COVID-19 ကို တွန်းလှန်ဖို့ကိုယ်ခံအားမြင့်မားစေတဲ့ အစားအသောက်များ

COVID-19 ကို တွန်းလှန်ဖို့ကိုယ်ခံအားမြင့်မားစေတဲ့ အစားအသောက်များ
  • ကိုယ်ခံအားနည်းသူတစ်ယောက်ဟာ ဘတ်တီးရီးယားနဲ့ ဗိုင်းရပ်စ်ရောဂါပိုး တွေ ကူးစက်နိုင်ခြေပိုများပြီး နောက်ဆက်တွဲအနေနဲ့ မကြာခဏနှာစေး ခြင်း၊ နှာရည်ယိုခြင်း၊ လည်ချောင်းနာခြင်း၊ ဖျားနာခြင်း စတဲ့ ရောဂါလက္ခ ဏာတွေ ဖြစ်လာတတ်ပါတယ်။
  • အရောင်အသွေးစုံတဲ့သစ်သီးနဲ့ဟင်းသီးဟင်းရွက်တွေကိုစားသုံးခြင်းဟာခန္ဓာကိုယ်အတွက်ဆဲလ်များ ယိုယွင်းပျက်စီးခြင်းကိုဟန့်တားပေးသည့်ဓာတ် (Natural Antioxidants)အများအပြားရရှိစေသည့်အပြင်ရောဂါနဲ့ ပိုးမွှား တွေကို တိုက်ထုတ်ဖို့အတွက် ခန္ဓာကိုယ်ကို ကျန်းမာသန်စွမ်းစေပါတယ်။
  • နေ့စဉ်စားသောက်တဲ့အစားအစာများထဲမှာ မှို ကို ထည့်သွင်းစားသုံးမယ် ဆိုရင် အကျိုးများစွာဖြစ်စေပါတယ်။ မှိုဟာ ပရိုတိန်း၊ ဗီတာမင်နဲ့ သတ္တု ဓာတ်တွေ များစွာပါဝင်တဲ့အပြင် ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးရာ မှာ အရေးပါတဲ့ ဓာတ်ပစ္စည်းတွေလည်း ပါဝင်ပါတယ်။

လူတို့ရဲ့လက်တစ်ကမ်းအကွာမှာရှိနေတဲ့ဗိုင်းရပ်စ်နဲ့ဘက်တီးရီးယားများ

ဗိုင်းရပ်စ်နဲ့ဘက်တီးရီးယားများဟာ ကျွန်တော်တို့အလွယ်တကူမမြင်နိုင်ပေမယ့် နေ့စဉ်ထိတွေ့ကြရပါတယ်။ ဒါဆိုရင်ဘာလို့ ကျွန်တော်တို့တွေအလွယ်တကူ ဖျားနာခြင်းမရှိကြတာလဲ လို့ မေးခွန်းရှိပါလိမ့်မယ်။ ရိုးရှင်းစွာဖြေရရင် ကျွန်တော် တို့မှာ ကိုယ်ခံအားစနစ် ရှိနေလို့ပါပဲ။ ကျွန်တော်တို့ရဲ့ကိုယ်ခံအားစနစ်မှာ အရေးကြီးတဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ပါဝင်တဲ့ သွေးဖြူဥများဟာ နေ့စဉ် ခန္ဓာကိုယ်အတွင်း ကျူးကျော်ဝင်ရောက်လာတဲ့ ရောဂါပိုးများကို ကြံ့ကြံ့ခံ တိုက်ထုတ်ပေးပြီး ကျွန်တော်တို့ကို ရောဂါမဖြစ်အောင် ထောက်ပံ့ပေးပါတယ်။

တကယ်လို့ လူတစ်ယောက်ဟာ မကြာခဏဖျားမယ်၊ အအေးမိမယ်၊ ဓာတ်မတည့်မှုတွေဖြစ်မယ်၊ ရောဂါပိုးပြန်လည်ကူးစက်ခြင်းခံရမယ် ဆိုရင် သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးအားနည်းနေပြီး ရောဂါပိုးများကို တိုက်ထုတ် ပေးမယ့် ခန္ဓာကိုယ်တွင်းရှိ သွေးဖြူဥတွေ အားနည်းနေတဲ့ လက္ခဏာအခြေအနေ ပဲဖြစ်ပါတယ်။ အဆိုပါသွေးဖြူဥတွေ အင်အားတောင့်တင်းလာဖို့အတွက် လုံလောက်စွာအနားယူခြင်း၊ စိတ်ဖိစီးမှုလျှော့ချခြင်း၊ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်း၊ ကျန်းမာရေးကောင်းစေဖို့ ကျန်းမာရေးနှင့်ညီညွှတ်အောင်စားသောက်ခြင်း စတဲ့ နည်းလမ်းတွေနဲ့ လုပ်ဆောင်နိုင်ပါတယ်။

