ပါတီချစ်သူများသတိထားပါ - သင့်မှာ အသည်းအဆီဖုံးရောဂါ ဖြစ်နိုင်ချေရှိပါတယ်။

ပါတီချစ်သူများသတိထားပါ - သင့်မှာ  အသည်းအဆီဖုံးရောဂါ ဖြစ်နိုင်ချေရှိပါတယ်။

အနှစ်ချုပ်

ပါတီပွဲတွေမှာ ညလုံးပေါက် ပျော်ရွှင်မြူးထူးပြီး အရက်အများကြီးသောက်တဲ့သူတွေ ဟာ ကိုယ့်ကျန်းမာရေးကိုယ်ဂရုစိုက်ဖို့ အတွက် ခဏအချိန်ရွှေ့ထားရုံပါ ဆိုပြီး ကိုယ့်ကိုယ်ကိုပြောလေ့ရှိပါတယ်။ သူတို့သောက်ခဲ့တဲ့ အရက်တွေနဲ့ စားခဲ့တဲ့ အဆီများစွာပါဝင်တဲ့ အစားအစာများဟာ ခန္ဓာကိုယ်အလေးချိန်တိုးသွားစေရုံတင် မကပါဘူး။ ဒါဟာ နောက်ဆုံးမှာ အသည်းကင်ဆာအထိ ဖြစ်သွားနိုင်တဲ့ အသည်းခြောက်ခြင်း(Liver Cirrhosis) စတင်ရာ အသည်းအဆီဖုံးခြင်းကိုပါ ဖြစ်စေနိုင်ပါတယ်

ပျော်စရာအခိုက်အတန့်တွေနဲ့အတူကပ်ပြီးပါလာတတ်တဲ့အန္တရာယ်(သို့)အသည်းအဆီဖုံးခြင်းရောဂါ

စုစုပေါင်းအသည်းအလေးချိန်ရဲ့ (၅)ရာခိုင်နှုန်း ကနေ (၁၀)ရာခိုင်နှုန်းပမာဏရှိတဲ့ အဆီတွေ အသည်းဆဲလ်တွေကြားထဲမှာ စုပုံလာခြင်းကို အသည်းအဆီဖုံးခြင်း လို့ သတ်မှတ်လို့ရပါတယ်။ အကျိုးဆက်အနေနဲ့ အသည်းဆဲလ်တွေကိုဖျက်စီးခြင်း (သို့) အသည်းရောင်ခြင်းကို ဖြစ်စေပြီး နောက်ဆုံးမှာ အသည်းခြောက်ခြင်းကို ခံစားရစေ ပါတယ်။ ဒီအခြေအနေကို မကုသဘဲ ထားလိုက်မယ်ဆိုရင် အသည်းကင်ဆာ အထိ ဖြစ်နိုင်ပါတယ်။ အသည်းကင်ဆာဟာ ပျောက်ကင်းအောင် ကုသလို့မရဘဲ အသည်းထဲ မှာရှိတဲ့ အဆီပမာဏကို လျှော့ချခြင်းဖြင့်သာ ထိန်းထားလို့ရပါတယ်။

အသည်းအဆီဖုံးခြင်း အမျိုးအစား (၂)မျိုး

အရက်ကြောင့်ဖြစ်တဲ့အသည်းအဆီဖုံးခြင်း - အရက်ကို ပမာဏအများကြီးသောက်ခြင်း (သို့) အချိန်ကြာရှည်စွာပုံမှန်သောက်သုံးခြင်းကြောင့် အသည်းလုပ်ဆောင်ချက်တွေ ကျဆင်းလာပြီး အသည်းဆဲလ်တွေထဲမှာ အဆီတွေ စုပုံလာစေပါတယ်။ ဖြစ်တဲ့ အမျိုးအစား၊ အဆီပမာဏနဲ့ အရက်သောက်ခဲ့တဲ့ အချိန်အတိုင်းအတာ စတာတွေ အပေါ်မူတည်ပြီး တစ်ယောက်နဲ့တစ်ယောက် ရောဂါပြင်းထန်မှု ကွာခြားပါတယ်။

