နောက်ဆုံးပေါ်နည်းပညာများနဲ့ပေါင်းစပ်ထားတဲ့ ထိုးဖောက်မှုအနည်းဆုံး ခွဲစိတ်ကုသမှု (MIS)

နောက်ဆုံးပေါ်နည်းပညာများနဲ့ပေါင်းစပ်ထားတဲ့ ထိုးဖောက်မှုအနည်းဆုံး ခွဲစိတ်ကုသမှု (MIS)

MIS - ခွဲစိတ်ကုသမှုများအတွက်နောက်ဆုံးပေါ်ဆေးဘက်ဆိုင်ရာနည်းပညာ

ထိုးဖောက်မှုအနည်းဆုံးခွဲစိတ်ကုသမှု(MIS)နည်းပညာသာ သမားရိုးကျခွဲစိတ်ကု သမှုများထက်ပိုပြီးအကျိုးရှိပါတယ်။

  • နံပါတ်တစ်က ပိုမိုဘေးကင်းစိတ်ချရတယ်။ အနည်းငယ်သာ ခွဲစိတ်ရ တာကြောင့် ခန္ဓာကိုယ်အတွက် ဒဏ်ရာနည်းပြီး သွေးဆုံးရှုံးမှုလည်း နည်းပါတယ်။
  • နံပါတ်နှစ်က အမာရွတ်ကိုလျှော့ချပေးနိုင်တယ်။ အများအားဖြင့် ခွဲလိုက်တဲ့ နေရာကို တစ်ချက် နှစ်ချက်လောက်သာ ပြန်ချုပ်ဖို့လိုပါတယ်။
  • နံပါတ်သုံးအချက်က အချိန်တိုအတွင်းပြန်လည်သက်သာလာမှုပါ။ သာမန် ခွဲစိတ်ကုသမှုများဟာ ပြန်လည်သက်သာလာဖို့ (၆)ပတ်ကနေ (၈)ပတ် အထိအချိန်ယူရပါတယ်။ MIS နည်းပညာနဲ့ ခွဲစိတ်ကုသမှုခံယူသူများက တော့ အများအားဖြင့် ပြန်လည်သက်သာလာဖို့ အချိန်(၂)ပတ်သာ လိုပါ တယ်။
  • နောက်ဆုံးအချက်ကတော့ဆေးရုံတက်ရတဲ့အချိန်နည်းတာပါ။ MIS နည်းပ ညာသုံးခွဲစိတ်ကုသမှုဟာ (၄၈)နာရီအတွင်း ဆေးရုံမှဆင်းနိုင် ပါတယ်။ ဒါမှမဟုတ် ပြင်ပလူနာအဖြစ်ရက်ချိန်းပြရပါတယ်။
  သာမန်
ခွဲစိတ်မှု
သာမန်
ကိရိယာသုံး
ခွဲစိတ်ကုသမှု (Conventional Laparoscopy)   
အပေါက်
တစ်ပေါက်သာ ဖောက်ဖို့လိုသည့်
ခွဲစိတ်မှု
 Single-Port Laparoscopy
NOTES* နည်းပညာ
ဝမ်းဗိုက်
ခွဲစိတ်ရာ   
၈ - ၁၅
စင်တီမီတာ   
၀.၅ - ၁
စင်တီမီတာ
(၂) - (၄) နေရာ   
ချက်နေရာ
တစ်နေရာမှာ
၂ စင်တီမီတာ
ဝမ်းဗိုက်
နေရာတွင်
ခွဲရန်မလို
ခွဲစိတ်ပြီးနောက်
နာကျင်မှု   
သိသိသာသာ အနည်းငယ် အနည်းငယ် အနည်းဆုံး
ဆေးရုံတက်ရက်    ၃ - ၅ ရက် ၂ - ၃ ရက် ၂ - ၃ ရက် ၁ - ၂ ရက်
ခွဲစိတ်ပြီးနောက်
တစ်ရှူးများတွယ်ဆက်
မှုဖြစ်နိုင်ခြေ
မြင့်မား    နည်းပါး    နည်းပါး    လွန်စွာ
နည်းပါး
ခွဲထားတဲ့နေရာ မှာ ရောဂါပိုးဝင်
ရောက်နိုင်မှု   
ရှိ    နည်းပါး    နည်းပါး    လွန်စွာ
နည်းပါး
ခွဲထားတဲ့နေရာ မှာ အူကျွံနိုင်မှု    ရှိ   အလွန်နည်း အလွန်နည်း မရှိ