ကျွန်တော်တို့ဟာ ကျန်းမာရေးနဲ့ညီညွတ်အောင်မစားဘူး၊ လေ့ကျင့်ခန်းမလုပ် ဘူး၊ စိတ်ဖိစီးမှုများပြီး အနားယူချိန်မလုံလောက်ဘူးဆိုရင် ရောဂါပိုးတွေက ပိုမို အလွယ်တကူ လာရောက်တိုက်ခိုက်နိုင်ပါတယ်။  တစ်ခါတစ်ရံမှာ အကြောင်း အရင်းအတိအကျမရှိဘဲ ခုခံအားကျတာမျိုးလည်းရှိပါတယ်။ ဒါဟာ ကျန်းမာရေး အတွက် လိုအပ်တဲ့ ဂရုစိုက်မှုမရှိခြင်းရဲ့ အကျိုးဆက်လည်း ဖြစ်နိုင် ပါတယ်။ ကိုယ်ခံအားစနစ်ဟာ ရောဂါများကိုတိုက်ထုတ်ရာပေးရာမှာ ခံတပ်တစ်ခုရဲ့ ရှေ့တန်းတပ်သားများသဖွယ် လုပ်ဆောင်ပေးပါတယ်။

ရောဂါများကိုတိုက်ထုတ်ဖို့ကိုယ်ခံအားမြှင့်တင်ပေးတဲ့အရောင်အသွေးစုံ စားစရာများ

အစာလည်းဆေး ဆေးလည်းအစာဆိုတဲ့ စကားပုံအတိုင်းပါပဲ။ ကျွန်တော်တို့ စားသုံးလိုက်တဲ့အစားအသောက်များဟာ ရောဂါများကို ကာကွယ်ကုသဖို့ အတွက် ဆေးဝါးများလည်းဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့နည်းလမ်းအတိုင်း စားမယ်ဆိုရင် စားလိုက်တဲ့အစားအစာအာဟာရ များဆီမှ ကောင်းကျိုးများကိုရရှိမှာဖြစ်ပါတယ်။ အစားအစာများရဲ့ အရောင် အလိုက် လူကို ဘယ်လိုအကျိုးပြုလဲဆိုတာကို ကြည့်ရအောင်ပါ။

အစိမ်းရောင်အစားအစာများ

အစိမ်းရောင်သစ်သီးများနဲ့ ဟင်းသီးရွက်များမှာ အစိမ်းရောင် Chlorophyll၊ အရောင်မျိုးစုံရှိတဲ့ Carotenoid၊ မျက်လုံးကိုကောင်းကျိုးပြုတဲ့ Lutein၊ ခန္ဓာကိုယ် ကို ကာကွယ်ပေးတဲ့ Zeaxanthin စတဲ့ ဓာတ်တွေအများအပြားပါဝင်ပါတယ်။ ဥပမာ - အစိမ်းရောင်ပန်းသီး၊ အစိမ်းရောင်စပျစ်သီး၊ ကီဝီသီး၊ ပန်းပွင့်စိမ်း၊ ကိုက်လန်၊ ကညွတ်၊ ထောပတ်သီး၊ အစိမ်းရောင်ဂေါ်ဖီထုပ်၊ သခွားသီး၊ ဟင်းနုနယ်ရွက် စသည့် အစိမ်းရောင် သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များ။

