နိဒါန်း
နှလုံးရောဂါသည် မျိုးရိုးလိုက်တတ်ပါသလား။ နှလုံးသွေးကြောဆိုင်ရာရောဂါရာဇဝင်ရှိတဲ့ မိသားစုတွေအတွက် နှလုံးကျန်းမာရေးကို လွှမ်းမိုးနေတဲ့ မျိုးရိုးဗီဇဆိုင်ရာ အကြောင်းအရာတွေကို နားလည်ထားဖို့ အလွန်အရေးကြီး ပါတယ်။ ဒီဆောင်းပါးမှာ မျိုးရိုးလိုက်တတ်တဲ့နှလုံးရောဂါအမျိုးအစားတွေ၊ မျိုးရိုးဗီဇ စစ်ဆေးခြင်းဆိုင်ရာ ရွေးချယ်မှုများ နဲ့ မျိုးရိုးဗီဇဆိုင်ရာ ဖြစ်နိုင်ခြေတွေကို လျစ်လျူရှုထားမိတာကြောင့် ဖြစ်လာနိုင်တဲ့ သက်ရောက်မှု များအကြောင်း စတဲ့ မသိမဖြစ် သိအပ်တဲ့ အရေးကြီး အချက်အလက်တွေကို ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။
နှလုံးရောဂါဆိုတာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် မွေးရာပါ နှလုံးရောဂါတွေ မှာတော့ မျိုးရိုးဗီဇ သည် အရေးပါသော အခန်းကဏ္ဍမှာ ပါဝင်လျက်ရှိပါတယ်။ တချို့ရောဂါအခြေအနေ တွေဟာ မွေးကတည်းက ပါလာတာ ဖြစ်နိုင်သလို တချို့ကျတော့လည်း နောက်ပိုင်း အသက်အရွယ်တွေ ကျမှ ဖြစ်လာတာမျိုးလည်း ရှိပါတယ်။ သိသာထင်ရှားတဲ့ မျိုးရိုးလိုက်နှလုံးရောဂါတွေကတော့
ဆက်စပ်နေသော မျိုးရိုးဗီဇများ
အောက်ဖော်ပြပါ နှလုံးရောဂါတွေဟာ တိကျတဲ့ မျိုးရိုးဗီဇတွေနဲ့ ဆက်စပ်နေတာကို တွေ့ရပါတယ်။
မျိုးရိုးဗီဇဆိုင်ရာ နှလုံးရောဂါဖြစ်နိုင်ချေများကို ဆက်ခံနိုင်ခြေအများဆုံးရှိသူတွေကတော့
မျိုးရိုးဗီဇ စစ်ဆေးခြင်းမှာ အဓိကအားဖြင့် အမျိုးအစား နှစ်မျိုးရှိပါတယ်။
ယေဘုယျအားဖြင့် တချို့ရောဂါတွေဖြစ်လာနိုင်ခြေရှိကြောင်းကို မျိုးရိုးဗီဇစစ်ဆေးခြင်းကတစ်ဆင့် တွေ့ရှိရ တဲ့အခါ အဲဒီဖြစ်နိုင်ခြေကို ပိုမိုအားကောင်းလာစေတဲ့ အခြားသော အကြောင်းတရားတွေကို ပြောင်းလဲပြင်ဆင် ပေးနိုင်ဖို့ အကြံပြုကြလေ့ရှိပါတယ်။ စစ်ဆေးမှုကနေ ထွက်လာတဲ့ရလဒ်တွေကို အဓိပ္ပာယ်ဖွင့်ဆိုပေးတဲ့ ကျွမ်းကျင် ဆရာဝန်တွေကလည်း မျိုးရိုးဗီဇဆိုင်ရာ ကွဲလွဲမှုများ နဲ့ ဆက်စပ်နေတဲ့ အခြားရောဂါများ ရှိ၊ မရှိ ဆုံးဖြတ်နိုင်ဖို့ နောက်ထပ် စစ်ဆေးမှုတွေ ဆက်လုပ်ဖို့ အကြံပေးတတ်ကြပါတယ်။
မျိုးရိုးဗီဇမူမမှန်မှုရှိနေပြီး လက်ထပ်ဖို့စီစဉ်နေတဲ့ စုံတွဲတွေဟာ ကိုယ်ဝန်မဆောင်မီမှာ မျိုးရိုးဗီဇ စစ်ဆေးမှုကို ပြုလုပ်သင့်ပါတယ်။ မျိုးရိုးဗီဇ ချွတ်ယွင်းမှုကင်းစင်တဲ့ သန္ဓေသားလောင်းတွေကို ရွေးချယ်ပေးနိုင်တဲ့ မျိုးပွား နည်းပညာတွေလည်း ရှိနေပြီဖြစ်ပါတယ်။ သည်နည်းလမ်းတွေကို သုံးပြီး ကျန်းမာစွာရှင်သန်နိုင်တဲ့ သန္ဓေ သားလောင်းတွေကို သားအိမ်အတွင်း ထည့်သွင်းပေးနိုင်တာမို့ ကျန်းမာသောသန္ဓေသားရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို ကောင်းစွာ မြှင့်တင်ပေးနိုင်ပါတယ်။
