ကလေးငယ်များအရာဝတ္ထုတစ်ခုခု ကိုမျိုချမိတဲ့အခါ

ကလေးငယ်များအရာဝတ္ထုတစ်ခုခု ကိုမျိုချမိတဲ့အခါ

စိတ်ဝင်စားဖွယ်ရာများ

  • ကလေးငယ်တွေဟာ ပုံမှန်မဟုတ်တဲ့ အရာဝတ္ထုတစ်ခုခုကိုမျိုချမိတဲ့အခါ ချောင်းဆိုးခြင်း၊ အသက်ရှူကျပ်ခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ လည်ချောင်း နာခြင်း၊ တံတွေးထွက်များခြင်း၊ တံတွေးထဲတွင်သွေးပါခြင်း၊ စားရသောက်ရ ခက်ခဲခြင်း၊ စားချင်စိတ်မရှိခြင်း၊ အစာအိမ်အောင့်ခြင်း၊ အော့အန်ခြင်း၊ သွေးထွက်ခြင်း စတဲ့ လက္ခဏာတွေခံစားရနိုင်ပါတယ်။ ဒါပေမယ့် တချို့ ကလေးတွေဟာ လက္ခဏာလုံးဝမပြတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
  • မျိုချမိလိုက်တဲ့ အရာဝတ္ထုကို လက်နဲ့ကော်ထုတ်ဖို့(သို့) အန်ထွက်အောင် လုပ်ဖို့ မကြိုးစားပါနဲ့။ ဒီလိုလုပ်မယ်ဆိုရင် အရာဝတ္ထုဟာ အစာမျိုပြွှန် မှ တစ်ဆင့် အသက်ရှူလမ်းကြောင်းထဲကိုရောက်သွားနိုင်တာကြောင့် လွန်စွာ အန္တရာယ်များပါတယ်။
  • ပလတ်စတစ်၊ သစ်သား၊ ငါးရိုး အပါအဝင် တချို့အရာဝတ္ထုတွေဟာ X-Ray နဲ့ ကြည့်လို့မမြင်ရပါဘူး။ ဒါကြောင့် ကိုယ်ခံစားရတဲ့ လက္ခဏာနဲ့ မြိုချမိ ခဲ့တဲ့ အရာဝတ္ထုတွေကို ဆရာဝန်တွေကို သေချာပြောပြဖို့ လိုပါတယ်။ ဒီအချက်အလက်တွေအပေါ်အခြေခံပြီး ဆရာဝန်များမှ ကုသမှု နည်းလမ်း ကို ဆုံးဖြတ်ပေးမှာဖြစ်ပါတယ်။