* NOTES = Natural Orifice Transluminal Endoscopic Surgery အမာရွတ်မကျန်သည့်နောက်ဆုံးပေါ်ခွဲစိတ်ကုသမှုနည်းပညာတစ်မျိုး

3D-4K အရည်အသွေးရှိကိရိယာသုံးခွဲစိတ်ကုသခန်းများ - တိကျမှုနှင့် ဘေးကင်းလုံခြုံမှုမြင့်မားသည့်နည်းပညာ

ခေတ်မီကိရိယာသုံးခွဲစိတ်ကုသတဲ့အခန်းများကို လုံခြုံစိတ်ချရတဲ့ဝန်းကျင် တစ်ခု ဖြစ်အောင်ဖန်တီးထားပြီး ပိုးသတ်ထားတဲ့ဧရိယာ၊ ဘတ်တီးရီးယား များကို ကာကွယ်တဲ့နံရံ၊ ဖိအားပိုမိုမြင့်မားတဲ့ Positive Pressure Rooms စသည့်  ခေတ်မီဆန်းသစ်တဲ့ ဆေးဘက်ဆိုင်ရာ တီထွင် ဆန်းသစ်မှုများကို ထည့်သွင်း တည်ဆောက်ထားပါတယ်။ ဒါ့အပြင် နောက်ဆုံးပေါ်ခေတ်မီနည်းပညာများပေါင်းစပ်ထားပြီး ကုသလုပ်ဆောင် ရာမှာ တိကျမှုကိုမြင့်မားစေတဲ့ 3D-4K နည်းပညာဟာလည်း ဆစ်မီတဝေ့ဆေးရုံ ရဲ့ အရည်သွေးပြည့်ဝတဲ့ ခွဲစိတ်ဆရာဝန်များကို အကောင်းဆုံးသော ခွဲစိတ်မှု ရလဒ်များ ထွက်ရှိအောင် ပံ့ပိုးပေးပါတယ်။

3D-4K ဆိုတာ ဘာလဲ? 4K အရည်အသွေး မော်နီတာများဟာ အရည်အသွေး မြင့် ရုပ်သံ (HD Resolution) ထက် ၄ ဆ ပိုမိုကြည်လင်ပြတ်သားပါတယ်။ ဒါ့အပြင် 3D အရည်အသွေးပုံရိပ်ဟာလည်း ပိုမိုကြည်လင်ပြတ်သားတဲ့ အရည် အသွေးနဲ့ အတွင်းပိုင်းထိထွင်းဖောက် တွေ့မြင်နိုင်ပါတယ်။ ပိုမိုကြည်လင် ပြတ်သားတဲ့ မြင်နိုင်စွမ်းနဲ့ ခေတ်မီခွဲစိတ်ကုသမှုကို ပေါင်းစပ်ထားတာဖြစ်ပါတယ်။ ပိုမိုချဲ့ကြည့်မယ့် မြင်ကွင်းများအတွက် ရုပ်သံတစ်ခုရဲ့အစက်အပြောက် (Pixlation) မလိုဘဲ အနီးကပ်ဆွဲကြည့်နိုင်ပါတယ်။

နောက်ဆုံးပေါ်နည်းပညာများနဲ့ပေါင်းစပ်ထားတဲ့ ထိုးဖောက်မှုအနည်းဆုံး ခွဲစိတ်ကုသမှု (MIS)

ဆစ်မီတဝေ့ဆေးရုံမှာလုပ်ဆောင်နိုင်တဲ့ထိုးဖောက်မှုအနည်းဆုံးခွဲစိတ်ကုသမှုများ

(၁) သာမန်ကိရိယာအသုံးပြုသည့်ခွဲစိတ်ကုသမှု(Coventional Laparoscopic Surgery)