အရက်ကြောင့်မဟုတ်တဲ့အသည်းအဆီဖုံးခြင်း - ဒီအမျိုးအစားကတော့ ခန္ဓာကိုယ်ထဲမှာ အဆီတွေအများကြီးရှိနေခြင်း (သို့) ဆီးချို၊ သွေးတွင်းအဆီများခြင်း၊ သွေးတိုး၊ အသည်းရောင်အသားဝါ(စီ) ကဲ့သို့ ရောဂါအခံများကတစ်ဆင့် ဇီဝဖြစ်စဉ်မူမမှန်ခြင်း ကြောင့် ဖြစ်တဲ့ အသည်းအဆီဖုံးခြင်းဖြစ်ပါတယ်။

အသည်းပျက်စီးမှုရဲ့လက္ခဏာများ

ပါတီတွေမှာ အလွန်အကျွံ ကဲပြီးနောက်ပိုင်း မောပန်းနွမ်းနယ်ခြင်း၊ ဖြစ်ခဲ့တာတွေကို မမှတ်မိခြင်းများဟာ ရောဂါဖြစ်စေနိုင်တဲ့ အချက်တစ်ခုအဖြစ် စဉ်းစားရမှာဖြစ်ပါတယ်။ ဒါပေမယ့် တခြားလက္ခဏာတွေကိုလည်းခံစားရမယ်ဆိုရင် သင် အမြဲတက်နေတဲ့ ပါတီ ပွဲတွေဟာ အသည်းအဆီဖုံးခြင်းကိုဖြစ်စေတဲ့ လမ်းစ လို့ ပြောလို့ရပါတယ်။ ဒီလိုကြုံ လာရပြီဆိုရင် တိတိကျကျရောဂါရှာဖွေဖို့အတွက် ဆရာဝန်နဲ့ ချက်ချင်း ပြသတိုင်ပင်ရ ပါမယ်။ အောက်ဖော်ပြပါလက္ခဏာ တွေပြသနေပြီဆိုရင် ရောဂါအစပျိုးတဲ့အခြေအနေ လို့ သိထားရမှာဖြစ်ပါတယ်။

အလွန်အမင်းမောပန်းနွမ်းနယ်ခြင်း၊ နုံးခြင်း၊ အားမရှိခြင်း - တကယ်လို့ သင်ဟာ ပါတီပွဲ တွေမှာ သောက်စားခြင်းမပြုတာ ရက်အနည်းငယ်ကြာသည့်တိုင်အောင် ဒီလိုလက္ခဏာ တွေခံစားရပြီး အလုပ်မသွားချင်တာမျိုး ၊ အကြောင်းအရင်းမရှိ နုံးချိနေတာမျိုး ကြုံတွေ့ရနိုင်ပါတယ်။

ပျို့အန်ခြင်း၊ ဗိုက်မအီမသာဖြစ်ခြင်း နှင့် တချို့သူများအနေဖြင့် နံရိုးအောက်ညာဘက် ခြမ်းတွင် တင်းကျပ်စွာခံစားရခြင်း - လူအများစုအနေနဲ့ ပါတီပွဲတွေမှာ အစားတွေ အများကြီးစား အရက်တွေအအများကြီးသောက်ခဲ့ပြီးနောက် ဒီလိုလက္ခဏာတွေကို ပုံမှန်ခံစားရလေ့ရှိကြပါတယ်။ ဒီလိုလက္ခဏာတွေဟာ (၁)ရက်-(၂)ရက် နေရင်ပျောက်သွားပါလိမ့်မယ်။ ဒါပေမယ့် ပုံမှန်ထက်ပိုပြီး လက္ခဏာတွေ ဆက်ဖြစ် နေမယ်ဆိုရင်တော့ ဆရာဝန်နဲ့ ချက်ချင်းဆွေးနွေးတိုင်ပင်ရပါမယ်။

စားချင်စိတ်မရှိခြင်း(သို့)ရုတ်တရက်ကိုယ်အလေးချိန်ကျဆင်းခြင်း - အစားအသောက် ကို ခုံမင်စွာစားလေ့ရှိတဲ့ လူတစ်ယောက်ဟာ ရုတ်တရက်ကြီး အစာ စားချင်စိတ် မရှိတော့ဘူးဆိုရင် သင့်ခန္ဓာကိုယ်မှာ မူမှန်တာ တစ်ခုခု ဖြစ်နေပြီလို့ သတိပေးတာနဲ့ အတူတူပါပဲ။

