ တိုက်ရိုက်အသုံးဝင်ပြီး လူတစ်ဦးချင်းစီရဲ့ မျိုးရိုးဗီဇအချက်အလက်အပေါ် အခြေခံပြီး ပိုမိုတိကျပြီး တစ်ဦးချင်းစီအတွက် ပစ်မှတ်ထားကုသနိုင်တဲ့ နည်းလမ်းတွေ ဖော်ဆောင်နိုင်အောင် အထောက်အကူပြုပေးနိုင်ပါတယ်။
Pharmacogenomics ဆိုတာ လူသားတွေရဲ့ မျိုးရိုးဗီဇ နဲ့ ဆေးဝါးတွေအကြား ဆက်နွယ်မှုကို အဓိက ထား လေ့လာတဲ့ မျိုးရိုးဗီဇဆိုင်ရာ ပညာရပ်တစ်ခုပဲ ဖြစ်ပြီး ဆေးဝါးကုသမှုရဲ့ ထိရောက်မှုကို ပိုမိုကောင်းမွန်စေခြင်း၊ ဆေးဝါးအပေါ် တုံ့ပြန်မှုကို ကြိုတင်ခန့်မှန်းနိုင်ခြင်း၊ သင့်တော်တဲ့ ဆေးဝါးအမျိုးအစားနဲ့ ဆေးပမာဏကို ရွေးချယ်နိုင်အောင် အထောက်အကူပြုခြင်းနဲ့ ဆေးဝါးကြောင့် ဖြစ်လာနိုင်တဲ့ မလိုလားအပ်တဲ့ တုံ့ပြန်မှုတွေကို ကာကွယ်နိုင်ခြင်းတို့ကနေ တစ်ဦးချင်းစီနဲ့ ကိုက်ညီတဲ့ တိကျသောကုသမှု (Precision Medicine) ကို အထောက်အကူပြုပေးနိုင်ပါတယ်။
ဆေးဝါးတစ်မျိုး ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာတဲ့အခါ လုပ်ငန်းစဉ်အဆင့်ဆင့်ကို ဖြတ်သန်းရပါတယ်။ လူတစ်ဦးချင်းစီရဲ့ ဆေးဝါးအပေါ် တုံ့ပြန်ပုံက မျိုးရိုးဗီဇ၊ ဆေးဝါးအမျိုးအစားနဲ့ ဆေးပမာဏပေါ်မူတည်ပြီး ကွဲပြားနိုင်ပါတယ်။ မျိုးရိုးဗီဇတွေက ဒီလုပ်ငန်းစဉ်တွေရဲ့ အချို့အဆင့်တွေအပေါ် သက်ရောက်မှုရှိစေနိုင်တာကြောင့် ဆေးဝါးအပေါ် တုံ့ပြန်ပုံလည်း ကွဲပြားနိုင်ပါတယ်။
Pharmacogenomics စစ်ဆေးမှုများဟာ precision medicine ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး၊ လူတစ်ဦးချင်းစီရဲ့ မျိုးရိုးဗီဇအချက်အလက်တွေကို အသုံးပြုကာ ဆေးဝါးအပေါ် တုံ့ပြန်ပုံကို နားလည်သိရှိနိုင်ဖို့ ရည်ရွယ်ထားပါတယ်။ ဒီအချက်အလက်တွေက လူနာတစ်ဦးချင်းစီအတွက် သင့်တော်တဲ့ ဆေးဝါးကို ရွေးချယ်နိုင်ဖို့၊ ဆေးပမာဏကို ချိန်ညှိနိုင်ဖို့နဲ့ ဆေးဝါးတွေကို ပိုမိုလုံခြုံစွာ အသုံးပြုနိုင်ဖို့ အထောက်အကူပြုပေးနိုင်ပါတယ်။
Pharmacogenomic စစ်ဆေးမှု ကို အသက် ၂၀ နှစ်နဲ့အထက်မှာ စတင်စစ်ဆေးနိုင်ပြီး ပါးစောင်အတွင်းမှ နမူနာယူခြင်း (cheek swab) သို့မဟုတ် သွေးစစ်ဆေးခြင်းဖြင့် ပြုလုပ်နိုင်ပါတယ်။ စစ်ဆေးမှုရလဒ်တွေက လူနာတစ်ဦးချင်းစီအတွက် ပိုမိုသင့်တော်ပြီး တိကျတဲ့ ကုသမှုဆိုင်ရာ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ဖို့ ဆရာဝန်တွေကို အရေးကြီးတဲ့ အချက်အလက်တွေ ပံ့ပိုးပေးနိုင်ပါတယ်။