သာမန်ကိရိယာအသုံးပြု ခွဲစိတ်ကုသမှုပြုလုပ်မယ်ဆိုရင် ဝမ်းဗိုက်နေရာမှာ သေးငယ်တဲ့ ခွဲစိတ်ရာ (၂)ခုမှ (၄)ခု ခွဲဖို့ လိုအပ်ပါတယ်။ အဲဒီလိုခွဲစိတ်မှုများ ဟာ ခန့်မှန်း (၀.၅)စင်တီမီတာ မှ (၁) စင်တီမီတာ မျှသာ ရှိပါတယ်။ သမားရိုးကျ ခွဲရ တဲ့ ခွဲစိတ်ကုသမှုများဟာ (၈) စင်တီမီတာမှ (၁၅) စင်တီမီတာ လောက် ဗိုက်မှာ ခွဲရပါတယ်။ သာမန်ကိရိယာအသုံးပြုခွဲစိတ်ကုသမှု ရဲ့ အဓိက အားသာချက်က တော့ ခွဲစိတ်ပြိးနောက် နာကျင်မှုအနည်းငယ်သာ ရှိခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် အချိန်တိုအတွင်း ပြန်လည်သက်သာလာနိုင်တာကြောင့် လူနာအနေနဲ့ မြန်မြန်ဆန်ဆန်ပဲ နေ့စဉ်ဘဝမှာ လှုပ်ရှားသွားလာနိုင်စေမှာ ဖြစ်ပါတယ်။ မြင်သာထင်သာအရှိဆုံး အကျိုးကျေးဇူးကတော့ ခွဲစိတ်ရာ အရွယ်အစားကို အများကြီးလျှော့ချနိုင်ခြင်းပါပဲ။

(၂)အပေါက်တစ်ပေါက်သာဖောက်ရတဲ့ကိရိယာသုံးခွဲစိတ်ကုသမှု

သာမန် ကိရိယာသုံးခွဲစိတ်ကုသမှုကို အဆင့်မြင့်သထက်မြင့်လာတဲ့ အခါမှာ အပေါက်တစ်ပေါက်သာဖောက်ရတဲ့ကိရိယာသုံးခွဲစိတ်ကုသမှု(Single Port Laparoscopic Surgery) လို့ သတ်မှတ်ခေါ်ဆိုကြပါတယ်။ သာမန် ကိရိယာသုံး ခွဲစိတ်ကုသမှုမှာ ခွဲစိတ်ရာ (၂)နေရာမှ (၄)နေရာထိ ရှိပေမယ့် ဒီနည်းပညာအသစ် ကတော့ ချက် တစ်နေရာမှာသာလျှင် ခွဲစိတ်ရာတစ်ခု ဖောက်ဖို့ လိုအပ်ပါတယ်။ Single-Port Laparoscopic Surgery ရဲ့ အဓိကအားသာချက်ကတော့ သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာအသွင်အပြင်ဖြစ်ပါတယ်။ ခွဲစိတ်ကုသမှုပြီးတာနဲ့ ချက်(Umbilicus) ဟာ သူ့နဂိုပုံသဏ္ဍာန်အနေအထားအတိုင်း ပြန်ချုံ့ဝင်သွားပါတယ်။ ဒါကြောင့် အနာကျက်သွားပြီဆိုတာနဲ့ မြင်သာတဲ့ အမာရွတ်လုံးဝ မကျန်တော့ပါဘူး။ သာမန်ကိရိယာသုံးခွဲစိတ်ကုသမှုရဲ့ တခြားအားသာချက်တွေနဲ့လည်း နှိုင်းယှဉ် လို့ရတဲ့ အချက်တွေအများကြီးရှိပါတယ်။

(၃) အစာအိမ်လမ်းကြောင်းထဲကိရိယာထည့်စစ်ဆေးခြင်းနှင့်ကိရိယာအသုံးပြုခွဲ စိတ်ကုသမှုကိုပေါင်းစပ်ထားသည့် နောက်ဆုံးပေါ်နည်းပညာ(NOTES)

