ဆေးပေးကုသမှု
သားအိမ်တွင်း တစ်သျှူးများ သားအိမ်ပြင်ပသို့ရောက်နေခြင်းအတွက် ကုသမှုတွေမှာ လက္ခဏာတွေကမပြင်းထန်ဘူး ဆိုရင်ဆရာဝန်ဟာ ရာသီစက်ဝန်းကို လေ့လာစောင့်ကြည့်ခြင်းနည်းလမ်းကို ရွေးချယ်ဖွယ်ရှိပြီး အခြေအနေက ပြင်းထန်လာတယ်ဆိုရင်တော့ ဆေးပေးကုသမှုနည်းလမ်းကို အသုံးပြုနိုင်ပါတယ်။ လိင်ဆက်ဆံစဉ်နာကျင်ခြင်း သို့မဟုတ် တင်ပါးဆုံတွင်း နာကျင်ခြင်းဝေဒနာခံစားနေရသူများကို ဒီနည်းလမ်းနဲ့ ကုလေ့ရှိပါတယ်။ သားအိမ် တွင်း တစ်သျှူးများ သားအိမ်ပြင်ပရောက်နေခြင်းကိုသက်သာစေဖို့အတွက် ဆေးဝါးများစွာရှိနေပါတယ်။
ရာသီလာစဉ်နာကျင်ကိုက်ခဲမှုကိုခံစားရတဲ့လူနာတစ်ချို့ဟာ အကိုက်အခဲပျောက်ဆေးတွေကိုသောက်လေ့ရှိပါ တယ်။ ဒီဆေးတွေဟာ နာကျင်မှုကို ခဏတာသက်သာစေနိုင်တာမှန်ပေမယ့် လုံးဝပျောက်ကင်းသွားအောင်တော့ မလုပ်နိုင်ပါဘူး။ အမျိုးသမီးအများစုဟာ သောက်ဆေးအစား ထိုးဆေးထိုးတာမျိုးတွေလုပ်လေ့ရှိပေမယ့် ဒီလိုမျိုး လုပ်တာဟာ လူနာတွေမှာ အကိုက်အခဲပျောက်ဆေးတွေကိုမှီခိုသွားတာမျိုးဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် ရာသီ လာစဉ်နာကျင်ကိုက်ခဲမှုကိုခံစားနေရတဲ့အမျိုးသမီးတွေအနေနဲ့ ဒီလိုမျိုးကိုယ့်သဘောနဲ့ကိုယ် ဆေးထိုး၊ ဆေး သောက်တာမျိုး မလုပ်မိဖို့အရေးကြီးပါတယ်။ နားလည်တတ်ကျွမ်းသူတွေဆီမှာ တိုင်ပင်တာမျိုး၊ စစ်ဆေးမှု ခံယူတာမျိုးကိုသာလုပ်သင့်ပါတယ်။
ခွဲစိတ်ကုသမှု
ဆရာဝန်ညွှန်ကြားတဲ့ဆေးဟာ ထိရောက်မှုမရှိတော့ဘူးဆိုရင် ခွဲစိတ်ကုသမှု ခံယူဖို့လိုပါတယ်။ သားအိမ်တွင်း တစ် သျှူးများ သားအိမ်ပြင်ပသို့ရောက်ခြင်းကို မှန်ပြောင်းဖြင့် ခွဲစိတ်ဖြတ်တောက်မှုခံယူခြင်းဟာခေတ်မီခွဲစိတ်မှုလုပ်ငန်း စဉ်တစ်ခုဖြစ်ပြီး ခွဲရာသေးကာနာကျင်မှုနည်းပြီး အလျင်အမြန်သက်သာပျောက်ကင်းနိုင်ပါတယ်။ ဒီခွဲစိတ်မှုပုံစံ ကြောင့်လူနာတွေဟာ နောက်ထပ်အကျိုးကျေးဇူးများစွာကိုလည်း ရရှိနိုင်ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ဖော်ဆောင်နိုင်ခဲ့တဲ့ မှန်ပြောင်းအသုံးပြုပြီး ခွဲစိတ်ကုသခြင်း နည်းလမ်းသုံးခုဟာ အောက်ပါအတိုင်းဖြစ်ပါတယ်။
- သမားရိုးကျ မှန်ပြောင်းအသုံးပြု ခွဲစိတ်မှု - ဗိုက်မှာနှစ်ချက်ကနေ လေးချက်လောက်အထိသာခွဲစိတ်ရာပေး ဖို့လိုပါတယ်။
- တစ်ချက်ထဲခွဲတဲ့ မှန်ပြောင်းအသုံးပြု ခွဲစိတ်ကုသမှု - ဒီခွဲစိတ်မှုအတွက် အထူးကိရိယာတွေနဲ့ ကျွမ်းကျင်တဲ့ ခွဲစိတ် ဆရာဝန်တွေလိုအပ်ပါတယ်။ သမားရိုးကျခွဲနည်းတဲ့မတူတာက ဒီခွဲစိတ်မှုပုံစုံဟာ ချက်မှာခွဲစိတ်ရာ တစ်ခု ထဲသာ ရှိမှာဖြစ်ပါတယ်။ ခွဲမှုကြောင့်ဖြစ်တဲ့အနာ သက်သာသွားပြီဆိုတာနဲ့ ခွဲစိတ်ရာဟာ ချက်နဲ့လိပ်ကာ ပျောက်သွားမှာဖြစ်တာကြောင့် မြင်နိုင်ရလောက်တဲ့အမာရွတ်မျိုးကျန်ခဲ့မှာ မဟုတ်ပါဘူး။
