IVM - အဆင့်မြင့် မျိုးပွားမှုနည်းပညာ

IVM - အဆင့်မြင့် မျိုးပွားမှုနည်းပညာ

IVM လို့ခေါ်တဲ့ In Vitro Maturation နည်းပညာဟာ သန္ဓေအောင်ဖို့ အခက်အခဲ ရှိသူများ ၊ ကလေးရယူရာမှာ ဘေးကင်းကျန်းမာြပီး အောင်မြင်မှုမြင့်မားချင်သူများ အတွက် ဖြေရှင်းပေးနိုင်တဲ့ နည်းပညာတစ်ခုပဲဖြစ်ပါတယ်။  ဘန်ကောက်မြို့မှာရှိတဲ့ ဆစ်မီတဝေ့ဆူခွန်ဗစ်ဆေးရုံဟာ ထိုင်းနိုင်ငံတစ်နိုင်ငံလုံးမှာ ဒီနည်းပညာကို ပထမဆုံး အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့တဲ့ ဆေးရုံဖြစ်ပါတယ်။

IVM ဆိုတာဘာလဲ?

နားလည်အောင်ပြောရမယ်ဆိုရင်တော့ ဒီနည်းပညာဟာ မျိုးဥများကိုပိုမို ထုတ်လုပ်ပေးပြီး ကိုယ်ဝန်ဆောင်နိုင်မှုနှုန်း မြင့်တက်စေဖို့  မျိုးဥကြွေ ခြင်းကို အားကောင်းစေတဲ့ ဟော်မုန်းဆေးထိုးခြင်းနည်းလမ်းနဲ့ ဟော်မုန်းများကို နှိုးဆွပေးတာ ဖြစ်ပါတယ်။ ဟော်မုန်းလှုံ့ဆော်မှုကြောင့် မျိုးဥများဟာ သူ့အလိုလို ရင့်သန်လာပါတယ်။ ရင့်သန်လာတဲ့ မျိုးဥများကို ခန္ဓာကိုယ် ထဲကနေထုတ်ယူပြီး သားအိမ်ထဲကိုထည့်သွင်းတာဖြစ်ပါတယ်။

IVM နည်းပညာဟာ ပုံမှန် ဖန်ပြွန်သန္ဓေသားနည်းလမ်းလို သန္ဓေအောင်စေဖို့ ဟော်မုန်းဆေးအနည်းငယ် ထိုးပြီး မျိုးဥလှုံ့ဆော်မှုကို ပေါင်းစပ်လိုက်ခြင်း မဟုတ်တဲ့ ကုသမှုနည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် လုပ်ဆောင်ရတဲ့ လုပ်ငန်းစဥ်များနဲ့ ဓာတ်ခွဲခန်းစမ်းသပ်စစ်ဆေးမှုများကတော့ အတူတူပဲဖြစ်ပါတယ်။ IVM ဟာ ဖန်ပြွန်သန္ဓေသား(IVF) မလုပ်ဆောင်ခင်မှာ လုပ်ရတဲ့ အဆင့်တစ်ခုဖြစ်ပါတယ်။ IVM မှာဆိုရင် မ မျိုးဥ များကို အစောပိုင်းအဆင့်မှာ ထုတ်ယူပြီး ဓာတ်ခွဲခန်းထဲမှာ ရင့်သန်စေတာဖြစ်ပါတယ်။ ကျန်တဲ့အဆင့်တွေကတော့ IVF နဲ့ အတူတူပဲဖြစ်ပါတယ်။

IVM နည်းလမ်းဟာ ကလေးမရနိုင်တဲ့ မိဘများအတွက် ရေပန်းစားတဲ့ ကုသမှုနည်းလမ်းတစ်ခုဖြစ်လာပြီး သာမန် သန္ဓေအောင်စေတဲ့ ကုသမှု နည်းလမ်း များနဲ့ယှဥ်ရင် ပိုမိုဘေးကင်းသလို ပိုပြီးထိရောက်မှုရှိပါတယ်။ ဒီနည်းလမ်းဟာ ဘေးထွက်ဆိုးကျိုးများကို လျှော့ချပေးပြီး တချို့ကျန်းမာရေးပြဿနာတွေ ရှိနေတဲ့ စုံတွဲများအတွက် ပိုပြီးသင့်လျော်ပါတယ်။

IVM နည်းလမ်းကိုဘယ်သူတွေလုပ်ဆောင်သင့်သလဲ ?

