ကာလရှည်ဖြစ်ပွားခဲ့တဲ့ ကပ်ရောဂါနဲ့ နောက်ဆက်တွဲ ကန့်သတ်သီးခြားနေကြရတဲ့ လော့ဒေါင်းအချိန်တွေ ပြီးဆုံးလို့ ပုံမှန်အတိုင်း သွားလာခွင့်ရ၊ ကျောင်းတွေလည်းပြန်ဖွင့်၊ လူစုလူဝေးနဲ့ ပညာသင်ကြားရတဲ့ အခြေအနေကို ပြန်ရောက်လာတဲ့အတွက် ကလေးတွေကြားမှာလည်း အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ အပါအဝင် ကူးစက်ရောဂါတွေ ပြန်လည်ခေါင်းထောင်လာပြန်ပါတယ်။ ကျောင်း၊ ကစားကွင်း၊ စားသောက်ဆိုင်၊ ကဖေးဆိုင်တွေမှာ ပြန်ပြီး စည်ကားလာတာနဲ့အတူ ရောဂါ ကူးစက်ပြန့်ပွားမှုနှုန်းတွေလည်း တိုးမြင့်လို့ လာပါတော့တယ်။
အထူးသဖြင့်
ဒီနှစ်ပိုင်းတွေမှာ သွေးလွန်တုပ်ကွေးကြောင့် ကလေးတွေရော လူကြီးတွေပါ အသက်ဆုံးရှုံးခဲ့ရတယ် ဆိုတာ မှတ်တမ်းတွေအရ သိရပါတယ်။ သွေးလွန်တုပ်ကွေးဟာ သွေးလွန်တုပ်ကွေးဗိုင်းရပ်စ်ပိုးပါတဲ့ ခြင် အကိုက်ခံရတာကတစ်ဆင့် ကူးစက်တတ်တာ ဖြစ်ပါတယ်။ အပူပိုင်းဒေသတွေမှာ အဖြစ်များပြီး မိုးတွင်းကာလ တွေမှာ ပိုပြီး ဖြစ်ပွားတတ်ပါတယ်။ ရောဂါလက္ခဏာတွေကတော့ ဖျားနေတာကို သတိမထားမိတဲ့ အဆင့်ကနေ အပြင်းဖျားလာတာ၊ ခေါင်းကိုက်တာ၊ ကြွက်သားတွေ နာကျင်တာ၊ ပျို့အန်တာတွေအထိ ဖြစ်နိုင်သလို၊ ချက်ချင်း မကုသရင် အသက်အန္တရာယ်ကိုပါ ထိခိုက်နိုင်ပါတယ်။ နောက်ပြီးတော့ ရောဂါက ပျော့မလား၊ ပြင်းထန်လာမလားဆိုတာကို ကြိုတင်ခန့်မှန်းဖို့ကလည်း ခက်ခဲပါတယ်။
DENV-1, DENV-2, DENV-3, နဲ့ DENV-4 တို့ ရှိပါတယ်။ ဒီရောဂါကို ဗိုင်းရပ်စ်ပိုး ရှိနေတဲ့ ခြင်၊ အထူးသဖြင့် ခြင်မဖြစ်တဲ့ အေးဒီစ်ခြင်မက ကိုက်ခြင်းဖြင့် ကူးစက်ပါတယ်။ သွေးလွန်တုပ်ကွေးပိုး ရှိနေပြီး ရောဂါလက္ခဏာ မပြသေးတဲ့အချိန်အတွင်းမှာ အဲဒီလူရဲ့ သွေးကို ဒီခြင်က စုပ်ယူပြီးတဲ့နောက် တခြားလူတွေကို ပြန်ကိုက်တဲ့အခါ ဗိုင်းရပ်စ်ပိုးဟာ အကိုက်ခံရသူရဲ့ သွေးထဲကို ဝင်ရောက်ပြီး ရောဂါကူးစက်သွားတာပဲ ဖြစ်ပါတယ်။
ဒါ့အပြင် ဗိုင်းရပ်စ်ပိုးရဲ့ အမျိုးအစားလေးမျိုးစလုံးဟာ တစ်နှစ်ပြီးတစ်နှစ် အလှည့်ကျ ကူးစက်တတ်တာ ကြောင့် လူတစ်ဦးတည်းမှာပဲ အကြိမ်ကြိမ် ကူးစက်နိုင်ပါတယ်။ ပထမတစ်ကြိမ် ကူးစက်ခဲ့တဲ့ ဗိုင်းရပ်စ် အမျိုးအစားနဲ့ မတူတဲ့ ဒုတိယအကြိမ် ကူးစက်မှုမျိုးဆိုရင် ရောဂါလက္ခဏာတွေက ပိုမိုပြင်းထန် နိုင်ပါတယ်။ သွေးလွန်တုပ်ကွေးရောဂါ လက္ခဏာတွေကို အဆင့် (၃) ဆင့် ခွဲခြားနိုင်ပါတယ်။
