မျိုးရိုးဗီဇစစ်ဆေးခြင်း - သင့်ကျန်းမာရေးအတွက် သော့ချက်

မျိုးရိုးဗီဇစစ်ဆေးခြင်း -  သင့်ကျန်းမာရေးအတွက် သော့ချက်

အနှစ်ချုပ်

  • မျိုးရိုးဗီဇစစ်ဆေးခြင်းဟာ ကျွန်တော်တို့ရဲ့ ဘဝနေထိုင်မှုပုံစံအပြောင်းအလဲ ကို လမ်းညွှန်ပြသပေးနိုင်ပြီး လူတိုင်းရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး လုပ်ဆောင်သင့်တဲ့အရာတစ်ခုဖြစ်ပါတယ်။  အဲဒီပြောင်းလဲမှုများဟာ လိုအပ်တဲ့စားသောက်မှုပုံစံများဖြစ်နိုင်သလို လုပ်ဆောင်သင့်တဲ့ လေ့ကျင့်ခန်း များလည်း ဖြစ်နိုင်ပါတယ်။

  • ကိုယ်အလေးချိန်ထိန်းသိမ်းခြင်းနဲ့ပတ်သက်ပြီး အကောင်းဆုံးရလဒ် ရရှိစေဖို့ ရိုးရိုးရှင်းရှင်း စားသောက်မှုပုံစံကို ပြောင်းလဲလိုက်ရုံမျှနဲ့ မလုံလောက်ပါဘူး။  စားသောက်မှုပုံစံကောင်း တစ်ခုနဲ့အတူ သင့်ရဲ့ မျိုးရိုးဗီဇ အခြေအနေများ နဲ့ကိုက်ညီတဲ့ ပုံမှန်လေ့ကျင့်ခန်းများကိုလည်း တွဲဖက်လုပ်ဆောင်ရပါမယ်။

ယနေ့ခေတ်မှာ မျိုးရိုးဗီဇစစ်ဆေးခြင်း ဆိုတာဟာ ကျန်းမာရေးနဲ့ပတ်သက်တဲ့ အချက်အလက်များကို အသေးစိတ်ကျပြီး တိကျမှုမြင့်မားစွာ ပြသပေးနိုင်တဲ့ ရိုးရှင်းတဲ့ လုပ်ဆောင်မှုတစ်ခုပဲဖြစ်ပါတယ်။ အဲဒီအချက်အလက်များဟာ သင့်ရဲ့ ခန္ဓာကိုယ်ရဲ့ လိုအပ်ချက်အရ စားသောက်မှုပုံစံပြောင်းလဲမှုများအတွက် အထောက်အကူပြုရုံမျှ မက သင့်အတွက် ကောင်းကျိုးအပြုဆုံးနဲ့ အကိုက်ညီဆုံး လေ့ကျင့်ခန်းအစီအစဥ် များကိုလည်း တီထွင်ပေးနိုင်ပါတယ်။

မျိုးရိုးဗီဇဆိုတာဘာလဲ?

မျိုးရိုးဗီဇများဟာ ကျွန်တော်တို့ရဲ့ DNA ကို ဖွဲ့စည်းတည်ဆောက်ရာမှာ အစိတ်အပိုင်း တစ်ခုအနေနဲ့ပါဝင်ပါတယ်။ ၄င်းတို့ဟာ လူသားတို့ရဲ့ ခန္ဓာကိုယ် အတွင်း ရှိ ဆဲလ်တိုင်းမှာ တည်ရှိနေပါတယ်။ မျိုးရိုးဗီဇတစ်ခုချင်းစီတိုင်းမှာ သူ့ရဲ့ ကိုယ်ပိုင် မျိုးရိုးဗီဇကုတ် (Genetic Code) ရှိတာကြောင့် မျိုးရိုးဗီဇစစ်ဆေးခြင်း ဟာ တခြားသော ကျန်းမာရေးစစ်ဆေးမှုများနဲ့ ကွဲပြားပြီး တစ်ယောက်နဲ့တစ်ယောက် မတူညီတဲ့ မျိုးရိုးဗီဇကုတ်များကို ဆန်းစစ်ပေးနိုင်ပါတယ်။ ဒါကြောင့် မျိုးရိုးဗီဇ စစ်ဆေးခြင်းဟာ ကျွန်တော်တို့အတွက် ကျန်းမာရေးနဲ့ပတ်သက်ရင် အန္တရာယ်ဖြစ်စေတဲ့ အရာများကို ရှောင်ရှား ပြီး အကောင်းဆုံးရလဒ်များ ရရှိစေနိုင်တဲ့  ပြောင်းလဲမှုများကို အတည်ပြုပေးနိုင်ပါတယ်။
 

 

မျိုးရိုးဗီဇစစ်ဆေးခြင်းကနေ ဘယ်လိုအချက်အလက်တွေကို သိနိုင်လဲ?

