ကလေးငယ်တို့ကျန်းမာရေးအတွက် ဒိုင်းသဖွယ်ကာကွယ်ဆေးများ

ကလေးငယ်တို့ကျန်းမာရေးအတွက် ဒိုင်းသဖွယ်ကာကွယ်ဆေးများ

ကာကွယ်ဆေးဆိုတာဟာ ကလေးငယ်များရဲ့ ကျန်းမာရေးကိုကြိုတင်ကာကွယ်ဖို့အတွက် မိဘများပြုလုပ်ပေးရမယ့် အရေးကြီးကိစ္စတစ်ခုပါ။

ထိုင်းနိုင်ငံမှာ မွေးကင်းစမှ အသက်(၁၆)နှစ်အတွင်း ကလေးငယ်များ ပုံမှန်ထိုးနှံဖို့ ထောက်ခံလမ်းညွှန်ပေးထားတဲ့ ကာကွယ်ဆေး အများကြီးရှိပါတယ်။ ရောဂါကာကွယ်ဆေးဆိုတာဟာ ကလေးငယ်များရဲ့ ကျန်းမာရေးကိုကြိုတင် ကာကွယ်ဖို့အတွက်မိဘများပြုလုပ်ရမယ့် အရေးကြီးကိစ္စတစ်ခုဖြစ်ပါတယ်။ ကာကွယ်ဆေးမထိုးမိလိုက်တာကြောင့် သင့်ကလေးငယ်ကို အပြင်းအထန်နာမကျန်းဖြစ်သွားစေသည်အထိ ဖြစ်တတ်ပါတယ်။ ဒါဆိုရင် သေချာပြင်ဆင်ထား ဖို့သိပ်ကိုအရေးကြီးတာပေါ့ ။ သင့်ကလေးငယ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုအဆင့်မှာ ထိုးနှံဖို့ သင့်တော်တဲ့ ကာကွယ်ဆေးတွေ က ဘာတွေဖြစ်မလဲ ကြည့်ကြရအောင်ပါ။

ထိုးနှံသင့်သည့်ကာကွယ်ဆေးများ

ထိုင်းနိုင်ငံမှာ မွေးကင်းစမှ အသက်(၁၆)နှစ်အတွင်း ကလေးငယ်များ ပုံမှန်ထိုးနှံဖို့ ထောက်ခံလမ်းညွှန်ပေးထားတဲ့ ကာကွယ်ဆေး အများကြီးရှိပါတယ်။ ရောဂါကာကွယ်ဆေးဆိုတာဟာ ကလေးငယ်များရဲ့ကျန်းမာရေးကိုကြိုတင် ကာကွယ်ဖို့အတွက်မိဘများပြုလုပ်ရမယ့် အရေးကြီးကိစ္စတစ်ခုဖြစ်ပါတယ်။ ကာကွယ်ဆေးမထိုးမိလိုက်တာကြောင့် သင့်ကလေးငယ်ကို အပြင်းအထန်နာမကျန်းဖြစ်သွားစေသည်အထိ ဖြစ်တတ်ပါတယ်။ ဒါဆိုရင် သေချာပြင်ဆင် ထားဖို့သိပ်ကိုအရေးကြီးတာပေါ့ ။ သင့်ကလေးငယ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုအဆင့်မှာ ထိုးနှံဖို့ သင့်တော်တဲ့ကာကွယ် ဆေးတွေက ဘာတွေဖြစ်မလဲ ကြည့်ကြရအောင်ပါ။

