ပူပြင်းတဲ့ရာသီဥတုအချိန်အခါမှာ လူကြီးများအတွက်ဆောင်ရန်ရှောင်ရန်များ

ပူပြင်းတဲ့ရာသီဥတုအချိန်အခါမှာ လူကြီးများအတွက်ဆောင်ရန်ရှောင်ရန်များ

အနှစ်ချုပ်

  • ပူပြင်းတဲ့ ရာသီဥတုအခြေအနေမှာ ချွေးထွက်များတာကြောင့် ကျွန်တော်တို့ ခန္ဓာကိုယ်ဟာ ပိုပြီး ရေဓာတ်ဆုံးရှုံးလေ့ရှိပါတယ်။ သင့်အနေနဲ့ ရေဓာတ်ကြွယ်ဝ စွာ ရရှိစေဖို့နဲ့ ရေဓာတ်ဆုံးရှုံးမှုကို ဖြည့်တင်းဖို့ တစ်နေ့လျှင် ရေ (၂)လီတာ (သို့) ၂ လီတာနှင့်အထက်သောက်သုံးပေးမယ်ဆိုရင် အားအင်ကုန်ခန်းတဲ့ လက္ခဏာများကို ဖြစ်စေနိုင်တဲ့ ရေဓာတ်ခန်းခြောက်ခြင်းကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။
  • အစားအသောက် စားရာမှာလည်း စားကောင်းရုံသာလျှင်မကဘဲ အဆီ အနည်းငယ်သာပါဝင်ပြီး သင့်လျော်တဲ့အရသာရှိတဲ့ အစားအသောက်များကို ရွေးချယ်မယ်ဆိုရင် အစာအိမ်ကို ပိုပြီး သက်သောင့်သက်သာရှိစေမှာပါ။ ပေါ့ပေါ့ပါးပါးနဲ့ အစာချေဖျက်လွယ်တဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်များ၊  လတ်ဆတ်သန့်ရှင်းစွာချက်ပြုတ်ထားတဲ့ဟင်းလျာများဟာ ဝမ်းလျှောခြင်းနဲ့ အစာအဆိပ်သင့်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။
  • ရာသီဥတုပူပြင်းချိန်မှာ အရက်သောက်ခြင်းဟာ ခန္ဓာကိုယ်ကို ပိုပြီး အန္တရာယ် ဖြစ်စေတာကြောင့် ရှောင်ကျဉ်သင့်ပါတယ်။

ပူပြင်းတဲ့ရာသီဥတုဟာ ထိုင်းနိုင်ငံတွင်းနေထိုင်သူများရဲ့ တစ်စိတ်တစ်ဒေသ အမှတ်ရစရာ ကိစ္စရပ်ဖြစ်နေပါတယ်။ ထိုင်းနိုင်ငံရဲ့ ရာသီဥတုဟာ တစ်နှစ်ပတ်လုံးနီးပါး အတော်လေး အပူချိန်မြင့်မားပေမယ့်လည်း တကယ်တမ်း ပူပြင်းတဲ့ ရာသီဥတု ကိုရောက်ချိန်တိုင်း နိုင်ငံတွင်းနေထိုင်သူများရဲ့ကျန်းမာရေးကို အမြဲတမ်း ထိခိုက်မှု ရှိစေပါတယ်။ နွေရာသီရောက်လာပြီဆိုတာနဲ့ ကိုယ့်ကျန်းမာရေး ကို ပိုပြီးဂရုစိုက်နိုင်တဲ့ ဆောင်ရန်ရှောင်ရန်များကို လိုက်နာဆောင်ရွက်သင့်ပါတယ်။

