အမျိုးသားမှာဖြစ်တဲ့ပန်းသေပန်းညှိုးရောဂါအကြောင်း

အမျိုးသားမှာဖြစ်တဲ့ပန်းသေပန်းညှိုးရောဂါအကြောင်း

အနှစ်ချုပ်

  • ပန်းသေပန်းညှိုးရောဂါ (Erectile Dysfunction)ဟာ အသက်(၄၀)ကျော် အမျိုးသားများရဲ့ (၅၀)ရာခိုင်နှုန်းမှာဖြစ်နိုင်ပြီး လက်ရှိအချိန်မှာဆိုရင် ငယ်ရွယ်တဲ့ အမျိုးသားများမှာဖြစ်ပွားမှုနှုန်းဟာ ယခင်ကထက်ပိုမိုမြင့်တက်လျက်ရှိပါတယ်။
  • သွေးတိုးရှိတဲ့ လူများမှာ ပန်းသေပန်းညှိုးဖြစ်ပွားနိုင်မှု (၆၂)ရာခိုင်နှုန်းရှိပါတယ်။ သွေးတိုးရောဂါရှိတဲ့လူများရဲ့ (၈)ရာခိုင်နှုန်းမှ (၁၀)ရာခိုင်နှုန်းမှာ ပန်းသေပန်းညှိုး ရောဂါဖြစ်ကြောင်း တွေ့ရှိရပါတယ်။
  • ခန္ဓာကိုယ်ရဲ့ သဘာဝအတိုင်းပြန်လည်ကျန်းမာသန်စွမ်းမှုကို လှုံ့ဆော်ပေးတဲ့ အသံလှိုင်းကုထုံး (Shockwave Treatment) ဟာ ပန်းသေပန်းညှိုးရောဂါအတွက် နောက်ဆုံးပေါ် ကုသမှုနည်းလမ်းတစ်ခုဖြစ်ပါတယ်။ အဆိုပါကုသမှုဟာ အမျိုးသားလိင်တံရဲ့ အပြင်ဘက်တစ်ရှူးများအပေါ်ကို ကြိမ်းနှုန်းနည်းပါးတဲ့ အသံလှိုင်းများပစ်လွှတ် ပေးတာဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ အမျိုးသားများအတွက် တကယ်ကို အကျိုး ရှိစေပြီး (၃)ကြိမ်-(၄)ကြိမ်လောက်လုပ်ဆောင်ပြီးတဲ့ အခါမှာ မကုသခင်က ထက် ပိုပြီး သိသိသာသာ လိင်တံရှည်လျားထောင်မတ်လာစေပါတယ်။

ပန်းသေပန်းညှိုးဆိုတာဘာလဲ?

ပန်းသေပန်းညှိုးဟာ အသက်ကြီးတဲ့အမျိုးသားတွေမှာသာ ဖြစ်လေ့ရှိတဲ့ ပြဿနာ တစ်ခုလို့ ယခင်က သတ်မှတ်ခဲ့ပေမယ့်လည်း ယနေ့ခေတ်မှာတော့  á€Ąá€žá€€á€şá€Ąá€›á€˝á€šá€ş  မရွေး ဖြစ်ပွားနေကြပါတယ်။ ငယ်ရွယ်တဲ့အမျိုးသားများမှာ ဖြစ်ပွား မှုဟာ ယခင်ကထက် ပိုပြီးများလာပါတယ်။ ဒီပြဿနာဟာ လူတစ်ယောက်ရဲ့ အသက်ကို ထိခိုက်စေတဲ့ အခြေအနေမျိုး မဟုတ်ပေမယ့်လည်း ယေဘုယျကျန်းမာရေး အတွက် အဓိက ကျတဲ့ ညွှန်းဆိုချက်တစ်ခု ဖြစ်လာပါတယ်။  အထူးသဖြင့်  လေဖြတ်ခြင်း ၊ နှလုံးသွေးကြောကျဉ်းရောဂါ စတဲ့ သွေးလည်ပတ်မှု အားနည်းခြင်းကြောင့်ဖြစ်တဲ့ရောဂါများနဲ့ ဆက်စပ်နေပါတယ်။ ဒါ့အပြင် ပန်းသေပန်းညှိုး ရောဂါဟာ အိမ်ထောင်သည်ဘဝကို သိသိသာသာ ထိခိုက်စေပြီး နေ့စဉ်မိသားစုဘဝကို ပါ သက်ရောက်မှုရှိစေပါတယ်။