ဆရာဝန်က သွေးလွန်တုပ်ကွေးလို့ အတည်ပြုပြီးတာနဲ့ သွေးလန့်ခြင်း မဖြစ်အောင် ကာကွယ်ဖို့နဲ့ ရောဂါပိုးဝင်ရောက်ထားတဲ့ လူနာရဲ့ ခန္ဓာကိုယ်ကို အမြန်ဆုံး ပုံမှန်အခြေအနေ ပြန်ရောက်အောင် ကုသပေးရပါတယ်။ ဒီကုသမှုတွေထဲမှာ အောက်ပါအချက်တွေ ပါဝင်ပါတယ်။
တုပ်ကွေးဟာ တုပ်ကွေးဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတစ်ခု ဖြစ်ပါတယ်။ ဒီရောဂါဟာ အပျော့စား လက္ခဏာတွေကနေစပြီး အဆုတ်ရောင်ခြင်းအပါအဝင် ပြင်းထန်တဲ့ ရောဂါအခြေအနေတွေအထိ ဖြစ်ပွားနိုင်ပါတယ်။ ဖြစ်ပွားပုံကတော့ ကိုယ်ခံအားစနစ်နဲ့ တုပ်ကွေး ကာကွယ်ဆေး ထိုးထားခြင်း ရှိမရှိအပေါ်မှာ မူတည်ပါတယ်။ တုပ်ကွေးရောဂါကို ဗိုင်းရပ်စ်ပိုးအမျိုးအစား အလိုက် ခွဲခြားထားပြီး ထိုင်းနိုင်ငံမှာ အဓိက အဖြစ်အများဆုံး တုပ်ကွေးဗိုင်းရပ်စ် (၃) မျိုးကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
တုပ်ကွေးဗိုင်းရပ်စ် အမျိုးအစား A၊ B၊ C တို့အားလုံးဟာ အေးမြပြီး စိုထိုင်းဆရှိတဲ့ ရာသီဥတုအခြေအနေ မျိုးမှာ ပိုမိုရှင်သန်လေ့ရှိပါတယ်။ ဒါ့အပြင် ဒီဗိုင်းရပ်စ်ပိုးတွေဟာ ချွဲသလိပ်၊ နှာရည်၊ တံတွေး၊ ချွေးစတဲ့ ခန္ဓာကိုယ်ရဲ့ အရည်တွေထဲမှာလည်း တွေ့ရှိရပါတယ်။
တုပ်ကွေးဗိုင်းရပ်စ် ကူးစက်ခံရပြီးနောက် ၁ ရက်ကနေ ၄ ရက်အထိ ရောဂါလက္ခဏာမပြဘဲ ပိုးပေါက်ဖွား နေတဲ့ ကာလရှိပါတယ်။ ဒီကာလပြီးတဲ့အခါ အောက်ပါ လက္ခဏာတွေထဲက တစ်ခုခု ခံစားရနိုင်ပါတယ်။
တုပ်ကွေးရောဂါသည် လူနာတစ်ဦးနှင့်တစ်ဦး ရောဂါလက္ခဏာ ပြင်းထန်ပုံ မတူညီနိုင်ပါ။ ရောဂါပြင်းထန်သူတွေ၊ အခြားရောဂါတခုခု ရှိနေပြီးသားကြောင့် နောက်ဆက်တွဲ ပြဿနာတွေဖြစ်လာနိုင် သူမျိုးတွေဟာ ဆေးကုသမှု အမြန်ဆုံး ခံယူဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် အောက်ပါလက္ခဏာများ ခံစားရပါက ဆေးကုသမှု ချက်ချင်း ခံယူသင့်ပါတယ်။
တုပ်ကွေးရောဂါအတွက် ကုသမှုဟာ အထူးသဖြင့် ရောဂါလက္ခဏာ သက်သာသူတွေ ဒါမှမဟုတ် နောက်ဆက်တွဲ ပြဿနာ မရှိသူတွေအတွက် အောက်ပါအတိုင်း ဖြစ်လေ့ရှိပါတယ်။