ဆေးပညာနဲ့ နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ ရောဂါတစ်မျိုးချင်းစီအတွက် ပိုမိုတိကျတဲ့ ရောဂါရှာဖွေမှုနဲ့ ကုသမှုနည်းလမ်းတွေကို အလေးပေး ဖော်ဆောင်လာကြပါတယ်။ ဒီနည်းလမ်းတွေက ကုသမှုရလဒ်ကို ပိုမိုကောင်းမွန်စေသလို ဆေးဝါးကြောင့် ဖြစ်လာနိုင်တဲ့ မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကိုလည်း လျှော့ချပေးနိုင်ပါတယ်။
လက်ရှိ ဆေးပညာနယ်ပယ်မှာ Pharmacogenomics ကို အသုံးပြုပုံကို အဓိကအားဖြင့် အမျိုးအစား (၂) မျိုး ခွဲခြားနိုင်ပါတယ်။
ပုံမှန်အားဖြင့် ဆေးဝါးရွေးချယ်မှုနဲ့ ဆေးပမာဏသတ်မှတ်မှုတွေကို လူအများအပြားပါဝင်တဲ့ လေ့လာမှုရလဒ်တွေအပေါ် အခြေခံပြီး ဆုံးဖြတ်လေ့ရှိပါတယ်။ ဒါပေမဲ့ လူတစ်ဦးချင်းစီရဲ့ မျိုးရိုးဗီဇ ကွာခြားမှုတွေကြောင့် တူညီတဲ့ ဆေးဝါးကို သောက်သုံးခဲ့ရင်တောင် တုံ့ပြန်ပုံနဲ့ ကုသမှုရလဒ်တွေ မတူညီနိုင်ပါဘူး။
လက်ရှိမှာ Pharmacogenomic စစ်ဆေးမှုများကို ဆေးဝါးအမျိုးအစားပေါင်း ၅၀၀ ကျော်အတွက် အသုံးပြုနိုင်နေပြီ ဖြစ်ပြီး ဆက်လက်လည်း တိုးပွားလျက် ရှိပါတယ်။ ဒီစစ်ဆေးမှုကို သွေးကျဲဆေးများ (anticoagulants)၊ သွေးတွင်းအဆီဓာတ် လျှော့ချဆေးများ၊ အကိုက်အခဲပျောက်ဆေးများ၊ အိပ်ဆေးများ၊ စိတ်နဲ့အာရုံကြောဆိုင်ရာ ဆေးဝါးများ (psychotropic medications)၊ အတက်ရောဂါကုသဆေးများ (antiepileptics) အပါအဝင် ကင်ဆာရောဂါ ၊ နှလုံးနဲ့ သွေးကြောဆိုင်ရာရောဂါများ၊ ကူးစက်ရောဂါများ၊ အစာအိမ်နဲ့ အူလမ်းကြောင်း အနာရောဂါများ (gastrointestinal ulcers) နဲ့ ဓာတ်မတည့်မှုဆိုင်ရာ ရောဂါအမျိုးမျိုးအတွက် အသုံးပြုတဲ့ ဆေးဝါးတွေမှာလည်း အသုံးချနိုင်ပါတယ်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Samitivej Genomic and Lifestyle Wellness Center တွင် လူတစ်ဦးချင်းစီနဲ့ ကိုက်ညီသော တိကျသောကုသမှု (Precision Medicine) ကို ပံ့ပိုးပေးလျက်ရှိပါတယ်။ ကျွန်ုပ်တို့၏ Clinical Genetics အဖွဲ့က အဆင့်မြင့် Pharmacogenomic စစ်ဆေးမှု နဲ့ တစ်ဦးချင်းအလိုက် မျိုးရိုးဗီဇဆိုင်ရာ အကြံပေးဝန်ဆောင်မှုများကို အသုံးပြုပြီး သင့်နဲ့ ကိုက်ညီပြီး ထိရောက်မှုရှိတဲ့ ဆေးဝါးကုသမှုကို ရွေးချယ်နိုင်အောင် ကူညီပေးပါတယ်။ နေ့စဉ်အသုံးပြုနေတဲ့ ဆေးဝါးတွေကို ပိုမိုထိရောက်အောင် ချိန်ညှိလိုတာပဲဖြစ်ဖြစ်၊ ပြင်းထန်တဲ့ ဆေးဝါးဘေးထွက်တုံ့ပြန်မှုတွေကို ကြိုတင်ကာကွယ်လိုတာပဲဖြစ်ဖြစ်၊ ဆစ်မီတဝေ့ဆူခွန်ဗစ်ဆေးရုံ ရှိ ကျွန်ုပ်တို့၏ စင်တာကို ဆက်သွယ်ပြီး သင့်ရဲ့ ရေရှည်ကျန်းမာရေးကို ပိုမိုကောင်းမွန်စွာ စီမံနိုင်ဖို့ စတင်လိုက်ဖို့ တိုက်တွန်းလိုက်ပါတယ်။
ဆောင်းပါးများ