ဆုန်ကရန် ရေကစားပွဲတော်ကို ရာသီ ဥတု အရမ်းပူတဲ့အချိန်တွေမှာ ကျင်းပလေ့ရှိပါတယ်။ ဒါ့ကြောင့် ဒီရေက စားပွဲ တော်ကို နွေရဲ့ပူပြင်းမူတွေကသက်သာရာတစ်ခုအဖြစ် လူတွေကရူမြင်ကြတယ်။ အရင်ခေတ် တွေတုန်းက ရေနည်းနည်းနဲ့ နေ့ဘက်တွေမှာသာ တစ်ယောက်ကိုတစ်ယောက် ယဉ်ယဉ်ကျေးကျေး ရေလောင်းကြတာပါ။ အခုချိန်မှာတော့ နေ့ည မရွေးရေလောင်းရေပက်ကျပါတယ်။ ဒါ့ကြောင့် ခန္ဓာ ကိုယ်အပူချိန်ပြောင်းလဲမူတွေ မကြာခဏဖြစ်ရပြီး ရေခဲရေနဲ့ လောင်းရင် ပိုဆိုးပါတယ်။ ဆုန်ကရန်ပွဲတော်အတွင်း ၃ - ၄ ရက် ဆက်တိုက် အချိန်အကြာကြီး နေရာအစုံ သွားရောက်လည်ပတ်နေတာ မျိုးက အထူးသဖြင့် ကိုယ်ခံအားစနစ် မဖွံ့ဖြိုးသေးတဲ့ ကလေးငယ်တွေကို ဖျားနာစေနိုင်ပါတယ်။ ရောဂါပိုး ဒါမှမဟုတ် ဘက်တီးရီးယား ပိုးတွေအများကြီးပါနေတဲ့ မသန့်တဲ့ရေမှုန်၊ ရေမွှားတွေကို ရှူမိတာမျိုးကနေ နမိုးနီးယား အဆုတ်ရောင်ရောဂါကိုဖြစ်စေနိုင်ပါတယ်။ ဆုန်ကရန် ပွဲတော် ကာလအတွင်းမှာ အောက်ဖော်ပြပါ ရောဂါတွေအဖြစ်များပါတယ်။
မကြာခဏဆိုသလို ခန္ဓာကိုယ်အပူချိန် ပူလိုက်၊ အေးလိုက် ပြောင်းနေတာကြောင့် ဆုန်ကရန် ရေကစားပွဲတော် ကာလမှာ အအေးမိခြင်းနဲ့ တုပ်ကွေးရောဂါတွေအဖြစ်များပါတယ်။ အထူးသဖြင့် ရေခဲရေ အသုံးပြုပြီး လောင်းတာမျိုးတွေမှာပါ။ ကလေးတွေမှာ စဖျားလာပြီဆိုတာနဲ့ ရေ ကစားတာကို ချက်ချင်းရပ်လိုက်ဖို့လိုပါတယ်။ ဒီလိုမှမဟုတ်ရင် ရောဂါအခြေအနေပိုဆိုးလာနိုင်ပြီးတော့ တုပ်ကွေး ဒါမှမဟုတ် အဆုတ်ရောင်ရောဂါတွေအထိပါ ဖြစ်လာနိုင်ဖို့ရှိပါတယ်။ ဒါ့ကြောင့် မိဘတွေအနေနဲ့ ကိုယ့်ကလေး ရဲ့ ရောဂါ လက္ခဏာတွေကို ဂရုတစိုက်စောင့်ကြည့်နေဖို့လိုပါတယ်။ ပန်းနာ ဒါမှမဟုတ် အပူကြီးခြင်းတို့လို ပိုပြင်း ထန်တဲ့ အခြေအနေတွေဖြစ်လာပြီဆိုရင်တော့ ဆေးဝါးကုသမူ ချက်ချင်းခံယူသင့်ပါတယ်။
