သိပြီးပြီလား? The Human Papilloma Virus (HPV)ဗိုင်းရပ်စ်ယောက်ျားချင်းကနေ ကူးတတ်သတဲ့။

သိပြီးပြီလား? The Human Papilloma Virus (HPV)ဗိုင်းရပ်စ်ယောက်ျားချင်းကနေ ကူးတတ်သတဲ့။

အနှစ်ချုပ်

  • MSM လို့ခေါ်တဲ့ ယောက်ျားစုံတွဲပေါင်း ၂ သိန်းကျော်မှာ ဗိုင်းရပ်စ်ပိုး ကူးစက်မှုတွေ ရှိနေ ပါတယ်။ အဲဒီထဲကမှ ၈၅% ဟာ ကြွက်နို့ပေါက်တဲ့ the Human Papilloma Virus (HPV)ဗိုင်းရပ်စ်တွေ ဖြစ်ပါတယ်။
  • အဲဒီ ဗိုင်းရပ်စ်ဟာ ခံတွင်းကင်ဆာ၊ လိင်တံကင်ဆာ၊ စအိုကင်ဆာ နဲ့ အမျိုးသမီးတွေမှာ ဆိုရင် ဥအိမ်ကင်ဆာကို ဖြစ်စေပါတယ်။
  • HPV ပိုးကို ယောက်ျားရော မိန်းမတွေမှာပါ တွေ့ရတတ်တာကြောင့် ၉ နှစ်ကနေ ၂၆ နှစ်ကြား အရွယ်တွေကို ကာကွယ်ဆေး ထိုးပေးထားလိုက်ခြင်းဟာ ဒီဗိုင်းရပ်စ်ပြန့်နှံ့ခြင်းကို ၉၀% ကနေ ရာနှုန်းပြည့် ကာကွယ်ထားနိုင်တဲ့အထိ ထိရောက်နိုင်ပါတယ်။

HPV ဗိုင်းရပ်စ်ကို ယောက်ျားရော မိန်းမမှာပါ တွေ့နေရပါတယ်။

တကယ်တော့ HPV ဗိုင်းရပ်စ်ပိုးဟာ ဘာမှတော့ မထူးဆန်းပါဘူး။ လူပေါင်းမြောက်မြားစွာနဲ့  လက်ပွန်းတတီး ရှိနေခဲ့တာလည်း ကြာပါပြီ။ ဘာကြောင့်လဲဆိုတော့ ovarian cancer ခေါ် ဥအိမ်ကင်ဆာရဲ့ ၉၀% ဟာ ဒီရောဂါပိုးကြောင့် ဖြစ်ရတာမို့လို့ပါပဲ။

၂၀၁၇ မှာ ထိုင်းကြက်ခြေနီအသင်းကြီးကလုပ်တဲ့  AIDS ခုခံကျရောဂါအတွက် လေ့လာချက်တစ်ခုမှာ AIDS ရောဂါရသူ သို့မဟုတ် AIDS ရောဂါ ဖြစ်စေတဲ့ ပိုးရှိသူ တွေရဲ့ ၈၅% မှာ HPV ဗိုင်းရပ်စ် ပိုးလည်း ရှိနေတာကိုတွေ့ရပါတယ်။ သည်ဗိုင်းရပ်စ်က ယောက်ျားတွေမှာဆိုရင် ခံတွင်းကင်ဆာ၊ လိင်တံကင်ဆာနဲ့ စအိုကင်ဆာတွေကို ဖြစ်စေတတ်သလို မိန်းမတွေမှာ ဆိုရင်လည်း ဥအိမ်ကင်ဆာကို ဖြစ်စေပါတယ်။