နွေရာသီမှာလုပ်ဆောင်ရမယ့်အချက်(၄)ချက်

၁။ ရေများများသောက်ပါ

နွေရာသီအတွက် သောက်ရေသန့်ဟာ အကောင်းဆုံး သောက်စရာအရည်ဖြစ်ပါ တယ်။ နွေရာသီရောက်ပြီဆိုရင် ချွေးထွက်များခြင်းကြောင့် တစ်နေကုန် ရေဓာတ် ပိုမိုဆုံးရှုံးလေ့ရှိပါတယ်။ ရေဓာတ်ကြွယ်ဝ စွာ ရရှိစေဖို့နဲ့ ရေဓာတ်ဆုံးရှုံးမှုကို ဖြည့်တင်းဖို့ တစ်နေ့လျှင် ရေ (၂)လီတာ (သို့) ၂ လီတာနှင့်အထက် သောက်သုံး ပေးမယ်ဆိုရင် အားအင်ကုန်ခန်းတဲ့ လက္ခဏာများကို ဖြစ်စေနိုင်တဲ့ ရေဓာတ်ခန်း ခြောက်ခြင်းကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

၂။ အပူဒဏ်ကိုကာကွယ်ပါ

နွေရာသီမှာ ချောင်ချိပေါ့ပါးပြီး လေဝင်လေထွက်ကောင်းတဲ့ အဝတ်အစားများကို ဝတ်ဆင်ခြင်းဟာ အကောင်းဆုံးဖြစ်ကာ ပိုမိုအေးမြပြီး သက်သောင့်သက်သာ ဖြစ်စေမှာအမှန်ပါပဲ။ ထူတဲ့အဝတ်အစားများ၊ ချွေးမစုပ်နိုင်တဲ့အထည်များဟာ လေဝင်လေထွက်ကို တားဆီးပြီး ဝတ်ဆင်သူအတွက် ပိုမိုပူအိုက်စေတဲ့အပြင် သက်သောင့် သက်သာမဖြစ်ခြင်းနဲ့အတူ အပူဒဏ်ကြောင့် ပိုမို စေးကပ် ယားယံစေမှာဖြစ်ပါတယ်။ လေဝင်လေထွက်ကောင်းတဲ့ အထည်များကို ဝတ်ဆင်မယ်ဆိုရင် ပိုမိုအေးမြကာ သက်သောင့်သက်သာဖြစ်စေပြီး တစ်ခါတစ်ရံ စိုထိုင်းတဲ့ အထည်များကို ဝတ်ဆင်ခြင်းကြောင့်ဖြစ်တဲ့ အဖုအပိန့်များကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် အပြင်ထွက်တဲ့အခါတိုင်း နေကာမျက်မှန်တပ် ဦးထုပ်ဆောင်း Sunscreen လိမ်းမယ်ဆိုရင် အန္တရာယ်ရှိပြီး ကင်ဆာဖြစ်စေတဲ့ နေရာင်ခြည်များကို ကာကွယ်ပေး နိုင်မှာဖြစ်ပါတယ်။

၃။ ကောင်းစွာအနားယူပါ

ပူပြင်းတဲ့ နွေညတွေမှာ အပူချိန်လျှော့ချနိုင်တဲ့အဲကွန်း မရှိဘဲ အိပ်စက်မယ်ဆိုရင် ဆိုးရွားတဲ့ညတာတစ်ခုကို ဖြတ်သန်းပြီး အိပ်မပျော်နိုင်မှာ အသေအချာပဲ ဖြစ်ပါ တယ်။ ဒါ့အပြင် နွေရာသီမှာ ပိုပြီးခပ်စောစောနေထွက်တာကြောင့် နေ့တာရှည်ပြီး အိပ်ယာကနေ ပိုပြီးစောစောန်ိုးစေကာ အိပ်ရေးမဝဖြစ်တတ်ပါတယ်။ နေ့လည် နေ့ခင်းမှာ (၁၀)မိနစ်-(၁၅)မိနစ်လောက်ပဲဖြစ်ဖြစ် ခဏတာ အိပ်စက် အနား ယူခြင်းဟာ စိတ်နဲ့ခန္ဓာကိုယ်ကို လန်းဆန်းစေမှာဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို အနားယူဖို့လိုအပ်ပြီလို့ ယူဆတယ်ဆိုရင် ရုံးမှာ နေ့လည်စာ စားအပြီး ထိုင်ခုံမှာ ထိုင် ကျောမှီပြီး မျက်စိမှိတ်ထားမယ်ဆိုရင် မွန်းလွဲပိုင်းမှာ လုပ်ဆောင်ရမယ့် လုပ် ငန်းဆောင်တာတွေကို ကောင်းမွန်စွာ လုပ်နိုင်စေမှာဖြစ်ပါတယ်။