RSV ရဲ့ အရှည်ကောက်ကတော့ Respiratory Syncytial Virus အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ပိုးဝင်ခြင်း ဖြစ်ပြီး၊ ဗိုင်းရပ်စ်အမျိုးအစား A နဲ့ B နှစ်မျိုး ရှိပါတယ်။ ဒီဗိုင်းရပ်စ်ပိုးဟာ တစ်ကမ္ဘာလုံးက ကလေးငယ်တွေမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ဖြစ်စေတတ်ပြီး၊ အထူးသဖြင့် အသက် ၃ နှစ်အောက် ကလေးငယ်တွေမှာ ပိုပြီး အဖြစ်များပါတယ်။ RSV ရောဂါဟာ မိုးရာသီဖြစ်တဲ့ ဇူလိုင်လကနေ စက်တင်ဘာလအထိ ကာလအတွင်းမှာ ပိုပြီး ဖြစ်ပွားတတ်ပေမဲ့ ကလေးတွေမှာ တစ်နှစ်ပတ်လုံးလည်း ကူးစက်နိုင်ပါတယ်။
RSV ပြန်လည်သက်သာလာဖို့အတွက် ၁ ပတ်ကနေ ၂ ပတ်အထိ အချိန်ယူရလေ့ ရှိပါတယ်။ ဒီဗိုင်းရပ်စ်ပိုးဟာ အပျော့စား အအေးမိလက္ခဏာတွေကနေ အသက်အန္တရာယ်ကို ခြိမ်းခြောက် နိုင်တဲ့ ပြင်းထန်တဲ့ အဆုတ်ရောင်ရောဂါအထိ ဖြစ်ပွားစေနိုင်ပါတယ်။ ကိုယ်ခံအားနည်းတဲ့ သူတွေမှာလည်း ရောဂါပြန်လည်ဖြစ်ပွားနိုင်တဲ့ အန္တရာယ် ရှိပါတယ်။ ကလေးငယ်တွေမှာ ဖြစ်တဲ့ အာအက်စ်ဗွီ ရောဂါ အများစုဟာ အဖျားနည်းနည်းရှိခြင်း၊ နှာစေးခြင်းနဲ့ ချောင်းဆိုးခြင်း စတဲ့ သာမန် အအေးမိလက္ခဏာတွေနဲ့ စတင်ပါတယ်။ နောက်ပိုင်းမှာ ရောဂါလက္ခဏာတွေ ပိုပြီးဆိုးရွားလာနိုင်ကာ အောက်ပါလက္ခဏာတွေလည်း တွဲပြီး ဖြစ်ပွားနိုင်ပါတယ်။
အသက် ၂ နှစ်အောက် ကလေးငယ်တွေမှာ အောက်ပါလက္ခဏာတွေ ဖြစ်လာရင် ဆရာဝန်နဲ့ ချက်ချင်း ပြသပြီး ဆေးကုသမှု ခံယူသင့်ပါတယ်။
လက်၊ ခြေ၊ ပါးစပ်နာရောဂါ (HFMD) ဟာ enterovirus အမျိုးအစား ဗိုင်းရပ်စ်ပိုးတွေကြောင့် ဖြစ်ပွားရတာ ဖြစ်ပြီး၊ အများအားဖြင့် coxsackievirus နဲ့ enterovirus 71 (EV71) တို့ ပါဝင်ပါတယ်။ ဒီရောဂါဟာ ထိုင်းနိုင်ငံရဲ့ မိုးရာသီကာလအတွင်းမှာ အဖြစ်များပြီး အဓိကအားဖြင့် အသက် ၅ နှစ်အောက် ကလေးငယ် တွေကို ကူးစက်တတ်ပါတယ်။ ရောဂါလက္ခဏာတွေဟာ အများအားဖြင့် အပျော့စားပဲဖြစ်ပြီး ၇ ရက်ကနေ ၁၀ ရက်အတွင်းမှာ သူ့အလိုလို ပြန်လည်သက်သာသွားနိုင်ပါတယ်။ ဒါပေမယ့် ရှားရှားပါးပါး အခြေအနေ တွေမှာတော့ ပြင်းထန်တဲ့ နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်ပွားပြီး အသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင် ပါတယ်။