အနီရောင်အစားအစာ

အနီရောင်အသီးနဲ့ ဟင်းသီးဟင်းရွက်များထဲမှာ Lycopene ခေါ်အနီရောင် အသီးများအတွင်းတွေ့ရသည့်ဓာတ်တစ်မျိုး၊ Betacyanin၊ Quercetin၊ Hesperidin၊ Anthocyanin စတဲ့ ဓာတ်များပါဝင်ပါတယ်။  ဥပမာ - စတော်ဘယ်ရီ သီး၊ ချယ်ရီသီး၊ ခရမ်ဘယ်ရီသီး၊ ရက်စ်ဘယ်ရီသီး၊ သလဲသီး၊ အနီရောင်စပျစ်သီး၊ ဖရဲသီး၊ ချဉ်ပေါင်ဖူး၊ ခရမ်းချဉ်သီး၊ သကြား မုန်လာသီး၊ ပန်းငရုတ်သီးအနီ၊ ကြက်သွန်နီစတဲ့ အသီးနှင့်ဟင်းသီး ဟင်းရွက်များ။

ခရမ်းရောင်နှင့်အပြာရောင်အစားအစာများ

ခရမ်းရောင်နဲ့ အပြာရောင်သစ်သီး၊ ဟင်းသီးဟင်းရွက်များမှာ Anthocyanin နဲ့ ဖီနိုလစ်အက်ဆစ်(Phenolic Acid) ကဲ့သို့ အရေးကြီးတဲ့ဓာတ်ပစ္စည်းများပါဝင်ပါ တယ်။ ဥပမာ - ခရမ်းရောင်စပျစ်သီး၊ ဘလူးဘယ်ရီသီး၊ ဘလက်ဘယ်ရီသီး၊ ဆီးသီးခြောက်၊ ခရမ်းသီး၊ ခရမ်းရောင်ဂေါ်ဖီထုပ်၊ ကန်စွန်းဥ၊ ကောက်ညှင်းငချိတ်၊ ဆန်လုံးညို စတဲ့ စားစရာများ။

အဝါရောင်နှင့်လိမ္မော်ရောင်အစားအစာများ

အဝါရောင်နဲ့ လိမ္မော်ရောင်အစားအစာများထဲမှာ Carotenoidsဓာတ်(အချို့ဟာ ခန္ဓာကိုယ်အတွင်းမှာဗီတာမင် A အဖြစ်ပြောင်းလဲသွား)၊ Flavonoidsဓာတ်၊ ဗီတာမင်စီ စတာတွေပါဝင်ပါတယ်။ ဥပမာ - လိမ္မော်သီး၊ ငှက်ပျောသီး၊ ပင်မှည့်သီး၊ သခွားမွှေးသီး၊ သင်္ဘောသီး၊ နာနတ်သီး၊ မုန်လာဥနီ၊ ရွှေဖရုံသီး၊ ပိန်းဥ၊ ကန်စွန်းဥ၊ ပြောင်းဖူး၊ ပန်းငရုတ်ပွအဝါရောင်။

အဖြူရောင်အစားအစာများ

အဖြူရောင်အသီးနဲ့ဟင်းသီးဟင်းရွက်တွေထဲမှာ အရေးကြီးတဲ့ Beta Glucan ဓာတ်(မှိုတွင်အများဆုံးတွေ့ရ)၊ Flavonoids အုပ်စုတွင်ပါဝင်သည့်ဓာတ်များ စတာတွေပါဝင်ပါတယ်။ ဥပမာ - သစ်တော်သီး၊ ဩဇာသီး၊ လိုင်ချီးသီး၊ မင်းဂွတ်သီး၊ မုန်လာဥ၊ ပန်းဂေါ်ဖီ၊ ဂျင်း၊ ကြက်သွန်ဖြူ၊ မှို။

ကိုယ်ခံအားစနစ်ကိုမြှင့်တင်ဖို့ မှို ကို ပိုမိုစားသုံးပါ

မှို ဟာ ပရိုတိန်း၊ ဗီတာမင်နဲ့သတ္တုဓာတ်များ ကြွယ်ဝစွာပါဝင်သလို ခန္ဓာကိုယ်ရဲ့ ခုခံအားကိုကောင်းမွန်စေဖို့ အထောက်အကူပြုတဲ့ အောက်ပါဓာတ်ပစ္စည်းတွေ ပါဝင်ပါတယ်။