  • ဟော်မုန်းလှုံ့ဆော်မှုအပြီး နောက်ဆက်တွဲပြဿနာရှိသူများ

သမားရိုးကျ သန္ဓေအောင်စေရန်ကုသမှုနည်းလမ်းများဟာ ဟော်မုန်းလှုံ့ဆော်မှု လုပ်ဆောင်ဖို့လိုအပ်ပြီး Polycystic Ovary Syndrome (PCOS) နဲ့ Ovarian Hyperstimulation Syndrome (OHSS) လို့ခေါ်တဲ့ ပြဿနာတွေ ဖြစ်စေနိုင်ပါ တယ်။ PCOS ဟာ မ မျိုးဥအိမ်နဲ့ ၄င်းအထဲရှိ ဂလင်းများ (Follicles)များ ကြီးထွားလာတဲ့ အခြေအနေဖြစ်ကာ ဟော်မုန်းဆေးထိုးပြီးနောက် ဟော်မုန်းမညီမျှမှုနဲ့ မျိုးဥ အလွန်အကျွံ ထုတ်လုပ်မှုတွေ ဖြစ်လာနိုင်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး ဆစ်မီတဝေ့ဆေးရုံရဲ့ ဆရာဝန်ကြီးတစ်ဦးဖြစ်တဲ့ Dr. Boonsaeng Wutthiphan က ပြောကြားရာမှာ -
“ ပုံမှန်အားဖြင့် ကိုယ်ဝန်ဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုရင် မျိုးဥ (၁၂) လုံး ကနေ (၁၅) လုံးလောက် ရှိရပါမယ်။ ဒါပေမယ့် တစ်ခါတစ်လေမှာ အမျိုးသမီးလူနာမှာ  PCOS ဖြစ်ပြီးမျိုးဥ အလုံး(၂၀) ကနေ (၃၀) လောက်ထိ ရှိတတ်ပါတယ် ” လို့ ဆိုပါတယ်။

တခြားသော နောက်ဆက်တွဲပြဿနာများအနေနဲ့ OHSS လို အခြေအနေမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဟော်မုန်းလှုံ့ဆော်မှုများတဲ့အခါမှာ မျိုးဥတွေ အများကြီး ထွက်လာပြီး မျိုးဥအိမ် အတွင်းရှိ အရည်တွေဟာလည်း သွေးကြောများမှတစ်ဆင့် ခန္ဓာကိုယ်ထဲကို စီးဝင်စေပါတယ်။ နောက်ဆက်တွဲအဖြစ် အရည်တွေနဲ့ ပြည့်နှက် ဖောင်းကားလာပြီး ဝမ်းဗိုက်နဲ့ အဆုတ်မှာ အရည်တွေ စုပုံလာပါတော့တယ်။

တကယ်လို့ ဆရာဝန်များအနေနဲ့ ဒီလိုအခြေအနေကို စစ်ဆေးတွေ့ရှိတယ်ဆိုရင် ဗိုက်ထဲက အရည်တွေကို စုပ်ထုတ်လိုက်ပြီး သွေးကြေားထဲက ထွက်သွားတဲ့ နေရာတွေမှာ အစားပြန်ထိုးဖို့ အရည်အသစ်တွေကို ပြန်လည်ဖြည့်တင်းပေးပါတယ်။ လက္ခဏာများအနေနဲ့  ပျို့အန်ခြင်း ၊ အသက်ရှူမြန်ခြင်း ၊ ကိုယ်အလေးချိန်တိုးလာ ခြင်း၊ မ မျိုးဥအိမ်နာကျင်ပြီးရောင်ရမ်းခြင်း စတာတွေကို ခံစားရနိုင်ပါတယ်။