မျိုးရိုးဗီဇစစ်ဆေးခြင်းဟာ ကျွန်တော်တို့အတွက် အထောက်အကူအပြုဆုံး ဖြစ်တဲ့ အာဟာဆိုင်ရာ အချက်အလက်များအပြင် ခန္ဓာကိုယ်ကို အန္တရာယ်ပြုစေတဲ့ အောက်ဖော်ပြပါ စားသောက်မှုပုံစံဆိုင်ရာ အချက်အလက်များ ကိုလည်း ဖော်ထုတ်ပေးနိုင်ပါတယ်။

  • ကျွန်တော်တို့ရဲ့ မျိုးရိုးဗီဇများကို အထောက်အကူအပြုဆုံးဖြစ်စေသလို ကိုယ်အလေးချိန်ထိန်းသိမ်းရာမှာ ရိုးရှင်းပြီးထိရောက်တဲ့ အစားအသောက် များ
  • အစာစုပ်ယူမှုနဲ့ ကာဗိုဟိုက်ဒရိတ်များရဲ့ ဇီဝကမ္မဖြစ်စဥ် များအကြား ဆက်စပ်တဲ့ ကာဗိုဟိုက်ဒရိတ် ခွဲခြမ်းလေ့လာဆန်းစစ်ခြင်း ၊ သွေးတွင်းသကြား ဓာတ်ပမာဏ အတိုးအလျော့နဲ့ ရေရှည်မှာ အင်ဆူလင် ကို တုန့်ပြန်နိုင်မှု
  • အဆီနဲ့ ကိုယ်အလေးချိန် ထိန်းညှိမှုအပေါ် ခန္ဓာကိုယ်ရဲ့ တုန့်ပြန်နိုင်မှုနှုန်း
  • မျိုးရိုးဗီဇများအတွက် ကောင်းကျိုးအပြုဆုံး ဗီတာမင်များနှင့် အာဟာရဓာတ်များ
  • စွန့်ပစ်လိုက်တဲ့ပစ္စည်းများနဲ့ပတ်သက်ပြီး ခန္ဓာကိုယ်ရဲ့ အကျိုးပြုနိုင်မှု
  • ဆိုဒီယမ် ၊ ကဖင်း နဲ့ အယ်လ်ကိုဟောပါဝင်တဲ့ ပစ္စည်းများစားသုံးမှုနဲ့ ပတ်သက်ပြီး ခန္ဓာကိုယ်ရဲ့ တုန့်ပြန်နိုင်မှုအချိန်
  • Lactose ( နွားနို့မှာတွေ့ရတဲ့ သကြားဓာတ်) နဲ့ မတည့်ခြင်း
  • ဂျုံ ကိုအခြေခံတဲ့ ပစ္စည်းများမှာပါဝင်တဲ့ Gluten ခေါ်ပရိုတိန်းတစ်မျိုးနဲ့ ဓာတ်မတည့်မှုကြောင့် အူလမ်းကြောင်းပြဿနာ ကြီးထွားလာမှု

တစ်ဆက်တည်းလုပ်ဆောင်ရမှာကတော့ ကိုယ်အလေးချိန်ကို ရိုးရိုးရှင်းရှင်းနဲ့ ထိန်းသိမ်းပေးနိုင်တဲ့ လေ့ကျင့်ခန်းများပဲဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ကိုယ်အလေး ချိန်ကို ထိခိုက်စေတာဟာ စားသောက်မှုပုံစံ တစ်ခုတည်းကြောင့်တော့ မဟုတ်ပါ ဘူး။ အစားအသောက်ပုံစံထိန်းသိမ်းခြင်းနည်းလမ်းတစ်ခုတည်းနဲ့ မလုံလောက် ပါဘူး။  ဒါကြောင့် ဘယ်လိုလေ့ကျင့်ခန်းလုပ်ရမလဲ ဆုံးဖြတ်တဲ့အချိန်မှာ မျိုးရိုးဗီဇ ကိုလည်း ထည့်သွင်းစဥ်းစားရပါမယ်။