ပန်းသေပန်းညှိုးရောဂါဆိုတာဟာ လိင်ဆက်ဆံဖို့ (သို့)လိင်ခံစားမှုအထွတ်အထိပ် ရောက်ဖို့ လိင်တံကြာရှည်စွာ မထောင်မတ်နိုင်ခြင်း (သို့) လိင်တံထောင်မတ်မှု ကိုမသိန်းသိမ်းနိုင်ခြင်း အခြေအနေအဖြစ် ဆေးပညာမှာ သတ်မှတ်ထားပါတယ်။

  • အသက်(၄၀)အောက်အမျိုးသားများရဲ့ (၅)ရာခိုင်နှုန်း
  • အသက်(၄၀)အထက်အမျိုးသားများအားလုံးရဲ့ (၅၀)ရာခိုင်နှုန်း

လိင်တံထောင်မတ်မှု ထိန်းသိမ်းနိုင်ဖို့ သဘာဝနည်းလမ်းအတိုင်း လုပ်ဆောင်မယ် ဆိုရင် ဦးနှောက်နဲ့အာရုံကြောစနစ်နဲ့ပေါင်းပြီး ဟော်မုန်းထိန်းချုပ်မှုအောက်မှာ လုပ်ဆောင်ရတာဖြစ်ပါတယ်။  လိင်တံဟာ အောက်မှာဖော်ပြထားတဲ့ ပုံမှန် လုပ်ဆောင်ချက် (၄)ချက်အပေါ်မူတည်ပြီး စတင်ထောင်မတ်လာပါတယ်။

၁။ ဦးနှောက်နှင့်အာရုံကြောမှတစ်ဆင့်အလိုအလျောက်လှုံ့ဆော်ပံ့ပိုးမှု

၂။ သွေးကြောများမှအလိုအလျောက်လှုံ့ဆော်ပံ့ပိုးမှု

၃။ ခန္ဓာကိုယ်ကိုသင့်လျော်စွာသက်ရောက်စေသည့်နူးညံ့တဲ့ကြွက်သားများရဲ့ လှုံ့ဆော်မှု

၄။ သွေးကြောပိတ်ဆို့မှုကနေ အလိုအလျောက်လှုံ့ဆော်ခြင်း

လိင်တံဟာ ပုံမှန်အခြေအနေမှာ ပျော့ပြောင်းနေပြီး လိင်မှုဆိုင်ရာလှုံ့ဆော်မှု ကို တုန့်ပြန်တဲ့ အနေနဲ့ ပြန်လည်ထောင်မတ်လာပါတယ်။

လက်ရှိသတ်မှတ်ထားတဲ့ပန်းသေပန်းညှိုးအမျိုးအစားများ

ပန်းသေပန်းညှိုးရောဂါကို အောက်ပါအဆင့် (၃)ဆင့်နဲ့ ခွဲခြားသတ်မှတ်ထားပါတယ်။

၁။ အသေးစားပန်းသေပန်းညှိုးအခြေအနေ - ဒီအခြေအနေမှာ အောင်မြင်တဲ့ လိင်ဆက်ဆံမှုကို အများအားဖြင့် လုပ်ဆောင်နိုင်ပါတယ်။

၂။ အလယ်အလတ်ပန်းသေပန်းညှိုးအခြေအနေ - ဒီအခြေနေမှာ အောင်မြင်တဲ့ လိင်ဆက်ဆံမှုကို တစ်ဝက်ခန့်သာလုပ်ဆောင်နိုင်ပါတယ်။

၃။ ပြင်းထန်တဲ့ပန်းသေပန်းညှိုးအခြေအနေ -  ဒီအခြေအနေကတော့ အောင်မြင်တဲ့ လိင်ဆက်ဆံမှုကို လုံးဝနီးပါး မလုပ်ဆောင်နိုင်တဲ့အခြေအနေဖြစ်ပါတယ်။