မိဘ(သို့) ကလေးထိန်းများအနေနဲ့ ကိုယ့်ကလေးဟာ အလွယ်တကူမျိုချမိနိုင်တဲ့ ပစ္စည်းများနဲ့ ဆော့ကစားခြင်းကို သေချာဂရုစိုက် စောင့်ကြည့်နေဖို့လိုပါတယ်။ အထူးသဖြင့် အသက်(၆)လမှ (၃)နှစ်အတွင်း ကလေးအများစု ဆော့ကစားရင်းနဲ့ မျိုချမိနိုင်တဲ့ ပစ္စည်းများကတော့ အကြွေစေ့တွေဖြစ်ပါတယ်။ မျိုချမိလိုက်တဲ့ ပစ္စည်းများရဲ့ (၈၀)ကနေ (၉၀)ရာခိုင်နှုန်းဟာ ဘာမှအန္တရာယ် မဖြစ်စေဘဲ အစာချေစနစ်မှစွန့်ထုတ်နိုင်ပြီး ကျန်းမာရေးပြဿနာ မရှိနိုင်ပါဘူး။ ဒါပေမယ့်လည်း မွေးကင်းစ ကလေးငယ်တွေ မျိုချမိလိုက်တဲ့ အရာဝတ္ထုများရဲ့ (၁၀)ရာခိုင်နှုန်းမှ (၂၀)ရာခိုင်နှုန်းဟာ အစာချေစနစ်ကနေ ကောင်းစွာမစွန့်ထုတ် နိုင်ပါဘူး။ ဒါကြောင့် အဲဒီအရာဝတ္ထုဟာ ပိတ်မိနေပြီး ကိရိယာသုံးကာ အစာအိမ်လမ်းကြောင်းအတွင်းမှဖယ်ရှားခြင်း(Endoscopic Removal) နည်းလမ်း ကို အသုံးပြုဖို့ လိုပါတယ်။ မတော်မဆမျိုချမိတဲ့ဖြစ်စဉ်များရဲ့ (၁)ရာခိုင်နှုန်းလောက်ဟာ ခွဲစိတ်မှု နည်းလမ်းကို အသုံးပြုကာ ဗိုက်ထဲက ပစ္စည်းကို ဖယ်ထုတ်ကြပါတယ်။ မျိုချမိတဲ့ ပစ္စည်းကို ဘယ်လိုမျိုးဖယ်ထုတ်မလဲဆိုတာကတော့ အဲဒီပစ္စည်းကိုဘာနဲ့လုပ် ထားသလဲ၊ ပစ္စည်းရဲ့အရွယ်အစား၊ ပိတ်မိနေတဲ့နေရာ၊ ကလေးရဲ့အသက်အ ရွယ်၊ မျိုချမိတာအချိန်ဘယ်လောက်ကြာပြီလဲ စတဲ့ အချက်တွေအပေါ်မှာ မူတည် ပါတယ်။ ပလတစ်စတစ်၊ သစ်သား၊ သေးငယ်တဲ့ငါးရိုး အပါအဝင် တချို့ပစ္စည်း များ ဟာ X-Ray မှာ မမြင်ရပါဘူး။ ဒါကြောင့် ကိုယ်ခံစားရတဲ့ လက္ခဏာနဲ့ မြိုချမိ ခဲ့တဲ့ အရာဝတ္ထုရဲ့ ပုံသဏ္ဍာန်၊ အရွယ်အစားကို ဆရာဝန်တွေကို သေချာပြောပြဖို့ လိုပါတယ်။ ဒီအချက်အလက်တွေအပေါ်အခြေခံပြီး ဆရာဝန် များမှ ကုသမှု နည်းလမ်းကို ဆုံးဖြတ်ပေးမှာဖြစ်ပါတယ်။

ပုံမှန်မဟုတ်တဲ့အရာဝတ္ထုတစ်ခုခုကိုကလေးတွေမျိုချမိရင်ပြတတ်တဲ့လက္ခဏာများ

ပြတတ်တဲ့လက္ခဏာတွေကတော့ ချောင်းဆိုးခြင်း၊ အသက်ရှူကျပ်ခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ လည်ချောင်းနာခြင်း၊ တံတွေးထွက်များခြင်း၊ တံတွေးထဲတွင်သွေးပါခြင်း၊ စားရသောက်ရ ခက်ခဲခြင်း၊ စားချင်စိတ်မရှိခြင်း၊ အစာအိမ်အောင့်ခြင်း၊ အော့အန်ခြင်း၊ သွေးထွက်ခြင်း တို့ဖြစ်ပါတယ်။ ဒါပေမယ့် တချို့ကလေးတွေဟာ လက္ခဏာလုံးဝမပြတာမျိုးလည်း ဖြစ်နိုင်ပါ တယ်။

ပုံမှန်မဟုတ်တဲ့အရာဝတ္ထုတစ်ခုခုကိုမျိုချမိတဲ့ကလေးငယ်များအတွက် အခြေခံ ရှေးဦးပြုစုနည်းများ