ထိုးနှံသင့်သည့်ကာကွယ်ဆေးများ
မွေးကင်းစအရွယ်   
  • တီဘီရောဂါ အတွက် BCG ကာကွယ်ဆေး
  • အသည်းရောင်အသားဝါဘီရောဂါကာကွယ်ဆေး(ပထမအကြိမ်)
(၁)လသားအရွယ်   
  • အသည်းရောင်အသားဝါဘီရောဂါကာကွယ်ဆေး(ဒုတိယအကြိမ်)
(၂)လသားအရွယ်
  • ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုးရောဂါ၊ မေးခိုင်ရောဂါ ၊ ပိုလီယို နှင့် တုပ်ကွေး စသည့်ရောဂါများအတွက် ကာကွယ်ဆေး(ပထမအကြိမ်)
(၄)လသားအရွယ်   
  • ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုးရောဂါ၊ မေးခိုင်ရောဂါ ၊ ပိုလီယို နှင့် တုပ်ကွေး စသည့်ရောဂါများအတွက် ကာကွယ်ဆေး(ဒုတိယအကြိမ်)
(၆)လသားအရွယ်
  • ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုးရောဂါ၊ မေးခိုင်ရောဂါ၊ ပိုလီယို နှင့် တုပ်ကွေး စသည့်ရောဂါများအတွက် ကာကွယ်ဆေး(တတိယအကြိမ်)
  • အသည်းရောင်အသားဝါဘီရောဂါကာကွယ်ဆေး(တတိယအကြိမ်)
(၉) လ မှ (၁၂) လသားအရွယ်
  • ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေး(Japanese B Encephalitis) (ဗိုင်းရပ်စ်မှပြုလုပ်သောကာကွယ်ဆေးအမျိုးအစား) (ပထမအကြိမ်)
  • ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေး(ဒုတိယအကြိမ်)   ( ၃ လ မှ ၁၂လ ခြား)
  • ဝက်သက်- ပါးချိတ်ရောင်ရောဂါ - ဂျိုက်သိုး စသည့်ရောဂါများအတွက်ကာကွယ်ဆေး(MMR) (ပထမအကြိမ်)
(၁၂)လနှင့်အထက်   
  • ရေကျောက်ရောဂါကာကွယ်ဆေး
  • အသည်းရောင်အသားဝါအေရောဂါကာကွယ်ဆေး(ပထမအကြိမ်)
  • အသည်းရောင်အသားဝါအေရောဂါကာကွယ်ဆေး(ဒုတိယအကြိမ်)   ( ၆ လ မှ ၁၂လ ခြား)
(၁၈)လသားအရွယ်   
  • ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုးရောဂါ ၊ မေးခိုင်ရောဂါ ၊ ပိုလီယို နှင့် တုပ်ကွေး စသည့်ရောဂါများအတွက် ကာကွယ်ဆေး ( ပထမအကြိမ်ထပ်မံထိုးနှံခြင်း)

(၂)နှစ် - (၂)နှစ်ခွဲ   
  • ဝက်သက်၊ ပါးချိတ်ရောင်ရောဂါ- ဂျိုက်သိုး စသည့်ရောဂါများအတွက်ကာကွယ်ဆေး(MMR) (ဒုတိယအကြိမ်)

(၄)နှစ် - (၆)နှစ်   
  • ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုးရောဂါ၊ မေးခိုင်ရောဂါ၊ ပိုလီယို နှင့် တုပ်ကွေး စသည့်ရောဂါများအတွက် ကာကွယ်ဆေး ( ဒုတိယအကြိမ်ထပ်မံထိုးနှံခြင်း)
(၁၁)နှစ် - (၁၂)နှစ်
  • ဆုံဆို့နာနှင့်မေးခိုင်ရောဂါကာကွယ်ဆေး
ကလေးအထူးကုဆရာဝန်များနှင့်တိုင်ပင်ပြီး
ထိုးနှံသင့်သည့်ကာကွယ်ဆေးများ   
  • ကလေးငယ်များတွင်ဖြစ်သည့်ဝမ်းရောဂါ(Rotavirus)ကာကွယ်ဆေး (ပထမအကြိမ် ) ( (၆)ပတ်မှ (၁၅)ပတ် သားအရွယ်)
  • ကလေးငယ်များတွင်ဖြစ်သည့်ဝမ်းရောဂါ(Rotavirus)ကာကွယ်ဆေး (ဒုတိယအကြိမ် ) ( (၈)လသားအရွယ်မတိုင်ခင်)
  • တုပ်ကွေးကာကွယ်ဆေး ( အသက်(၆)လအထက်)
  • နမိုးကိုကယ်(Pneumococcal) ရောဂါပိုးကာကွယ်ဆေး နှင့် ကလေးများတွင်ဖြစ်သည့်ဝမ်းရောဂါ(Rotavirus) ကာကွယ်ဆေး (နှစ်လသားအရွယ်မှစပြီး)
  • သားအိမ်ခေါင်းကင်ဆာကာကွယ်ပေးသည့် HPV ကာကွယ်ဆေး (အသက်(၉)နှစ်အထက်)

အသေးစိတ်သိရှိလိုပါက အောက်ပါဖုန်းနံပါတ်များ ခေါ်ဆိုမေးမြန်းနိုင်ပါတယ်။ (သို့မဟုတ်) ဆစ်မီတဝေ့ ဆေးရုံ ဖေ့စ်ဘွတ်ဖေ့ရှ် (မြန်မာဘာသာ)တွင် မေးမြန်းနိုင်ပါတယ်။

Samitivej International Children’s Hospital, Sukhumvit Campus
2nd Floor, Building 2
Tel: 66 (0) 2022-8236-7
Call Center: 66 (0) 2022-8181
E-mail: info@samitivej.co.th
Facebook: www.facebook.com/samitivej
Photo Credit: blogbold via Compfight cc

အဆင့်သတ်မှတ်ချက်

မှတ်ပုံတင်ပြီးသားလား။