ကလေးငယ်များ အဝလွန်ခြင်းရောဂါဝေဒနာ

ကလေးငယ်များ အဝလွန်ခြင်းရောဂါဝေဒနာ

အနှစ်ချုပ်

  • ခန့်မှန်းခြေ ၁၄ ရာခိုင်နှုန်း မှ ၁၅ ရာခိုင်နှုန်းအတွင်း ထိုင်းနိုင်ငံတွင်းရှိ ကလေးငယ်များဟာ အဝလွန်ခြင်းကို ခံစားရနေပါတယ်။ 
  • ကလေးငယ်တွေကို အာဟာရလွန်ကဲစွာတိုက်ကျွေးခြင်းက အဝလွန်ခြင်းကို ဖြစ်စေတဲ့အဓိကအချက်တစ်ခုဖြစ်ပါတယ်။ မိခင်နို့ရည်ကိုပဲ တိုက်ကျွေးတဲ့ကလေးငယ်တွေထက် နို့မှုန်တိုက်ကျွေးခံရတဲ့ကလေးငယ်တွေက အဝလွန်ရောဂါပိုမိုဖြစ်ပွားနိုင်ပါတယ်။
  • ကနဦးပိုင်းရောဂါလက္ခဏာတွေကတော့ အစာစားနေပေမယ့် ကိုယ်အလေးချိန်လျော့ကျလာခြင်း၊ မကြာခဏရေငတ်ခြင်း၊ ဆီးမကြာခဏသွားခြင်း တို့ဖြစ်ပါတယ်။ အချို့ကလေးငယ်တွေမှာတော့ အိပ်ရာပေါ်မှာ အပေါ့သွားခြင်း၊ သွေးအတွင်းမှာ ကိုလက်စထရောမြင့်မားခြင်း အစရှိတဲ့ လက္ခဏာတွေကို တွေ့ရှိရပါတယ်။

ကလေးငယ်များမှာ အဝလွန်ခြင်းရောဂါလက္ခဏာ စတင်ဖြစ်ပေါ်လာပုံ

ကလေးငယ်တွေရဲ့ ခန္ဓာကိုယ်ဟာ အစဉ်တစိုက်ကြီးထွားလာနေတာဖြစ်တဲ့အတွက် Obesity ဆိုတဲ့ အဝလွန်ခြင်းကို သတ်မှတ်တိုင်းတာဖို့ဟာ လူကြီးတွေထက် ပိုလို့ခက်ခဲပါတယ်။ ကလေးငယ်တွေရဲ့ အဝလွန်ခြင်းကို သတ်မှတ်ဖို့ အတွက် Body Mass Index (BMI) ခေါ် ကိုယ်အလေးချိန်နဲ့ အရပ်အမြင့်ကို တိုင်းတာတဲ့နည်းပညာကို အသုံးပြုတိုင်းတာပါတယ်။ BMI က ကိုယ်အလေးချိန်ကို ကီလိုဂရမ် (Kilogram) ယူနစ်၊ အရပ်အမြင့်ကို စတုရန်း မီတာ (Square Meters) ယူနစ် ဖြင့် Kilogram per Square Meter စနစ်နှင့် တိုင်းတာပါတယ်။ လူကြီးတွေအတွက်ကတော့ BMI တိုင်းတာမှုရလဒ်က 25 နဲ့ အထက် ပြနေရင်တော့ အလေးချိန်များနေတယ်လို့ သတ်မှတ်ထားကြပြီး BMI တိုင်းတာမှုရလဒ် 30 ကျော်သွားရင်တော့ အဝလွန်ရောဂါကို ခံစားနေရတယ်လို့ သတ်မှတ်လို့ရပါတယ်။ ယောင်္ကျားလေးတွေနဲ့ မိန်းကလေးတွေရဲ့ BMI အတိုင်းအတာ က အသက်အရွယ်အလိုက် ပြောင်းလဲသွားပါတယ်။ အလွန်ဆုံးကွာခြားတဲ့ ကိန်းဂဏန်းတွေမှာ 13.5 မှ - 18 kg/m2 (Kilogram per Square Meter) ရှိပြီး အသက် ၄ နှစ်နဲ့ ၆ နှစ်ကြားကွာခြားပါသည်။ အသက်ကြီးလာတာနဲ့အမျှ BMI ကိန်းဂဏန်းတွေက မြင့်တက်လာမှာဖြစ်ပါတယ်။

