|
အစောဆုံး သိရှိနိုင်ခြင်း – အရေပြားကင်ဆာအတွက် အကောင်းဆုံး ကာကွယ်ခြင်း အရေပြားကင်ဆာကို အစောပိုင်းအဆင့်တွင် သိရှိနိုင်မယ်ဆိုပါက ကုသပျောက်ကင်းနိုင်ပါတယ်။ အဓိက ဖြစ်စေတဲ့ အချက်တွေကတော့ နေရောင်ခြည်ဒဏ် အလွန်အကျွံ ခံစားရခြင်းနဲ့ အရေပြားကင်ဆာဖြစ်ဖူးသော မိသားစုမျိုးရိုးရှိခြင်း တို့ကြောင့် ဖြစ်ပါတယ်။ခေတ်မီတဲ့ ဆေးဘက်ဆိုင်ရာ နည်းပညာများဖြင့် သီးသန့် အရေပြားကင်ဆာ စစ်ဆေးမှု လုပ်ငန်းစဉ်ကို အသုံးပြုပြီး သင့်အရေပြား ကျန်းမာရေးကို စောင့်ကြည့်ပေးနိုင်ပါတယ်။ FotoFinder ဖြင့် အရေပြားကင်ဆာ စစ်ဆေးခြင်း
|
![]() |
ကွန်ပျူတာဖြင့် အရေပြားကင်ဆာ စစ်ဆေးခြင်း ဟာ လုံခြုံစိတ်ချရသောကြောင့် တကယ်ကို အားသာချက်ရှိပါတယ်။ ကျွန်ုပ်တို့ရဲ့ ပုံမှန်စစ်ဆေးမှုတွေကနေတစ်ဆင့် ရှိပြီးသားမှဲ့တွေနဲ့ အသစ်ထပ်ပေါ်လာတဲ့ မှဲ့တွေကို ခြုံငုံပြီး စောင့်ကြည့်ပေးနိုင်ပါတယ်။ ဓာတ်ပုံရိုက်ပြီးသွားတဲ့အခါ အရင်ဓာတ်ပုံတွေနဲ့ အသစ်ရိုက်ထားတဲ့ ဓာတ်ပုံတွေကို အကြိမ်ကြိမ် နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။ ဒါကြောင့် မှဲ့ရဲ့ အနည်းငယ်မျှသော အပြောင်းအလဲတွေကို ချက်ချင်းသိနိုင်ပြီး စောစောစီးစီး ရောဂါရှာဖွေနိုင်ပါတယ်။
သင့်အရေပြားကို မြေပြင်အနေအထားတစ်ခုလို သဘောထားကြည့်ပါ။ Total Body Mapping က အရေပြားမျက်နှာပြင်တစ်ခုလုံးကို ရေရှည်အတွက် မှတ်တမ်းတင်ပေးပါတယ်။ ကျွန်ုပ်တို့ရဲ့ ခေတ်မီစနစ်ကိုသုံးပြီး မိနစ်ပိုင်းအတွင်းမှာပဲ သင့်မှဲ့တွေရဲ့ မြေပုံ ("body map") ကို ဆွဲပေးပြီး ဦးခေါင်းကနေ ခြေဖျားအထိ အရပ်မျက်နှာပေါင်းစုံကနေ စနစ်တကျ ဓာတ်ပုံရိုက်ပေးမှာပါ။
ဤအထူးဆော့ဖ်ဝဲလ်က စစ်ဆေးနေစဉ်မှာပဲ မှဲ့အသစ်တွေ သို့မဟုတ် နဂိုပုံစံမှပြောင်းလဲသွားသော မှဲ့များကို ချက်ချင်း အကဲဖြတ်ပေးနိုင်ပါတယ်။ သင့်ရဲ့ အချက်အလက်တွေကို လျှို့ဝှက်ထားပေးမှာ ဖြစ်တဲ့အတွက် စိတ်ချနိုင်ပါတယ်။

ဒါ့အပြင် ထူးခြားတဲ့မှဲ့မှည့်ကိုလည်း အဏုကြည့်မှန်ပြောင်းနဲ့ စစ်ဆေးမှတ်တမ်းတင်ပေးပါတယ်။ အထူးပြုလုပ်ထားတဲ့ ဗီဒီယို အဏုကြည့်မှန်ပြောင်း (video epiluminescence microscope) ကိုသုံးပြီး မှဲ့ရဲ့ ဖွဲ့စည်းပုံကို ကြည်လင်ပြတ်သားစွာ မြင်နိုင်တဲ့အထိ ချဲ့ပြီး ကြည့်ရှုပေးပါတယ်။ ဤနည်းလမ်းဖြင့်သင့်မှာရှိနေသောမှဲ့ဟာ သံသယဖြစ်ဖွယ် ကောင်းသောမှဲ့ဟုတ်/မဟုတ် သိရှိနိုင်ပါတယ်။