  • ကလေးငယ်ကို ဆေးရုံမပို့ခင်မှာ တစ်ခုခု မစားမိ မသောက်မိ စေဖို့သေချာ ဂရုစိုက်ပါ။
  • ချောင်းဆိုးခြင်း၊ အသက်ရှူကျပ်ခြင်း၊ အသက်ရှူရခက်ခြင်း စတဲ့လက္ခဏာ တွေပြတယ်ဆိုရင် မျိုချလိုက်တဲ့အရာဝတ္ထုဟာ ကလေးများရဲ့ အသက်ရှူ လမ်းကြောင်းမှာ ပိတ်ဆို့မိနေတယ်ဆိုတဲ့သဘောဖြစ်ပါတယ်။ ဒါဟာ အန္တရာယ်ရှိတဲ့အခြေအနေဖြစ်ပြီး ချက်ချင်းဆေးရုံပို့ကာ ဆေးကုသမှု ခံယူသင့်ပါတယ်။
  • တကယ်လို့ မြင်သာထင်သာတဲ့လက္ခဏာမပြဘူးဆိုရင် မျိုချမိတဲ့အရာဝတ္ထု ကို လက်နဲ့ဖယ်ထုတ်ဖို့(သို့) အန်ထွက်အောင်လုပ်ဖို့ မကြိုးစားပါနဲ့။ ဒီလို လုပ်မိမယ်ဆိုရင် အရာဝတ္ထုဟာ အစာမျိုပြွှန်မှာ မရှိတော့ဘဲ အသက်ရှူ လမ်းကြောင်းမှာ သွားပိတ်မိပြီး အန္တရာယ်ပိုများပါတယ်။
  • မျိုချမိလိုက်တဲ့ အရာဝတ္ထုရဲ့ ပုံစံနဲ့အရွယ်အစား အနီးစပ်ဆုံးတူညီတဲ့ ပစ္စည်းတစ်ခုခုကိုရှာဖွေယူဆောင်ပြီး ဆရာဝန်တွေကို ပြသပါ။
  • ရင်ဘတ်နဲ့ အစာအိမ်ကို X-Ray ဖြင့်စစ်ဆေးမယ်ဆိုရင် မျိုချမိတဲ့ အရာဝတ္ထုရဲ့တည်နေရာကို တိတိကျကျ သိနိုင်မှာဖြစ်ပါတယ်။

အစာချေစနစ်ကနေစွန့်ထုတ်ဖို့ခက်ခဲတဲ့အရာဝတ္ထုအရွယ်အစားများ

မျိုချမိလိုက်တဲ့ အရာဝတ္ထုများဟာ အောက်ဖော်ပြပါ အရွယ်အစားရှိမယ်ဆိုရင် ကိရိယာအသုံးပြုကာအစာအိမ်လမ်းကြောင်း အတွင်းမှဖယ်ရှားခြင်း(Endoscopic) နည်းလမ်းကိုလုပ်ဆောင်ဖို့ အကြံပြုချင်ပါတယ်။

  • မွေးကင်းစကလေးများနဲ့ အသက်(၃)နှစ်အောက်ကလေးများ အတွက် မျိုချမိလိုက်တဲ့အရာဝတ္ထုဟာ အကျယ်(၂)စင်တီမီတာရှိပြီး အလျား(၄) စင်တီမီတာမှ (၅)စင်တီမီတာ။
  • အသက်(၃)နှစ်နှင့်အထက်ကလေးများအတွက် အကျယ် (၂.၅)စင်တီမီ တာရှိပြီး အလျား(၆)စင်တီမီတာမှ (၁၀)စင်တီမီတာ။

ပုံမှန်မဟုတ်တဲ့ အရာဝတ္ထုတစ်ခုခုကိုမျိုချမိတဲ့ကလေးငယ်များအတွက် ကုသမှု နည်းလမ်းများ