ထိုင်းနိုင်ငံတွင်း အဝလွန်ကလေးများ

ထိုင်းနိုင်ငံမှာတော့ ကလေးငယ်တွေရဲ့ အဝလွန်ခြင်းကို Weight for height above the 120th percentile နဲ့ သတ်မှတ်ပါတယ်။ အမေရိကန်နိုင်ငံမှာတော့ 95th percentile အထက်မှာတင်ယူဆတာဖြစ်ပါတယ်။ အကယ်၍ ကလေးမိဘတွေက သူတို့ရဲ့ ကလေးငယ်တွေ အဝလွန်နေလားဆိုတဲ့ စိုးရိမ်စိတ်တွေဖြစ်နေခဲ့ရင် ကလေးအထူးကုဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပြီး ကျွမ်းကျင်သော အထူးကုဆရာဝန်များနှင့် စစ်ဆေးကုသရန်လိုအပ်ပါတယ်။

ယေဘုယျခန့်မှန်းချက်အရ ထိုင်းနိုင်ငံရှိ ကလေးငယ်တွေရဲ့ ၁၄ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းဟာ အဝလွန်ရောဂါကိုခံစားနေရပါတယ်။ ရောဂါဖြစ်ပွားရတဲ့ ၉၅ ရာခိုင်နှုန်းဟာ ခန္ဓာကိုယ်ကလိုအပ်တာထက်ပိုတဲ့ ကယ်လိုရီတွေကို စားသုံးနေခြင်းကြောင့်ပဲဖြစ်ပါတယ်။ မိသားစုတွင်းမှာ အဝလွန်နေသာ မိခင် (သို့) ဖခင်က မွေးဖွားလာတဲ့ ကလေးသူငယ်တွေမှာ အခြားပုံမှန်ကိုယ်အလေးချိန်ရှိသောမိဘတွေက မွေးဖွားလာတဲ့ကလေးငယ်တွေထက် ၄ ဆ ကနေ ၅ ဆပိုပြီး အဝလွန်နိုင်ခြေပိုများလို့နေပါတယ်။ ဒါ့အပြင် မိဘ နှစ်ဦးစလုံးက အဝလွန်နေခဲ့ရင်လည်း မိမိသားသမီးများက အဝလွန်ရောဂါကို ခံစားရဖို့ ဖြစ်နိုင်ခြေ ၁၃ ရာခိုင်နှုန်းရှိနေတတ်ပါတယ်။ ကလေးငယ်တွေမှာ ယခုလိုမျိုး အဝလွန်ရောဂါဖြစ်ပွားရခြင်း အကြောင်းအရင်းဟာ ဟော်မုန်းနဲ့ပတ်သတ်တဲ့ရောဂါတွေကြောင့်ဖြစ်ပါတယ်။ ဥပမာ - Hypothyroidism or Growth Hormone Deficiency ၊ Cushing’s Syndrome ၊ Insulin-Excess Syndromes ၊ Leptin Deficiency or Leptin Receptor Defects ၊ Cushing's Syndrome ၊ Insulin-excess Syndrome ၊ Leptin deficiency ၊ Leptin Receptor Defects များအပြင် မျိုးဗီဇချို့ယွင်းမှုတွေဖြစ်တဲ့ Prader-Willi Syndrome တွေဖြစ်နိုင်ပါတယ်။

