ဒေါင်းလက္ခဏာကလေးငယ်ကို အကောင်းဆုံးပြုစုပျိုးထောင်ကြမယ်

ဒေါင်းလက္ခဏာကလေးငယ်ကို အကောင်းဆုံးပြုစုပျိုးထောင်ကြမယ်

အနှစ်ချုပ်

  • ကလေးအယောက်(၇၀၀) မှ (၁၀၀၀) ကြားမှာ တစ်ယောက်ဟာ ဒေါင်းလက္ခဏာ(Down Syndrome) နဲ့ မွေးဖွားလာနိုင်ခြေရှိပါတယ်။
  • အမျိုးသမီးတွေ အသက်(၃၅)နှစ်ကျော်မှ ကိုယ်ဝန်ဆောင်မယ်ဆိုရင် မွေးဖွားလာနိုင်တဲ့ ကလေးဟာ ဒေါင်းလက္ခဏာ ပါလာနိုင်ခြေများပြီး အသက်(၄၀) အထက်အမျိုးသမီးတွေဆိုရင် ဖြစ်နိုင်ခြေ ပိုပြီးမြင့်မားပါ တယ်။ ဒီလိုမျိုး အုပ်စုအမျိုးအစားများမှာ ဒေါင်းလက္ခဏာ ကလေး မွေးဖွားလာနိုင်ခြေ အချိုးအစားဟာ ၁း၂၅၀ နဲ့ ၁း၇၀ ရှိပါတယ်။
  • ဒေါင်းလက္ခဏာနဲ့မွေးဖွားလာတဲ့ကလေးငယ်များကို မိဘများအနေနဲ့ ငယ်ရွယ်စဉ်ကတည်း အထူး ဂရုစိုက်မှုနည်းလမ်းများနဲ့ ထိန်းသိမ်း စောင့်ရှောက်မယ်ဆိုရင် ဖွံ့ဖြိုးတိုးတက်မှုပိုင်းမှာ ပိုပြီး လုပ်နိုင်စွမ်းရည် မြင့်မားပါတယ်။

ကိန်းဂဏန်းအချက်အလက်များအရ ကမ္ဘာပေါ်မှာ ကလေး(၇၀၀)မှ (၁၀၀၀) မှာ တစ်ယောက်ဟာ ဒေါင်းလက္ခဏာ နဲ့ မွေးဖွားလာကြတယ် လို့ ဆိုပါတယ်။ ဒေါင်းလက္ခဏာဆိုတာ ကိုယ်ခန္ဓာအစိတ်အပ်ိုင်းမူမမှန်မှုများနဲ့ စိတ်ပိုင်းဆိုင်ရာ မသန်မစွမ်းဖြစ်မှု များ ပေါင်းစပ်ထားတဲ့ အခြေအနေဖြစ်ပါတယ်။ (၂၁)ခုမြောက်ခရိုမိုဆုန်း (Faulty 21st chromosome) ကြောင့် ဒေါင်းလက္ခဏာ ဖြစ်တာပါ။ ကလေးမိခင်ရဲ့အသက်အရွယ်ဟာလည်း အဓိက အကြောင်းအရင်း တစ်ချက်ဖြစ်ပြီး အသက်(၃၅)နှစ်အထက် အမျိုးသမီး အယောက်(၂၅၀)မှာ တစ်ယောက်ဟာ ဒေါင်းလက္ခဏာကလေးငယ်မွေးဖွားနိုင်ခြေရှိပါတယ်။ အသက်(၄၀)အထက် အမျိုးသမီး အယောက်(၇၀)မှာ တစ်ယောက်ဟာ ဒေါင်းလက္ခဏာကလေးငယ်မွေးဖွားနိုင်ခြေရှိပါတယ်။ ဒါဟာ မျိုးရိုးဗီဇဆိုင်ရာ မူမမှန်မှုများကြောင့် ဖြစ်လာတဲ့ ရောဂါရဲ့ အကျိုးဆက်ဖြစ်ပါတယ်။

