ကိုလက်စထရော မြင့်မားခြင်း ဟာ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတစ်ခုဖြစ်တဲ့အပြင် နှလုံးသွေးကြောရောဂါ တို့ ဖြစ်ပွားနိုင်ခြေကို မြင့်တက်စေတဲ့ အရေးကြီးတဲ့ အကြောင်းရင်းတစ်ခုလည်း ဖြစ်ပါတယ်။ လူအများစုက ကိုလက်စထရော မြင့်မားရခြင်းဟာ အစားအသောက်ကြောင့်သာ ဖြစ်တယ်လို့ ယူဆကြပါတယ်။ တကယ်တော့ လူတစ်ဦးချင်းစီရဲ့ သွေးတွင်းကိုလက်စထရောပမာဏကို သတ်မှတ်ရာမှာ မျိုးရိုးဗီဇကလည်း အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။
ကိုလက်စထရော မြင့်မားရခြင်း အကြောင်းရင်းများစွာရှိပါတယ်။ အများစုမှာတော့ အောက်ပါ အခြေအနေ တွေ ရောနှောပေါင်းစပ်ပါဝင်နေပါတယ်။
ဒီနေရာမှာ အစားအသောက်၊ ကိုယ်လက်လှုပ်ရှားမှု၊ ကိုယ်အလေးချိန်၊ စိတ်ဖိစီးမှု၊ ဆေးလိပ်သောက်ခြင်း နဲ့ အခြားသော ကျန်းမာရေး အခြေအနေများလည်း ပါဝင်ပါတယ်။
လူအများစုမှာ မိဘတွေဆီကနေ အမွေဆက်ခံရရှိတဲ့ မျိုးရိုးဗီဇဆိုင်ရာ လက္ခဏာတွေ ရှိပါတယ်။ ဒီလက္ခဏာတွေက ခန္ဓာကိုယ်က ကိုလက်စထရောကို ဘယ်လို ကိုင်တွယ်အသုံးပြုသလဲဆိုတာအပေါ် သက်ရောက်မှုရှိနိုင်ပါတယ်။ အဓိကအားဖြင့် အောက်ပါအချက်တွေကို သက်ရောက်စေနိုင်ပါတယ်။
သို့သော် ဒီလို အမွေဆက်ခံထားရတဲ့ မျိုးရိုးဗီဇဆိုင်ရာလက္ခဏာသဘာဝတွေဟာ မိသားစုထဲမှာ အစဉ်အလာရှိတယ် ဆိုပေမယ့် မျိုးရိုးဗီဇတစ်ခုတည်းကြောင့် ဖြစ်တဲ့ရောဂါလို့တော့ မသတ်မှတ်နိုင်ပြန်ပါဘူး။ မိသားစုဝင်တွေမှာ ပုံစံတူအန္တရာယ်လက္ခဏာတွေကို မျှဝေခံစားရနိုင်ပေမယ့် တစ်ဦးချင်းစီရဲ့ ကိုလက်စထရော ပရိုဖိုင်ဟာ သူ့ရဲ့ နေထိုင်မှုပုံစံနဲ့ ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းရင်းများရဲ့ အကျိုးသက်ရောက်မှုကို ဆက်လက်ခံယူနေဆဲပဲ ဖြစ်ပါတယ်။
ကိုလက်စထရော မြင့်မားနေသူ အများစုဟာ အဆိုပါ မျိုးရိုးဗီဇ ဆိုင်ရာ လက္ခဏာများနဲ့ နေထိုင်မှုပုံစံ အလေ့အထတို့ အချိန်ကြာလာတာနဲ့အမျှ အပြန်အလှန် အကျိုးသက်ရောက်မှုကတစ်ဆင့် ဖြစ်ပေါ်လာရခြင်းပဲ ဖြစ်ပါတယ်။
လူ ၃၀၀ ဦးမှာ ၁ ဦးခန့်ဟာ ခန္ဓာကိုယ်ထဲက LDL ကိုလက်စထရော (မကောင်းတဲ့ ကိုလက်စထရော) ကို ဖယ်ရှားပေးတဲ့ မျိုးဗီဇတစ်ခု ပြောင်းလဲမှုကြောင့် ကိုလက်စထရော မြင့်မားလာနိုင်ပါတယ်။ ဒီအခြေအနေကို မျိုးရိုးလိုက် ကိုလက်စထရောမြင့်မားခြင်းရောဂါ (Familial Hypercholesterolemia – FH) လို့ ခေါ်ပါတယ်။
FH ဟာ ငယ်ရွယ်စဉ်ကတည်းက LDL ကိုလက်စထရောပမာဏ သိသိသာသာ မြင့်မားနေတတ်တဲ့ မျိုးရိုးလိုက်ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဒီရောဂါရှိသူတွေမှာ အသက်ငယ်ငယ်နဲ့ နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်မားပါတယ်။
FH ရဲ့ အဓိကလက္ခဏာများ
အရွယ်မတိုင်မီ နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်ပွားခြင်း ဆိုတာကတော့...
