ထိုင်းနိုင်ငံမှာ လူတွေသေဆုံးရခြင်းရဲ့ ထိပ်တန်းအကြောင်းရင်းတွေထဲက တစ်ခုကတော့ “နှလုံးရောဂါ” ပဲ ဖြစ်ပါတယ်။ သူက သတိထားမိနိုင်လောက်တဲ့ လက္ခဏာတွေ မပြဘဲနဲ့လည်း အသံတိတ် ထိုးနှက်တတ်ပါသေးတယ်။ နှလုံးရောဂါရဲ့ သတိပေးလက္ခဏာတွေထဲမှာ လေ့ကျင့်ခန်းလုပ်စဥ် အသက်ရှူ မဝခြင်း၊ အားစိုက်ထုတ်ရတဲ့အခါ နဲ့ ပင်ပန်းတဲ့အခါ ရင်ဘတ်အောင့်ခြင်း သို့မဟုတ် အသက်ရှူရခက်ခဲခြင်း၊ မောခြင်း စတာတွေ ပါဝင်ပါတယ်။ အပေါ်မှာပြောခဲ့သလို တစ်ချို့လူတွေမှာ အဆိုပါလက္ခဏာတွေ မပြဘဲနဲ့လည်း နှလုံးရောဂါ ဖြစ်နေနိုင်ပါတယ်။ ကနဦးလက္ခဏာတွေကို မကြာခဏဆိုသလို အရေးမကြီးတဲ့ပြဿနာလေးတွေလို့ မှားယွင်းသတ်မှတ်မိတဲ့အတွက်လည်း အချိန်မီ ကုသမှုခံယူဖို့ နောက်ကျသွားတာမျိုး ဖြစ်တတ်ပါတယ်။ အသက် ၃၅ နှစ်မှ ၄၀ နှစ်နဲ့ အထက် ရှိသူတွေဟာ ပုံမှန် နှစ်စဉ် ကျန်းမာရေး စစ်ဆေးမှုများအပြင် နှလုံးကျန်းမာရေး စစ်ဆေးမှုများကိုပါ အနည်းဆုံး တစ်နှစ်တစ်ကြိမ် ပြုလုပ်သင့်ပါတယ်။
နှလုံးကျန်းမာရေးစစ်ဆေးမှုလုပ်ငန်းစဉ်မှာ လူနာတစ်ဦးချင်းစီရဲ့ ဖြစ်ပေါ်နေတဲ့ လက္ခဏာတွေ၊ နှလုံးအထူးကုဆရာဝန်ရဲ့ ဆေးပညာဆိုင်ရာ အကဲဖြတ်မှုတွေ အပေါ် မူတည်ပြီး ချိန်ညှိဖွဲ့စည်းထားတဲ့ စမ်းသပ်စစ်ဆေးမှုအမျိုးမျိုး ပါဝင်ပါတယ်။ အသုံးများတဲ့ စစ်ဆေးမှုတွေကတော့...
နှလုံးလျှပ်စစ်ဓာတ်စီးကြောင်းတိုင်းတာခြင်း (ECG) ဟာ နှလုံးခုန်နေစဥ်အတွင်း ထွက်ပေါ်လာတဲ့ လျှပ်စစ်လှိုင်း လုပ်ဆောင်ချက်ကို မှတ်တမ်းတင်ပေးတဲ့ ရိုးရှင်းပြီး ခွဲစိတ်မှုမပါတဲ့ စစ်ဆေးမှုပဲ ဖြစ်ပါတယ်။ ECG ဆွဲကြည့်ခြင်းဖြင့် ပုံမှန်မဟုတ်တဲ့ နှလုံးခုန်နှုန်းစည်းချက်များ (abnormal heart rhythms) နဲ့ နှလုံးရောဂါဖြစ်နိုင်ချေရှိတဲ့ လက္ခဏာတွေကို ရှာဖွေနိုင်ပါတယ်။ စစ်ဆေးမှု ပြုလုပ်နေစဥ်မှာ နှလုံးရဲ့ လျှပ်စစ်အချက်ပြမှုတွေကို ဖမ်းယူဖို့ ရင်ဘတ်ပေါ်မှာ သေးငယ်တဲ့ လျှပ်စစ်ခံပြား (Electrodes) များကို ကပ်ထားပေးရပါတယ်။ အဲဒီကနေ ဖမ်းယူရရှိတဲ့ အချက်ပြမှုများကို လှိုင်းပုံစံဂရပ် (Waveform Graph) နဲ့ ပြန်လည်ပြသပေးပါတယ်။
