ကလေးတွေမှာဖြစ်တဲ့ သွေးကင်ဆာ

ကလေးတွေမှာဖြစ်တဲ့ သွေးကင်ဆာ

အဓိကလေ့လာရမယ့်အချက်များ

  • ရုတ်တရက်ဖြစ်တဲ့လူကီးမီးယားသွေးကင်ဆာ(Leukemia) ဟာ ကလေး တွေမှာတွေ့ရတတ်တဲ့ ကင်ဆာရောဂါဖြစ်ပါတယ်။
  • ရာခိုင်နှုန်းအရ ကလေးတွေမှာဖြစ်တဲ့ ကင်ဆာရောဂါအားလုံးရဲ့ (၂၅)-(၃၀) ရာခိုင်နှုန်းဟာ လူကီးမီးယားသွေးကင်ဆာဖြစ်ပါတယ်။
  • ရိုးတွင်းခြင်ဆီအတွင်းမှာရှိတဲ့ Stem Cells ဖြစ်တည်မှုများ မူမမှန်ခြင်း ကြောင့် လူကီးမီးယားသွေးကင်ဆာဖြစ်တတ်ပါတယ်။
  • ကင်ဆာဆဲလ်များဟာလွန်ကဲစွာထုတ်လုပ်ပြီး သွေးနီဥ၊ သွေးဖြူဥနဲ့ သွေးဥမွှားတွေထုတ်လုပ်တဲ့ ဆဲလ်များရဲ့ဖွံ့ဖြိုးမှုကို အဟန့်အတား ဖြစ်စေ ပါတယ်။
  • ရောဂါစဖြစ်တာနဲ့ ဖြူဖပ်ဖြူရော်ဖြစ်ခြင်း၊ အားအင်ကုန်ခမ်းခြင်း၊ မောပန်း ခြင်း၊ သွေးဥမွှားအရေ အတွက်နည်းခြင်းကြောင့် အချိန်တိုအတွင်း ပုံမှန်မ ဟုတ်ဘဲ သွေးထွက်ခြင်း၊ အတွင်းကြေခြင်း၊ ရောဂါပိုးဝင်ရောက်လွယ်ခြင်း၊ မကြာခဏအဖျားကြီးခြင်း စတဲ့လက္ခဏာများ အချိန်တိုအတွင်း ပေါ်ပေါက် လာတတ်ပါတယ်။
  • ရုတ်တရက်ဖြစ်တဲ့လူကီးမီးယားသွေးကင်ဆာရောဂါကို ခီမိုဆေးသွင်းခြင်း နည်းလမ်းနဲ့ ကုသနိုင်ပါတယ်။ ဒါပေမယ့် ကုသမှုကိုခံနိုင်တဲ့ ကင်ဆာဆဲလ် ရှိတဲ့လူနာများ(သို့) ခီမိုဆေးသွင်းပြီးရောဂါထပ်ဖြစ်တဲ့ သူများအနေနဲ့ ရိုးတွင်းခြင်ဆီအစားထိုးကုသခြင်း လို့လူသိများတဲ့ Stem Cell Transplants နည်းလမ်းကို လုပ်ဆောင်ဖို့လိုပါတယ်။

လူကီးမီးယားသွေးကင်ဆာ၊ ရုတ်တရက်ဖြစ်တဲ့လူကီးမီးယားသွေးကင်ဆာ ရောဂါ ဟာ ကလေးတွေမှာ အဖြစ်အများဆုံးကင်ဆာရောဂါဖြစ်ပြီး ကလေးကင်ဆာများ ရဲ့ (၂၅)ရာခိုင်နှုန်းမှ (၃၀) ရာခိုင်နှုန်းရှိပါတယ်။