အစာမျိုပြွှန်အတွင်းပိတ်ဆို့မိနေတဲ့အရာဝတ္ထုများ

  • ဓာတ်ခဲပြားအဝိုင်းများ၊ ၎င်းနှင့်ပုံစံတူသည့်ပစ္စည်းများ၊ ဓာတ်ခဲအသေးများ၊ ချွန်ထက်သည့်အရာဝတ္ထုများ  စတာတွေကိုမျိုချမိတယ်ဆိုရင် လက္ခဏာပြ သည်ဖြစ်စေ မပြသည်ဖြစ်စေ ချက်ချင်းဆေးကုသမှုခံယူသင့်ပါတယ်။ ဒါဆိုရင် ဆရာဝန်များအနေနဲ့ အစာအိမ်တွင်းကြည့်ကိရိယာနဲ့ ကြည့်ရှုပြီး အစာအိမ်ထဲမှာ ရှိနေတဲ့ အရာဝတ္ထုကိုအမြန်ဆုံးဖယ်ရှားဖို့ အခွင့်အရေးပိုရ မှာဖြစ်ပါတယ်။
  • သံလိုက် ကို မျိုချမိလိုက်တယ်ဆိုရင် (၁၂)နာရီမှ (၂၄)နာရီအတွင်း အစာအိမ်တွင်းကြည့်ကိရိယာသုံးနည်းပညာ(Endoscopy)နဲ့ ဖယ်ရှားရ မှာဖြစ်ပါတယ်။
  • အကြွေစေ့(သို့) အစားအစာများအစာမျိုတွင်းပိတ်မိနေ တယ်ဆိုရင် ဘာလက္ခဏာမှမပြသည့်တိုင် ချက်ချင်းဖယ်ရှားသင့်ပါတယ်။ အရမ်းကြီး မြန်မြန်ဆန်ဆန်မလုပ်ဖူးဆိုရင်တောင် မျိုချမိလိုက်တဲ့အချိန်ကစလို့ (၂၄)နာရီအတွင်း ဖယ်ရှားဖို့ အကြံပြုပါတယ်။
  • အလျား(၆)စင်တီမီတာအထက်ရှိပြီးချွန်ထက်မှုမရှိတဲ့အရာဝတ္ထုများ ဆိုရင် လက္ခဏာမပြလည်း (၂၄)နာရီအတွင်း ဖယ်ရှားသင့်ပါတယ်။
  • ငါးရိုး မျိုချမိခြင်းကတော့ ဖြစ်စဉ်အားလုံးရဲ့ (၆၀)ရာခိုင်နှုန်းလောက် ရှိပါတယ်။ ငါးရိုးဟာ အများအားဖြင့် လည်ချောင်းအပေါ်ပိုင်းမှာ ပိတ်ဆို့ တတ်လေ့ရှိပေမယ့် အစာမျိုပြွှန်မှာ ပိတ်မိသွားမယ်၊ X-Ray ရလဒ်အရ အရွယ်အစားကလည်း ထိခိုက်စေနိုင်တဲ့အထိ ကြီးမယ်ဆိုရင် Endoscopy နည်းပညာနဲ့ ဖယ်ရှားရမှာဖြစ်ပါတယ်။ ငါးရိုးဟာ အစာမျိုပြွန်နံရံကို ထိုးမိပြီး ပေါက်ပြဲနိုင်သလို ရောဂါပိုးဝင်ကာအနာဖြစ်သည်အထိ အန္တရာယ်ဖြစ် စေပါတယ်။ ဒါပေမယ့်လည်း ငါးရိုးကို X-Ray မှာ မြင်တွေ့နိုင်တဲ့ အခြေအနေ ဆိုရင် လက္ခဏာပေါ်လာချိန်မှာ Endoscopy နည်းလမ်းကို လုပ်ဆောင်သင့်ပါတယ်။