အာရုံစူးစိုက်မှုလျော့နည်းလာခြင်းနှင့် ဆုံးဖြတ်နိုင်စွမ်းလျော့နည်းခြင်း - အသည်းအဆီ ဖုံးခြင်းခံစားနေရသူများဟာ ခေါင်းနောက်ခြင်း၊ အာရုံစူးစိုက်မှု မရှိခြင်းနဲ့ ဆုံးဖြတ်နိုင်စွမ်းလျော့နည်းလာခြင်း များကိုလည်း ခံစားရနိုင်ပါတယ်။

ဆီးနှင့်ဝမ်း(မစင်)အရောင်ပြောင်းခြင်း - အသည်းလုပ်ဆောင်မှု ကျဆင်းလာတာနဲ့အမျှ ခန္ဓာကိုယ်ဟာလည်း အညစ်အကြေးတွေကို ထိရောက်စွာ မစွန့်ပစ်နိုင်တော့ပါဘူး။ ဒီလိုကနေတစ်ဆင့် ဆီးဟာ အညိုရောင် ၊ အဝါရောင်အဖြစ် ပြောင်းလဲသွားသလို ဝမ်း(မစင်) ဟာလည်း အရောင်ပြောင်းသွားပါတယ်။

အသားဝါရောဂါ - ခန္ဓာကိုယ်ဟာ အညစ်အကြေးများကို အကုန်အစင် မစွန့်ပစ်ပေးနိုင်တဲ့အချိန်မှာ ဘီလီရူဘင်(Bilirubin) ခေါ် အဝါရောင် ဓာတုပစ္စည်း ဟာ လူနာရဲ့ အရေပြားနဲ့ မျက်လုံးများကို အဝါရောင်အဖြစ် ပြောင်းလဲသွားစေပါတယ်။

အသည်းအဆီဖုံးရောဂါကိုရှာဖွေစစ်ဆေးခြင်း

အသည်းအဆီဖုံးရောဂါခံစားနေရသူများဟာ မိမိခံစားနေရတဲ့ လက္ခဏာများကို ကိုယ်တိုင် ဆန်းစစ်နိုင်ပါတယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကို မသေချာဘူးဆိုရင် ခန္ဓာကိုယ် တစ်ခုလုံးကို စစ်ဆေးနိုင်ပါတယ်။ ဒီနည်းလမ်းနဲ့စစ်ဆေးခြင်းဖြင့် လက္ခဏာများဟာ ရောဂါကြောင်းဖြစ်တာ ဟုတ် မဟုတ် သိရှိနိုင်သလို ရောဂါဟာ ဘယ်အဆင့်ထိ ရောက်နေပြီလဲဆိုတာကိုပါ အသေးစိတ်သိရှိနိုင်ပါတယ်။

အသည်းအဆီဖုံးရောဂါကိုအဆင့်(၄)ဆင့် ခွဲခြားသတ်မှတ်န်ိုင်ပါတယ်။

အဆင့်(၁) - အဆီများဟာ အသည်းတစ်ရှူးများထဲမှာ တွယ်ကပ်နေပေမယ့် ရောင်ရမ်းခြင်း(သို့) တစ်ရှူးများကြီးထွားလာခြင်းမရှိသေးပါဘူး။ ဒီအဆင့်မှာ လက္ခဏာ ဘာမှ မပြသေးပါဘူး။

အဆင့်(၂) - အသည်းဟာ စတင် ရောင်လာပြီး အသည်း စစ်ဆေးလိုက်ရင် အသည်းလုပ်ဆောင်မှုမှာ ပုံမှန်မဟုတ်တဲ့ အခြေအနေတွေ တွေ့ရပါလိမ့်မယ်။ ဒါပေမယ့် လူနာမှာ ဘာလက္ခဏာမှ မပြသေးပါဘူး။ တကယ်လို့ ဒီအခြေအနေမှာ ဆေးစစ်မှုသေချာမလုပ်ဘဲ (၆)လကြာအထိ မကုသဘဲ ထားမယ်ဆိုရင် နာတာရှည် အသည်းရောင်ခြင်း ဖြစ်လာနိုင်ပါတယ်။