အမျိုးသားတစ်ယောက်ဟာ လိင်ဆက်ဆံနေစဉ်အတွင်း လိင်တံထောင်မတ်မှုကို ထိန်းသိမ်းထားနိုင်တဲ့ဆိုရင် ဒါကို သာမန်အခြေအနေလို့ သတ်မှတ်ရမှာဖြစ်ပါတယ်။ ပန်းသေပန်းညှိုးရောဂါကို အဓိကဖြစ်စေတဲ့အကြောင်းအရင်း ကတော့ လိင်တံမှာ လုံလောက်တဲ့ သွေးလည်ပတ်မှုမရှိခြင်းကြောင့်အဓိက ဖြစ်ပြီး ရုပ်ပိုင်း စိတ်ပိုင်း နှစ်ခုစလုံးရဲ့ နောက်ဆက်တွဲပြဿနာဖြစ်ပါတယ်။ ဒါကြောင့် ရောဂါရှာဖွေမှု မလုပ်ခင်မှာ ကျန်းမာရေးဝန်ထမ်းများအနေနဲ့ လူနာရဲ့ ကျန်းမာရေးရာဇဝင်အပြည့်အစုံကိုမေးမြန်းပြီး စမ်းသပ်မှုများစွာကိုလုပ်ဆောင်ဖို့လိုပါတယ်။

ပန်းသေပန်းညှိုးရောဂါဘယ်သူတွေမှာဖြစ်နိုင်ခြေများလဲ?

  1.  á€Ąá€žá€€á€şá€Ąá€›á€˝á€šá€şá€Ÿá€Ź ရှောင်လွှဲလို့မရတဲ့ အဓိက အကြောင်းအရင်းတစ်ခု ဖြစ်ပါတယ်။ ပန်းသေပန်းညှိုးရောဂါဟာ အသက်ကြီးလာလေလေ ဖြစ်နိုင်ခြေ များလေ ဖြစ်ပါတယ်။
  2. လူမှုဆိုင်ရာနဲ့ စီးပွားရေးဆိုင်ရာ ပြဿနာများဟာလည်း အကြောင်းအရင်း တစ်ချက် အနေနဲ့ တွေ့ရပါတယ်။ ပညာရေး ကျန်းမာရေး နိမ့်ကျတဲ့ အမျိုးသားများ အနေနဲ့ ပန်းသေပန်းညှိုးရောဂါ ပိုဖြစ်နိုင်ပါတယ်။
  3. အောက်ဖော်ပြပါမွေးရာပါ ကျန်းမာရေးပြဿနာတွေဟာလည်း ပန်းသေပန်းညှိုး ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းများပဲဖြစ်ပါတယ်။
    • နှလုံးသွေးကြောကျဉ်းရောဂါ : နှလုံးရောဂါရှိတဲ့ အမျိုးသားတစ်ယောက်ဟာ ပန်းသေပန်းညှိုးရောဂါဖြစ်နိုင်ခြေ (၁၃.၂) ရာခိုင်နှုန်းပိုများပါတယ်။
    • သွေးတိုးရောဂါ : သွေးတိုးရောဂါရှိတဲ့ အမျိုးသားများနဲ့ သာမန် အမျိုးသားများနဲ့ယှဉ်ရင် သွေးတိုးရောဂါရှိတဲ့အမျိုးသားများဟာ ပန်းသေပန်းညှိုးဖြစ်နိုင်ခြေ (၆၂)ရာခိုင်နှုန်း ရှိပါတယ်။ သွေးတိုးရောဂါရှိတဲ့ အမျိုးသားများရဲ့ (၈)ရာခိုင်နှုန်း ကနေ (၁၀) ရာခိုင်နှုန်းဟာ ပန်းသေပန်းညှိုး ရောဂါ ဖြစ်နိုင်ပါတယ်။
    • ဆီးချို: ဆီးချိုမရှိတဲ့အမျိုးသားတွေနဲ့ယှဉ်ရင် ဆီးချိုရောဂါရှိတဲ့အမျိုးသား တွေမှာ ပန်းသေပန်းညှိုးဖြစ်နိုင်ခြေ (၇၄.၂) ရာခိုင်နှုန်းမြင့်မားပါတယ်။
      အထက်ဖော်ပြပါ ရောဂါအခြေအနေရှိသူများဟာ ပန်းသေပန်းညှိုး အများဆုံးဖြစ်ပွားနိုင်တဲ့ အုပ်စုမှာ ပါဝင်ပါတယ်။
  4. တင်ပါးဆုံရိုး (သို့) ဆီးလမ်းကြောင်းခွဲစိတ်မှု ကဲ့သို့သော ခွဲစိတ်ကုသမှုခံယူဖူး သူ အမျိုးသားများ ၊ မတော်တဆဖြစ်ရပ်များကြောင့် တင်ပါးဆုံ (သို့) ကျောရိုး ထိခိုက်ဖူးသူများမှာလည်း ပန်းသေပန်းညှိုးရောဂါဖြစ်နိုင်ခြေမြင့်မားပါတယ်။
  5. ကျားဟော်မုန်း ချို့တဲ့မှုဟာလည်း အကြောင်းအရင်းတစ်ခုဖြစ်ပါတယ်။
  6.  á€á€á€ťá€­á€Żá€ˇá€žá€ąá€Źá€†á€ąá€¸á€á€Ťá€¸á€™á€ťá€Źá€¸á€€á€­á€Ż သောက်ခြင်းကြောင့်လည်း ပန်းသေပန်းညှိုးရောဂါ ဖြစ်နိုင်ပါတယ်။
  7. ဆေးလိပ်သောက်ခြင်း ၊ အရက်သောက်ခြင်း ၊ တချို့လေ့ကျင့်ခန်းအမျိုးအစားများ ၊ တချို့သောလိင်ဆက်ဆံမှုပုံစံများကြောင့်လည်း ပန်းသေပန်းညှိုးရောဂါဖြစ်နိုင်ခြေ များပါတယ်။
  8. စိတ်ဓာတ်ကျခြင်း ကဲ့သို့ စိတ်ပိုင်းဆိုင်ရာပြဿနာရှိသူများဟာ ပန်းသေပန်းညှိုး ရောဂါဖြစ်နိုင်ပြီး စိတ်ကျရောဂါရှိတဲ့ အမျိုးသားများရဲ့ (၅၀) ကနေ (၉ ၀) ရာခိုင်နှုန်းဟာ ပန်းသေပန်းညှိုးဖြစ်နိုင်ကြောင်း တွေ့ရှိရပါတယ်။