၄။ သန့်ရှင်းပြီးအလွယ်တကူကျေညက်စေတဲ့အစားအစာများကိုစားပါ

အထူးသဖြင့် သက်ကြီးပိုင်းအရွယ်များဟာ နွေရာသီမှာ ပူပြင်းမှုကြောင့် အစာ စားသုံးမှုပမာဏ နည်းပါးလေ့ရှိပါတယ်။  အစားအသောက် ချက်ပြုတ်ရာမှာလည်း စားကောင်းရုံသာလျှင်မကဘဲ အဆီ အနည်းငယ်သာပါဝင်ပြီး သင့်လျော်တဲ့ အရသာရှိတဲ့ အစားအသောက်များကို ရွေးချယ်မယ်ဆိုရင် အစာအိမ်ကို ပိုပြီး သက်သောင့်သက်သာရှိစေမှာပါ။ ပေါ့ပေါ့ပါးပါးနဲ့ အစာချေဖျက်လွယ်တဲ့ သစ်သီး နဲ့ ဟင်းသီးဟင်းရွက်များ အထူးသဖြင့် ရေဓာတ်ပါဝင်မှုများတဲ့ ဖရဲသီး၊ သခွားသီး၊ ခရမ်းချဉ်သီး၊ နာနတ်သီး စတာတွေဟာ လတ်လတ်ဆတ်ဆတ်ဖြစ်ရုံမျှမကဘဲ အမျှင်ဓာတ်ကို ပါ ပေးစွမ်းတာကြောင့် ဝမ်းချုပ်ခြင်းကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် လတ်ဆတ်သန့်ရှင်းစွာချက်ပြုတ်ထားတဲ့ဟင်းလျာများဟာ နွေရာသီမှာ ပြန်ဖြစ်တတ်တဲ့ ဝမ်းလျှောခြင်းနဲ့ အစာအဆိပ်သင့်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

နွေရာသီမှာမလုပ်ဆောင်သင့်တဲ့အချက် (၄) ချက်

၁။ အေးလွန်းချိုလွန်းတဲ့သောက်စရာအရည်များကိုရှောင်ပါ

အများအားဖြင့် နွေရာသီရောက်ပြီဆိုရင် လူတွေဟာ အေးပြီးချိုကာ Gas ပါတဲ့ သောက်စရာအရည်များ၊ နို့ဆီနဲ့ပြုလုပ်ထားတဲ့ရေခဲခြစ်၊ ချိုပြီးအေးတဲ့ သစ်သီး စတာတွေလိုမျိုး အစားအသောက်တွေကို တောင့်တ ကြပါတယ်။ ဒါပေမယ့် အရမ်းချိုပြီး အရမ်းအေးတဲ့ သောက်စရာအအေးများဟာ အစာချေစနစ်ကို ထိခိုက်စေတဲ့အပြင် ရေခဲမှာကပ်ငြိပါလာနိုင်တဲ့ ပိုးမွှားများကြောင့် ဝမ်းလျှောခြင်း နဲ့ အစာအဆိပ်သင့်ခြင်းကို ဖြစ်ပေါ်စေပါတယ်။