သွေးကင်ဆာတစ်ခုအနေနဲ့ လူသိများတဲ့ ဒီကင်ဆာရောဂါဟာ ရိုးတွင်းခြင်ဆီ အတွင်းရှိ Stem Cells ဖြစ်တည်မှု မူမမှန်ခြင်းကြောင့် ဖြစ်ပြီး ရိုးတွင်းခြင်ဆီထဲမှ မဖွံ့ဖြိုးသေးတဲ့သွေးဖြူဥများကို ထွက်ရှိစေပါတယ်။ ဒီဆဲလ်တွေဟာ ကြီးသင့်သ လောက်မကြီးဘဲ ဖြစ်နေတတ်ပါတယ်။ ၎င်း ဆဲလ်များလွန်ကဲစွာ ထုတ်လုပ်ခြင်း ဟာ သွေးနီဥ၊ သွေးဖြူဥနဲ့ သွေးဥမွှားတွေထုတ်လုပ်တဲ့ ဆဲလ်များရဲ့ဖွံ့ဖြိုးမှုကို အဟန့်အတား ဖြစ်စေပါတယ်။

လူနာဟာ ရောဂါစဖြစ်ပြီဆိုတာနဲ့ အချိန်တိုအတွင်း ရောဂါလက္ခဏာတွေပြလာ တတ်ပါတယ်။ ရောဂါလက္ခဏာများအနေနဲ့ ဖြူဖပ်ဖြူရော်ဖြစ်ခြင်း၊ မောပန်းခြင်း၊ အားအင်ကုန်ခမ်းခြင်း၊ သွေးဥမွှားအရေအတွက်နည်းခြင်းကြောင့် ပုံမှန်မဟုတ်ဘဲ သွေးထွက်ခြင်းနှင့်အတွင်းကြေခြင်း၊ ရောဂါပိုးဝင်ရောက်လွယ်ခြင်း၊ မကြာခဏ အဖျားကြီးခြင်းသာမက တခြားလက္ခဏာများလည်းပြတတ်ပါတယ်။ ကင်ဆာဆဲလ်များဟာ တခြားတစ်ရှူးများအတွင်းကိုပျံ့နှံ့သွားခြင်းကြောင့် တခြားမူမမှန်ခြင်းများလည်း ဖြစ်ပေါ်တတ်ပြီး ပြန်ရည်ကြိတ်၊ အသည်းနှင့် သရက်ရွက်များကြီးလာခြင်း၊ အကျိတ်ဖြစ်ခြင်း၊ အရေပြားအောက်မှာ ရောင်ရမ်း ခြင်း၊ ဦးနှောက်နှင့်အာရုံကြောလက္ခဏာများလည်း ဖြစ်တတ်ပါတယ်။

ရုတ်တရက်ဖြစ်တဲ့လူကီးမီးယားသွေးကင်ဆာ(Acute Leukemia) ဟာ ရောဂါ တစ်မျိုးဖြစ်ပြီး ၎င်းရဲ့အခြေခံအကျဆုံးအဆင့်တစ်ခုမှာ ရောဂါဖြစ်စေသောပိုးမွှား (Pathogens) အများကြီးရှိပါတယ်။ ဒါကြောင့် မျိုးကွဲအနေနဲ့ အများကြီး ခွဲခြား နိုင်ပါတယ်။ အမျိုးအစားတစ်ခုချင်းစီမှာ မတူညီတဲ့ ဖွံ့ဖြိုးမှုနဲ့ကြိုတင်သုံးသပ်မှု တွေရှိပါတယ်။ ကုသမှုကိုရွေးချယ်ဖို့ဆုံးဖြတ်တဲ့အချိန်မှာ ရောဂါရဲ့ တိကျတဲ့ အမျိုးအစားကို ထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်။ ဆဲလ်များရဲ့ပုံသဏ္ဍာန် (Morphology)အရခွဲခြားခြင်း၊ ခရိုမိုဆုန်းဆိုင်ရာမူမမှန်မှုများအရခွဲခြားခြင်း၊ ဗီဇမူမမှန်မှုများအရခွဲခြားခြင်း စတဲ့နည်းလမ်းတွေအပါအဝင် လူကီးမီးယား သွေးကင်ဆာရောဂါမျိုးကွဲများကို ခွဲခြားတဲ့နည်းလမ်းတွေ အများကြီးရှိပါတယ်။

