ဒီနှစ် “မိခင်များနေ့” ကျရင် အမေ့ကို ဟိုတယ်မှာ လိုက်ကျွေးမယ့်အစား မျက်လုံးစစ်ပေးလိုက်ပါလား။ အမေ့ကိုချစ်ကြောင်း မေတ္တာပြတဲ့အနေနဲ့ နှစ်ခုလုံးလုပ်ရင်လဲ ရပါတယ်။
အသက်ကြီးတဲ့လူတွေမှာ မျက်လုံးထဲမှာ တိမ်တွေလိုဖြစ်လာတယ်ဆိုတာ ဇရာရဲ့ လက္ခဏာတစ်ခုပါပဲ။ မျက်စိရောဂါ စ လာပြီဆိုတဲ့ အဓိပ္ပာယ်ပေါ့။ အဲဒီတော့ မျက်စိကို စစ်ဆေးပေးခြင်းအားဖြင့် မျက်စိရောဂါ ကို ဆိုးဝါးတဲ့အဆင့်အထိ မရောက်ခင်မှာ တားဆီးနိုင်ပါတယ်။ မျက်စိစစ်ဆေးတာဟာ ကိုယ့်မျက်လုံး အမြင်လေး ထာဝရ ကြည်လင်နေဖို့အတွက် အပြုသဘောဆောင်တဲ့ ကိစ္စတစ်ရပ်ပဲ ဖြစ်ပါတယ်။
မျက်စိရောဂါဆိုတာ အမြင်အာရုံကို ထိခိုက်စေတဲ့ ရောဂါဖြစ်ပြီး အကြောင်းရင်းများစွာရှိပါတယ်။ အခြေအနေပေါ်မူတည်ပြီးတော့ ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေကလည်း အမျိုးမျိုး ရှိပါတယ်။ လူသိများတဲ့ မျက်စိဝေဒနာတွေကတော့ အတွင်းတိမ်၊ ရေတိမ်၊ pinguecula နဲ့ pterygium စ တာတွေပဲ ဖြစ်ပါတယ်။
အတွင်းတိမ်
အတွင်းတိမ်ဟာ အသက် ၅၅ နှစ်ပတ်ဝန်းကျင်တွေရဲ့ ၅၀% မှာ ဖြစ်တတ်ပြီး အသက် ၇၅ နှစ်ကျော်တွေမှာတော့ ရာနှုန်းပြည့်နီးနီး ဖြစ်တတ်ကြပါတယ်။ အတွင်းတိမ်ဆိုတာ မျက်လုံးထဲက မှန်ဘီလူးလေး သက်တမ်းကြာလိုပ ယိုယွင်းလာတာကနေ စ တာ ပါပဲ။ အတွင်းတိမ် မျိုးရိုး ရှိရင်လဲ ဖြစ်တတ်ပါတယ်။ ဆီးချို ရှိတာတို့၊ ဒါမှမဟုတ် မတော်တဆထိခိုက်မှု ကြီးကြီးမားမားတစ်ခုကြောင့် မျက်လုံးထဲက မှန်ဘီလူးလေးကို ဖိမိတာတို့ကြောင့်လည်း ဖြစ်တတ်ပါတယ်။ အဲဒီလို အနှောက်အရှက်တွေကြောင့် မျက်လုံးမြင်လွှာပေါ်ကို အလင်းကျရောက်နိုင်မှု အားနည်းသွားပြီးတော့ တိမ်လိုအဖြူရောင်၊ ဝါတာတာ နဲ့ ညိုမှိုင်းမှိုင်း အရောင်တွေဖြစ်နေပြီး အမြင်အာရုံရဲ့ ကြည်လင်မှု ကို အားနည်းလာစေတာဟာ အတွင်းတိမ်ရှိနေပြီဆိုတဲ့ လက္ခဏာပဲ ဖြစ်ပါတယ်။ တစ်ချို့ ဆိုးဆိုးရွားရွား ထိခိုက်ထားတဲ့သူဆိုရင် အနီးရော အဝေးပါ မှုန် နေတတ်ပါတယ်။
အတွင်းတိမ်ကုသခြင်း
အတွင်းတိမ်ဝေဒနာရှင်တွေကို မူလအတိုင်း ကြည်ကြည်လင်လင် လုံး၀ ပြန်မြင်နိုင်အောင် ထိထိရောက်ရောက် ကုသမှုတွေ ပေးနိုင်ပါတယ်။ phacoemulsification surgery လို့ ခေါ်တဲ့ နည်းဟာ 1.8 -3.0 မီလီမီတာလောက်ပဲရှိတဲ့ ခွဲကြောင်းသေးသေးလေး ခွဲချလိုက်ပြီး ပြန်ချုပ်စရာလည်း မလိုတဲ့ နည်းပဲ ဖြစ်ပါတယ်။ အဲဒီလို ခွဲကြောင်းသေးသေးလေးကနေ synthetic lens လို့ခေါ်တဲ့ မှန်ဘီလူးလေးကို ထည့်ပေးလိုက်ပါတယ်။ ဒါဟာ ဝေဒနာရှင်အတွက် တစ်သက်တာ ကုသမှုဖြစ်ပြီး ဘာမှ ထပ်လုပ်ပေးဖို့လည်း မလိုအပ်ပါဘူး။
ခွဲစိတ်ပြီးနောက် လိုက်နာရန်