ပန်းသေပန်းညှိုးရောဂါကိုကာကွယ်ခြင်း

လုံလောက်စွာအနားယူခြင်း ၊ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်း ၊ ရောဂါဖြစ်နိုင်တဲ့ အကြောင်း အရင်းများကို ရှောင်ရှားပြီး ကျန်းမာရေးစစ်ဆေးခြင်း   စတာတွေဟာ ပန်းသေပန်းညှိုး ရောဂါကို ကာကွယ်ရာမှာ အထောက်အကူပြုပါတယ်။ 

ပန်းသေပန်းညှိုးရောဂါကိုကုသခြင်း

ကုသမှုနည်းလမ်းများကတော့ ဆေးသောက်ခြင်း ၊ လိင်တံထောင်မတ်ခြင်းကိုထိန်းသိမ်း ပေးတဲ့ ကိရိယာများကိုအသုံးပြုခြင်း စတာတွေဖြစ်ပါတယ်။ လက်ရှိမှာ ကျယ်ပြန့်စွာ အသုံးပြုနေတဲ့ ကုသမှုနည်းလမ်း (၄)မျိုးကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

  1. Phosphodiesterase Type 5 Enzyme Inhibitors ခေါ် သောက်ဆေး တစ်မျိုးဟာ သောက်နိုင်တဲ့ဆေးတွေနဲ့ပတ်သက်ရင် မည်သည့် ကန့်သတ်ချက်မှ မရှိတဲ့ ဆေးဝါးများဖြစ်ပါတယ် ။ (Nitrates ပါဝင်တဲ့ ဆေးများ သောက်သုံးနေတဲ့ အမျိုးသားများကတော့ ဒီဆေးမသောက်သင့်ပါဘူး။ ဒီဆေးရဲ့နောက်ဆက်တွဲ ဆိုးကျိုးတွေအနေနဲ့ ခေါင်းကိုက်ခြင်း ၊အမြင်အာရုံပုံမှန်မဟုတ်ခြင်း၊ မျက်နှာနဲ့ရင်ဘတ်များနီရဲလာခြင်း၊နာကျင်ကိုက်ခဲခြင်း စတာတွေခံစားရနိုင်ပါတယ်။
  2. လိင်တံအတွင်းဆေးထိုးခြင်းဟာ တွေ့ရများတဲ့ ကုသမှုပုံစံတစ်ခုဖြစ်ပါတယ်။ Alprostadil ခေါ် ဆေးတစ်မျိုးဟာ တိုက်ရိုက်ထိုးလို့ရတဲ့ ဆေးအမျိုးအစားဖြစ်ပါ တယ်။ ဒီဆေးဟာ လိင်တံဆီသွေးစီးဆင်းမှုကို အားကောင်းစေကာ ထောင်မတ်မှု ကို ထိ်န်းသိမ်းပေးပြီး တစ်ကြိမ်လျှင် မိနစ် (၃၀)ကနေ (၆၀) အထိ ထောင်မတ်ပါတယ်။