ECG ဂရပ်ရဲ့ ပုံမှန်၊ တည်ငြိမ်သော လှိုင်းပုံစံဟာ ကျန်းမာသော နှလုံးရဲ့ လုပ်ဆောင်ချက်ကို ညွှန်ပြပါတယ်။ သို့သော်လည်း ပုံမှန်မဟုတ်တဲ့ပုံစံများ (irregular patterns) တွေ့လာရမယ် ဆိုရင်တော့ နှလုံးခုန်မမှန်ခြင်း (Arrhythmias)၊ ဒါမှမဟုတ် နှလုံးရဲ့ အခြားနေရာတွေမှာ ထိခိုက်နေတဲ့ ပြဿနာတွေ ရှိနိုင်တယ်ဆိုတာ ညွှန်ပြနေမှာ ဖြစ်ပါတယ်။ ဒါပေမယ့် - နှလုံးသို့ သွေးစီးဆင်းမှု လျော့နည်းနေတဲ့ အခြေအနေ (myocardial ischemia)ရဲ့ အစောပိုင်းကာလလိုဟာမျိုးတွေမှာကျတော့ ECG မှာ ပုံမှန်လို့ပဲ ပြနေမှာ ဖြစ်ပါတယ်။ ဒါကြောင့် သံသယဖြစ်ဖွယ် ဒီလိုလက္ခဏာတွေ ဆက်ရှိနေမယ်ဆိုရင် အခြားစစ်ဆေးမှုတွေ ဆက်လုပ်ဖို့ အကြံပြုပါတယ်။
ECG စစ်ဆေးမှု ပြုလုပ်သင့်သူများ
ကွန်ပျူတာဓာတ်မှန်နည်းစနစ်ဖြင့် နှလုံးသွေးကြောထဲမှာရှိနေတဲ့ ကယ်လ်စီယမ်ပမာဏကို တိုင်းတာစစ်ဆေး ခြင်း (CT Calcium Scoring) ဟာ မြန်ဆန်ပြီး ခွဲစိတ်မှုမပါဝင်တဲ့ ဓာတ်မှန်ရိုက်စစ်ဆေးမှု အမျိုးအစားဖြစ်ပါ တယ်။ နှလုံးကို သွေးထောက်ပံ့ရာဖြစ်တဲ့ နှလုံးသွေးကြောမများအတွင်းမှာရှိတဲ့ ကယ်လ်စီယမ် အနည်အနှစ်ပမာဏကို တိုင်းတာကြည့်တာ ဖြစ်ပါတယ်။ အသက်အရွယ်အရ နှလုံးသွေးကြော နံရံတွေ မာကြောအိုမင်းလာရာကနေ ကယ်လ်စီယမ် အနည်အနှစ်တွေ စုပုံလာပြီး နှလုံးရောဂါ ဖြစ်နိုင်ချေကို မြင့်မား လာစေပါတယ်။
ဒီစစ်ဆေးမှုဟာ လက္ခဏာမပြသေးသော်လည်း အန္တရာယ်ရှိနေသူများအတွက် အထူးအသုံးဝင်ပါတယ်။ ရင်ဘတ်အောင့်ခြင်း၊ ရုတ်တရက်နှလုံးအမောဖောက်ခြင်း စတဲ့ လက္ခဏာတွေ မပြမီ နှလုံးသွေးကြောရောဂါ ရဲ့ အစောပိုင်းကာလလက္ခဏာများကို ရှာဖွေပေးရာမှာ များစွာ အထောက်အကူပြုပါတယ်။ ဒီစစ်ဆေးမှုဟာ မိနစ် ၂၀ မှ ၃၀ အတွင်းကြာမြင့်မှာဖြစ်ပြီး နှလုံးခုန်နေစဉ်အချိန်အတွင်းမှာပင် ပြတ်သားတဲ့ ပုံရိပ်များကို ရိုက်ယူနိုင်တဲ့ မြန်နှုန်းမြင့် CT ကွန်ပျူတာဓာတ်မှန်စနစ်ကို အသုံးပြုပါတယ်။
ဘေးကင်းခြင်း၊ နာကျင်မှုမရှိခြင်း၊ အလွန်တိကျခြင်း
လက္ခဏာမပြသေးသူများတွင်ပင် နှလုံးသွေးကြောရောဂါကို စောစီးစွာ ရှာဖွေနိုင်ခြင်း
နေထိုင်မှုပုံစံ ပြောင်းလဲပေးခြင်း သို့မဟုတ် ဆေးဝါးများဖြင့် စောစီးစွာ ကုသမှုပေးရန် လမ်းညွှန်ပေးနိုင်ခြင်း