  • Triterpenes ဟာ ကင်ဆာတဲလ် တိုးပွားမှုကို ဟန့်တားပြုပြင်​​ပေးခြင်း၊ ဓာတ်မတည့်မှုကိုကာ ကွယ်ခြင်း၊ သွေးပေါင်ချိန်လျှော့ချခြင်း၊ သွေးအဆီဓာတ်လျှော့ချပေးခြင်း စသဖြင့် အထောက်အကူပြုပါတယ်။ 
  • Nucleotides ဟာ နာကျင်မှုကိုသက်သာစေပြီး ဗိုင်းရပ်စ်ပိုးကြီးထွားမှုကို ကာကွယ်ပေးပါတယ်။
  • Germanium ဟာ ကိုယ်ခံအားကိုတိုးမြင့်စေခြင်း၊ အာရုံကြောစနစ် ဦးနှောက်နဲ့ နှလုံးကိုကောင်းမွန်စေခြင်း၊ သွေးလှည့်ပတ်မှုစနစ်ကို ကောင်းမွန်စေခြင်း စသဖြင့်အထောက်အကူပြုပါတယ်။
  • Ergosterol ဟာ အရိုးနဲ့သွားများကို ခိုင်မာစေတဲ့ ဓာတ်ပစ္စည်းတစ်ခု ဖြစ်ပါတယ်။
  • Beta Glucans ဟာ အစားအသောက်များမှာပါဝင်တဲ့ကာဗိုဟိုက်ဒရိတ် (Polysaccharides)နဲ့ဖွဲ့စည်းထားတဲ့ ပါဝင်ပစ္စည်းတစ်ခုဖြစ်ပါတယ်။ သုတေသနစာတမ်းပေါင်း (၁၀၀၀) ကျော်မှရရှိတဲ့ အချက်အလက်များအရ Beta 1,3 / Beta 1,6 Glucan ဟာ ကိုယ်ခံအားမြင့်တက်စေဖို့ အထောက်အကူပြုကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။ ဒီလို Beta Glucan အမျိုးအစားဟာ မုန့်ဖုတ်ရာမှာသုံးတဲ့ တဆေး(Saccharomyces Cerevisiae) နဲ့ လင်ဇီးမှို(Ganoderma Lucidum) ကဲ့သို့သော မှိုအမျိုးအစားများမှာ ပါဝင်ပါတယ်။

အချိန်နဲ့အမျှသွားလာလှုပ်ရှားနေရတဲ့ ယနေ့ခေတ် နေထိုင်မှုပုံစံအရ ကျွန်တော်တို့အနေနဲ့ မှိုအများကြီးကို ရှာဝယ်ချက်ပြုတ်ဖို့ အချိန်မလုံလောက် နိုင်ပါဘူး။ ဒါပေမယ့်လည်း ခုခံအားကိုမြှင့်တင်ပြီး ရောဂါဘယတွေကို ကာကွယ်ဖို့အတွက် ဖြည့်စွက်စာအနေနဲ့ ရွေးချယ်စရာတွေအများကြီး ရှိနေပါပြီ။ ဥပမာ - Royal Immune ဖြည့်စွက်စာမှာ လင်ဇီးမှို၊ တရုတ်မှိုခြောက်၊ ဆေးဖက်ဝင်မှိုတစ်မျိုး(Yamabushita Mushroom)၊ ကြွက်နားရွက်မှို၊ ရှီးပဒီး စတာတွေ ပေါင်းစပ်ပါဝင်ပါတယ်။ ယခုလိုကာလအတွင်း ဒီလိုမျိုးရွေးချယ်မှုဟာ ခန္ဓာကိုယ်ခုခံအားကိုမြှင့်တင်ပေးနိုင်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။

ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်များကို စားသုံးခြင်းအပြင် ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်း၊ လုံလောက်စွာအိပ်စက်ခြင်း၊ စိတ်ဖိစီးမှုများကိုလျှော့ချ ခြင်း၊ ဆေးလိပ်နှင့်အရက်ကိုရှောင်ကျဉ်ခြင်း၊ ကိုယ်အလေးချိန်ထိန်းခြင်း စတဲ့နည်း လမ်းတွေနဲ့လည်း ဘဝနေထိုင်မှုအရည်အသွေးကိုမြှင့်တင်လို့ရပါတယ်။ ဒါဆိုရင် ကျွန်တော်တို့ရဲ့ ခုခံအားစနစ်ဟာ ကောင်းမွန်နေမှာဖြစ်သလို ရောဂါကင်းပြီး ကျန်းမာတဲ့ဘဝကို ပိုင်ဆိုင်စေမှာအသေအချာပါပဲ။

အဆင့်သတ်မှတ်ချက်

မှတ်ပုံတင်ပြီးသားလား။