Natural Orifice Transluminal Endoscopic Surgery (NOTES) လို့ခေါ်တဲ့ နည်းပညာဟာ အမာရွတ်မကျန်တဲ့ ခွဲစိတ်ကုသမှု တစ်ခုဖြစ်ပါတယ်။ ဒါဟာ ကိရိယာသုံးခွဲစိတ်ကုသမှုပုံစံတစ်ခုဖြစ်ပြီး သာမန်ကိရိယာသုံးခွဲစိတ်ကုသမှု ကို အဆင့်မြှင့်ထားတာဖြစ်ပါတယ်။ ဒါပေမယ့် မတူညီတာတစ်ခုကတော့ ခန္ဓာကိုယ် ရဲ့ သဘာဝအတိုင်း ဖြစ်တည်နေတဲ့အပေါက် (ဥပမာ - ပါးစပ်၊ စအို၊ မအင်္ဂါ စသည်) မှ တစ်ဆင့် ထည့်သွင်းရတာဖြစ်ပါတယ်။

လက်ရှိမှာ ဘေးကင်းလုံခြုံမှုအရှိဆုံးနဲ့ အများဆုံးလုပ်ဆောင်ဖြစ်ကြတဲ့ နည်းလမ်း ကတော့ မ အင်္ဂါ မှတစ်ဆင့် ထည့်သွင်းခြင်းဖြစ်ပါတယ်။ မ အင်္ဂါ မှ တစ်ဆင့် ထည့်သွင်းရာမှာ ပိုမိုကြည်လင်ပြတ်သားတဲ့ပုံရိပ် တစ်ခုကို ရရှိဖို့ အလွန်သေးငယ် တဲ့ ကင်မရာနဲ့ ကိရိယာများကို မွေးလမ်းကြောင်းအတိုင်းထည့်သွင်းပြီး ခွဲစိတ်ကု သမှုကိုလုပ်ဆောင်တာဖြစ်ပါတယ်။ ဒီနည်းပညာနဲ့ ခွဲစိတ်ကုသရာမှာ မွေးလမ်းကြောင်း ကိုအသုံးပြုလုပ်ဆောင် တာကြောင့် သိသိသာသာ အားသာချက်ကတော့ ဝမ်းဗိုက်အရာမှာ ခွဲစရာမလို တာကြောင့် မေ့ဆေးသုံးဖို့မလိုသလို အနာကျက်ဖို့ကိုလည်း ထည့်စဉ်းစား နေစ ရာမလိုပါဘူး။ ဗိုက်ကိုဖောက်ပြီးလုပ်ဆောင်ရတဲ့ ကိရိယာသုံးခွဲစိတ်ကုသမှု များနဲ့ယှဉ်မယ်ဆိုရင် ဒီနည်းပညာဟာ ခွဲစိတ်ကုသမှုအပြီးနောက် နာကျင်မှု ဟာလည်း ပိုပြီးနည်းပါတယ်။ ဒါ့အပြင် ခွဲစိတ်ကုသမှုအပြီး ပြန်လည်သက်သာ လာတဲ့ အချိန်ဟာလည်း ပိုမြန်ပါတယ်။

အမြင့်မားဆုံးနည်းပညာ အမြင့်မားဆုံးစောင့်ရှောက်ကုသမှုများနဲ့ Samitivej Intelligent Ward

ဆစ်မီတဝေ့ဆေးရုံရဲ့ အသစ်မိတ်ဆက်ထားတဲ့ အထိရောက်ဆုံးကျန်းမာရေး ဆက်သွယ်ဝန်ဆောင်မှုများ ပေးစွမ်းရာ Samitivej’s Intelligent Ward  ဟာ လူနာများအတွက် ဘေးကင်းလုံခြုံစေဖို့သာမက သက်သောင့်သက်သာဖြစ်မှု နဲ့ ကုသစောင့်ရှောက်မှုအတွက် ခေတ်မီနည်းပညာများကိုအသုံး ပြုထားပါတယ်။ ဒီနေရာကိုနိုပ်ပါ။ .

For Medical Inquiry

*ထည့်သွင်းရန်လိုအပ်သည်။

အမည် (FIRST NAME)*
အမည် (FIRST NAME)*
အမည် (LAST NAME)*
အမည် (LAST NAME)*
မေးခွန်းအမျိုးအစား*
မေးခွန်းအမျိုးအစား*
မေးခွန်း*
မေးခွန်း*
အဆင့်သတ်မှတ်ချက်

မှတ်ပုံတင်ပြီးသားလား။