ဒေါင်းလက္ခဏာကလေးငယ်များရဲ့လက္ခဏာများ

ဒေါင်းလက္ခဏာကလေးငယ်များဟာ မျိုးရိုးလိုက်ပြီးဖြစ်လာတဲ့ ခရိုမိုဆုန်းမူမမှန် ခြင်းပုံစံအပေါ်မူတည်ပြီး တစ်ယောက်နဲ့တစ်ယောက် လက္ခဏာတွေ မတူကြပါ ဘူး။ တစ်ယောက်နဲ့တစ်ယောက် မတူညီတဲ့ ရုပ်ပိုင်းဆိုင်ရာကွဲပြားမှုတွေ ရှိကြပါ တယ်။ ဦးခေါင်းခွံသေးငယ်ခြင်း၊ နှာနုရိုးမပါလာခြင်း၊ မျက်လုံးပြူးခြင်း၊ ကြွက်သား တောင့်တင်းမှုမရှိခြင်း၊ အရိုးအဆစ်နှင့်အရွတ်များမလှုပ်ရှားနိုင်ခြင်း၊ လက်ချောင်း နှင့်လည်ပင်းများတိုနေခြင်း၊ ရှည်လျားသောလျှာရှိခြင်း စတဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။ စိ်တ်ပိုင်းဆိုင်ရာအရ ပြောရမယ်ဆိုရင် ဒေါင်းလက္ခဏာကလေး ငယ်များဟာ သူတို့နဲ့ သက်တူရွယ်တူ သာမန်ကလေးငယ်များနဲ့ ယှဉ်ရင် စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုမှာ နောက်ကျ ကျန်ရစ်လေ့ရှိကြသလို အော်တစ်ဇင် (ASD) နဲ့ ပုံမှန်မဟုတ်သည့်တက်ကြွမှုနှင့်စိတ်လိုက်မာန်ပါလုပ်တတ်သည့် စိတ်ရောဂါတစ်မျိုး(ADHD) လည်း ဖြစ်န်ိုင်ပါတယ်။ ဒါ့အပြင် အကြားအာရုံရဖို့ ခက်ခဲခြင်း၊ မျက်စိစွေစောင်းခြင်း၊ မွေးရာပါနှလုံးအားနည်းခြင်း၊ သိုင်းရွိုက်ဂလင်း လုပ်ဆောင်မှုလျော့နည်းခြင်း(Hypothyroidism) စတဲ့ ရုပ်ပိုင်းဆိုင်ရာရောဂါပြဿ နာဖြစ်နိုင်ခြေလည်း များပါတယ်။

ဒေါင်းလက္ခဏာကလေးငယ်များကိုထိန်းသိမ်းစောင့်ရှောက်ခြင်း

ဒေါင်းလက္ခဏာနဲ့မွေးဖွားလာတဲ့ ကလေးများကို မိဘများအနေနဲ့ ငယ်စဉ်က တည်းက ပံ့ပိုးပြီး စိတ်ခွန်အားတွေပေးမယ်ဆိုရင် ဖွံ့ဖြိုးမှုဆိုင်ရာစွမ်းရည်များ လည်း တိုးတက်မှာဖြစ်ပါတယ်။ ဒေါင်းလက္ခဏာနဲ့မွေးဖွားလာတဲ့ ကလေးငယ် များဟာ မွေးကင်းစအရွယ်မှာကတည်းက ချို့ယွင်းချက်ရှိ နေပြီလို့ စ သိရတဲ့ အချိန်မှာ အမျိုးမျိုးသောစောင့်ရှောက်မှုများဖြစ်တဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်း ချို့ယွင်းချက်များကိုစစ်ဆေးခြင်း၊ ကလေးများ ရဲ့ဖွံ့ဖြိုးမှုကိုစောင့်ကြည့်ခြင်း၊ အထူးဖန်တီးထားတဲ့လေ့ကျင့်ခန်း စတဲ့နည်းလမ်း များကို  မိဘများမှ ဂရုတစိုက် နဲ့ လုပ်ဆောင်ပေးသင့်ပါတယ်။ ဒေါင်းလက္ခဏာကလေးငယ်များရဲ့ ဖွံ့ဖြိုးမှုကို ဂရုတစ်ိုက် အားပေးလုပ်ဆောင် ရာမှာ ၎င်းတို့ရဲ့ ကြီးမား(သို့)သေးငယ်တဲ့ ကြွက်သားအုပ်စုများ၊ အသိအမြင်၊ စကား ပြောဆိုမှု၊ လူမှုဝန်းကျင်နဲ့ စိတ်ပိုင်းဆိုင်ရာအမူအကျင့်၊ မှီခိုမှု စတာတွေကို သေချာ မျက်ခြည်မပြတ် စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ဒီလိုမျိုးလေ့ကျင့်လုပ် ဆောင်ရာမှာ ဆရာဝန်နဲ့တခြား တတ်ကျွမ်းပညာရှင်များ ပေါင်းစပ်ပါဝင်တဲ့ အဖွဲ့ တစ်ဖွဲ့ (Multidisciplinary Team) လိုအပ်ပြီး ၎င်း အဖွဲ့ဝင်များအားလုံးဟာ ကလေးငယ်ရဲ့ ဖွံ့ဖြိုးမှုအတွက် အကောင်းဆုံးဘယ်လိုမျိုး လုပ်ဆောင်ရမလဲ ဆိုတာနဲ့ပတ်သက်လို့ ကလေးမိဘကို အကောင်းဆုံး ဦးဆောင်အကြံပေးနိုင်သူ များ ဖြစ်ရပါမယ်။