IVM နည်းလမ်းဟာ သာမန်ထက် မျိုးဥ နည်းပါးတဲ့ လူနာတွေအတွက်သာ သင့်လျော် ပါတယ်။ ကုသမှုမှာ ဟော်မုန်းလှုံ့ဆော်မှု မလိုအပ်သလို OHSS လိုအခြေအနေတွေ ဖြစ်ပွားခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။

  • မ မျိုးဥအိမ်တွင်းရှိဂလင်းများ  အနည်းငယ်မှအလယ်အလတ် တုန့်ပြန်မှုတစ်ကြိမ် ရှိသူ လူနာများ

IVM ဟာ ဟော်မုန်းကုသမှုကို မတုန့်ပြန်နိုင်တဲ့ လူနာများအတွက်လည်း အသုံးပြုလို့ ရပါတယ်။ လူနာဟာ ဟော်မုန်းလှုံ့ဆော်မှု လုပ်ဆောင်တဲ့အခါ မ မျိုးဥ ဆဲလ်တွေက တစ်ကြိမ်တုန့်ပြန်လိုက်ပေမယ့် ကြီးထွားမှုက တန့် သွားပါတယ်။ ဒီလို အခြေအနေ မျိုးမှာဆိုလည်း IVM ကို အသုံးပြုလို့ရပါတယ်။ ဒါ့အပြင် အမျိုးသမီးများ အနေနဲ့ ဆရာဝန်ဆီ ကိုယ်တိုင်လာရောက်ပြီး ကလေးမရနိုင်တဲ့ ပြဿနာအတွက် ထွက်ပေါက် တစ်ခုအနေနဲ့ IVM လုပ်ဆောင်ဖို့ တောင်းဆိုတာမျိုးလည်း ရှိတတ်ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် IVM နည်းပညာဟာ အကျိုးကျေးဇူး များသထက် ပိုများလာတယ်ဆိုတာ သိသာပါတယ်။

  • ဟော်မုန်းလှုံ့ဆောင်မှုရဲ့ဒဏ်ကိုမခံနိုင်တဲ့လူနာများ

IVM နည်းပညာဟာ သွေးပြန်ကြောအတွင်းပြင်းပြင်းထန်ထန်သွေးခဲခြင်း(ဥပမာ - ခြေထောက်သွေးပြန်ကြောမှာသွေးခဲခြင်း) ၊ ရင်သားကင်ဆာ လို ရောဂါများမှာ ဖြစ်သလိုမျိုး ဟော်မုန်းတုန့်ပြန်မှုဒဏ် မခံနိုင်သူများအတွက်လည်း ကုသလို့ရပါ တယ်။ ဒီလိုလူနာများအနေနဲ့ ဟော်မုန်းများဟာ သူတို့ရဲ့ ရောဂါလက္ခဏာ (သို့) သူတို့ခံစားနေရတဲ့ရောဂါအပေါ် ဆိုးကျိုးသက်ရောက်မှုရှိပြီး ပိုဆိုးလာမှာကို ကြောက်ရွံ့လေ့ရှိကြပါတယ်။ ဒါကြောင့် ဒီလိုအခြေအနေကိုရင်ဆိုင်နေရသူလူနာများ ဟာ ဆေးရုံကို ကိုယ်တိုင်လာရောက်ပြီး သန္ဓေအောင်စေဖို့ကုသရာမှာ IVM နည်းပညာကို အသုံးပြုဖို့ တောင်းဆိုလေ့ရှိကြပါတယ်။ ဒါဟာ အမျိုးသမီးများ အနေနဲ့ IVM နည်းပညာရဲ့ အရေးပါမှုကိုပိုမိုနားလည်သဘောပေါက်လာကြလို့ပဲ ဖြစ်ပါတယ်။