လက်၊ ခြေ၊ ပါးစပ်နာရောဂါရဲ့ နောက်ဆက်တွဲ ပြဿနာတွေဟာ ပြင်းထန်ပြီး အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒါ့ကြောင့် အောက်ပါလက္ခဏာတွေ ဖြစ်လာရင် အမြန်ဆုံး ဆေးကုသမှု ခံယူဖို့နဲ့ ရောဂါလက္ခဏာတွေကို အထူးဂရုပြု စောင့်ကြည့်ဖို့ အရေးကြီးပါတယ်။
လက်ရှိအချိန်မှာ လက်၊ ခြေ၊ ပါးစပ်နာရောဂါကို ကုသရာမှာ အဓိကအားဖြင့် လက္ခဏာတွေကို သက်သာအောင် ကုသပေးရပါတယ်။
လက်၊ ခြေ၊ ပါးစပ်ရောဂါဟာ ရောဂါရှိသူရဲ့ မစင်၊ အရည်ကြည်ဖုထဲက အရည်တွေ၊ အသက်ရှူလမ်းကြောင်း က ထွက်လာတဲ့ အမှုန်အမွှားတွေနဲ့ တံတွေးတို့ကနေတစ်ဆင့် ကူးစက်တတ်ပါတယ်။ ဒါ့ကြောင့် ဒီရောဂါကို ကာကွယ်ဖို့အတွက် တစ်ကိုယ်ရည်သန့်ရှင်းရေး အခြေခံမူတွေကို လိုက်နာဖို့ အကောင်းဆုံးနည်းလမ်းပဲ ဖြစ်ပါတယ်။
နိုရိုဗိုင်းရပ်စ်ဟာ အစာအိမ်ရောင်ရမ်းခြင်းကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်တစ်မျိုး ဖြစ်ပါတယ်။ ဒီဗိုင်းရပ်စ်ဟာ အပူ၊ ပိုးသတ်ဆေးအမျိုးမျိုးနဲ့ အရက်ပြန်ကိုပင် ခံနိုင်ရည်ရှိပြီး၊ အလွယ်တကူနဲ့ လျင်မြန်စွာ ပျံ့နှံ့တတ်ပါတယ်။ အများအားဖြင့် ရောဂါပိုးရှိတဲ့ အစားအစာနဲ့ အရည်များကနေတစ်ဆင့် ကူးစက်တတ်ပါတယ်။ ဒီရောဂါဟာ ကလေးတွေမှာ တစ်နှစ်ပတ်လုံး ဖြစ်နိုင်ပေမဲ့၊ အထူးသဖြင့် ဆောင်းတွင်းမှာ ပိုပြီး ဖြစ်ပွားလေ့ရှိပါတယ်။ ရောဂါကူးစက်ခံရတဲ့ ကလေးတွေဟာ ပြင်းထန်တဲ့ ဝမ်းလျှောခြင်း၊ ပျို့အန်ခြင်းနဲ့ အဆက်မပြတ်အန်ခြင်းတို့ ဖြစ်တတ်ပြီး၊ ပြင်းထန်တဲ့အခြေအနေတွေမှာ အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်ပါတယ်။
နိုရိုဗိုင်းရပ်စ်ဟာ အများအားဖြင့် အူသိမ်ဦးပိုင်းမှာ ၂၄ နာရီကနေ ၄၈ နာရီအထိ ရှိနေနိုင်ပြီး၊ အောက်ပါလက္ခဏာများစွာကို ပြသနိုင်ပါတယ်။
ကုသမှု - လက်ရှိအချိန်မှာ နိုရိုဗိုင်းရပ်စ်အတွက် သီးခြားကုသဆေး မရှိသေးပါဘူး။ ရောဂါလက္ခဏာတွေဟာ ၃ ရက်ကနေ ၄ ရက်အတွင်းမှာ အောက်ပါအတိုင်း ပံ့ပိုးကူညီမှုတွေနဲ့ တဖြည်းဖြည်း သက်သာလာနိုင်ပါတယ်။
ကာကွယ်ခြင်း - ဒီရောဂါဟာ လွယ်ကူလျင်မြန်စွာ ကူးစက်တတ်တာကြောင့် ကာကွယ်ခြင်းက အရေးကြီးပါတယ်။ ဗိုင်းရပ်စ်ပိုး ပျံ့နှံ့မှုကို တားဆီးဖို့အတွက် အောက်ပါနည်းလမ်းတွေကို ပြုလုပ်နိုင်ပါတယ်။