ဒေါင်းလက္ခဏာကလေးမွေးဖွားထားသူမိဘများအတွက်အကြံပြုချက်များ

  • ကလေးရဲ့အခြေအနေကို ကောင်းစွာနားလည်ထားရမှာဖြစ်ပြီး ကလေး ငယ်ကိုအပြစ်မတင်မိစေဖို့ အထူးဂရုပြုပါ။ မိဘများရဲ့ စဉ်ဆက်မပြတ် ပံ့ပိုးမှု နဲ့ စိတ်ပိုင်းဆိုင်ရာခွန်အားပေးမှုများဟာ ကလေးငယ်ရဲ့ ဘဝအရည်အသွေး အတွက် တန်ဖိုးမဖြတ်နိုင်ပါဘူး။
  • ဒေါင်းလက္ခဏာကလေးငယ်အတွက် ပုံမှန်ကျန်းမာရေးဆိုင်ရာစစ်ဆေးမှု များကို မပျက်မကွက်လုပ်ဆောင်ပေးပါ။ ဒေါင်းလက္ခဏာကလေးငယ် များဟာ များပြားလှစွာသော တခြားကျန်းမာရေးပြဿနာများဖြစ်တဲ့ နှလုံးသွေးကြောပြဿနာများ၊ အစာချေစနစ်ပြဿနာများ၊ အမြင်အာရုံ ပြဿနာများ၊ ရောဂါပိုးကူးစက်နိုင်မှုမြင့်မားခြင်း နဲ့ သွေးရောဂါပြဿနာများ အကြားအာရုံ ရဖို့ခက်ခဲခြင်း၊ အကြားအာရုံ ရဖို့ခက်ခဲခြင်း စတဲ့ ချို့ယွင်းချက်တွေ ရှိတတ်ပါတယ်။
  • သင့်ကလေးငယ်ရဲ့ စွမ်းရည်ဖွံ့ဖြိုးမှုက တခြား သက်တူရွယ်တူကလေးများ ရဲ့ စွမ်းရည်ဖွံ့ဖြိုးမှုနဲ့ အတူတူပဲဆိုတာကို ယုံကြည်ပါ။ ဒါပေမယ့် သင့်ကလေးရဲ့ ဖွံ့ဖြိုးမှုက အချိန်အနည်းငယ်ပိုကြာမယ်ဆိုတာကိုလည်း ဂရု ပြုရပါမယ်။ ဆရာဝန်နဲ့ ပုံမှန်ဆွေးနွေးတိုင်ပင်မှု ပြုလုပ်ရမှာဖြစ်သလို ကလေးငယ်ကို အတတ်နိုင်ဆုံး အမှီအခိုကင်းတဲ့အခြေအနေဖြစ်အောင် စိတ်ခွန်အားပေးနိုင်ဖို့ ကြိုးစားပါ။ ဒါဆိုရင် နောက်ဆုံးမှာ ကလေးငယ် အနေနဲ့ လူမှုဝန်းကျင်မှာ ဝင်ရောက်ရပ်တည်နိုင်ဖို့ အကောင်းဆုံး အခွင့် အရေးကို ရရှိမှာဖြစ်ပါတယ်။
  • ဒေါင်းလက္ခဏာကလေးငယ်များအတွက် အထူးဂရုစိုက်မှုကို မိဘများ အနေနဲ့ လုပ်ဆောင်ရမယ်ဆိုပေမယ့် သူတို့ရဲ့ လိုအပ်ချက်တိုင်းကို မျက်စိ စုံမှိတ်ပြီး လိုက်လျောနေဖို့မဟုတ်သလို တခြားကလေးငယ်များ ထက်ပိုပြီး ပ စား ပေးနေဖို့လည်း မဟုတ်ပါဘူး။
  • ဒေါင်းလက္ခဏာကလေးငယ်များကို ၎င်းတို့ လိုအပ်နိုင်တဲ့ အထူး ပံ့ပိုးမှု များနဲ့ ကူညီစောင့်ရှောက်ပေးရပါမယ်။ ဥပမာ - သင့်လျော်တဲ့ပညာရပ်သင် ကြားမှု ကျောင်းတစ်ခုခုမှာ အပ်နှံပေးခြင်း၊ အဓိက ကျောင်းပညာ တက်ရောက် ခြင်းသာမက လိုအပ်တဲ့ တခြားပံ့ပိုးမှုများ ကိုလည်း လုပ်ဆောင်ပေးရပါမယ်။
  • ဆေးရုံကျွမ်းကျင်ဝန်ထမ်းများနဲ့ အခြေပြုဖွဲ့စည်းထားတဲ့ Multidisciplinary Team ရဲ့ဦးဆောင်မှုနဲ့ ဖွံ့ဖြိုးမှုဆိုင်ရာ ကုသမှုများကို မပျက်မကွက် ခံယူပါ။