ဒီဗိုင်းရပ်စ်ပိုး ဘယ်လိုကူးသလဲ။

HPV ရောဂါပိုးက လိင်ဆက်ဆံခြင်း (ပါးစပ်၊ မိန်းမကိုယ် နှင့် စအို) များ သို့မဟုတ် ဗိုင်းရပ်စ်ပိုးနှင့် တိုက်ရိုက် ထိတွေ့ခြင်းများမှ ကူးစက်ပါတယ်။ ယနေ့ထိ HPV မျိုးကွဲပေါင်း ၁၅၀ ကျော် တွေ့ထားပါတယ်။ အဲဒီထဲကမှ မျိုးကွဲ ၆ နဲ့ ၁၁ က လိင်အင်္ဂါကြွက်နို့ရောဂါများကိုဖြစ်စေပြီး မျိုးကွဲ ၁၆ နဲ့ ၁၈ က ကင်ဆာရောဂါ ဖြစ်စေပါတယ်။ ဒီရောဂါပိုးက လိင်မှုကိစ္စ ဆောင်ရွက်သူတွေကြားမှာ တစ်ဦးကနေ တစ်ဦးကို ကူးစက်ပျံ့နှံစေပါတယ်။ ဒါကြောင့် အမျိုးသမီးတွေကိုချည်းပဲ ဗိုင်းရပ်စ် ကာကွယ်ဆေး ထိုးပေးတဲ့ကမ်ပိန်းလှုံဆော်ခြင်းတွေက မျှတမှုမရှိသလိုဖြစ်နေပါတယ်။ အန္တရာယ် များတဲ့ လိင်ပိုင်းဆိုင်ရာ အမူအကျင့်ရှိတဲ့ ယောက်ျားတွေ၊ အထူးသဖြင့် အကာကွယ်မဲ့ လိင်ဆက်ဆံတာ၊ လိင်အဖော်များတာ နှင့် စအိုဖြင့်လိင်ဆက်ဆံခြင်းစတဲ့ အပြုအမူရှိတဲ့ သူတွေဟာ ရောဂါရဖို့ အခွင့်အလမ်းများပါတယ်။ ဒီလူတွေမှာ HPV ပိုး ရှိနေပြီဆိုရင် ဗိုင်းရပ်စ် ပိုးဟာ အန္တရာယ်ရှိတဲ့ အခြေအနေပုံစံတစ်ခုပြောင်းမသွားခင် ထိရောက်တဲ့ ကုသမှုကို အချိန်မီ အမြန်ဆုံး ရယူ သင့်ပါတယ်။ ဒါမှမဟုတ်ရင် ဒီလို အမူအကျင့်ရှိသူတွေဟာ ရောဂါမရအောင် ကာကွယ်ဆေးကို ထိုးနှံ ထားသင့်ပါတယ်။

အမျိုးသားတွေ HPV စစ်ဆေးမှုလုပ်မယ်ဆိုရင်

HPV ပိုး ရှိမရှိ အမျိုးသားတွေမှာ စစ်မယ်ဆိုရင် အမျိုးသမီးများအတွက် စစ်ဆေးမှုများနှင့် အတူတူ  ပါပဲ။ လိင်တံ ဒါမှမဟုတ် စအိုက ဆဲလ်တွေကိုယူပြီး အဲဒီဆဲလ်တွေကနေ ကင်ဆာဆဲလ်တွေ အဖြစ် ပြောင်းလဲလာမှာလား ဆိုတာကို ဓာတ်ခွဲခန်းမှာ စစ်ဆေးရတာဖြစ်ပါတယ်။ HPV ပိုး မရှိသေးသူတွေ ကျတော့ အသက် ၉ နှစ်မှ ၂၆ နှစ်ကြား အရွယ်တွေမှာ HPV ကာကွယ်ဆေး ထိုးနှံထားခြင်းဖြင့် စအိုကင်ဆာကို ၇၈% ထိလည်းကောင်း၊ ဗိုင်းရပ်စ် ပျံ့နှံမှုကို ၉၀% မှ ၁၀၀% ထိ လျှော့ချပေးနိုင်ပါတယ်။ တစ်ချို့ HPV ရောဂါ ခံစားနေရသူများအတွက်ကတော့ ကျန်ရှိနေတဲ့ တခြားသော ဗိုင်းရပ်စ်အန္တရာယ် များကို ဆက်လက် ကာကွယ်မှုပေးနေမှာပဲဖြစ်ပါတယ်။

ကိုးကားချက်များ

အဆင့်သတ်မှတ်ချက်

မှတ်ပုံတင်ပြီးသားလား။