ယုတ်စွအဆုံး မိဘနှစ်ဦးစလုံး FH (မျိုးရိုးလိုက် ကိုလက်စထရော မြင့်မားခြင်းရောဂါ) ရှိနေတယ် ဆိုရင် သားသမီးမှာ မိဘနှစ်ပါးဆီက ပုံမမှန်မျိုးရိုးဗီဇမိတ္တူ တစ်ခုစီကို အမွေဆက်ခံဖို့ ၂၅ ရာခိုင်နှုန်း အခွင့်အလမ်း ရှိနေပါတယ်။ ဒီလိုဖြစ်ပွားတဲ့ FH အမျိုးအစားဟာ ပိုမိုပြင်းထန်ပြီး ကလေးဘဝ ဒါမှမဟုတ် ဆယ်ကျော်သက်အရွယ်မှာပင် နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေ ပြင်းထန်စွာ ဖြစ်ပွားလာနိုင်ပါတယ်။
အဓိက စိုးရိမ်ရမည့်အချက် — နှလုံးသွေးကြောဆိုင်ရာ ရောဂါများ
ဒါကြောင့် ကိုလက်စထရော မြင့်မားနေသူတိုင်းဟာ နှလုံးသွေးကြောဆိုင်ရာ အန္တရာယ် ရှိ မရှိကို ပြီးပြည့်စုံတဲ့ ဆန်းစစ်စစ်ဆေးမှုကို ခံယူသင့်တာပဲ ဖြစ်ပါတယ်။

လူအများစုမှာ မိဘတွေဆီကနေ အမွေဆက်ခံရရှိတဲ့ မျိုးရိုးဗီဇဆိုင်ရာ လက္ခဏာတွေ ရှိပါတယ်။ ဒီလက္ခဏာတွေက ခန္ဓာကိုယ်က ကိုလက်စထရောကို ဘယ်လို လုပ်ဆောင်သလဲဆိုတဲ့ အပေါ် သက်ရောက်မှုရှိနိုင်ပါတယ်။
အဓိကအားဖြင့် အောက်ပါအချက်တွေကို သက်ရောက်စေနိုင်ပါတယ်။
သို့သော် ဒီလို အမွေဆက်ခံထားရတဲ့ သွင်ပြင်လက္ခဏာသဘာဝတွေဟာ မိသားစုထဲမှာ အစဉ်အလာရှိတယ် ဆိုပေမယ့် မျိုးရိုးဗီဇတစ်ခုတည်းကြောင့် ဖြစ်တဲ့ရောဂါလို့တော့ မသတ်မှတ်နိုင်ပြန်ပါဘူး။ မိသားစုဝင်တွေမှာ ပုံစံတူအန္တရာယ်လက္ခဏာတွေကို မျှဝေခံစားရနိုင်ပေမယ့် တစ်ဦးချင်းစီရဲ့ ကိုလက်စထရော ပရိုဖိုင်ဟာ သူ့ရဲ့ နေထိုင်မှုပုံစံနဲ့ ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းရင်းများရဲ့ အကျိုးသက်ရောက်မှုကို ဆက်လက်ခံယူနေဆဲပဲ ဖြစ်ပါတယ်။
ကိုလက်စထရော မြင့်မားနေသူ အများစုဟာ အဆိုပါ မျိုးရိုးဗီဇ ဆိုင်ရာ လက္ခဏာများနဲ့ နေထိုင်မှုပုံစံ အလေ့အထတို့ အချိန်ကြာလာတာနဲ့အမျှ အပြန်အလှန် အကျိုးသက်ရောက်မှုကတစ်ဆင့် ဖြစ်ပေါ်လာရခြင်းပဲ ဖြစ်ပါတယ်။
လူ ၃၀၀ ဦးမှာ ၁ ဦးခန့်ဟာ ခန္ဓာကိုယ်ထဲက LDL ကိုလက်စထရော (မကောင်းတဲ့ ကိုလက်စထရော) ကို ဖယ်ရှားပေးတဲ့ မျိုးဗီဇတစ်ခု ပြောင်းလဲမှုကြောင့် ကိုလက်စထရော မြင့်မားလာနိုင်ပါတယ်။ ဒီအခြေအနေကို မျိုးရိုးလိုက် ကိုလက်စထရောမြင့်မားခြင်းရောဂါ Familial Hypercholesterolemia (FH) လို့ ခေါ်ပါတယ်။
FH ဟာ ငယ်ရွယ်စဉ်ကတည်းက LDL ကိုလက်စထရောပမာဏ သိသိသာသာ မြင့်မားနေတတ်တဲ့ မျိုးရိုးလိုက်ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဒီရောဂါရှိသူတွေမှာ အသက်ငယ်ငယ်နဲ့ နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်မားပါတယ်။
FH ရဲ့ အဓိကလက္ခဏာများ
အရွယ်မတိုင်မီ နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်ပွားခြင်း ဆိုတာကတော့...