အတွေ့ရများတဲ့လက္ခဏာများ

  • ဖျားခြင်း။
  • ဖြူဖပ်ဖြူရော်ဖြစ်ခြင်း။
  • ပုံမှန်မဟုတ်ဘဲသွေးထွက်ခြင်း။
  • ပြန်ရည်ကျိတ်၊ သရက်ရွက်နှင့် အသည်းကြီးခြင်း။
  • ကိုယ်အလေးချိန်ကျဆင်းခြင်း

တခြားသောလက္ခဏာများအနေနဲ့ အရေပြားမှာအစက်အပြောက်များ အနီဖုများ ထခြင်း၊ ဝှေးစေ့ကြီးလာခြင်း၊ နံရိုးများနာကျင်ခြင်း၊ အဆစ်များနာကျင်ခြင်း စတာတွေ ဖြစ်တတ်ပါတယ်။ ရုတ်တရက်ဖြစ်တဲ့လူကီးမီးယားသွေးကင်ဆာခံစားရ တဲ့ တချို့လူနာတွေမှာ ဦးနှောက်အလွှာအတွင်းကို ကင်ဆာဆဲလ်ပျံ့နှံ့သွား ခြင်းကြောင့် ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်း အပါအဝင် ဦးနှောက်နှင့် အာရုံကြော မူမမှန်မှုတွေဖြစ်တတ်ပြီး ဒါဟာ ဦးခေါင်းအတွင်းမှာ ဖိအားပိုစေပါတယ်။

ရောဂါရှာဖွေခြင်း

လူကီးမီးယားသွေးကင်ဆာအတွက် ရောဂါရှာဖွေမယ်ဆိုရင် သွေးစစ်ဆေးမှု နဲ့ ရိုးတွင်းခြင်ဆီစစ်ဆေးမှု အပေါ်မှာမူတည်ပါတယ်။ အများအားဖြင့် လူနာတွေဟာ အတော်အသင့် လျှင်မြန်တဲ့အချိန်အတွင်း ရောဂါလက္ခဏာပြလေ့ရှိပါတယ်။ အဆိုပါလက္ခဏာများဟာ ရိုးတွင်းခြင်ဆီခန်းမှုနဲ့ ပတ်သက်မှုရှိပြီး ကင်ဆာဆဲလ်များဟာ ပုံမှန်မဟုတ်ဘဲ အစိတ်အပိုင်းများရဲ့ ပုံမှန်လုပ်ဆောင်မှုကို အနှောင့်အယှက် ဖြစ်အောင် မတူညီတဲ့ တစ်ရှူးများအတွင်းသို့ပျံ့နှံ့သွားခြင်းမှ တစ်ဆင့် ခန္ဓာကိုယ်ထဲမှာ ကင်ဆာဆဲလ်တွေ ကြီးထွားလာစေပါတယ်။ 