နာကျင်မှုမရှိလုံးဝမရှိတဲ့ ဤစစ်ဆေးမှုကို စခရင်ပေါ်မှာ သင်ကိုယ်တိုင် ကြည့်ရှုနိုင်ပါတယ်။ စစ်ဆေးစဉ်အတွင်းမှာ မှဲ့တွေရဲ့ အသေးစိတ်ပြောင်းလဲမှုများကိုပါ မြင်တွေ့နိုင်ပါတယ်။
FotoFinder ကို အခုဆိုရင် ဉာဏ်ရည်တု (Artificial Intelligence - AI) နဲ့ ပိုမိုမြှင့်တင်ထားတဲ့အတွက် အရေပြားကင်ဆာ စစ်ဆေးရာမှာ ပိုမိုတိကျလာပါတယ်။ FotoFinder AI က အဆင့်မြင့် ရုပ်ထွက်ကောင်းတဲ့ တစ်ကိုယ်လုံး ဓာတ်ပုံတွေကို ဉာဏ်ရည်တု အယ်လဂိုရီသမ် (Intelligent algorithms) တွေနဲ့ ခွဲခြမ်းစိတ်ဖြာပြီး မျက်စိနဲ့ ကြည့်ရုံတင်နဲ့ မသိနိုင်တဲ့ ကင်ဆာရဲ့ အစောပိုင်း လက္ခဏာတွေကို ရှာဖွေပေးပါတယ်။ နှစ်စဉ်စစ်ဆေးတဲ့ အချက်အလက်များကို အရင်နှစ်က ရိုက်ထားတဲ့ပုံများနဲ့ နှိုင်းယှဉ်ပေးခြင်းကြောင့် မှဲ့ရဲ့ ပုံစံ၊ အရွယ်အစားနဲ့ အရောင်ပြောင်းလဲမှုတွေကို အချိန်နဲ့အမျှ သိရှိနိုင်ပါတယ်။ ဒါက အရေပြားအထူးကုဆရာဝန်တွေအတွက် သင့်အရေပြား ကျန်းမာရေးနဲ့ ပတ်သက်ပြီး ပိုမိုရှင်းလင်းတဲ့အမြင်ကို ရစေပြီး စိုးရိမ်ရတဲ့ အခြေအနေတွေကို အစောဆုံး သိရှိနိုင်အောင် ကူညီပေးပါတယ်။ မှဲ့အများကြီးရှိသူများ၊ နေရောင်ခြည်ဒဏ်ကြောင့် အရေပြားထိခိုက်ဖူးသူများ သို့မဟုတ် မိသားစုထဲမှာ မယ်လနိုမား (Melanoma - အရေပြားကင်ဆာ/မှဲ့ကင်ဆာတစ်မျိုး) ဖြစ်ဖူးတဲ့ မျိုးရိုးရှိသူများကဲ့သို့ ရောဂါဖြစ်နိုင်ခြေ ပိုများတဲ့သူတွေအတွက် နှစ်စဉ်စစ်ဆေးဖို့ အကြံပြုလိုပါတယ်။
ရောဂါဖြစ်နိုင်ခြေ ပိုများတဲ့သူတွေကတော့ ၆ သို့မဟုတ် ၁၂ လတစ်ကြိမ် စစ်ဆေးသင့်ပါတယ်။ ဤအဆင့်မှာ စောစောသိရှိခြင်းက ကုသမှုရလဒ်တွေကို သိသိသာသာ ကောင်းမွန်စေပါတယ်။
![]() |
FotoFinder မစစ်ဆေးခင်မှာ ဘာမှ အထူးတလည် ပြင်ဆင်စရာ မလိုပါဘူး။ နည်းပညာရှင်က သင့်ခန္ဓာကိုယ်တစ်ခုလုံးကို ခေါင်းအစ ခြေအဆုံး၊ ဘက်ပေါင်းစုံကနေ စနစ်တကျ ဓာတ်ပုံရိုက်ပေးပါလိမ့်မယ်။ အဲ့ဒီအချိန်မှာ အတွင်းခံဘောင်းဘီပဲ ဝတ်ထားဖို့ လိုပါမယ်။ ဓာတ်ပုံရိုက်ပြီးတာနဲ့ FotoFinder စနစ်က သင့်မှဲ့တွေရဲ့ တည်နေရာကို မြေပုံတစ်ခုလို (Body map) ဖန်တီးပေးပါလိမ့်မယ်။ ဆရာဝန်က ရောဂါဖြစ်နိုင်ခြေရှိသော သံသယဖြစ်ဖွယ်အနာအဆာ (Suspicious lesion) တွေ့ရှိခဲ့ရင် ဒစ်ဂျစ်တယ် အရေပြားမှန်ဘီလူးစစ်ဆေးခြင်း (Digital Dermoscopy) နည်းလမ်းနဲ့ မှဲ့တစ်ခုချင်းစီကို အသေးစိတ် ထပ်မံစစ်ဆေးပေးပါမယ်။ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာအပါအဝင် စစ်ဆေးမှုတစ်ခုလုံးအတွက် မိနစ် ၄၀ လောက် ကြာနိုင်ပါတယ်။ |