ပုံမှန်မျိုးရိုးဗီဇရှိသူတွေမှာ အများအားဖြင့် အသက်အရွယ်ကြီးရင့်ခြင်း၊ နေထိုင်မှုပုံစံနဲ့ အရင်းခံရောဂါများ စတဲ့ အချက်တွေကြောင့်သာ နှလုံးရောဂါဖြစ်နိုင်ခြေကို ရင်ဆိုင်ရလေ့ရှိပါတယ်။ မူမမှန်မျိုးရိုးဗီဇ ရှိသူတွေမှာတော့ သည်ဖြစ်နိုင်ခြေတွေကို ပိုမိုရင်ဆိုင်ရတတ်ပြီး အကြောင်းရင်းသေးသေးလေးကနေတစ်ဆင့်တောင် ရောဂါ လက္ခဏာတွေ ပေါ်ပေါက်လာစေနိုင်ပါတယ်။ သည်လိုလူမျိုးတွေမှာ နှလုံးရောဂါဟာ ငယ်ငယ်ကတည်းက ဖြစ်နေလေ့ရှိပြီး ရောဂါရဲ့ အတိမ်အနက်ကလည်း ဖြစ်ပေါ်စေတဲ့ အကြောင်းရင်းတွေပေါ်မှာသာ သီးသန့် အခြေခံ နေတာမျိုး မဟုတ်ပါဘူး။ ဒါကြောင့် မူမမှန်မျိုးရိုးဗီဇရှိသူတွေကို ငယ်ငယ်ကတည်းက စစ်ဆေးမှုတွေ ပြုလုပ် ထားသင့်ကြောင်း အကြံပြုထားပြီး၊ ကုသမှုနဲ့ ကာကွယ်ရေးနည်းလမ်းများသည်လည်း ရောဂါအမျိုးအစားနဲ့ အတိမ်အနက်အပေါ် မူတည်ပြီး အပြောင်းအလဲတွေ ရှိမှာ ဖြစ်ပါတယ်။
အချုပ်အားဖြင့် နှလုံးရောဂါရဲ့ မျိုးရိုးလိုက်တတ်တဲ့သဘောသဘာဝ ကို နားလည်ထားခြင်းသည် နှလုံးသွေးကြော ဆိုင်ရာ ရောဂါရာဇဝင်ရှိတဲ့ မိသားစုတွေအတွက် အလွန်အရေးကြီးပါတယ်။ မျိုးရိုးဗီဇကို အချိန်မီစစ်ဆေးခြင်း ဖြင့် စောစီးစွာ ရှာဖွေတွေ့ရှိရန်၊ ကာကွယ်ရန် နဲ့ မိသားစုစီမံကိန်း ရေးဆွဲရာတွင် အသိပေးဆုံးဖြတ်နိုင်ရန် အဖိုးတန်တဲ့ အချက်အလက်တွေကို ရရှိနိုင်ပါတယ်။ မျိုးရိုးဗီဇဆိုင်ရာ ဖြစ်နိုင်ခြေများကို သတိပြုမိခြင်းအားဖြင့် နှလုံးကျန်းမာရေးကို မြှင့်တင်ပေးနိုင်မှာဖြစ်ပြီး အသက်တွေကိုလည်း ကယ်တင်နိုင်မှာ ဖြစ်ပါတယ်။
နှလုံးရောဂါ ဖြစ်ပွားလာစေနိုင်သော အကြောင်းအရင်းများ
ပုံမှန်မျိုးရိုးဗီဇ ရှိသူများ- ပုံမှန်မျိုးရိုးဗီဇရှိတဲ့လူတွေမှာ အသက်အရွယ်ကြီးရင့်ခြင်း၊ အချို့သော ကူးစက်ရောဂါများ၊ နေထိုင်မှုအမူအကျင့် များ၊ အစားအသောက် ရွေးချယ်မှုများ၊ အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အခြားသော အရင်းခံ ရောဂါအခြေအနေများ စတာတွေကြောင့် နှလုံးရောဂါ ဖြစ်လာလေ့ ရှိပါတယ်။
နှလုံးရောဂါများ စတင်ဖြစ်ပွားတတ်တဲ့ အသက်အရွယ်
နှလုံးရောဂါများ၏ ပြင်းထန်မှု
နှလုံး စစ်ဆေးမှု၏ အကြိမ်ရေနဲ့ အသက်အရွယ်
ကုသမှု ချဉ်းကပ်ပုံများ
ကာကွယ်ရေး နည်းလမ်းများ
မူမမှန်မျိုးရိုးဗီဇ ရှိသူများ - မူမမှန်မျိုးရိုးဗီဇရှိသူတွေအတွက်ကတော့ ပုံမှန်ကာကွယ်ရေး နည်းလမ်းများ အပြင်၊ ရောဂါအတိမ်အနက်အလိုက် ရုတ်တရက် နှလုံးရပ်တန့်ခြင်း နဲ့ အသက်ဆုံးရှုံးခြင်းတို့မှ ကာကွယ်နိုင်ဖို့ နှလုံးအထောက်အကူပြုကိရိယာတွေ တပ်ဆင်ဖို့ ကိုလည်း ကျန်းမာရေး စောင့်ရှောက်သူများက အကြံပြုပေးကြ ပါလိမ့်မယ်။