ကုသမှု

ရုတ်တရက်ဖြစ်တဲ့လူကီးမီးယားသွေးကင်ဆာကို ခီမိုဆေးသွင်းခြင်းနည်းလမ်းနဲ့ ကုသနိုင်ပါတယ်။ ခီမိုဆေးအမျိုးအစားနဲ့ ကုသမှုအတွက်ကြာချိန်ဟာ လူကီးမီးယား သွေးကင်ဆာအမျိုးအစားအပေါ်မှာမူတည်ပါတယ်။ ရိုးတွင်းခြင်ဆီ အတွင်းမှ ကင်ဆာဆဲလ်များကို သေချာစစ်ဆေးပြီး ကင်ဆာအမျိုးအစားကို သတ်မှတ်တာဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် ကလေးများမှာဖြစ်တဲ့လူကီးမီးယား သွေးကင်ဆာကုသမှုဟာ ထိရောက်မှုရှိတယ်လို့ဆိုရမှာပါ။ ဒါပေမယ့် ထိရောက်မှု ဟာ ကင်ဆာဆဲလ်အမျိုးအစားအပေါ်မှာလည်း များစွာမူတည်ပါတယ်။ ခီမိုဆေး သွင်းခြင်းအပေါ် လူနာရဲ့တုန့်ပြန်မှုဟာလည်း အဓိကကျတဲ့ အကြောင်းအရင်း တစ်ချက်ဖြစ်ပါတယ်။ ဒါ့အပြင်တခြားကုသမှုနဲ့မအောင်မြင်ဘူးဆိုရင် ရိုးတွင်းခြင်ဆီအစားထိုးခြင်းကိုလုပ်ဆောင်သင့်ပါတယ်။

ဆစ်မီတဝေ့မှအထူးကုဆရာဝန်ကြီးများ

ဆစ်မီတဝေ့ဆေးရုံရဲ့ ကလေးကင်ဆာရောဂါအထူးကုအဖွဲ့မှာ ထိုင်းနိုင်ငံရဲ့ ကလေးသွေးရောဂါနဲ့ကင်ဆာရောဂါအထူးကုဆရာဝန်ကြီးများဖြစ်တဲ့  Professor Suradej Hongeng, M.D. ၊ Associate Professor Samart Pakakasama, M.D နဲ့ Pornchanok Iamsirirak, M.D., တို့က ဦးဆောင်ပြီး ကုသပေးနေတာ ဖြစ်ပါတယ်။ အဆိုပါအထူးကုဆရာဝန်ကြီးများဟာ မကြာသေးခင်ကပဲ Haploidentical Hematopoietic Stem Cell Transplantation ခေါ် ကလေးမိဘဆီမှ ရိုးတွင်းခြင်ဆီကိုအစားထိုးကုသမှုပုံစံတစ်ခုကို မိတ်ဆက် ခဲ့ပါတယ်။ ၎င်း နည်းလမ်းဟာ ကလေးများမှာဖြစ်တဲ့ လူကီးမီးယားသွေးကင်ဆာ နဲ့ သာလာဆီးမီးယားသွေးအားနည်းရောဂါများကိုကုသရာမှာ အောင်မြင်မှုရခဲ့ပါ တယ်။

အရင်တုန်းကဆိုရင် ကလေးနဲ့မိဘကြား ရိုးတွင်းခြင်ဆီ တူညီမှုမရှိတဲ့ပြဿနာ၊ ခန္ဓာကိုယ်မှ ပြင်ပဆဲလ်များကိုလက်ခံရာမှာအဆင်မပြေမှု စတာတွေကြောင့် ဒီလိုမျိုးကုသမှုကိုမလုပ်နိုင်ခဲ့ပါဘူး။ ဒီလိုအခြေအနေမှာ လူနာကလေး ငယ် တွေဟာ တူညီတဲ့ရိုးတွင်းခြင်ဆီ Stem Cell ကိုရဖို့ အချိန်အကြာကြီးစောင့်ခဲ့ရပြီး တချို့ဆိုရင် ကုသခွင့်တောင်မရဘဲ ရောဂါကြောင့် သေဆုံးသွားခဲ့ကြပါတယ်။

Leave a medical inquiry

*ထည့်သွင်းရန်လိုအပ်သည်။

အမည် (FIRST NAME)*
အမည် (FIRST NAME)*
အမည် (LAST NAME)*
အမည် (LAST NAME)*
မေးခွန်း*
မေးခွန်း*
အီးမေးလ်လိပ်စာ*
အီးမေးလ်လိပ်စာ*
အဆင့်သတ်မှတ်ချက်

မှတ်ပုံတင်ပြီးသားလား။