၂။ နွေရာသီအတွင်းအပြင်ဘက်မှာအားကစားလုပ်ခြင်း

အားကစားသမားများအတွက် နွေရာသီနဲ့ မြင့်မားတဲ့အပူချိန်ကို မေ့ပစ်နိုင်လောက် တဲ့ အထိ နှစ်သက်စရာကောင်းတဲ့ အားကစားနည်းတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် လေ့ကျင့်ခန်းလုပ်နေချိန်မှာ နေရောင်ခြည်တိုက်ရိုက်ထိတွေ့ခြင်း နဲ့ ချွေးအများကြီးထွက်ခြင်းဟာ ခန္ဓာကိုယ်အတွက် မပြောင်းလဲတဲ့ အပူချိန်တစ်ခုမှာ ရှိနေစေတာကြောင့် ရေဓာတ်ခန်းခြောက်ခြင်း(သို့) အပူရှပ်ခြင်းကို ဖြစ်စေပါတယ်။ ဒါဟာ သာမန်ခန္ဓာကိုယ်အပူချိန်ထက်မြင့်မားတဲ့ အပူချိန်ကိုဖြစ်စေတဲ့အပြင် ၎င်းနဲ့ အတူ နေလို့ထိုင်လို့မရတဲ့ (သို့) ဆိုးရွားတဲ့ လက္ခဏာများစွာကိုပါ ဖြစ်စေပါတယ်။ ဒါကို သင့်လျော်တဲ့နည်းလမ်းနဲ့ အချိန်မီ မကုသဘူးဆိုရင် အသက်ဆုံးရှုံးစေတဲ့ အထိ အန္တရာယ်ဖြစ်နိုင်ပါတယ်။

၃။ အရမ်းပူတဲ့ရာသီဥတုအောက်မှာရေဆော့ကစားခြင်းကိုရှောင်ပါ

အားလုံးသိတဲ့အတိုင်း နွေရာသီဆိုရင် အပူရှောင်ဖို့အတွက် ကမ်းခြေ(သို့) ရေကစားကွင်းများဆီသွားလေ့ရှိကြပါတယ်။  ဒါပေမယ့်လည်း နေပူဒဏ်အောက်မှာ ရေကူးခြင်းဟာ နေလောင်စေတဲ့အပြင် အရေပြားကင်ဆာပွားမှုကိုပါ မြင့်မားစေပါ တယ်။ တကယ်လို့ ကိုယ့်အမျိုးထဲမှာ အရေပြားကင်ဆာဖြစ်ဖူးသူရှိတယ်ဆိုရင် ပိုလို့တောင်ဖြစ်နိုင်ခြေများပါတယ်။ ဒါကြောင့် နွေရာသီမှာ ကမ်းခြေ(သို့) ရေထဲမှာ ဆော့ကစားချင်တယ်ဆိုရင် နေကျတဲ့ ညနေစောင်းအချိန်အထိ စောင့်ရပါမယ်။ ဒါ့အပြင် အဲလိုဆော့ကစားတဲ့အချိန်မှာ နေကာမျက်မှန်တပ်ဖို့နဲ့ Sunscreen လိမ်းဖို့ မမေ့ပါနဲ့။

၄။ အယ်လ်ကိုဟောပါတဲ့အရည်များကိုသောက်ခြင်းမှရှောင်ကျဉ်ပါ

နွေရာသီမှာ အရက်သောက်မယ်ဆိုရင် ခန္ဓာကိုယ်အပူချိန်ကို မြင့်မားစေပြီး ပိုပြီး အလွယ်တကူပင်ပန်းနွမ်းနယ်စေပါတယ်။ အထူးသဖြင့် နေ့အပူချိန်မြင့်မားတဲ့အချိန် မှာ အရက်သောက်မယ်ဆိုရင် အန္တရာယ်ဖြစ်နိုင်မှုပိုမြင့်မားပါတယ်။ အယ်လ်ကိုဟော ဟာ အရေပြားအောက်မှာရှိတဲ့ ကျဉ်းမြောင်းတဲ့ သွေးကြောများကို ချဲ့ပေးပြီး ချွေးထွက်ခြင်းနဲ့ ဆီးသွားခြင်းကို ပိုဖြစ်စေပါတယ်။ ဒါကိုသေချာသဘောမပေါက် ကြတာကြောင့် ရေဓာတ်ခန်းခြောက်မှုကို ခံစားကြရပါတယ်။ ဒါကြောင့် အရက်သောက်လို့ မူးပြီးအိပ်ပျော်သွားတယ်ဆိုရင်တောင် အသက်အန္တရာယ် အထိ ဖြစ်သွားနိုင်ပါတယ်။

အဆင့်သတ်မှတ်ချက်

မှတ်ပုံတင်ပြီးသားလား။