အဝလွန်ရောဂါခံစားရနိုင်ခြေရှိသည့် ကလေးသူငယ်များ

မွေးကင်းစအရွယ်ကတည်းမှ ကိုယ်အလေးချိန်မပြည့်သည့် (သို့) ပိုနေသည့် ကလေးငယ်များ၊ အဝလွန်နေသော မိခင် (သို့) ဖခင်မှ မွေးဖွားလာသည့် ကလေးငယ်များနှင့် ငယ်စဉ်ကတည်းမှ အဝလွန်နေသောကလေးငယ်များအား အာဟာရ အလွန်အကျွံကျွေးခြင်းဟာ အချိန်ကြာလာတာနဲ့အမျှ အဝလွန်လာနိုင်ပါတယ်။ နို့ဗူးတိုက်ကျွေးခံရသောကလေးငယ်တွေဟာ မိခင်နို့ရည်တိုက်ကျွေးခံရသော ကလေးငယ်တွေထက် ပိုပြီး အဝလွန်ရောဂါကို ခံစားရနိုင်တာကိုလည်း သိရှိရပါတယ်။

အဝလွန်ခြင်းရောဂါအတွက် ဆေးကုသမှုဆိုင်ရာနည်းလမ်းများ နှင့် စီမံခန့်ခွဲမှုများ

အဝလွန်နေတဲ့ကလေးငယ်များကို ကိုယ်အလေးချိန်လျော့ချဖို့ သောက်ဆေးတွေနဲ့ ပြဠာန်းချက်များမှာ ရွေးချယ်စရာအတော်အတန် နည်းပါးနေပါတယ်။ ကိစ္စရပ်အများစုမှာတော့ ကလေးငယ်တွေကို သူတို့ရဲ့ အမူအကျင့်တွေနဲ့ နေထိုင်မှုပုံစံတွေကို ပြုပြင်ပြောင်းလဲစေတာက ပိုမို သင့်လျော်ပါတယ်။ ငယ်ရွယ်တဲ့ကလေးတွေမှာတော့ အစားအစာကို ချင့်ချိန်တွက်ဆပြီးကျွေးခြင်းနှင့် သကြားဓာတ်ပါတဲ့အစားအစာတွေကို ရှောင်ကျဉ်စားသုံးစေခြင်းကလည်း အဝလွန်တာကို တိုက်ဖျက်ဖို့နည်းလမ်းကောင်းတစ်ခုပါ။ နည်းလမ်းအရဆိုရင်တော့ ကလေးငယ်ဟာ ကြီးထွားဖွံဖြိုးလာတာနဲ့အမျှ သူရဲ့ အရပ်ကပိုမြင့်လာပြီး BMI က လျော့ကျသွားပါတယ်။ သက်ကြီးပိုင်း ကလေးငယ်တွေနဲ့ ဆယ်ကျော်သက်လူငယ်တွေမှာတော့ အာဟာရ သမမျှတစွာစားသောက်ခြင်းနဲ့ အားကစားပုံမှန်လုပ်ခြင်းဖြင့် BMI ကို မျှတအောင် ထိန်းသိမ်းနိုင်မှာပါ။

 