ယုတ်စွအဆုံး မိဘနှစ်ဦးစလုံး FH (မျိုးရိုးလိုက် ကိုလက်စထရော မြင့်မားခြင်းရောဂါ) ရှိနေတယ် ဆိုရင် သားသမီးမှာ မိဘနှစ်ပါးဆီက ပုံမမှန်မျိုးရိုးဗီဇမိတ္တူ တစ်ခုစီကို အမွေဆက်ခံဖို့ ၂၅ ရာခိုင်နှုန်း အခွင့်အလမ်း ရှိနေပါတယ်။ ဒီလိုဖြစ်ပွားတဲ့ FH အမျိုးအစားဟာ ပိုမိုပြင်းထန်ပြီး ကလေးဘဝ ဒါမှမဟုတ် ဆယ်ကျော်သက်အရွယ်မှာပင် နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေ ပြင်းထန်စွာ ဖြစ်ပွားလာနိုင်ပါတယ်။
အဓိက စိုးရိမ်ရမည့်အချက် — နှလုံးသွေးကြောဆိုင်ရာ ရောဂါများကိုလက်စထရော မြင့်မားမှုကို ထိန်းချုပ်ရာမှာ အဓိက အရေးကြီးဆုံးက မျှော်မှန်းထားတဲ့ ကိုလက်စထရောပမာဏကို ရောက်ရှိဖို့သာ မဟုတ်ဘဲ အောက်ဖော်ပြပါ နှလုံးသွေးကြောဆိုင်ရာ နောက်ဆက်တွဲ ပြဿနာများကို အချိန်မီကာကွယ်နိုင်ဖို့ပဲ ဖြစ်ပါတယ်။ ဥပမာ -
ဒါကြောင့် ကိုလက်စထရော မြင့်မားနေသူတိုင်းဟာ နှလုံးသွေးကြောဆိုင်ရာ အန္တရာယ် ရှိ မရှိကို ပြီးပြည့်စုံတဲ့ ဆန်းစစ်စစ်ဆေးမှုကို ခံယူသင့်တာပဲ ဖြစ်ပါတယ်။

ကိုလက်စထရောမြင့်မားမှုအတွက် ခေတ်မီ ကုသမှု အစီအစဉ်များ ချမှတ်ရာမှာ ကိုလက်စထရောပမာဏကိုသာ ကြည့်တာမဟုတ်ဘဲ လူတစ်ဦးချင်းစီရဲ့ နှလုံးသွေးကြောဆိုင်ရာ ရောဂါဖြစ်နိုင်ခြေအပေါ် မူတည်ပြီး ကုသမှုကို အာရုံစိုက်လာကြပါတယ်။
အန္တရာယ်အဆင့် မြင့်မားသူများ - PREVENT-ASCVD အမှတ်ပေးစနစ်အသုံးပြု ဆုံးဖြတ်ချက်ချထားမှုများ အရ လာမယ့် ၁၀ နှစ်အတွင်း နှလုံးသွေးကြောဆိုင်ရာ ရောဂါဖြစ်ပွားနိုင်ခြေ ၁၀ ရာခိုင်နှုန်း သို့မဟုတ် ဒီ့ထက်ပိုတယ်လို့ ခန့်မှန်းရသူ လူနာများကို “အန္တရာယ်အဆင့် မြင့်မားသူများ” လို့ သတ်မှတ်ပါတယ်။
ယနေ့ခေတ်မှာတော့ နှလုံးသွေးကြောဆိုင်ရာ အန္တရာယ် ဆန်းစစ်စစ်ဆေးမှုကဏ္ဍဟာ သမရိုးကျ ကိုလက်စထရော စစ်ဆေးခြင်းထက် များစွာ ကျယ်ပြန့်လာပြီ ဖြစ်ပါတယ်။
FH (မျိုးရိုးလိုက် ကိုလက်စထရော အလွန်မြင့်မားသောရောဂါ) ကဲ့သို့သော မျိုးရိုးဗီဇ တစ်ခုတည်းကြောင့် ဖြစ်တဲ့ ရောဂါများကို ရှာဖွေစစ်ဆေးတဲ့ စစ်ဆေးမှုများနှင့် မတူဘဲ၊ PRS နည်းလမ်း ဟာ အောက်ပါတို့နဲ့ ဆက်စပ်နေတဲ့ မျိုးရိုးဗီဇ ပြောင်းလဲမှုအများအပြားကို ခွဲခြမ်းစိတ်ဖြာပေးပါတယ်။