အစာအိမ်အတွင်းပိတ်မိနေသည့်အရာဝတ္ထုများ

  • ဓာတ်ခဲပြားအဝိုင်းများ
    • မည်သည့်အရွယ်အစားမဆို လက္ခဏာပြတယ် ဆိုရင် Endoscopy နည်းလမ်းနဲ့ အမြန်ဆုံးဖယ်ရှားသင့်ပါတယ်။
    • အသက်(၅)နှစ်အောက်ကလေးငယ်များ အလျား(၂)စင်တီမီတာ ထက်ကြီးတဲ့အရာဝတ္ထုများမျိုချမိပြီးလက္ခဏာမပြဘူးဆိုရင် (၂၄)နာရီမှ (၄၈)နာရီ အတွင်း Endoscopy နည်းလမ်းနဲ့ ဖယ်ရှားသင့်ပါတယ်။
    • အသက်(၅)နှစ်အထက်ကလေးများ အလျား(၂)စင်တီမီတာအောက် အရာဝတ္ထုများမျိုချမိပြီးလက္ခဏာမပြဘူးဆိုရင် အလျှင်အမြန်မလို ပေမယ့် X-Rayနဲ့ (၃)-(၄)ရက် တစ်ခါ စစ်ဆေးသင့်ပါတယ်။ ဒါမှသာ မျိုချမိလိုက်တဲ့ အရာက ကလေးရဲ့ အစာချေစနစ်ကနေ စွန့်ထုတ်နိုင် ခြင်း  ရှိ မရှိ ကို သိနိုင်မှာဖြစ်ပါတယ်။ တကယ်လို့ ဓာတ်ခဲတွေဟာ အစာချေစနစ်ကနေ မစွန့်ထုတ်နိုင်ရင် ဆရာဝန်များမှ Endoscopy နည်းလမ်းကို စဉ်းစား ကောင်းစဉ်းစားနိုင်ပါတယ်။ ဒါပေမယ့် ဒီလို အခြေအနေမျိုးဆိုရင် အများအားဖြင့် ပုံမှန်သဘာဝအတိုင်း အစာချေ စနစ်ကနေ စွန့်ထုတ်နိုင်မယ်လို့ ဆရာဝန်များက ယူဆထားလေ့ရှိ ပါတယ်။ ဒါကြောင့် သူ့ သဘာဝအတိုင်း ထွက်လာအောင် အရင်စောင့်ကြည့်သင့်ပါတယ်။
  • သံလိုက်
    • မည်သည့်အရွယ်အစားမဆို လက္ခဏာပြတယ် ဆိုရင် Endoscopy နည်းလမ်းနဲ့ အမြန်ဆုံးဖယ်ရှားသင့်ပါတယ်။
    • အလျား(၂.၅)စင်တီမီတာအောက်ရှိတဲ့သံလိုက်တစ်ခုကိုမျိုချမိပြီး လက္ခဏာမပြဘူးဆိုရင် သဘာဝအတိုင်းစွန့်ထုတ်နိုင်မှု ရှိ မရှိ သိရဖို့ ပုံမှန် X-Ray နဲ့ စစ်ဆေးသင့်ပါတယ်။ တကယ်လို့ မျိုချမိတဲ့ အရာဝတ္ထုဟာ (၂၄)နာရီအတွင်း သဘာဝအတိုင်းမစွန့်ထုတ်နိုင်ရင် ဆရာဝန်များမှ Endoscopy နည်းလမ်းနဲ့ ဖယ်ရှားဖို့စဉ်းစားမှာဖြစ်ပါ တယ်။ တကယ်လို့ သဘာဝအတိုင်း စွန့်ထုတ်နိုင်တယ်ဆိုရင် အားလုံးအနေနဲ့ ရလဒ်ထွက်တဲ့အထိ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ဒီလိုစောင့်ကြည့်နေတဲ့အချိန်မှာ ကလေးငယ်အနေနဲ့ သံလိုက်ပစ္စည်း များနဲ့ ဝေးဝေးနေရမှာဖြစ်ပြီး သတ္ထုနဲ့လုပ်ထားတဲ့ကြယ်သီးတပ် အဝတ်အစားများ၊ သတ္ထုခါးပတ်ခေါင်းတပ်ထားတဲ့ခါးပတ်ကြိုးများ ကို ဝတ်ဆင်ခြင်းမှ ရှောင်ကျဉ်ရပါမယ်။ ဒီအရာတွေဟာ ဗိုက်ထဲမှာရှိတဲ့ သံလိုက်ကို ဆွဲထားနိုင်တာကြောင့်ဖြစ်ပါတယ်။
    • အလျား(၂.၅)စင်တီမီတာထက်ကြီးတဲ့သံလိုက်တစ်ခုကိုမျိုချမိပြီး လက္ခဏာမပြဘူးဆိုရင် သဘာဝအတိုင်းစွန့်ထုတ်နိုင်မှာ မဟုတ်ပါ ဘူး။ ဒါဆိုရင် ဗိုက်ထဲက သံလိုက်ကိုဖယ်ထုတ်ဖို့ Endoscopy နည်းပညာကို လုပ်ဆောင်ရမှာဖြစ်ပါတယ်။
    • သံလိုက်အများကြီးကိုမျိုချမိပြီးလက္ခဏာမပြဘူးဆိုရင်