IVMရဲ့ လုပ်ဆောင်ပုံနဲ့အောင်မြင်မှုနှုန်း

IVM နဲ့ IVF လုပ်ဆောင်မှုရဲ့ ကွဲပြားမှုကတော့ မ မျိုးဥ ရင့်မှည့်အောင် လုပ်ဆောင်ချက် မတူညီတာပဲဖြစ်ပါတယ်။ IVF လုပ်ဆောင်မှုမှာ မျိုးအောင်စေပြီးမှ မ မျိုးဥ ကို သားအိမ်ထဲပြန်ထည့်လိုက်တာဖြစ်ပါတယ်။ IVM ကတော့ မ မျိုးဥ များကို မိခင်ခန္ဓာကိုယ်ပြင်ပ မှာ ရင့်မှည့်စေတာဖြစ်ပါတယ်။

IVM လုပ်ဆောင်မှုမှာ မိခင်ဖြစ်သူဟာ ဟော်မှုန်းနှိုးဆွမှု လုပ်ပေးဖို့မလိုအပ်ပါဘူး။ ဒါကြောင့် ဒီလို သားအိမ်အတွင်းလွှာဟာ မ မျိုးဥနဲ့ ကို ရင့်သန်အောင် ကူညီပေးဖို့ အရမ်းပါးလွန်းနေပါတယ်။ 

ဒီလိုအခြေအနေမှာ အမျိုးသမီး အီစထရိုဂျင်ဟော်မုန်းဆေးပေးပြီး သားအိမ်အတွင်း လွှာကို ထူလာအောင် လုပ်ဆောင်နိုင်ပါတယ်။ Dr. Boonsaeng ရဲ့ ပြောဆိုမှုအရ ဒီလုပ်ဆောင်မှုအတွက် အချိန်ယူရနိုင်ပြီး သားအိမ်က ပံ့ပိုးပေးနိုင်တဲ့အခြေအနေ ရောက်တဲ့အထိ  မ မျိုးဥ ကို အေးခဲထားရမယ် လို့ ဆိုပါတယ်။တစ်ခါတစ်လေမှာ ဟော်မုန်းနှိုးဆွမှု ကို တစ်စိတ်တစ်ပိုင်းသာ လုပ်ဆောင်ရပါတယ်။ မိခင် အနေနဲ့ မ မျိုးဥကို မထုတ်ယူခင်(၅) ရက်ထက်မပိုဘဲ ဟော်မှုန်းနှိုးဆွမှု ကို လုပ်ဆောင်ရပါမယ်။ ဒါဆိုရင် သားအိမ်နှိုးဆွမှုလွန်ကဲတဲ့ လက္ခဏာ များကိုလည်း ကာကွယ်ပြီးသားဖြစ်ပါတယ်။

မျိုးပွားခြင်းအထောက်အကူပြု နည်းပညာများအသုံးပြုပြီး သန္ဓေသားလောင်း အဆင့် ကနေ မွေးကင်းစကလေးငယ်ဖြစ်လာစေတဲ့ အောင်မြင်မှုနှုန်းဟာ (၂၀) ရာခိုင်နှုန်းရှိ တယ်လို့ Dr. Boonsaeng က ဆိုပါတယ်။ IVM နည်းပညာရဲ့ အောင်မြင်မှုနှုန်းဟာ (၁၂) ရာခိုင်နှုန်းပဲ ရှိပေမယ့် သန္ဓေသားလောင်းများကို သားအိမ်ထဲ ထည့်သွင်းရာမှာ ဘေးထွက်ဆိုးကျိုး အနည်းငယ်သာရှိပါတယ်။

ဒီလုပ်ဆောင်မှုရဲ့ အောင်မြင်မှုနှုန်းနဲ့ပတ်သက်ပြီး Dr. Boonsaeng က ရှင်းလင်း ပြောကြားရာမှာ - “ ဟော်မှုန်းနှိုးဆွမှုအပြည့်အဝရှိတဲ့ လူနာတွေဟာ အများအား ဖြင့် သန္ဓေသားလောင်းတစ်ခုသာရှိပါတယ်။ ဒါပေမယ့် IVM နည်းပညာအသုံးပြုတဲ့ သူတွေမှာတော့ သန္ဓေသားလောင်း (၂)ခု (သို့) (၃) ခု ရှိနိုင်ပြီး အောင်မြင်မှုနှုန်း ကလည်း (၃၀) ရာခိုင်နှုန်းလောက်ထိရှိပါတယ်။  ” လို့ ဆိုပါတယ်။