အကယ်၍ ဒီမေးခွန်းတွေထဲက တစ်ခုခုကို "ဟုတ်ပါတယ်" လို့ဖြေနိုင်တယ် သို့မဟုတ် သင့်အရေပြားမှာ အပြောင်းအလဲတစ်ခုခု တွေ့ထားတယ်ဆိုရင် အရေပြားစစ်ဆေးမှုခံယူဖို့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးဖို့ အကြံပြုလိုပါတယ်။
အရေပြား ကျန်းမာရေးနဲ့ အလှအပကို အလေးထားသူတွေအတွက် ဘန်ကောက်မြို့၊ ဆစ်မီတဝေ့ဆေးရုံရှိအရေပြားနဲ့ အလှအပရေးရာစင်တာ တွင် အရေပြားဆိုင်ရာ ဆေးကုသမှုနဲ့ အလှအပဆိုင်ရာ ကုသမှုတွေအတွက် အကောင်းဆုံးနေရာတစ်ခု ဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ ထိပ်တန်း အရေပြားကျန်းမာရေး စင်တာတစ်ခုဖြစ်တာနဲ့အညီ ကျွန်ုပ်တို့ရဲ့ ကျွမ်းကျင်ပညာရှင်များက နောက်ဆုံးပေါ် နည်းပညာတွေနဲ့ ပေါင်းစပ်ပြီး သင့်အရေပြားကို ကျန်းမာ၊ လန်းဆန်းပြီး ကာကွယ်မှုပေးနိုင်အောင် လုပ်ဆောင်ပေးပါတယ်။ ခေတ်မီ AI မှဲ့မြေပုံဆွဲခြင်းမှ တစ်ဦးချင်းစီအတွက် သီးသန့်အလှအပဆိုင်ရာ ကုသမှုတွေအထိ ကျွန်ုပ်တို့ရဲ့စင်တာတွင် အကောင်းဆုံးကုသမှုများနဲ့အတူ နွေးထွေးတဲ့ ဝန်ဆောင်မှုကို ပေးအပ်နေပါတယ်။
Saroj Suvanasuthi, M.D., Ph.D., ABHRS ဟာ ဆစ်မီတဝေ့ ဆူခွန်ဗစ် ဆေးရုံမှအတွေ့အကြုံနဲ့ ကျွမ်းကျင်မှုမြင့်မားသော အရေပြားအထူးကုဆရာဝန်တစ်ဦးဖြစ်ပြီး ဂရိနိုင်ငံတွင် ကျင်းပသော "World Cup of Dermoscopy 2018" ဆုကို ရရှိထားသူ ဖြစ်ပါတယ်။ စီရီရတ် ဆေးရုံ (Siriraj Hospital)၊ မဟီဒေါလ် တက္ကသိုလ် (Mahidol University) မှ ဂုဏ်ထူးဖြင့် ဘွဲ့ရရှိထားပြီး သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့ရှိ Skin Cancer College တွင် အရေပြားမှန်ဘီလူးစစ်ဆေးခြင်း (Dermoscopy) ဘာသာရပ်ကို အဆင့်မြင့်လေ့လာထားသူ ဖြစ်ပါတယ်။ သူဟာ မှဲ့တွေကို တိကျစွာ မှတ်တမ်းတင်ခြင်းနဲ့ အရေပြားကင်ဆာကို အစောဆုံးအဆင့်မှာ ရှာဖွေကုသခြင်းအတွက် အလွန်ကျွမ်းကျင်တဲ့ အထူးကုတစ်ဦးဖြစ်ပြီး၊ အချိန်မီ ရောဂါရှာဖွေနိုင်ပါက မယ်လနိုမား (Melanoma) ကင်ဆာအတွက် ၉၉% အသက်ရှင်နိုင်ခြေကို ပေးစွမ်းနိုင်ပါတယ်။
အရာများ