အစားအသောက်များအကြောင်း

တစ်ရက်ကို Gas ပါ အချိုရည်တစ်ဗူးသောက်သုံးတာက တစ်နှစ်ကို ကိုယ်အလေးချိန် ၇ ကီလိုဂရမ် မြင့်တက်စေပါတယ်။ ကလေးငယ်တွေရဲ့ အစားအသောက်မှုပုံစံကို ကောင်းမွန်ပြီး စနစ်ကျကျမှန်ကန်စေဖို့အတွက် သကြားပါဝင်တဲ့ အအေးများ၊ ဖျော်ရည်များနှင့် Carbonated Drink များကို ရှောင်ကြဉ်ခြင်း၊ ဖြည့်စွက်သကြားတွေပါဝင်တဲ့ အအေးများ၊ အသင့်ဖျော်ထားတဲ့ဖျော်ရည်များကို ရှောင်ကြဉ်ခြင်းတို့ပဲ လုပ်ဆောင်ရမည်ဖြစ်ပါတယ်။ သဘာဝ အသီးအနှံစစ်စစ်တို့မှ ပြုလုပ်ထားတဲ့ အအေးများဟာ အာဟာရဓာတ်အပြည့်ပါဝင်သလို ကိုယ်ခန္ဓာအစာချေနိုင်စွမ်း စနစ်ပိုမိုကောင်းမွန်ဖို့အတွက် ဖိုက်ဘာမျှင်များ ထောက်ပံ့ပေးပါတယ်။ ခန္ဓာကိုယ်နှင့် ကျန်းမာရေးအတွက် မညီညွတ်တဲ့ အဆီဓာတ်အမြောက်အမြားပါဝင်သော အဆီကြောများ၊ အသင့်စားသုံးလို့ရနိုင်တဲ့ အသင့်စား (Fast Food) များ ကို ရှောင်ကြဉ်ပြီး သန့်ရှင်းစွာ ချက်ပြုတ်ထားသော အစားအစားတွေကိုသာ ပြောင်းလဲစားသုံးပေးရပါမယ်။ ဟင်းချက်ကြော်လှော်တဲ့အချိန်မှာလည်း ဆီအနည်းငယ်ပဲ ထည့်စရာလိုတဲ့ Non-Stick Frying Pan ကိုသာ အသုံးပြုပေးရပါမယ်။

ဒါ့အပြင် ကလေးများ တစ်နေ့ကို အနည်းဆုံး မိနစ် 20-30၊ တစ်ပတ်မှာ လေးရက် လေ့ကျင့်ခန်းလုပ်ခြင်းဟာ ကယ်လိုရီတွေကို လောင်ကျွမ်းစေပြီး ကိုယ်အလေးချိန်ချခြင်းကို ပိုထိရောက်အောင် ကူညီပေးတာကြောင့် အလွန်အကျိုးရှိပါတယ်။ ကလေးများတွင် အဝလွန်ခြင်းကို ကုသရန်၊ မိဘများနှင့် မိသားစုဝင်များထံမှ အားပေးမှု၊ ပံ့ပိုးမှု၊ ကောင်းမွန်သော အစားအသောက်နှင့် လေ့ကျင့်ခန်း နမူနာများ သတ်မှတ်ခြင်းသည် အလွန်အရေးကြီးပါတယ်။

ကလေးများတွင်ဖြစ်တတ်သော အဝလွန်ခြင်း၏ နောက်ဆက်တွဲများ သို့မဟုတ် နောက်ဆက်တွဲပြဿနာများ

အဓိကအရေးအကြီးဆုံးအချက်မှာ ကိုယ်အလေးချိန်များနေသော ကလေးက အသက်အရွယ်ကြီးပြင်းလာတဲ့အချိန်မှာလည်း ပို၍အဝလွန်လာနိုင်ခြေရှိပါတယ်။ နိုင်ငံရပ်ခြား သုတေသနဆိုင်ရာအချက်အလက်များအရ အလွန်အမင်း အဝလွန်နေခြင်းဟာ လူ့သက်တမ်းကို ၅ နှစ်ကနေ နှစ် ၂၀ အထိ တိုတောင်းစေပါတယ်။

ကလေးငယ်တွေမှာ အဝလွန်ခြင်းရောဂါ၏ နောက်ဆက်တွဲပြဿနာများ

  • အလေးချိန်လိုသည်ထက်ပိုနေတဲ့ ခန္ဓာကိုယ်ကို ထမ်းသယ်ရခြင်းကြောင့် အရိုးအဆစ်များ နာခြင်း၊ အထူးသဖြင့် ဒူးဆစ်များ
  • ဟောက်ခြင်း(သို့) အိပ်​ပျော်​နေစဥ်အသက်ရှူရပ်ခြင်း ဟာ အသက်ရှူလမ်း​ကြောင်းအ​ပေါ်ပိုင်း ပိတ်ဆို့ခြင်း​ကြောင့်ဖြစ်ပြီး မကုသဘဲထားမယ်ဆိုရင် နာတာရှည်ခံစားရကာ နှလုံးပျက်စီးခြင်းအထိ ဖြစ်နိုင်ပါတယ်။
  • Type 2 ဆီးချိုရောဂါ ဖြစ်နိုင်ခြင်း