အဆင့်(၃) - အသည်းဟာ ဆိုးဆိုးရွားရွား ရောင်လာတဲ့အချိန်မှာ ရှိနေတဲ့ဆဲလ်တွေကို ထူပြောသိပ်သည်းလာတဲ့အခြေအနေအထိ တစ်ဖြည်းဖြည်း ဖျက်စီးပစ်လိုက်ပြီး အသည်းဟာလည်း လုပ်သင့်သလောက် အလုပ်မလုပ်တော့ပါဘူး။

အဆင့် (၄) - အသည်းဆဲလ်တွေ ဖျက်စီးခံလိုက်ရတာကြောင့် အသည်းဟာ အလုပ် မလုပ်နိုင်တော့တဲ့အခြေအနေအထိ ဖြစ်သွားပါတယ်။ လူနာရဲ့ အရေပြားနဲ့ မျက်လုံး များဟာ အဝါရောင်ပြောင်းသွားပါတယ်။ ဒီအခြေအနေဟာ အသည်းခြောက်ခြင်း ဆိုးရွားလာတဲ့အဆင့်ဖြစ်ပြီး နောက်ဆုံးမှာ အသည်းကင်ဆာ ဖြစ်နိုင် ပါတယ်။


အသည်းအဆီဖုံးခြင်းရောဂါကို ကနဦးရောဂါရှာဖွေစစ်ဆေးမှုများအပြင် ဝမ်းဗိုက် နေရာ မှာပုံမှန်မဟုတ်တဲ့ခံစားမှုများ ဖြစ်ပေါ်လာခြင်းဖြင့်လည်း သိရှိနိုင်ပါတယ်။ ဒါ့အပြင် လူနာရဲ့ အရက်သောက်သုံးမှုပမာဏရာဇဝင်များ၊ စွဲသောက်နေရတဲ့ ဆေးဝါးများနဲ့ တခြား ရောဂါအခံ ရှိ မရှိ မေးမြန်းခြင်းဖြင့်လည်း စစ်ဆေးရှာဖွေနိုင်ပါတယ်။ ဆရာဝန်များ အနေနဲ့ လူနာကို FibroScan နည်းပညာနဲ့ အသည်းကို စစ်ဆေးပေးမှာ ဖြစ်ပါတယ်။

အသည်းအဆီဖုံးရောဂါအတွက် အသုံးဝင်တဲ့ FibroScan နည်းပညာ

FibroScan နည်းပညာကို အသည်းအဆီဖုံးရောဂါ နဲ့ အသည်းတစ်ရှူးများ ကြီးထွား လာခြင်းကို စစ်ဆေးရာမှာ အသုံးပြုပါတယ်။ ဒီနည်းပညာဟာ အသည်းနေရာမှာ အသံလှိုင်းများကိုပစ်မှတ်ထားပြီး တုန့်ပြန်မှုအကြိမ်အရေအတွက်ကို တိုင်းတာခြင်း ဖြစ်ပါတယ်။ ဒီလိုတိုင်းတာစစ်ဆေးမှုကနေ အသည်းမှာစုပြီးတွယ်ကပ်နေတဲ့ အဆီပမာဏ၊ အသည်းရဲ့မာကျောမှု (သို့) ကြီးထွားလာတဲ့ အဆီပမာဏဟာ အသည်းတစ်ရှူးများကို ထိခိုက်မှု ရှိ မရှိ စတာတွေကိုလည်း သိရှိနိုင်ပါတယ်။ ပြောရမယ်ဆိုရင် ဒီနည်းပညာဟာ အသည်းခြောက်ခြင်းကို ဖြစ်စေနိုင်တဲ့ အသည်းပျက်စီးဆိုးရွားမှု အခြေအနေကို ကောင်းစွာ စစ်ဆေးပေးနိုင်ပါတယ်။ အဲဒီအပြင် ကုသမှုတိုင်းရဲ့ ဖွံ့ဖြိုးတိုးတက်လာမှုကိုလည်း FibroScan နည်းပညာနဲ့ စောင့်ကြည့်စစ်ဆေးနိုင်ပါတယ်။