ကလေးငယ်များရဲ့ဖွံ့ဖြိုးတိုးတက်မှုများအတွက်ကူညီပံ့ပိုးပေးနိုင်တဲ့ ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များ

ဒေါင်းလက္ခဏာကလေးငယ်များအတွက် အထူးပြု စောင့်ရှောက်ကုသမှု ပေးနေတဲ့ ကျွမ်းကျင်ဆေးဘက်ဆိုင်ရာပညာရှင်များရဲ့ အကူအညီကိုရယူပါ။ ဒီကုသမှု အဖွဲ့အတွင်း အောက်မှာဖော်ပြထားတဲ့ ပညာရှင်မျိုးတွေ ပါဝင်သင့် ပါတယ်။

 

    • လှုပ်ရှားမှုစွမ်းရည်တိုးတက်မှုကုထုံးပညာရှင် (Occupational Therapists)  များအနေနဲ့ ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့် ခန်းများနဲ့အတူ ကလေးငယ်ရဲ့ ကြွက်သားများသန်မာအောင် လေ့ကျင့် ပေးမှာပါ။
    • ကိုယ်ကာယကုထုံးပညာရှင်(Physiotherapists) များဟာ ပံ့ပိုးကူညီ မှုနဲ့ ကလေးငယ်ရဲ့ ကိုယ်ဟန်အနေအထားမျှစေဖို့၊ အကူအညီမပါ ဘဲ ထိုင်န်ိုင် လမ်းလျှောက်နိုင်အောင်လို့ ကြီးမားတဲ့ကြွက်သားများကို အသုံးပြုနိုင်အောင် အားပေးကူညီမှာဖြစ်ပါတယ်။
    • စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုပညာရှင်(Developmental Psychologists) များမှ ကလေးငယ်အနေနဲ့ လက်တွေ့ကျကျ ဘယ်လိုတွေးခေါ်ရ မယ်၊ အသိအမြင်ဖွံ့ဖြိုးမှု စတာတွေနဲ့ပတ်သက်ပြီး လေ့ကျင့် သင်ကြားပေးမှာဖြစ်ပါတယ်။
    • စကားပြောဆိုမှုကုထုံးပညာရှင်(Speech Therapists) များမှ ထိထိ ရောက်ရောက်ဘယ်လိုမျိုး ပြောဆိုဆက်ဆံရမလဲဆိုတာနဲ့ ပတ်သက်ပြီး ကလေးငယ်ကိုသင်ကြားပေးမှာဖြစ်ပါတယ်။

အဆိုပါ ကျွမ်းကျင်ပညာရှင်များရဲ့ အကြံပေးလမ်းညွှန်မှုများကို တိတိကျကျ လိုက်နာဆောင်ရွက်ဖို့က အရေးကြီးပါတယ်။ ဒါ့အပြင် ဆရာဝန်များအနေဖြင့် ကုသမှုနဲ့ အဆင့်တိုင်းရဲ့ ဖွံ့ဖြိုးမှုကို ဦးစားပေးစောင့်ကြည့်ဖို့ကလည်း အရေး ကြီးပါတယ်။

တိုးတက်လာတဲ့နည်းပညာနဲ့ ဆက်သွယ်မှုများအရ ကမ္ဘာတစ်ဝန်းက မိဘများ ဟာ ဒေါင်းလက္ခဏာနဲ့ပတ်သက်ပြီး အသိအမြင်ပိုကျယ်ပြန့်လာတယ်လို့ ဆိုပါတယ်။ ဒေါင်းလက္ခဏာကလေး မွေးဖွားလာနိုင်ခြေ ရှိ မရှိ ဆိုတာကို ကိုယ်ဝန် စဆောင်တဲ့အချိန်မှာ စစ်ဆေးနိုင်တဲ့နည်းပညာများလည်း ယခုအချိန်မှာ ပေါ်ထွန်းနေပြီဖြစ်ပါတယ်။

အဆင့်သတ်မှတ်ချက်

မှတ်ပုံတင်ပြီးသားလား။