အသက် ၄၀ မှ ၄၅ နှစ်နှင့် အထက်ရှိသော အရွယ်ရောက်ပြီးသူများ
သွေးတိုး၊ ကိုလက်စထရောမြင့်မားခြင်း၊ ဆီးချို သို့မဟုတ် အဝလွန်ခြင်း ရှိသူများ
ဆေးလိပ်သောက်သူများ
နှလုံးရောဂါ သို့မဟုတ် လေဖြတ်ခြင်းမျိုးရိုးရာဇဝင်ရှိသူ မည်သူမဆို
ကိုယ်ဝန်ဆောင် အမျိုးသမီးများ သို့မဟုတ် ကိုယ်ဝန်ယူရန် စီစဥ်နေသူများ
လမ်းလျှောက်စက်ဖြင့်စစ်ဆေးမှု (treasmill test) လို့ အများအားဖြင့် သိကြတဲ့ လေ့ကျင့်ခန်းလုပ်နေစဉ် နှလုံးစစ်ဆေးမှု (Exercise Stress Test – EST) ဆိုတာက ကိုယ်လက်လှုပ်ရှားအားကစားလုပ်နေတဲ့ အချိန်အတွင်းမှာ နှလုံးရဲ့ ခံနိုင်ရည်အားကို စစ်ဆေးတာ ဖြစ်ပါတယ်။ ဒီစစ်ဆေးမှုကတော့ သာမန်အနားယူ နေတဲ့အချိန်မှာ မဖြစ်ပေါ်နိုင်တဲ့ နှလုံးဆီကိုသွေးစီးဆင်းမှုနဲ့ ပတ်သက်တဲ့ ပြဿနာတွေနဲ့ မူမမှန်တဲ့ နှလုံးခုန်နှုန်းတွေကို ဖော်ထုတ်ရာမှာ အသုံးဝင်ပါတယ်။
ဒီစစ်ဆေးမှုအတွင်း လမ်းလျှောက်စက်ပေါ်မှာ လျှောက်နေစဉ်မှာ နှလုံးရဲ့ လျှပ်စစ်အချက်ပြမှုတွေကို ဖမ်းယူဖို့ ရင်ဘတ်ပေါ်မှာ သေးငယ်တဲ့ လျှပ်စစ်ခံပြား (Electrodes) များကို ကပ်ထားပေးရပါတယ်။ လေ့ကျင့်ခန်းရဲ့ အရှိန်ကို တဖြည်းဖြည်းမြှင့်တင်လာတာနဲ့အတူ ဆရာဝန်တွေဟာ ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူမဝခြင်း၊ ပုံမမှန် နှလုံးခုန်ခြင်း သို့မဟုတ် ECG ပြောင်းလဲမှုများ ဖြစ်ပေါ်ခြင်းရှိမရှိကို စောင့်ကြည့်လေ့လာကြပါတယ်။ အထူးသဖြင့် နှလုံးခုန်နှုန်း ၈၅% နဲ့ အထက် (အသက်ကိုအခြေခံထားပြီး တွက်ချက်ပါတယ်) ကို ရောက်ရှိချိန်မှာ အဆိုပါလက္ခဏာတွေကို အဓိက စောင့်ကြည့်ပါတယ်။
တကယ်လို့ စစ်ဆေးမှုမှာ မူမမှန်တာတစ်ခုခုတွေ့ခဲ့မယ်ဆိုရင် ဆရာဝန်ဟာ နောက်ထပ် ထပ်ဆောင်း အကဲဖြတ် စစ်ဆေးမှု/ကုသမှုတွေဖြစ်တဲ့ ဆေးဝါးများ၊ နေထိုင်မှုပုံစံကို ပြောင်းလဲပေးခြင်း၊ နှလုံးသွေးကြော ကို ဓာတ်မှန်ရိုက်စစ်ဆေးခြင်း (coronary angiography) စတာတွေကို ပြုလုပ် ပေးမှာ ဖြစ်ပါတယ်။
လေ့ကျင့်ခန်း လုပ်နေစဥ် နှလုံး စစ်ဆေးမှု (EST) ကို အောက်ပါ အခြေအနေရှိသူများမှာ စစ်ဆေးကြည့်ဖို့ စဥ်းစားသင့်ပါတယ်။