  3.  á€”á€ąá€Źá€€á€şá€‘á€•á€şá€”á€Šá€şá€¸á€œá€™á€şá€¸á€á€…á€şá€á€Żá€€á€á€ąá€Źá€ˇ အထက်မှာဖော်ပြခဲ့တဲ့ ဆေးနဲ့ အမျိုးအစား တူဆေးကို ဆီးလမ်းကြောင်းကနေဖွင့်ပြီး ထည့်သွင်းခြင်းဖြစ်ပါတယ်။ ဒါပေမယ့် ဒီနည်းလမ်းမှာ ဆေးအရည်မဟုတ်ဘဲ အစေ့ငယ်ပုံစံနဲ့ ထထည့်သွင်းတာဖြစ်ပါ တယ်။ ဆေးထည့်သွင်းပြီး (၅)မိနစ်-(၁၀)မိနစ်အတွင်းမှာ ဆေးကို လိင်တံမှ စုပ်ယူလိုက်ပြီး လိင်တံထောင်မတ်လာစေပါတယ်။
  4. နောက်ထပ်တစ်နည်းကတော့ လိင်တံကိုရှည်လာစေတဲ့ ပြွှန်ကို လိင်တံမှာတပ်ဆင်ကာ (၂)မိနစ်-(၃)မိနစ်ခန့်ကြာအောင် လေနဲ့ ဆွဲဆန့်တာ ဖြစ်ပါတယ်။ ဒီလုပ်ဆောင်မှုဟာ သွေးများကို လိင်တံတစ်ရှူးဆီ စီးဆင်းစေ ကာ လိင်တံထောင်မတ်အောင်လုပ်ဆောင်ပေးပါတယ်။ လိင်တံထောင်မတ်ပြီဆိုတာနဲ့ ထောင်မတ်မှုကိုဆက်လက်ထိန်းသိမ်းဖို့ရာဘာကွင်းကို လိင်တံအောက်ခြေမှာစွပ် လိုက်ပြီး ပြွှန်ကို ဖယ်ရှားပစ်လိုက်ရပါတယ်။
  5. တချို့အခြေအနေတွေမှာတော့ လိင်တံအတုတပ်ဆင်ခြင်း နည်းလမ်းကို လုပ်ဆောင်ပါတယ်။

ပန်းသေပန်းညှိုးရောဂါအတွက် Shockwave Treatment

အသံလှိုင်းကုထုံး (Shockwave Treatment) လို့ခေါ်တဲ့ကုသမှုနည်းလမ်းဟာ ပန်းသေပန်းညှိုး ရောဂါအတွက် နောက်ဆုံးပေါ်နည်းပညာတစ်ခုဖြစ်ပြီး ပြင်းအားမများတဲ့ အသံလှိုင်းများကို လူနာရဲ့လိင်တံအပြင်ဘက်ဆီ ပို့လွှတ်ပြီး သွေးကြောသစ်များ ကြီးထွားလာအောင် လှုံ့ဆော်ပေးတာဖြစ်ပါတယ်။ သွေးကြောသစ်များမြင့်တက်လာခြင်းဟာ လိင်တံဆီသွေးလည်ပတ်မှု ပိုမိုအားကောင်း စေတာဖြစ်ပြီး လိင်တံထောင်မှတ်မှုကို ပိုမိုကြာရှည်အောင် ထိထိရောက်ရောက် ထိန်းထား ပေးနိုင်ပါတယ်။ ဒီနည်းလမ်းဟာ ဘေးထွက်ဆိုးကျိုးလုံးဝမရှိတာကြောင့် အန္တရာယ်မရှိတဲ့နည်းလမ်းလို့ ဆိုရမှာဖြစ်ပါတယ်။