အာပန်ဂျီနာ (Herpangina) ပါးစပ်နာအဖျားရောဂါဟာ လက်၊ ခြေ၊ ပါးစပ်နာရောဂါကို ဖြစ်စေတဲ့ enterovirus အုပ်စုထဲက ဗိုင်းရပ်စ်ပိုးအမျိုးအစားတူကြောင့် ဖြစ်ပွားရတာ ဖြစ်ပါတယ်။ ဒါပေမယ့် ရောဂါလက္ခဏာတွေ မတူညီဘဲ ပါးစပ်ထဲမှာသာ အနာတွေ ဖြစ်ပေါ်စေပါတယ်။ ရောဂါပိုးဝင်ပြီးနောက် ၄ ရက်ကနေ ၁၄ ရက်အတွင်း (ရောဂါအစပျိုးကာလ) မှာ လက္ခဏာတွေ စတင်ပြတတ်ပါတယ်။ ရောဂါရှိသူဟာ ရောဂါစဖြစ်တဲ့ နေ့ကနေစပြီး ပြန်လည်သက်သာတဲ့ ၁ ပတ်ကနေ ၂ ပတ်အထိ ရောဂါပိုးကို ပျံ့နှံ့စေနိုင်ပါတယ်။ ကူးစက်မှုကတော့ နှာရည်၊ ချောင်းဆိုးခြင်းနဲ့ နှာချေခြင်းတို့ကနေတစ်ဆင့် ဖြစ်ပွားပါတယ်။
ကုသမှု - လက်ရှိအချိန်မှာ အာပန်ဂျီနာ ပါးစပ်နာအဖျားရောဂါအတွက် သီးသန့်ကုသဆေး မရှိသေးပါဘူး။ ဒါကြောင့် ကုသမှုကို အဓိကအားဖြင့် လက္ခဏာတွေ သက်သာအောင် လုပ်ဆောင်ပေးရတာဖြစ်ပြီး၊ အောက်ပါအတိုင်း ဖြစ်ပါတယ်။
ရောဂါရှိသူတွေကို ခွဲခြားထားခြင်း၊ ရောဂါမရှိသူတွေနဲ့ အနီးကပ် ထိတွေ့မှု ရှောင်ကြဉ်ခြင်း၊ တစ်ကိုယ်ရည်သန့်ရှင်းရေးကို ထိန်းသိမ်းခြင်း စတဲ့ နည်းလမ်းတွေနဲ့ ဒီရောဂါကို ကာကွယ်နိုင်ပါတယ်။
မျောက်ကျောက်ရောဂါဟာ တိရစ္ဆာန်တွေကနေ လူကို ကူးစက်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ မျောက်တွေမှာ အဖြစ်များပေမယ့် ကြွက်၊ ရှဉ့်နဲ့ ယုန်တွေကနေလည်း ကူးစက်နိုင်သလို၊ ရောဂါရှိသူနဲ့ အရေပြားချင်း ထိတွေ့မှု သို့မဟုတ် အသက်ရှူလမ်းကြောင်းက ထွက်တဲ့ အရည်တွေနဲ့ အနီးကပ် ထိတွေ့မှုကနေလည်း တစ်ဦးကနေ တစ်ဦးကို ကူးစက်နိုင်ပါတယ်။ ဒါ့အပြင် မိခင်ကနေ သန္ဓေသားကို ရေမွှာရည်ကနေတစ်ဆင့် ၊ ဒါမှမဟုတ် မွေးဖွားချိန်မှာ ကလေးငယ်ကို ကူးစက်နိုင်ခြေလည်း ရှိပါတယ်။ ဒီဗိုင်းရပ်စ်ပိုးဟာ ကျောက်ရောဂါနဲ့ နွားကျောက်ရောဂါ ဗိုင်းရပ်စ်ပိုးတွေနဲ့ အမျိုးအစားတူပြီး၊ ရောဂါလက္ခဏာတွေဟာ တုပ်ကွေးရောဂါနဲ့ ဆင်တူစွာ စတင်ပြသပြီးနောက် မျက်နှာနဲ့ ခန္ဓာကိုယ်ပေါ်မှာ အနီကွက်တွေ ပေါ်လာတတ်ပါတယ်။
ရောဂါလက္ခဏာများ - မျောက်ကျောက်ရောဂါ ပိုးပေါက်ဖွားချိန်ဟာ ပုံမှန်အားဖြင့် ၆ ရက်ကနေ ၁၃ ရက်အထိ ရှိနိုင်ပြီး၊ ရောဂါလက္ခဏာတွေကို အဆင့် (၂) ဆင့် ခွဲခြားနိုင်ပါတယ်။