ကိုလက်စထရောမြင့်မားတယ်ဆိုတာ ညံ့ဖျင်းတဲ့အစားအသောက် သို့မဟုတ် လူနေမှုပုံစံ ရွေးချယ်မှုများ သက်သက်ကြောင့် ဖြစ်ပေါ်လာရတာ မဟုတ်ဘူး။ ခန္ဓာကိုယ်က ကိုလက်စထရောကို ဘယ်လို စီမံခန့်ခွဲသလဲ ဆိုတာနဲ့ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေ ဘယ်လောက်စောစောဖြစ်နိုင်သလဲ ဆိုတဲ့အပိုင်းမှာ မျိုးရိုးဗီဇက သိသိသာသာ လွှမ်းမိုးမှုရှိနိုင်တာကို တွေ့ရပါတယ်။
အဲဒီတော့ မိဘဆီက အမွေဆက်ခံရရှိထားတဲ့ အန္တရာယ်နဲ့ ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းရင်း နှစ်ရပ်စလုံးကို နားလည်သဘောပေါက်ထားခြင်းဖြင့် ပိုမိုသင့်လျော် ကိုက်ညီတဲ့ ကာကွယ်ရေးနဲ့ ကုသရေး မဟာဗျူဟာတွေကို ရှာဖွေဖော်ထုတ်လာနိုင်ကြပါတယ်။ အထူးသဖြင့် မိသားစုလိုက် ကိုလက်စထရော အလွန်မြင့်မားသောရောဂါ (FH) ရှိသူများကဲ့သို့သော အန္တရာယ်အဆင့် မြင့်တဲ့သူတွေကို စောစီးစွာ ရောဂါဖော်ထုတ်ပေးနိုင်ခြင်းက ငယ်ရွယ်စဉ် နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေကို သိသိသာသာ လျှော့ချပေးနိုင်ပြီး ရေရှည် နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေး ရလဒ်များကိုပါ တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ဆစ်မီတဝေ့ဆေးရုံကြီးမှာ ကိုလက်စထရောမြင့်မားတဲ့ (Hypercholesterolemia) လူနာတွေအတွက် နှလုံးသွေးကြောဆိုင်ရာ အန္တရာယ် ဆန်းစစ်စစ်ဆေးခြင်း ဝန်ဆောင်မှုများကို ပြီးပြည့်စုံစွာ ပံ့ပိုးပေးလျက်ရှိပါတယ်။
အဆိုပါ ဝန်ဆောင်မှုများတွင် ဆေးပညာဆိုင်ရာ အန္တရာယ်အကြောင်းရင်းများ ဆန်းစစ်ခြင်း၊ Polygenic Risk Score (PRS) ခေါ် မျိုးရိုးဗီဇမျိုးစုံဆိုင်ရာ အန္တရာယ် အမှတ်ပေးစနစ်၊ မိဘဆီကအမွေဆက်ခံရရှိထားတဲ့ အဆီဓာတ်ဆိုင်ရာ မူမမှန်မှုများကို စစ်ဆေးခြင်းတို့ ပါဝင်ပါတယ်။ နှလုံးသွေးကြောဆိုင်ရာနှင့် မျိုးရိုးဗီဇဆိုင်ရာ ဆန်းစစ်စစ်ဆေးမှု ဝန်ဆောင်မှုများကို လက်တွေ့မျိုးရိုးဗီဇ ဆိုင်ရာ ဝန်ဆောင်မှု (Clinical Genetics Service) နဲ့ နှလုံးရောဂါကုသရေး ဝန်ဆောင်မှု (Cardiology Service) တို့ ပူးပေါင်းပြီး အထူးဂရုစိုက် ဆောင်ရွက်ပေးနေခြင်း ဖြစ်ပါတယ်။
နှလုံးစင်တာ
Genomics and Lifestyle Wellness Center
ဆောင်းပါးများ