လေ့ကျင့်ခန်း လုပ်နေစဥ် နှလုံး စစ်ဆေးမှု (EST) မပြုလုပ်မီ ပြင်ဆင်ရမည့် အချက်တွေကတော့ -
နှလုံးပုံရိပ်ဖော်စစ်ဆေးခြင်း (Echocardiogram) - (နှလုံးအာထရာဆောင်းလို့လည်း ခေါ်ကြပါတယ်။) - ဆိုတာကတော့ နှလုံးရဲ့ ပုံရိပ်တွေကို အချိန်နဲ့တပြေးညီ ဖော်ထုတ်နိုင်ဖို့ ကြိမ်နှုန်းမြင့်အသံလှိုင်းများကို အသုံးပြုပြီး ရိုက်ကူးတဲ့ ဘေးကင်းပြီး နာကျင်မှုလည်းမရှိတဲ့ စစ်ဆေးမှုပဲ ဖြစ်ပါတယ်။ ရရှိလာတဲ့ ပုံရိပ်တွေက နှလုံးဖွဲ့စည်းပုံ နဲ့ လုပ်ဆောင်ချက်တွေကို ချက်ချင်းလက်ငင်း အကဲဖြတ်နိုင်ဖို့ အကူအညီ ပေးပါတယ်။
ECHO စစ်ဆေးမှုများဟာ အလွန်တိကျပေမယ့် နှလုံးသွေးကြောမကြီးများကို တိုက်ရိုက်မပြနိုင်ခြင်း၊ အဝလွန်သူများ သို့မဟုတ် ပိန်လွန်းသူများမှာ ပုံရိပ်အရည်အသွေး ကျဆင်းနိုင်ခြင်း စတဲ့ ကန့်သတ်ချက် တစ်ချို့ ရှိနေဆဲ ဖြစ်ပါတယ်။ စစ်ဆေးမှုက မိနစ် ၃၀ ကနေ ၄၅ မိနစ်အတွင်း ကြာမြင့်နိုင်ပြီး ဘေးထွက်ဆိုးကျိုး မရှိပါဘူး။
နှလုံးသံလိုက်ပဲ့တင်ရိုက်ပုံရိပ်ဖော်ခြင်း (Cardiac MRI) ဆိုတာကတော့ ခွဲစိတ်မှုမပါဝင်တဲ့ ပုံရိပ်ဖော် စစ်ဆေးမှု ဖြစ်ပါတယ်။ နှလုံးရဲ့ အသေးစိတ် ပုံရိပ်တွေကို ဖန်တီးနိုင်ဖို့ သံလိုက်စက်ကွင်းများ (magnetic fields) နဲ့ ရေဒီယိုလှိုင်းများ (radio waves) ကို အသုံးပြုပါတယ်။ ဒီစစ်ဆေးမှုကနေ နှလုံးဖွဲ့စည်းပုံ (structure)၊ လုပ်ဆောင်ချက် (function) နဲ့ သွေးစီးဆင်းမှု (blood flow) ဆိုင်ရာ တန်ဖိုးရှိတဲ့ အချက်အလက်တွေကို ဖော်ထုတ်ပေးနိုင်ပြီး၊ နှလုံးရောဂါ အမျိုးမျိုးကို ရောဂါရှာဖွေရာမှာ အထောက်အကူ ပြုပါတယ်။
အောက်ပါ နှလုံးအခြေအနေများကို ရှာဖွေဖော်ထုတ်ရန် သို့မဟုတ် အကဲဖြတ်ရန် ကူညီပေးနိုင်ပါတယ်။
နှလုံး သံလိုက်စက်ကွင်းများ နဲ့ ရေဒီယိုလှိုင်းများကို အသုံးပြု၍ နှလုံးဖွဲ့စည်းပုံ နဲ့ လုပ်ငန်းဆောင်တာများကို ပုံရိပ်ဖော်စမ်းသပ်ခြင်း (Cardiac MRI) စစ်ဆေးမှုဟာ အထူးသဖြင့် ရောဂါ ပြင်းထန်မှုကို အကဲဖြတ်ခြင်း၊ ကုသမှု အစီအစဥ်များကို လမ်းညွှန်ပေးခြင်း၊ အချိန်နဲ့အမျှ တိုးတက်မှုကို စောင့်ကြည့်ခြင်း စတဲ့ အခြေအနေများအတွက် အလွန်အသုံးဝင်ပါတယ်။ ဒါ့အပြင် CT Scan ကဲ့သို့သော အခြား ပုံရိပ်ဖော် စစ်ဆေးခြင်းနည်းလမ်းများနဲ့ မသင့်လျော်တဲ့အခါများမှာလည်း အသုံးပြုနိုင်ပါတယ်။