IVM လုပ်ဆောင်မှုအဆင့်ဆင့်

IVM လုပ်ဆောင်မှုမှာ အဆင့်များစွာပါဝင်ပြီး (၂)ပတ်ကျော်လောက် အချိန်ယူ လုပ်ဆောင်ရပါတယ်။

  • အစောပိုင်းအဆင့်မှာ မ မျိုးဥတွေကိုစုဆောင်းရပါတယ်။ ( မမျိုးဥ များ မရင့်မှည့်သေးသည့်အချိန်)
  • မရင့်မှည့်သေးတဲ့ မ မျိုးဥ တွေကို အထူးပြုလုပ်ထားတဲ့ ကြားခံနေရာ တစ်ခုမှာ ထားရှိပြီး ဓာတ်ခွဲခန်းထဲမှာ လုံလောက်ပြည့်ဝတဲ့အထိ ရင့်မှည့် စေပါတယ်။ ( ဟော်မုန်းလှုံ့ဆော်မှု မလုပ်နိုင်တဲ့လူနာများအတွက်)
  • တကယ်လို့ သုတ်ပိုးထဲမှာ မူမမှန်တာ တစ်ခုခုတွေ့ရှိရတယ်ဆိုရင် မမျိုးဥကို Intracytoplasmic Sperm Injection(ICSI) ခေါ် ထိုးဆေး တစ်မျိုးထိုးပြီး သန္ဓေအောင်မှု ကို လှုံ့ဆော်ပေးတဲ့ “Calcium Ionophore” နဲ့ ကုသရပါမယ်။ ဒီနည်းလမ်းဟာ သန္ဓေသားလောင်းရဲ့ အရည်အသွေးကို မြှင့်တင်ပေးပြီး ကိုယ်ဝန်ဆောင်နိုင်မှုနှုန်းကို ပိုမိုများပြားစေမှာြဖစ်ပါတယ်။
  • မမျိုးဥတွေ ရင့်မှည့်ပြီဆိုတာနဲ့ သုတ်ပိုးနဲ့အတူ ICSI ဆေးကို ထိုးပေးရပါ မယ်။
  • ဆေးထိုးထားတဲ့ မမျိုးဥများ ကို သန္ဓေသားလောင်းအဆင့် ရောက်စေဖို့ ရက်အနည်းငယ်ကြာအောင် မွေးမြူထားရပါမယ်။ (IVF နည်းလမ်းနှင့် အတူတူဖြစ်ပါသည်။)
  • သန္ဓေအောင်ပြီးနောက် (၂)ရက် - (၃)ရက် အကြာမှာ သန္ဓေသားလောင်း များကို မိခင်ရဲ့ သားအိမ်ထဲကို ပြန်လည်ထည့်သွင်းပါတယ်။(IVF နည်းလမ်းနှင့် အတူတူဖြစ်ပါသည်။)

IVM နည်းပညာဟာ ကုသမှုရဲ့ လိုအပ်ချက်အတိုင်းပြည့်မီအောင် အထောက်အပံ့ ပေးနိုင်ပြီး မ မျိုးဥ မထုတ်ယူခင်မှာ မည်သည့်ဆေးဝါး (သို့) ဟော်မုန်းလှုံ့ဆော်မှုမှ မလိုအပ်ပါဘူး။ နှစ်များစွာကြာခဲ့ပြီး ယခုအချိန်အထိ IVM နည်းပညာဟာ အောင်မြင်မှုမြင့်မားတဲ့ ကုသမှု အခြေအနေတစ်ခုကို စဥ်ဆက်မပြတ် ပေးစွမ်းထားနိုင်ပါတယ်။