အဝလွန်ခြင်းရောဂါဟာ ငယ်ရွယ်တဲ့ကလေးများမှာ ဖြစ်နိုင်ချေ ပိုများပါတယ်။ အချို့အဝလွန်ရောဂါကို ခံစားနေရတဲ့လူများမှာ သွေးအတွင်း အင်ဆူလင် များပြားခြင်းကြောင့် Acanthosis Nigricans လို့ ခေါ်တဲ့ လည်ပင်း၊ လက်မောင်းနဲ့ ပေါင်ခြံ တွေမှာ အရေပြားမည်းညစ်လာခြင်းများ ဖြစ်လာနိုင်ပါတယ်။ ယင်းလက္ခဏာမှာ Cream လိမ်းရုံ၊ ပွတ်တိုက်ရုံနဲ့ ပျောက်ကင်းသွားမှာမဟုတ်ပဲ ကိုယ်အလေးချိန်လျော့ကျမှသာ သက်သာပျောက်ကင်းသွားမှာဖြစ်ပါတယ်။ ညိုမည်းနေတဲ့အရေပြားဟာ အလေးအနက်သတိထားရမယ့် လက္ခဏာဖြစ်ပြီး ကိုယ်အလေးချိန်မလျော့ချဘူးဆိုရင် အဆိုပါ ကလေးများဟာ အနာဂတ်မှာ ဆီးချိုဖြစ်လာနိုင်ပါတယ်။ ကနဦး လက္ခဏာတွေက အစားအစာအများကြီးစားသုံးသော်လည်း အလေးချိန်ကျဆင်းလာခြင်း၊ မကြာခဏရေဆာခြင်း၊ မကြာခဏဆီးသွားခြင်းတို့ဖြစ်လာနိုင်ပါတယ်။ အချို့ကလေးငယ်တွေမှာ အိပ်ရာတွင်း ဆီးသွားခြင်းများ ဖြစ်နိုင်ပြီး အခြားအကျိုးဆက်အနေနှင့် သွေးအတွင်းထဲမှာလည်း ကိုလက်စထရောမြင့်မားခြင်းတို့ပဲဖြစ်ပါတယ်။ ကိစ္စရပ်အများစုမှာ ကိုယ်အလေးချိန်ကျဆင်းပြီးတဲ့အချိန်မှာ အခြေအနေတွေ ပြန်လည်ကောင်းမွန်သွားပြီး လူနာအနည်းစုခန့်သာ ဆက်လက်ဆေးကုသခံယူနေကြပါတယ်။ နောက်ဆက်တွဲရောဂါအနေနှင့် သွေးအတွင်း ကိုလက်စထရောများပြားနေတဲ့ ကလေးငယ်တွေမှာ အသည်းအဆီဖုံးခြင်းရောဂါလက္ခဏာကိုတွေ့ရှိရနိုင်ပါတယ်။ မည်သို့ပင်ဖြစ်စေကာမူ ယင်းနောက်ဆက်တွဲ လက္ခဏာများမှာ ခန္ဓာကိုယ်အလေးချိန်လျော့ကျသွားသည်နှင့်အမျှ သက်သာပျောက်ကင်းသွားမှာဖြစ်ပါတယ်။ ဒီအတွက် မိမိရဲ့ ကလေးများကို ကျန်းမာသန်စွမ်းပြီး အသက်ရှည်တဲ့ လူ့ဘဝတစ်ခုရရှိစေဖို့အတွက် သူတို့လေးတွေရဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းပေးရင်းနဲ့ ငယ်စဉ်ကလေးဘဝမှာတင် အာဟာရမျှတအောင် စားစေပြီး လေ့ကျင့်ခန်းပုံမှန် ပြုလုပ်ခိုင်းရမှာဖြစ်ပါတယ်။

အဆင့်သတ်မှတ်ချက်

မှတ်ပုံတင်ပြီးသားလား။