ပြီးခဲ့တဲ့ကာလများမှာ လူအများစုဟာ ဘယ်လိုလေ့ကျင့်ခန်းများကိုလုပ်သင့်တယ် ၊ ဘယ်လောက်ကြာကြာလုပ်ရမလဲ ၊ တစ်ပတ်ဘယ်နှကြိမ်လုပ်တာ အကောင်းဆုံး ဖြစ်မလဲ စတဲ့အချက်များကိုသာ သတိပြုကောင်း ပြုမိခဲ့မှာဖြစ်ပါတယ်။ ဒါပေမယ့် လူတစ်ယောက်နဲ့တစ်ယောက် ခန္ဓာကိုယ်ဟာ မတူညီကြဘဲ သူ့ အကြောင်းအရင်း နဲ့ သူ ရှိကြပါတယ်။ မျို:ရိုးဗီဇဆေးသိပ္ပံရဲ့ နောက်ဆုံးပေါ် အသေးစိတ်လေ့လာထားတဲ့ နောက်ဆုံး ပေါ် တီထွင်ဆန်းသစ်မှုများဟာ ကျန်းမာရေးစောင့်ရှောက်မှုကို တိုးတက်မြင့်မားစေခဲ့ပါ တယ်။ ဒါ့အပြင် မျိုးရိုးဗီဇစစ်ဆေးမှုဟာ လူတွေအတွက် ဘယ်လို လေ့ကျင့်ခန်း အမျိုးအစားလုပ်သင့်သလဲ ဆိုတာကို ဆုံးဖြတ်ပေးနိုင်တဲ့အထိ အဆင့်အတန်း မြင့်မားလာခဲ့ပြီဖြစ်ပါတယ်။

ဒီလိုစစ်ဆေးမှုများဟာ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ် အချိုးအစားအပေါ်မူတည်ပြီး ဘယ်လိုလေ့ကျင့်ခန်းလုပ်သင့်သလဲ ဆိုတဲ့ အသိကိုပေးနိုင်ပါတယ်။ ဒါ့အပြင် အားကစားသမားများအပါအဝင် အားကစားလုပ်ရတာ ကြိုက်တဲ့သူများအတွက် ၄င်း တို့ရဲ့ ကြံ့ခိုင်မှုကိုပါစစ်ဆေးနိုင်မှာ ဖြစ်ပါတယ်။

 

မျိုးရိုးဗီဇစစ်ဆေးမှုကနေသိရှိနိုင်တဲ့အချက်အလက်များ

  • အားကစားနဲ့ဆက်စပ်နေတဲ့ထိခိုက်ဒဏ်ရာရနိုင်မှု
  • ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်နိုင်မှုစွမ်းရည်နဲ့ ခံနိုင်ရည်ရှိမှု
  • အားကစားလုပ်နေစဥ် ရှူသွင်းလိုက်တဲ့ အောက်ဆီဂျင်ပမာဏ (V02Max ) ကို စစ်ဆေးခြင်း
  • အားကစားလုပ်ပြီးနောက်ပိုင်းခန္ဓာကိုယ်ရဲ့စားသောက်မှုပုံစံလိုအပ်မှု
  • အားကစားလုပ်ပြီးနောက်ပိုင်းခန္ဓာကိုယ်ရဲ့ ပြန်လည်သက်သာမှု အချိန်

စားသောက်မှုပုံစံနဲ့ လေ့ကျင့်ခန်း ဆန်းစစ်မှုကို ပေးစွမ်းတဲ့ မျိုးရိုးဗီဇကုတ်စစ်ဆေးခြင်း

  • တစ်သက်မှာတစ်ခါသာလိုအပ်ခြင်း
  • သွေးစစ်ဆေးခြင်း

ကျွန်တော်တို့ရဲ့ မျိုးရိုးဗီဇဟာ မပြောင်းလဲနိုင်ပါဘူး ။ ဒါပေမယ့် ကျွန်တော်တို့ တစ်ဦးချင်းစီတိုင်းရဲ့ မျိုးရိုးဗီဇ ဖွဲ့စည်းပုံနဲ့ကိုက်ညီဖို့ သက်တမ်းကြာပြီး ကျန်းမာရေးအကျိုးကျေးဇူးများတဲ့ ဘဝနေထိုင်မှု အပြောင်းအလဲများကို လုပ်ဆောင် နိုင်ပါတယ်။

အဆင့်သတ်မှတ်ချက်

မှတ်ပုံတင်ပြီးသားလား။