ဘယ်အချိန်မှာ ဆေးကုသမှု ခံယူသင့်သလဲ - မျောက်ကျောက်ရောဂါဟာ အခြားဆင်တူတဲ့ ရောဂါတွေထက် ယေဘုယျအားဖြင့် ပြင်းထန်မှုနည်းပြီး ၂ ပတ်ကနေ ၄ ပတ်အတွင်းမှာ သူ့အလိုလို သက်သာနိုင်ပေမယ့် ကလေးလူနာတွေကြားမှာ အများဆုံး သေဆုံးမှုတွေ ဖြစ်ပေါခဲ့တယ်လို့ မှတ်တမ်းတွေမှာ တွေ့ရပါတယ်။ ဒါ့ကြောင့် ရောဂါပြင်းထန်မှုကို ပိုဆိုးစေနိုင်တဲ့ နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်ပေါ်လာရင် ချက်ချင်း ဆေးကုသမှု ခံယူဖို့ လိုအပ်ပါတယ်။ အဲ့ဒီနောက်ဆက်တွဲ ပြဿနာတွေကတော့
ကုသမှု
မျောက်ကျောက်ရောဂါရှိတဲ့ လူနာတွေဟာ သူတို့ဘာသာသူတို့ ပြန်လည်သက်သာလာနိုင်တာကြောင့် ကုသမှုဟာ ပံ့ပိုးကူညီပေးတဲ့ စောင့်ရှောက်မှုတွေသာ ပါဝင်ပါတယ်။ ၎င်းတို့ကတော့
ကာကွယ်ခြင်း
စာသင်နှစ်အသစ်အတွက် ကျောင်းပြန်ဖွင့်သည်ဖြစ်စေ၊ အိမ်မှာနေသည်ဖြစ်စေ၊ မိဘတွေနဲ့အတူ အပြင်သွားသည်ဖြစ်စေ ကလေးတွေဟာ ပြည့်စုံတဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ ခံယူသင့်ပါတယ်။ ပထမဦးဆုံးအနေနဲ့ သန့်ရှင်းမှုနဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အကျင့်ကောင်းတွေကို သင်ကြားပေးသင့်ပါတယ်။ ဥပမာ- အစားအသောက်ကို ပူပူနွေးနွေးစားသုံးခြင်း၊ စားပွဲပေါ်က ဟင်းတွေကို အခြားဇွန်းနဲ့ ခပ်ယူစားသောက်ခြင်း၊ လက်ကို သေချာဆေးကြောခြင်းတို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ကလေးတွေကို လိုအပ်တဲ့ ကာကွယ်ဆေးတွေ အားလုံးထိုးနှံပြီး ကိုယ်ခံအားမြှင့်တင်ပေးသင့် ပါတယ်။
ကိုယ်ခံအားကောင်းမွန်စေဖို့အတွက် အာဟာရအုပ်စု (၅) မျိုးစလုံးပါတဲ့ အစားအစာတွေကို မျှတစွာ စားသုံးခြင်း၊ တစ်ညကို အနည်းဆုံး ၈ နာရီ အိပ်စက်ပြီး လုံလောက်စွာ အနားယူခြင်း၊ နေ့တိုင်း အနည်းဆုံး မိနစ် ၃၀ ခန့် လေ့ကျင့်ခန်း လုပ်ခြင်းတို့ဟာ အရေးကြီးပါတယ်။ မိဘတွေဟာ သူတို့ရဲ့ ကလေးတွေ ကျန်းမာသန်စွမ်းပြီး ကျန်းမာပျော်ရွှင်တဲ့ ဆယ်ကျော်သက်အရွယ်ကို ရောက်ရှိနိုင်ဖို့ ဆက်လက် ပံ့ပိုးကူညီပေးသင့်ပါတယ်။
ဆက်သွယ်ရန်
ကျန်းမာရေးအတွက် စိတ်ပူမိသမျှ
သိချင်တာရှိရင် မေးခဲ့ပါ။ဆောင်းပါးများ