Shockwave Treatmentလုပ်ဆောင်ပုံအဆင့်ဆင့်

  • တစ်ကြိမ်လျှင် မိနစ်(၃၀)ခန့် ကြာမြင့်ပြီး တစ်ပတ်လျှင် (၂)ကြိမ်နှုန်းနဲ့ အနည်းဆုံး (၂)ပတ် - (၃)ပတ် ပုံမှန်ပြုလုပ်ရပါမယ်။
  • ဒီနည်းလမ်းအတွက် ထုံဆေးပေးဖို့မလိုအပ်ပါဘူး။
  • ကုသမှု လုပ်ဆောင်နေစဉ်အတွင်း လူနာရဲ့ လိင်တံမှာ တဆစ်ဆစ်ခံစားရတဲ့အထိအတွေ့ကို အနည်းငယ်ခံစားရမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း နာကျင်မှုမရှိတာကြောင့် ကုသမှုပြီးတာနဲ့ ပြန်လည်သက်သာလာဖို့ အချိန်ပေးစရာမလိုပါဘူး။ ဘေးထွက် ဆိုးကျိုး ဘာတစ်ခုမှမရှိတာကြောင့် ကုသမှုပြီးတာနဲ့လူနာဟာ ကိုယ့်ရဲ့နေ့စဉ် လုပ်ဆောင်မှုများကို ပြန်လည်လုပ်ဆောင်နိုင်ပါတယ်။

Shockwave Treatment ဟာ ဘယ်သူတွေနဲ့သင့်လျော်သလဲ?

  • ပန်းသေပန်းညှိုးအတွက်ဆေးမသောက်ချင်သူများ
  • သောက်ဆေးနဲ့ မတိုးတဲ့လူနာများ (သို့) ဆေးသောက်ခြင်းကြောင့် ဘေးထွက် ဆိုးကျိုးခံစားရသူများ
  • သောက်ဆေးနဲ့အဆင်ပြေပြိးသော်လည်း ပိုမိုစိတ်ချရအောင် တခြားနည်းလမ်း နဲ့ကုသမှုခံယူချင်သူများ

ဒီနည်းလမ်းနဲ့ကုသမှုခံယူခဲ့သူများဟာ ကုသမှုမစခင်ကအခြေအနေနဲ့ယှဉ်မယ်ဆိုရင် ကုသမှု (၃)ကြိမ်-(၄)ကြိမ်လောက် ပြီးတဲ့ အခါမှာ အခြေအနေ တိုးတက်လာတာကို တွေ့ရပါတယ်။ ဒါ့အပြင် ဆရာဝန်ရဲ့ညွှန်ကြားချက်အရ တခြားသော ကုသမှုများကိုလည်း ခံယူမယ်ဆိုရင် တဖြည်းဖြည်းနဲ့ ပိုမိုစိတ်ချရတဲ့အခြေအနေကို ရောက်ရှိနိုင်ပါတယ်။ ဒါပေမယ့် ကုသမှုအကြိမ်အရေအတွက်ဟာ ရောဂါပြင်းထန်မှုအပေါ်လုံးဝမူတည်သလို ဆီးချိုနဲ့ စိတ်ဖိစီးမှုကဲ့သို့ ဆက်စပ်အကြောင်းအရင်းများနဲ့လည်း သက်ဆိုင်ပါတယ်။ စီစဉ်ရေးဆွဲမှုနဲ့  ကုသအောင်မြင်ခြင်း ကိုလေ့လာဆန်းစစ်မှု ဟာလူနာကိုကုသပေးတဲ့ဆရာဝန်မှာ တာဝန်ရှိပါတယ်။ Shockwave Treatment ကို လိင်မှုဆိုင်ရာစွမ်းရည်နယ်ပယ်မှာ နားလည်တတ်ကျွမ်း တဲ့ အထူးကုဆရာဝန်ကြီးများရဲ့ လမ်းညွှန်မှုနဲ့သာလုပ်ဆောင်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီလို နားလည်တတ်ကျွမ်းတဲ့ အထူးကုဆရာဝန်ကြီးများကသာလျှင် ဘယ်ကုသမှုဟာ အထိရောက်ဆုံးရလဒ်ကို ပေးစွမ်းနိုင်တယ်ဆိုတာကို မစဉ်စားခင် ရောဂါရှာဖွေပေးနိုင်လို့ပဲဖြစ်ပါတယ်။

အဆင့်သတ်မှတ်ချက်

မှတ်ပုံတင်ပြီးသားလား။