စစ်ဆေးမှုဟာ အချိန်အနည်းငယ်သာပေးရမှာဖြစ်ပြီး လူနာအနေနဲ့ စစ်ဆေးမှု မတိုင်ခင် (၃)နာရီအတွင်း အရည်နဲ့ အစားအစာများကို မစားဘဲ ကြိုတင်ရှောင်ရှားဖို့လိုပါတယ်။ FibroScanနည်းပညာနဲ့စစ်ဆေးမယ်ဆိုရင် ဆေးရုံတက်ဖို့ မလိုအပ်သလို တိကျတဲ့ ရလဒ်များကို အချိန်အနည်းငယ်အတွင်း ရရှိနိုင်ပါတယ်။ ဒါ့အပြင် စစ်ဆေးမှုဟာ နာကျင်မှုလုံးဝမရှိတာကြောင့် လူနာအတွက် စိုးရိမ်ပူပန်မှုကိုလည်း လျှော့ချပေးနိုင် ပါတယ်။

အသည်းအဆီဖုံးရောဂါကိုကုသခြင်း

အသည်းအဆီဖုံးရောဂါဟာ လူနာတစ်ဦးချင်းစီအတွက် သင့်လျော်တဲ့ ဆေးဝါးများကို စဉ်းစားရွေးချယ်ခြင်းအပြင် လူနာရဲ့ နေထိုင်မှုအမူအကျင့်များပြောင်းလဲပြီး ကျန်းမာရေး လိုက်စားမှုနဲ့လည်း ကုသနိုင်ပါတယ်။ အဆီနဲ့ အချိုများတဲ့ အစားအစာနဲ့ အသီးများကို ရှောင်ရှားပြီး ကျန်းမာရေးနဲ့ညီညွတ်ကာ သင့်တင့်မျှတတဲ့ စားသောက်မှု ပုံစံအပြင် အရက်ဖြတ်ခြင်းလို နည်းလမ်းများဟာလည်း ကုသမှုနည်းလမ်းတစ်မျိုး ဖြစ်ပါတယ်။ ဒါ့အပြင် တစ်ပတ်မှာ အနည်းဆုံး မိနစ် (၁၅၀) ကနေ မိနစ်(၂၀၀) လောက်အချိန်ပေးပြီး ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ဖို့လည်း အကြံပြုလိုပါတယ်။

သွေးတွင်းသကြားဓာတ်များတဲ့ ဆီးချိုလူနာများ (သို့) သွေးတိုးရှိသူများဆိုရင် ကိုယ့်ရောဂါကို သေချာဂရုစိုက်ပြီး ဆရာဝန်ညွှန်ကြားတဲ့အတိုင်းဆေးသောက်ဖို့၊ ဆရာဝန်ရဲ့ လမ်းညွှန်ချက်အတိုင်းလိုက်နာဖို့ အလွန်အရေးကြီးပါတယ်။ ဒီလိုလူနာ များဟာ သူတို့ရဲ့ စားသုံးမှုပုံစံကို သေချာထိန်းသိမ်းကာ လေ့ကျင့်ခန်းများများလုပ်ပြီး စိတ်ပိုင်းရော ရုပ်ပိုင်းဆိုင်ရာပါ ကောင်းမွန်နေအောင်ထိန်းသိမ်းဖို့ အကြံပြုလိုပါတယ်။

တကယ်လို့ သင်ဟာ ပါတီပွဲတွေမှာ သူငယ်ချင်းတွေနဲ့ ဆုံဖို့ရှိတယ် ဒါမှမဟုတ် သင် ချစ်တဲ့သူတွေနဲ့အတူ ပျော်ရွင်စရာပါတီပွဲအခိုက်အတန့်တွေကို ဖြတ်သန်းရတာ ကြိုက်နှစ်သက်တယ်ဆိုရင် အသည်းအဆီဖုံးခြင်းရောဂါရဲ့ သားကောင် မဖြစ်ရလေ အောင် လိုအပ်တဲ့ ပြင်ဆင်မှုတွေကို သေချာလုပ်ဆောင်ထားဖို့ ဒီဆောင်းပါးကနေ တစ်ဆင့် တိုက်တွန်းပြောကြားလိုပါတယ်။

For Medical Inquiry

*ထည့်သွင်းရန်လိုအပ်သည်။

အမည် (FIRST NAME)*
အမည် (FIRST NAME)*
အမည် (LAST NAME)*
အမည် (LAST NAME)*
မေးခွန်းအမျိုးအစား*
မေးခွန်းအမျိုးအစား*
မေးခွန်း*
မေးခွန်း*
အီးမေးလ်လိပ်စာ*
အီးမေးလ်လိပ်စာ*
အဆင့်သတ်မှတ်ချက်

မှတ်ပုံတင်ပြီးသားလား။