အချိန်အကြာကြီးရေစိုထားတာကြောင့်ကလေးတွေမှာ အအေးမိပြီဆိုရင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ လည်း ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် ကလေးတွေနဲ့ ကိုယ်ခံအားစနစ်မကောင်းသူတွေဟာ အချိန်အကြာကြီး နေရာစုံကိုသွားရောက် ရေပက်ဆော့ကစားခြင်းကနေ ဖျားနာတာမျိုးဖြစ်လာနိုင်ပါတယ်။ အချိန်အကြာကြီး ရေစိုနေခြင်းဟာနေပူထဲမှာတောင် ကိုယ်တွင်းအပူချိန်ကို သိသိသာသာကျဆင်းစေပါတယ်။ ဒါ့အပြင် ရောဂါပိုး ဒါမှမဟုတ် ဘက်တီးရီးယား ပိုးတွေအများကြီးပါနေတဲ့ မသန့်တဲ့ရေမှုန်၊ရေမွှားတွေကို ရှူမိတာမျိုးကနေလဲ အဆုတ် ရောင်ရောဂါဖြစ်စေပါတယ်။ ကလေးငယ်တွေဟာ တုပ်ကွေး၊ အအေးမိခြင်း သို့မဟုတ် လည်ချောင်းနာခြင်းတို့လို သာမာန် လက္ခဏာတွေပြပြီးတဲ့နောက်မှာ အသက်ရူမြန်လာခြင်းလို ပုံမှန်မဟုတ်တဲ့အခြေအနေတွေ ဖြစ်လာတတ်ပါတယ်။ ဒီအခြေအနေမှာ ဂရုမစိုက်ဘဲ ပစ်ထားမယ်ဆိုရင် အသက်ရှုရ ခက်သောအခြေအနေ (respiratory failure) ဖြစ်စေနိုင်ပြီး အောက်စီဂျင်ပျက်ခြင်း ဒါမှမဟုတ် သွေးဆိပ်တက်ခြင်းတို့ဖြစ်လာကာ အသက်သေဆုံးတဲ့အထိ အန္တရာယ် ရှိပါတယ်။
နွေရာသီမှာဆိုရင် ကလေးတွေမှာ အထူးသဖြင့်မွေးကင်းစနဲ့ ကလေးငယ်တွေမှာအပူရှပ်တာမျိုး ဖြစ်တတ်ပါတယ်။ ဘာလို့လဲဆိုတော့ ကလေးငယ်တွေရဲ့ ဇီဝတွင်းဖြစ်ပျက်ပြောင်းလဲမူနှုန်း ဟာအရွယ်ရောက်ပြီးသူတွေထက်ပိုများကာ ကိုယ်အပူချိန်ကို လူကြီးတွေလောက်မထိန်းနိုင်လို့ဘဲ ဖြစ်ပါတယ်။ ပူပြင်းတဲ့ရာသီမှာဆိုရင် ချွေးထွက်လို့ ရေဓာတ်ဆုံးရူံးရပါတယ်။ ဒါ့ကြောင့် သွေပျစ်မှု နဲ့ ကိုယ်တွင်း ဆားပမာဏဟာ ပိုများလာပါတယ်။ ခန္ဓာကိုယ်ဟာထောက်ပံ့မူကို ထိန်းသိမ်းဖို့ ကြိုးစားပြီး ရေနဲ့ဆား မျှတမှု ရှိစေ ဖို့ ဆီးထုတ်လုပ်မူကို လျော့ချလိုက်ပါတယ်။ ရေ ဓာတ်ရှိနေဖို့အတွက် ခန္ဓာကိုယ်ဟာရေကိုလိုအပ်ပါတယ်။ ဆိုးဆိုးရွားရွားရေဓာတ်ခန်းခြောက်ခြင်းဟာ သတိလစ်တာမျိုး၊ အသက်သေဆုံးတာမျိုးအထိ အန္တရာယ်ဖြစ်စေနိုင်ပါတယ်။
ရေကစားပွဲတော်အတွင်း မသန့်ရှင်းတဲ့ရေကို ရှူမိခြင်း၊ မကျက်တဲ့အစားအစာတွေကိုစားမိခြင်း ဒါမှမဟုတ် မသန့်တဲ့ရေကိုသောက်မိခြင်းတွေကနေ ဝမ်းပျက် ဝမ်းလျှောခြင်း ၊ ဝမ်းကိုက်ခြင်း တို့လို အစာအိမ်အူလမ်း ကြောင်းဆိုင်ရာ ရောဂါတွေကိုဖြစ်စေပါတယ်။ ဒါ့ကြောင့် မိဘတွေအနေနဲ့ ကလေးတွေကို အန္တရာယ်ကင်းတဲ့၊ သန့်ရှင်းပြီးလတ်လတ်ဆတ်ဆတ်ချက်ပြုတ်ထားတဲ့ အစားအသောက်တွေကိုသာ ဂရုစိုက်ကျွေးသင့်ပါတယ်။ ကလေးတွေ ဝမ်းသွားပြီး ၁ - ၂ ရက် အတွင်း မသက်သာခြင်း၊ မျက်ရည်မကျဘဲငိုခြင်း၊ ရူးပေါက်နည်းခြင်း၊ ထိုင်းမှိုင်းခြင်း၊ အစားမစားခြင်း၊ အဖျားကြီးခြင်းနဲ့ ချမ်းတုန်ခြင်းတို့လို ရေဓာတ်ဆိုးဆိုးရွားရွားခန်းခြောက် တဲ့ လက္ခဏာတွေပြလာပြီဆိုတာနဲ့ ချက်ချင်းဆေးဝါးကုသမူခံယူရပါမယ်။
မသန့်ရှင်းတဲ့ ပေါင်ဒါမှုန့်၊ ရေ အပြင်အချိန်အကြာကြီးရေစိုထားတဲ့အဝတ်အစားတွေကြောင့်လည်း အရေပြား ဆိုင်ရာ ရောဂါတွေဖြစ်တတ်ပါတယ်။ ဒီအခြေအနေက အရေပြားမှိုတက်ခြင်းအပြင် အဖုအပိမ့်တွေထွက် ခြင်းလို ဓာတ်မတည့်မူတွေကိုဖြစ်စေပါတယ်။
မျက်စိနာခြင်းဟာလဲ ဆုန်ကရန်ရေကစားပွဲတော်နဲ့ ပတ်သတ်ပြီးဖြစ်လေ့ရှိတဲ့ရောဂါတစ်မျိုးဖြစ်ပါတယ်။ မျက်စိထဲဝင် သွားတဲ့ မသန့်ရှင်းတဲ့ရေကြောင့် မျက်စိကိုပွတ်မိလိုက်တဲ့အခါမှာ မျက်စိထဲကို ရောဂါပိုးကူးစက်နိုင်ခြေ များသွားပါတယ်။ ပေါင်ဒါမှုန့်တွေမျက်စိထဲဝင်ရင်လဲ သေချာမဆေးနိုင်ဘူးဆိုရင် မျက်လုံးထဲမှာကျန်နေတဲ့ အမှုန့်တွေ ကြောင့် မျက်စိစပ်ခြင်း၊ ရောဂါပိုးဝင်ခြင်းနဲ့ မျက်စိနာခြင်းကို ဖြစ်စေတတ်ပါတယ်။
ဒါ့ကြောင့်မိဘတွေဟာ ဆုန်ကရန်ရေကစားပွဲတော်အတွင်းမှာ အဖြစ်များတဲ့ ရောဂါတွေနဲ့ အန္တရာယ်တွေကိုသတိထားပြီး တော့ ကလေးတွေကိုသေချာဂရုစိုက်ဖို့လိုပါတယ်။ ပွဲတော်အတွင်းမှာ ရေကစားပြီးချိန်မှာ တစ်ကိုယ်ရေသန့်ရှင်း မူကို အလေးထားဖို့ အရေးကြီးပါတယ်။ ကလေးတွေကို ရေစိုကြီးနဲ့ အချိန်အကြာကြီးရှိမနေစေဖို့လိုအပ်ပြီး တော့ ရေကစားပြီးတာနဲ့ ခေါင်းနဲ့ ခန္ဓာကိုယ်ကို သေချာသန့်ရှင်း၊ အခြောက်ခံဖို့ လိုပါတယ်။ ရိုးရှင်းတဲ့ အကြံပြု သတိပေးချက်တွေကို လိုက်နာခြင်းဟာ အသက်ရူလမ်းကြောင်းဆိုင်ရာရောဂါတွေနဲ့ အရေပြားရောဂါကူးစက်ခံ ရခြင်းကိုတားဆီးနိုင်မှာပါ။ ကိုယ်ခံအားနည်းသူတွေဟာ ရေကစားခြင်း ဒါမှမဟုတ် လူထူတဲ့နေရာတွေ ကိုသွားခြင်း စတာတွေကို ရှောင်ကြဉ်သင့်ပါတယ်။
ဆောင်းပါးများ