ကိုယ်ဝန်ဆောင်ချိန်မှာစုံတွဲတွေအတူနေလို့ရလား?

ကိုယ်ဝန်ဆောင်ချိန်မှာစုံတွဲတွေအတူနေလို့ရလား?

မိခင်လောင်းများအနေနဲ့  ကိုယ်ဝန်ဆောင်နေစဥ် အတူနေခြင်း ဟာ မွေးလာမယ့် ကလေးကို အန္တရာယ်ဖြစ်စေမလား ဆိုတဲ့ စိုးရိမ်မှုမျိုး ရှိကောင်းရှိနိုင်ပါတယ်။ ဒါ့အပြင် မနက်မိုးလင်းတဲ့အချိန်မအီမသာဖြစ်နေခြင်းကလည်း လိင်စိတ်ကို အဟန့်အတားဖြစ်စေပြီး အမျိုးသမီးများအတွက် အတူမနေချင်တဲ့ ခံစားချက်ကို ခံစားရစေနိုင်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး မိခင်လောင်းများမှာ သံသယစိတ်တွေ ရှိကောင်းရှိနိုင်ပေမယ့် တကယ်တမ်း ကိုယ်ဝန်ဆောင်ချိန် ကနဦးကာလတွေမှာ အတူနေခြင်း ကိုကန့်သတ်ထားတဲ့ လက်တွေ့ အကြောင်းအရင်းတွေ မရှိပါဘူး။

ဒါပေမယ့်လည်း ကိုယ်ဝန်ဆောင်အမျိုးသမီးဟာ အမြွှာကိုယ်ဝန်ဆောင်ထားရတယ် ဆိုရင် (သို့) ကိုယ်ဝန်ပျက်ကျခြင်း ၊ အချင်းရှေ့ရောက်ခြင်း ၊ သွေးဆင်းခြင်း ၊ လ မစေ့ဘဲမွေးခြင်း ၊ Prostaglandinခေါ် ဟော်မုန်းတစ်မျိုးကြောင့် ခန္ဓာကိုယ်လုပ်ဆောင်မှုများကိုထိခိုက်ခြင်း ၊ သားအိမ်ဝမလုံခြင်း ကဲ့သို့ ကိုယ်ဝန်ပြဿနာတွေရှိတယ်ဆိုရင် တော့ အတူနေခြင်းဟာ ပြဿနာရှိလာ နိုင်ပါတယ်။ တကယ်လို့ ခင်ပွန်းဖြစ်သူဟာ လိင်ကနေတစ်ဆင့်ကူးစက်တတ်တဲ့ ရောဂါ ဖြစ်နိုင်ခြေ များတယ်ဆိုရင်လည်း အတူမနေဖို့ အကြံပြုချင်ပါတယ်။ နောက်တစ်ချက်က ဆရာဝန်က တားမြစ်ထားတဲ့ အခြေအနေမှာဆိုရင်လည်း အတူမနေသင့်ပါဘူး။

ကိုယ်ဝန်ဆောင်ချိန်မှာ အတူနေမယ်ဆိုရင် လိုက်နာရမယ့်အချက်လေးတွေ ရှိနေပါတယ်။ တကယ်လို့ ခန္ဓာကိုယ်အရွယ်အစား မကြီးလာသေးတဲ့ ကိုယ်ဝန် ဆောင် ကနဦးအချိန်ကာလများမှာ အတူနေမယ်ဆိုရင် အမျိုးသမီးအတွက် သက်သောင့်သက်သာဖြစ်မယ့် ကိုယ်နေဟန်ထားပုံစံကို ရွေးချယ်ဖို့လိုပါမယ်။ ကိုယ်ဝန်ကလည်းရင့်လာပြီး ခန္ဓာကိုယ်အရွယ်အစားကြီးမားလာတဲ့အချိန်မှာ အတူနေမယ်ဆိုရင် သင့်လျော်တဲ့ ကိုယ်နေဟန်ထားပုံစံတချို့ရှိပါတယ်။ အမျိုးသမီး ကို ဘေးတစောင်းလှဲအိပ်စေပြီး အမျိုးသားက နောက်က ပွေ့ဖက်တဲ့ အနေအထားနဲ့ နေနိုင်ပါတယ်။ နောက်တစ်မျိုးကတော့ WOT (သို့) Woman on Top လို့ခေါ်တဲ့ ပုံစံအနေအထား ဖြစ်ပါတယ်။ အမျိုးသားကို သက်သောင့်သက်သာဖြစ်တဲ့ ထိုင်ခုံတစ်ခုမှာ ထိုင်စေကာ အမျိုးသမီးက အပေါ်မှ ခွ ထိုင်ပြီး အတူနေတဲ့ပုံစံဖြစ်ပါတယ်။ အမျိုးသားက အပေါ်က နေ ခွထိုင်တဲ့ ပုံစံ အနေအထားကို အထူးရှောင်ကျဥ်ရမှာဖြစ်ပါတယ်။

အတူနေတယ်ဆိုတာဟာ အမျိုးသား အမျိုးသမီး နှစ်ဦးနှစ်ဖက် သဘောတူညီမှု ရှိဖို့ လိုအပ်ပါတယ်။ တကယ်လို့ ကိုယ်ဝန်ဆောင်အမျိုးသမီးဟာ စိတ်ပိုင်းအရရော ရုပ်ပိုင်း အရပါ သက်သောင့်သက်သာမဖြစ်နေဘူးဆိုရင် အတူနေဖို့ကို ငြင်းဆန်ခွင့် ရှိရပါမယ်။ ဒီလိုအခြေအနေမှာ အိမ်ထောင်ဖက်အမျိုးသားဟာလည်း ကိုယ့်အမျိုးသမီးအပေါ် နားလည်မှုအပြည့်ပေးပြီး သူမရဲ့ ခံစားမှုနဲ့ သက်သောင့်သက်သာဖြစ်မှုကို ဦးစားပေး စဥ်းစားဖို့လိုအပ်ပါတယ်။

Photo Credit: lauraflorcar via Compfight cc

အဆင့်သတ်မှတ်ချက်

မှတ်ပုံတင်ပြီးသားလား။