ဆစ်မီတဝေ့ဆူခွန်ဗစ်ဆေးရုံမှာရရှိနိုင်တဲ့ IVM နည်းပညာရဲ့ဖွံ့ဖြိုးတိုးတက်မှု

လွန်ခဲ့တဲ့ (၇)နှစ် (၈) နှစ်လောက်က IVM နည်းပညာအသုံးပြုမှုဟာ သမားရိုး ကျအသုံးပြုမှု အဆင့်သာရှိပါသေးတယ်။ ဒါပေမယ့် ၂၀၁၆ ခုနှစ်မှာ ဆစ်မီတဝေ့ဆူခွန်ဗစ်ဆေးရုံဟာ IVM နည်းပညာကို Modulator IVM အဖြစ် ပြောင်းလဲပြီး နောက်ထပ်ခြေလှမ်း တစ်လှမ်း လှမ်းကာ မြှင့်တင်ခဲ့ပါတယ်။

IVM နည်းပညာရဲ့ အဆင့်မြင့်တိုးတက်လာမှုလို့ ဆိုရာမှာ မရင့်မှည့်သေးတဲ့ မ မျိုးဥများကို သားအိမ်ထဲမှ ထုတ်ယူလိုက်ပြီး ဓာတ်ခွဲခန်းထဲမှာထားပါတယ်။ ၄င်း မ မျိုးဥများကို ရင့်မှည့်လာစေဖို့အတွက် ဟော်မုန်းအနည်းငယ် ထိုးပြီး မွေးမြူပါတယ်။ ဒီလိုနည်းလမ်းအားဖြင့် သုတ်ပိုးဆေးထိုးခြင်းနဲ့ ရင့်မှည့်ပြီးသား မ မျိုးဥတွေ သန္ဓေမအောင်ခင်မှာ ပိုမိုကောင်းမွန်ပြီးပြည့်စုံစွာရင့်မှည့်ဖို့ အထောက်အကူပေးပါတယ်။

ဒါကြောင့် ၂၀၁၆ ခုနှစ်ဟာ ဆစ်မီတဝေ့ဆေးရုံအတွက် နောက်ထပ် ဂုဏ်ယူစရာနှစ် တစ်နှစ်ဖြစ်ခဲ့ပြီး  Modulator IVM ကို တရားဝင်အသုံးပြုကာ အောင်မြင်မှုတွေ ရရယူနိုင်ခဲ့ပါတယ်။ ကလေးရယူလိုတဲ့ စုံတွဲများရဲ့ အိပ်မက် ကို ဖြည့်ဆည်းပေးပြီး ယခင်ကထက် ပိုမို ရိုးရှင်းထိရောက်စွာ ကလေးရယူနိုင်ဖို့ ဆစ်မီတဝေ့ဆေးရုံအနေနဲ့ ရည်ရွယ်ထားပါတယ်။ 

Dr. Boonsaeng Wutthiphan ရဲ့ လူနာများထဲမှာ ထိုင်းနိုင်ငံသာမက နိုင်ငံခြားသား လူနာများပါ ပါဝင်ပါတယ်။ အဲဒီလူနာများဟာ သွေးပြန်ကြောသွေးခဲခြင်း နဲ့ ရင်သားကင်ဆာကုသမှု ခံယူပြီူသူများ ပါ ပါဝင်ပါတယ်။ အဲဒီလူနာများအတွက် IVM ဟာ အကောင်းဆုံးကုသမှုနည်းလမ်း ပဲ ဖြစ်ပါတယ်။ အမျိုးသမီးအီစထရိုဂျင်ဟော်မုန်းမြင့်မားမှု မရှိပေမယ့်လည်း လူနာရဲ့ ကျန်းမာရေးအခြေအနေဟာ နောက်တစ်ကြိမ်ပြန်လည်ဖြစ်ပွားလာနိုင် ခြေ အနည်းငယ်သာရှိပါတယ်။

To read the story of a couple who had undergone IVM treatment, click here. 

Photo Credit: bradfordst219 via Compfight cc

အဆင့်သတ်မှတ်ချက်

မှတ်ပုံတင်ပြီးသားလား။