ပြီးခဲ့တဲ့ဧပြီလအကုန်တုန်းက အသက် (၃၈) နှစ်အရွယ် နိုက်ဂျီးရီးယားလူမျိုးတစ်ဦးဟာ နောက်ထပ် မျောက်ကျောက်ရောဂါတစ်မျိုးခံစားနေရကြောင်း စင်ကာပူနိုင်ငံမှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ၎င်းအမျိုးသားဟာ နိုက်ဂျီးရီးယားနိုင်ငံက မဂ်လာဧည့်ခံပွဲတစ်ခုမှာ မသန့်ရှင်းတဲ့ အသားကိုစားခဲ့မိရာကနေ ရောဂါဗိုင်းရပ်စ်ပိုး ကူးစက်ခံခဲ့ရတာဖြစ်ပါတယ်။ အဆိုပါအမျိုးသားမှာ ရောဂါဗိုင်းရပ်စ်ပိုး ရှာဖွေတွေ့ရှိချိန်မှာ စင်ကာပူက အာဏာပိုင်များက ကူးစက်မှုကိုထိန်းသိမ်းပြီး ကုသမှုများလုပ်ဆောင်နိုင်ဖို့ သီးသန့် ထားရှိခဲ့ပါတယ်။
မျောက်ကျောက်ရောဂါကို ကျောက်ရောဂါနဲ့တူတဲ့ ရောဂါအကြီးအကျယ်ဖြစ်နေချိန် ၁၉၅၈ ခုနှစ်မှာ ပထမဆုံး ရှာတွေ့ခဲ့ပါတယ်။ သုတေသနပြုလုပ်ဖို့ ထိန်းသိမ်းထားတဲ့ မျောက်များကနေတစ်ဆင့် စတင်ဖြစ်ပွားခဲ့တာဖြစ်ပါ တယ်။ လူသားများကို ပထမဆုံးကူးစက်မှုအဖြစ် ၁၉၇၀ ခုနှစ်က ကွန်ဂိုနိုင်ငံမှာ စတင်တွေ့ရှိခဲ့ပြီး ဆရာဝန်များက မျောက်ကျောက်ရောဂါ လို့ စတင် အမည်ပေးခဲ့ပါတယ်။ မျောက်ကျောက်ရောဂါ ဟာ အာဖရိကအနောက်ပိုင်းနဲ့ အလယ်ပိုင်းဒေသနိုင်ငံများမှာ အများဆုံးဖြစ်ပွားခဲ့ပါတယ်။ အဲဒီလိုကနဦးဖြစ်ပွားမှု အပြီးမှာ လူသားများဆီကူးစက်မှုဟာ တစ်စတစ်နဲ့ များပြားလာခဲ့ပါတယ်။
လူသားများမှာ မျောက်ကျောက်ရောဂါကြောင့်သေဆုံးမှုဟာ (၁) ရာခိုင်နှုန်းမှ (၁၀)ရာခိုင်နှုန်းသာရှိပြီး သေဆုံးမှု အများစုဟာ ကလေးငယ်များမှာဖြစ်ပွားခဲ့ပါတယ်။
မျောက်ကျောက်ရောဂါကိုရှာဖွေတွေ့ရှိဖို့ခဲယဉ်းပြီး ဗိုင်းရပ်စ်ပိုးကူးစက်ခံရပြီး (၁၂)ရက်လောက်ကြာမှ လက္ခဏာ စတင်ပြသပါတယ်။ အဆိုပါလက္ခဏာများဟာ ကျောက်ရောဂါနဲ့ဆင်တူပြီး အောက်ပါ လက္ခဏာများလည်း ပြသတတ်ပါတယ်။
ထိုင်းနိုင်ငံမှာတော့ ဒီလိုမျိုး ရောဂါပိုးကူးစက်မှုအခြေအနေ မရှိသေးတာကြောင့် ပထမဆုံးရောဂါဖြစ်ပွားမှုလည်း မတွေ့ရသေးပါဘူး။ ဒါပေမယ့် ရောဂါကူးစက်နိုင်တဲ့နိုင်ငံတွေကို အလည်အပတ်ဖြစ်စေ ၊ စီးပွားရေးကိစ္စနဲ့ဖြစ်စေ သွားလာနေရတဲ့သူတွေမှာ ရောဂါကူးစက်နိုင်ခြေရှိပြီး ပြန်လာတဲ့အခါ ရောဂါပါလာနိုင်ပါတယ်။ ဒါကြောင့် ရောဂါဖြစ်ပွားနေတဲ့နိုင်ငံများကို သွားရောက်သူများ (သို့) ပြည်ပမှလာရောက်လုပ်ကိုင်သူများ ၊ ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်တဲ့ ထိုင်းနိုင်ငံသားများ ၊ နိုင်ငံခြားသားခရီးသွားများ ၊ ခရီးသွားဧည့်လမ်းညွှန်များ ၊ အလုပ်ကိစ္စနဲ့ ပြပသွားရောက်သူများ စသဖြင့် ရောဂါဖြစ်ပွားတဲ့နိုင်ငံများကို သွားရောက်ခဲ့သူများနှင့် ထိတွေ့မိသူများဟာ ရောဂါဖြစ်ပွားနိုင်ခြေမြင့်မားတဲ့အုပ်စုမှာပါဝင်ပါတယ်။
လတ်တလောမှာ မျောက်ကျောက်ရောဂါကိုကုသနိုင်တဲ့နည်းလမ်း နဲ့ ကာကွယ်နိုင်တဲ့ ကာကွယ်ဆေးမရှိသေးပါဘူး။ ဒါပေမယ့် ကျောက်ရောဂါကာကွယ်ဆေးကို ထိုးထားမယ်ဆိုရင် ရောဂါဖြစ်ပွားမှု ကို (၈၅)ရာခိုင်နှုန်းကာကွယ်နိုင်ပါတယ်။
အရေးကြီးတဲ့တစ်ချက်ကတော့ ဒီရောဂါဟာ တိရစ္ဆာန်များကနေ လူသားတွေဆီကို တိုက်ရိုက်မကူးစက်နိုင်ဘဲ လူတစ်ယောက်ကနေတစ်ယောက်စီကို ကူးစက်နိုင်တယ်ဆိုတာပါပဲ။ ဒါကြောင့် ရောဂါရှိနေတဲ့နိုင်ငံများကို သွားရောက်ဖို့ လိုအပ်ခဲ့တယ်ဆိုရင် နောက်ဆုံးရသတင်းအခြေအနေများကို မျက်ခြေမပြတ် ဂရုစိုက်ဖို့လိုပါတယ်။ နောက်ထပ်ပိုမိုကောင်းမွန်တဲ့နည်းလမ်းတစ်ခုကတော့ ခရီးသွားရာမှာ ဘေးကင်းစေဖို့အတွက် ကိုယ့်ရဲ့ဆရာဝန် ၊ ကလေးအထူးကုဆရာဝန်များနဲ့တိုင်ပင်ရပါမယ်။ ဒါဆိုရင် ရောဂါကူးစက်မှုကနေ ကာကွယ်နိုင်ဖို့ အထောက်အကူရမှာဖြစ်ပါတယ်။