      • သံလိုက်တွေဟာ တစ်စုတစ်စည်းထဲမရှိဘူး (သို့) သံလိုက် တွေကို တခြားသတ္ထုပစ္စည်းများနဲ့အတူ မျိုချမိမယ်ဆိုရင် ဗိုက်ထဲမှာ ၎င်းပစ္စည်းတွေဟာ ပေါင်းစည်းသွားနိုင်တာကြောင့် (၁၂)နာရီမှ (၂၄)နာရီအတွင်း Endoscopy နည်းလမ်းကို လုပ်ဆောင်သင့်ပါတယ်။ ဒီလိုအခြေအနေဟာ သံလိုက်ပစ္စည်း တွေဟာ အစာအိမ်ထဲမှာ ရှိနှင့်နေပြီးဖြစ်တဲ့အရာဝတ္ထုတွေကို ဆွဲငင်ပေါင်းစည်းနိုင်တာကြောင့် အန္တရာယ်ရှိတဲ့အခြေအနေ လို့ သတ်မှတ်ရမှာပါ။ အစာအိမ်(သို့) အူထဲက တစ်ရှူးတွေ ဟာ အဆိုပါအရာဝတ္ထုတွေကြားထဲမှာ ညပ်သွားနိုင်ပြီး အဆိုပါ တစ်ရှူးများဟာ ရှုပ်ထွေးကာ ပြေလျော့သွားနိုင်ပါတယ်။ တကယ်လို့ မျိုချမိလိုက်တဲ့ သံလိုက်မှာ ပုံမှန်အမျိုးအစားများ ထက် ဆွဲငင်အား (၅)ဆ မှ (၁၀) ဆအထိ ပိုများတဲ့ Neodymium ပါဝင်တယ်ဆိုရင် ပိုလို့တောင်အန္တရာယ်များ ပါတယ်။
      • သံလိုက်အများအပြား တစ်စုတစ်စည်းထဲ ပေါင်းသွားခြင်း ကို လည်း သံလိုက်တစ်ခုတည်းအဖြစ်သာ သတ်မှတ်ရမှာ ဖြစ်ပါ တယ်။ သံလိုက်များပေါင်းသွားတဲ့ စုစုပေါင်း ပမာဏ ကိုပဲ စစ်ဆေးရမှာဖြစ်ပြီး (၄)နာရီ မှ (၆)နာရီ ခြားပြီး X-Ray ရိုက်ပြီး စောင့်ကြည့်ရမှာဖြစ်ပါတယ်။
  • အကြွေစေ့
    • မည်သည့်အရွယ်အစားမဆို လက္ခဏာပြတယ် ဆိုရင် Endoscopy နည်းလမ်းနဲ့ အမြန်ဆုံးဖယ်ရှားသင့်ပါတယ်။
    • မျိုချမိလိုက်တဲ့ အကြွေစေ့အရွယ်အစားအပေါ်မူတည်ပြီး လက္ခဏာ မပြတဲ့အခြေအနေမှာ အောက်ပါသတ်မှတ်ချက်များအတိုင်း စစ်ဆေးရမှာဖြစ်ပါတယ်။ 
      • (၂၅)မီလီမီတာအောက်အကြွေစေ့များ - မျိုချမိတာ အကြွေစေ့ တစ်စေ့ နှစ်စေ့လောက်ပဲဆိုရင် အလောတကြီးလုပ်ဖို့ မလိုပါ ဘူး။ ဒါပေမယ့်လည်း သူတို့ဟာ သဘာဝအတိုင်း စွန့်ထုတ် နိုင်ခြင်း ရှိ မရှိ သိရဖို့ တစ်ပတ်တစ်ခါ X-Ray စစ်သင့်ပါတယ်။ တကယ်လို့ အကြွေစေ့တွေဟာ ဗိုက်ထဲမှာ (၄)ပတ်ရှိနေသည့် တိုင် ထွက်မလာသေးဘူးဆိုရင်တော့ Endoscopy နည်းလမ်း အသုံးပြုပြီး ဖယ်ရှားသင့်ပါတယ်။
      • (၂၅)မီလီမီတာထက်ကြီးသောအကြွေစေ့များ - ထိုင်းဘတ် (၅)ဘတ်အရွယ်လောက်ရှိတဲ့ ဒီလိုမျိုး အကြွေစေ့တွေဟာ အစာချေစနစ်ကနေသဘာဝအတိုင်း မစွန့်ထုတ်နိုင်တာ ကြောင့် Endoscopy နည်းလမ်းနဲ့ဖယ်ရှားဖို့ မဖြစ်မနေလို အပ်ပါတယ်။
      • (၂.၅)စင်တီမီတာထက်ကြီးသောအရာဝတ္ထုများ အတွက် မျိုချ မိလိုက်တဲ့အချိန်ကစလို့ (၂၄)နာရီအတွင်း Endoscopy နည်း လမ်းနဲ့ အမြန်ဆုံးဖယ်ရှားဖို့ အကြံပြုချင်ပါတယ်။
  • ချွန်ထက်သောအရာဝတ္ထုများ - ဒီလိုအရာဝတ္ထုများဟာ အစာချေလမ်း ကြောင်းကို အနှောင့်အယှက်ဖြစ်စေတာကြောင့် မျိုချမိလိုက်တဲ့အချိန်က စလို့ (၂၄)နာရီအတွင်း Endoscopy နည်းလမ်းနဲ့ ဖယ်ရှားသင့်ပါတယ်။
  • ချွန်ထက်မှုမရှိတဲ့(သို့)ပျော့တဲ့အရာဝတ္ထုများ - ဒီလိုအရာဝတ္ထုများမျိုချမိ တဲ့အခါမှာ အလျား(၂.၅) စင်တီမီတာအောက် ရှိတယ်ဆိုရင် (၂)ပတ်မှ (၄) ပတ်အတွင်း သဘာဝအတိုင်းစွန့်ထုတ်ဖို့ စောင့်ကြည့်ရပါမယ်။ ဒါပေမယ့်လည်း (၄)ပတ်ကျော်တဲ့အထိ သဘာဝအတိုင်းဝမ်းသွားရာမှတစ် ဆင့် မစွန့်ထုတ်နိုင်ဘူးဆိုရင် Endoscopy နည်းလမ်းအသုံးပြုပြီး ဖယ်ရှား သင့်ပါတယ်။