ရေတိမ်က မျက်စိရောဂါထဲမှာ အဆိုးဆုံးပဲ။ မျက်စိကွယ်တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ သူက အစပိုင်းမှာ မျက်လုံးဆိုင်ရာ နာဗ်ကြောက အမျှင်တွေ ပျက်စီးတာဖြစ်ပြီး ဘာနာကျင်မှု၊ ဘာလက္ခဏာမှလည်း မပြဘူး။ ရေတိမ်ဖြစ်နေပြီလို့ သိလိုက်ရတဲ့အချိန်မှာ အမြင်အာရုံဟာ ဆိုးဆိုးရွားရွား ထိခိုက်နေပါပြီ။ ရေတိမ်က အသက်ကြီးလာတာ၊ ocular သွေးတိုးရောဂါ မျိုးရိုးရှိနေတာ နဲ့ တစ်ချို့ ခေါင်းတစ်ခြမ်းကိုက်ဝေဒနာတို့ ဆီးချိုတို့ မွေးကတည်းက ပါလာတဲ့သူတွေမှာ ဖြစ်တတ်ပါတယ်။ စတီးရွိုက်ပါတဲ့ မျက်စဉ်းဆေးအုပ်စု တစ်ချို့ကလည်း ရေတိမ်ဖြစ်စေနိုင်တာကို တွေ့ရပါတယ် တဲ့။
ရေတိမ်ကုသခြင်း
ရေတိမ်ကို အစောပိုင်းမှာ သိရရင် ဆရာဝန်က ပုံမှန် ocular သွေးတိုးကျဆေးကို အရင် ပေးပါလိမ့်မယ်။ အဲဒီဆေးက မျက်လုံးနာဗ်ကြောအမျှင်လေးတွေကို အထောက်အကူပေးပြီး ပို ဆိုးမသွားအောင် ထိန်းပေး ပါလိမ့်မယ်။ ရေရှည်ခပ်ရမယ့် မျက်စဉ်းဆေးလည်းပေးပါလိမ့်မယ်။ မျက်စဉ်းဆေးအပြင် ရေတိမ်ကို လေဆာနဲ့လည်း ခွဲလို့ ရနေပြီ ဖြစ်ပါတယ်။ ကုသနည်းကတော့ ဝေဒနာရှင်ရဲ့ ရောဂါ အတိမ်အနက်ပေါ် မူတည်ပြီး ရွေးချယ်ရမှာဖြစ်ပါတယ်။ မျက်စိအထူးကုဆရာဝန်ရဲ့ ဆုံးဖြတ်ချက်အတိုင်းပဲ လိုက်နာရမှာ ဖြစ်ပါတယ်။
Pinguecula က အသက်အရွယ်မရွေး၊ ကျား မ မရွေး ဖြစ်နိုင်ပါတယ်။ အသက်ကြီးတဲ့သူတွေမှာ ပိုဖြစ်တတ်ပါတယ်။ သူက မျက်လုံးဟာ လေတို့၊ ဖုန်တို့၊ နေရောင်ခြည်တို့နဲ့ အချိန်အကြာကြီး ထိတွေ့မှုကြောင့် မျက်လုံးအဖြူသားတွေဟာ ပုံမှန်တစ်သျှူးကနေ benign ကင်ဆာအဖြစ် ပြောင်းလဲ သွားတာ။ အမြင်အာရုံကိုတော့ မထိခိုက်ဘူး။ ဒါပေမယ့် မျက်စိ အဖြူသားပေါ်မှာ အဝါရောင်အလွှာတစ်ခု ထပ်ပြီး အုပ်သွားတာ။ မြင်လွှာ cornea နားလောက်အထိ မျက်လုံးအပေါ်ကနေ အောက်အထိ ဖြစ်သွားတာ။ မျက်စိ အောင့်နေမယ်၊ နာကျင်မယ်၊ ခြောက်သွေ့ ပြီး မျက်စိထဲ တစ်ခုခု ဝင်နေသလို ခိုးလိုးခုလုကြီး ဖြစ်နေတတ်ပါတယ်။
ကုသခြင်း
Pinguecula ဟာ မျက်စိတွေ နီလာတာ၊ ရောင်လာတာ၊ အရမ်းနာတာ စတဲ့ ဆိုးဆိုးရွားရွားတေါ ဖြစ်မနေသေးဘူးဆိုရင် ဘာ ကုသမှုမှ မလိုသေးပါဘူး။ မျက်ရည်တု မျက်စဉ်းလေး ဒါမှမဟုတ် ဆရာဝန်ပေးတဲ့ Pinguecula မျက်စဉ်း ခပ်ပေးရပါမယ်။ ဒါပေမယ့် Pinguecula အဆင့်ကနေ pterygium အဆင့်ကို ပြောင်းလဲသွားတော့မယ်လို့ ဆရာဝန်က ယူဆရင်တော့ ခွဲ ပါလိမ့်မယ်။
မျက်စိဝေဒနာများမှ ကာကွယ်ခြင်း
ဘယ်လိုမျက်စိဝေဒနာမျိုးမဆို ဖြစ်လာရတဲ့ အကြောင်းရင်းတွေက အတူတူလောက်ပါပဲ။ ဒါကြောင့် အောက်ပါအချက်ကလေးတွေကို မျက်လုံးအတွက် ဂရုစိုက်ပေးပါလို့ မှာချင်ပါတယ်။
ဆောင်းပါးများ