MRI မရိုက်ကူးမီ
MRI ရိုက်ကူးနေစဉ်အတွင်း
MRI စက်ထဲသို့ ဝင်ရောက်သွားမယ့် စားပွဲရှည်တစ်ခုပေါ်မှာ လဲလျောင်းနေရပါလိမ့်မယ်။ ပုံရိပ် အရည်အသွေး ပိုမိုကောင်းမွန်လာစေရန် (contrast dye) ဆိုတဲ့ ဆေးတစ်မျိုးကို ထိုးဖို့ လိုကောင်း လိုအပ်နိုင်ပါတယ်။ စစ်ဆေးမှုဟာ ပုံမှန်အားဖြင့် မိနစ် ၃၀ မှ ၉၀ ခန့် ကြာမြင့်ပါတယ်။ ပြတ်သားတဲ့ ပုံရိပ်တွေ ရရှိစေဖို့ ရိုက်ကူးနေစဉ်အတွင်း လုံးဝ ငြိမ်သက်စွာ နေဖို့ အရေးကြီးပါတယ်။
MRI ရိုက်ကူးပြီးနောက်
အများအားဖြင့်တော့ ပုံမှန် လုပ်ငန်းဆောင်တာများကို ချက်ချင်းဆိုသလို ပြန်လည် စတင်နိုင်ပါတယ်။ တစ်ချို့ မှာတော့ (contrast dye) ထိုးဆေးကြောင့် ပါးစပ်ထဲမှာ ခဏတာ သတ္တုဓာတ်အရသာ ခံစားရခြင်း (အရသာပျက်ယွင်းခြင်း)၊ ပျို့အန်ခြင်း သို့မဟုတ် ခေါင်းမူးခြင်း တို့ကို ခံစားရနိုင်ပါတယ်။
နှလုံး MRI စစ်ဆေးရန် မသင့်လျော်သည့် အချိန်များ
ရိုးရှင်းတဲ့ ဘဝနေထိုင်မှုပုံစံတွေကို ပြောင်းလဲကျင့်သုံးခြင်းအားဖြင့် နှလုံးသားကျန်းမာရေးကို ကောင်းမွန်စွာ ထိန်းသိမ်းနိုင်ပါတယ်။
အသက် ၃၅ နှစ်မှ ၄၀ နှစ်နဲ့ အထက် ရှိသူတွေဟာ ပုံမှန် နှစ်စဉ် ကျန်းမာရေး စစ်ဆေးမှုများအပြင် နှလုံးကျန်းမာရေး စစ်ဆေးမှုများကိုပါ အနည်းဆုံး တစ်နှစ်တစ်ကြိမ် ပြုလုပ်သင့်ပါတယ်။ ဒီလို ပုံမှန်စစ်ဆေးမှုတွေကို ပြုလုပ်ခြင်းအားဖြင့် ပုန်းလျှိုးနေတဲ့ကျန်းမာရေးအန္တရာယ်တွေကို ဖော်ထုတ်နိုင်မှာ ဖြစ်ပြီး ရုတ်တရက်နှလုံးရပ်သေဆုံးခြင်းကဲ့သို့ ပြင်းထန်တဲ့ အခြေအနေမျိုး မဖြစ်ပေါ်အောင် အချိန်မီ ကာကွယ်နိုင်ပါလိမ့်မယ်။ မိမိရဲ့ တစ်ကိုယ်ရည်ကျန်းမာရေးဆိုင်ရာအချက်အလက်များပေါ်မူတည်ပြီး အသင့်လျော်ဆုံး စမ်းသပ်စစ်ဆေးမှုများကို မှန်မှန်ကန်ကန် ရွေးချယ်နိုင်ဖို့ နှလုံးအထူးကု ဆရာဝန်နဲ့ သေသေချာချာ တိုင်ပင်ဆွေးနွေးပါ လို့ အကြံပြုချင်ပါတယ်။
ဆောင်းပါးများ