အူသိမ်/အူမကြီးအတွင်းပိတ်မိနေတဲ့အရာဝတ္ထုများ

  • သေးငယ်ပြီးအဝိုင်းသဏ္ဍာန်ရှိတဲ့ဓာတ်ခဲများ၊ အကြွေစေ့များ၊ ချွန်ထက်မှု မရှိဘဲပျော့ပျောင်းသည့်ပစ္စည်းများ - ဒီလိုအရာဝတ္ထုများဟာ သဘာဝ အတိုင်းစွန့်ထုတ်နိုင်တယ်ဆိုရင် ခန္ဓာကိုယ်ထဲမှာ ဘာပြဿနာမှ မရှိဘဲ (၁)ပတ်မှ (၂)ပတ်အတွင်း ထွက်သွားမှာပါ။ ဒီလိုမျိုး အရာဝတ္ထုတွေဟာ အူနံရံကို စုတ်ပြဲစေခြင်း(သို့) တခြားပြဿနာများ ဖြစ်နိုင်ခြေ (၁)ရာခိုင်နှုန်း အောက်သာရှိပါတယ်။ ဒါ့အပြင် ကလေးဝမ်းသွားတိုင်း မစင်မှာ ပုံမှန်မဟုတ် တဲ့ အရာဝတ္ထုတွေပါလာမှု ရှိ မရှိ ဆိုတာကို မိဘများအနေနဲ့ ပုံမှန်စောင့်ကြည့် စစ်ဆေးဖို့ အကြံပြုချင်ပါတယ်။ တစ်ပတ်အတွင်းမှာ ထွက်မလာဘူးဆိုရင် ဆရာဝန်နဲ့တိုင်ပင်ပြီး X-Ray ရိုက်ကာ အရာဝတ္ထုရဲ့ တည်နေရာကို ရှာဖွေရပါမယ်။ တကယ်လို့ကလေးဟာ အစာအိမ်အောင့် ခြင်း၊ အော့အန်ခြင်း၊ ဖျားခြင်း (သို့) X-Ray ရလဒ်အရ တစ်ပတ်ပြည့်သည့် တိုင် မျိုချမိတဲ့အရာဝတ္ထုက မရွေ့သွားသေးဘူးဆိုရင် Endoscopy နည်းလမ်းနဲ့ အဆင်မပြေတာကြောင့် သာမန် ခွဲစိတ်မှုနည်းလမ်းကို စဉ်းစား ရမှာဖြစ်ပါတယ်။
  • သံလိုက် - သံလိုက်တစ်ခုတည်း(သို့) သံလိုက်အများကြီး တစ်စုတစ်စည်း တည်း အူထဲမှာရှိနေတယ်ဆိုရင် သူ့အလိုအလျောက် သဘာဝအတိုင်း ထွက်သွားနိုင်ပါတယ်။ အခြေအနေကို သိရအောင် (၄)နာရီ-(၆)နာရီ ခြားပြီး တစ်ခါ X-Ray ရိုက်ပြီး စောင့်ကြည့်ဖို့သာလိုပါတယ်။ ဒါပေမယ့် လည်း ကလေးမျိုချလိုက်တဲ့ သံလိုက်တွေဟာ အတူတကွ မပေါင်းစည်း သွားဘူး (သို့) တခြားသတ္တုပစ္စည်းများနဲ့ရောပြီး မျိုချမိတယ်ဆိုရင် သာမန် ခွဲစိတ်ကုသမှုနဲ့ ဖယ်ရှားဖို့ အကြံပေးချင်ပါတယ်။  ဘာလို့လဲဆိုတော့ ၎င်း အရာဝတ္ထုတွေဟာ အစာအိမ်ထဲမှာ တဖြည်းဖြည်းပေါင်းစည်းလာပြီး အစာအိမ်နဲ့ အူ တစ်ရှူးတွေကြားထဲညပ်သွားကာ ရှုပ်ထွေးပြေလျော့ သွားနိုင်တာကြောင့်ပါ။
  • ချွန်ထက်သည့်အရာဝတ္ထုများ - ဒီလိုမျိုးအရာဝတ္ထုတွေမျိုချမိရင် အူကို ထိခိုက်ပျက်စီးနိုင်ခြေ (၁၅)ရာခိုင်နှုန်းမှ (၃၅)ရာခိုင်နှုန်းရှိပါတယ်။ သိသိ သာသာ လက္ခဏာပြတယ်ဆိုရင် သာမန်အတိုင်းခွဲစိတ်ကုသပြီး ဖယ်ရှား ဖို့ လိုပါတယ်။ လက္ခဏာမပြဘူးဆိုရင်တော့ ကလေးကို ဆေးရုံတင်သင့်ပါ တယ်။ ဒါမှသာ အစာချေစနစ်အတွင်း အမြဲရွေ့လျားနေမယ့် အရာဝတ္ထုရဲ့ တည်နေရာကိုသိနိုင်တဲ့ X-Ray စစ်ဆေးမှုတွေကို နေ့စဉ်ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ အရာဝတ္ထုဟာ တစ်နေရာတည်းမှာ (၃)ရက်ထက်ပိုပြီး ပိတ်ဆို့ နေမယ် (သို့) (၄)ရက်အတွင်း စွန့်မထုတ်နိုင်ဘူးဆိုရင်တော့ ခွဲစိတ်ပြီး ဖယ်ရှားဖို့ ဆက်လက်စဉ်းစားရမှာပါ။