- NOTES နည်းပညာသုံး မှန်ပြောင်းဖြင့် ခွဲစိတ်ကုသနည်း - ဒီခွဲစိတ်မှုပုံစံဟာ တခြားမှန်ပြောင်းသုံးခွဲနည်းတွေ ထက်နာကျင်မှုပိုနည်းကာ ကျွမ်းကျင်တဲ့ခွဲစိတ်ဆရာဝန်တွေလိုအပ်ပါတယ်။ NOTES (natural orifice transluminal endoscopic surgery) ဟာအမာရွတ်မကျန်တဲ့ မှန်ပြောင်းသုံးခွဲစိတ်ကုသနည်းဖြစ်ပြီး မွေးလမ်းကြောင်းကနေတစ်ဆင့်လုပ်ဆောင်မှာဖြစ်တာကြောင့် အရေပြားပေါ်မှာ ဘာအမာရွတ်မှကျန် မှာမဟုတ်ပါဘူး။ ဒီနည်းပညာကို အရည်အိတ်ဖယ်ရှားရာမှာလည်း အသုံးပြုပါတယ်။ NOTES နည်း ပညာနဲ့ ပတ်သတ်လို့ ပိုမိုသိရှိလိုလျှင် ဒီနေရာကိုနှိပ်ပါ။
ခွဲစိတ်ကုသမှုနည်းလမ်းကို ပြင်းထန်တဲ့ သားအိမ်တွင်း တစ်သျှူးများ သားအိမ်ပြင်ပရောက်နေခြင်းအခြေအနေကို ခံ စားနေရတဲ့ ကလေးမရနိုင်တဲ့လူနာတွေမှာလည်း များသောအားဖြင့်အသုံးပြုပါတယ်။ ဘာ့ကြောင့်မှန်းမသိဘဲ နာကျင်မှုခံစားနေရသူတွေနဲ့ နောက်ထပ် ကလေးထပ်မယူဖို့ဆုံးဖြတ်ထားတဲ့အမျိုးသမီးတွေဟာ သားအိမ်ထုတ် ခြင်း သို့မဟုတ် မမျိုးဥအိမ်ထုတ်ခြင်းလိုနောက်ဆုံးဖြစ်သော ခွဲစိတ်မှုတွေလိုအပ်ပါတယ်။ ဘယ်လိုကုသမှုမျိုးက လူနာရဲ့အခြေအနေနဲ့ ကိုက်ညီမှုအရှိဆုံးလဲဆိုတာကို ဆရာဝန်များကသာ ရွေးချယ်အကြံပြုပေးနိုင်မှာဖြစ်ပါ တယ်။
ဆေးပေး ကုသမှု နဲ့ ခွဲစိတ်ကုသမှု နှိုင်းယှဉ်ချက်
| ကုသမှုပုံစံ |
အားသာချက်များ |
အားနည်းချက်များ |
| ခွဲစိတ်ခြင်း |
- ကလေးရရန် ခက်ခဲခြင်းကို ကာကွယ်ပေး သောအကျိုးကျေးဇူးရှိ
- ကာလရှည်ရလာဒ်အတွက်ပိုကောင်းစေနိုင်
- အကောင်းဆုံးရောဂါရှာဖွေမှုပုံစံ
- ရောဂါအတွက် အကောင်းဆုံး ကုသမှုနည်းလမ်း ဖြစ်
|
- ကုန်ကျစရိတ်မြင့်မား
- ခန္ဓာ ကိုယ်ကိုခွဲစိတ်ဖို့လိုအပ်
|
| ဆေးပေးခြင်း |
- ကနဦးကုန်ကျစရိတ်နည်းပါး
- လက္ခဏာပေါ်အခြေခံကုသမှု
- နာကျင်မှုကိုသက်သာစေဖို့ ထိရောက်မှုရှိ
|
- ဘေးထွက်လက္ခဏာရှိနိုင်ခြင်း
- ကလေးမရနိုင်ခြင်းကို ကောင်းမွန် လာနိုင်ခြေမရှိ
|
*Caroline Wellbery, M.D. of Georgetown University School of Medicine
References
- Diagnosis and Treatment of Endometriosis. Available from http://www.aafp.org/afp/1999/1015/p1753.html#afp19991015p1753-b27. Accessed on July 15, 2016.
- Endometriosis. Available from http://www.mayolniorg/diseases-conditions/endometriosis/basics/treatment/con-20013968. Accessed on July 15, 2016.
- Getting Diagnosed with Endometriosis. Available from https://www.endometriosis-uk.org/getting-diagnosed-endometriosis. Accessed on July 15, 2016.
- Endometriosis. Available from http://www.webmd.com/women/endometriosis/endometriosis-exams-and-tests. Accessed on July 15, 2016.