ကလေးငယ်များပုံမှန်မဟုတ်တဲ့အရာဝတ္ထုများမမျိုချမိအောင်ကာကွယ်ခြင်း

ငယ်ရွယ်သေးတဲ့ကလေးတွေဟာ သူတို့ရဲ့လုပ်လိုက်တဲ့ အပြုအမူများရဲ့ အန္တရာယ် ကို ကောင်းစွာ ခွဲခြားနိုင်ခြင်းမရှိသေးတာကြောင့် အနားမှာရှိတဲ့ အရာတွေကိုကောက်ပြီး မျိုချနိုင်ခြေ အများကြီးရှိပါတယ်။ ဒါကြောင့် မိဘ(သို့) ကလေးထိန်းများအနေနဲ့ ကလေးများကို ထိုက်သင့်သလောက် ကြီးမားတဲ့ ကစားစရာများနဲ့ ဆော့ကစားခြင်းမရှိစေဖို့ သတိပြု ရပါမယ်။ ဒါဆိုရင် အသက်ရှူကြပ်တော့မှာ မဟုတ်ပါဘူး။ ဒါ့အပြင် သေးငယ်တဲ့ အရာဝတ္ထုတွေကို ကလေးငယ်များနဲ့ဝေးရာမှာထားရပါမယ်။  ဒီလိုငယ်ရွယ်နုနယ်စဉ်အချိန်မှာ မိဘများအနေနဲ့ကိုယ့်ကလေးငယ်ကို မျက်စိဒေါက် ထောက်ကြည့်နေကာ ဂရုစိုက်ဖို့ကလွန်စွာအရေးကြီးကြောင်း အကြံပြု ရေးသား လိုက်ရပါတယ်။

ကိုးကားချက်များ

*ထည့်သွင်းရန်လိုအပ်သည်။

အမည် (FIRST NAME)*
အမည် (FIRST NAME)*
အမည် (LAST NAME)*
အမည် (LAST NAME)*
Ask a Quick Question*
Ask a Quick Question*
အီးမေးလ်လိပ်စာ*
အီးမေးလ်လိပ်စာ*
အဆင့်သတ်မှတ်ချက်

မှတ်ပုံတင်ပြီးသားလား။