အချိန်မနှောင်းခင်မှာ သင့်ကလေးကိုကျန်းမာရေးစစ်ဆေးပေးပါ

အချိန်မနှောင်းခင်မှာ သင့်ကလေးကိုကျန်းမာရေးစစ်ဆေးပေးပါ

အနှစ်ချုပ်

  • ကလေးတွေဟာသူတို့ရဲ့ ဖွံ့ဖြိုးမှုအဆင့်တစ်ခုခြင်းစီတိုင်းမှာ တစ်ဦးနဲ့ တစ်ဦးမတူညီတဲ့ ပြောင်းလဲမှုများစွာရှိပါတယ်။ ဒါ့ကြောင့် ဆရာဝန်တွေဟာ ကလေးတစ်ယောက်စီတိုင်းကို မကြာခဏ နဲ့ ပိုပြီးအတွင်းကျကျ စောင့်ကြည့်စစ်ဆေးပေးဖို့လိုပါတယ်။ လူကြီးတွေထက်ပိုပြီး ဂရုစိုက်ရပါတယ်။
  • ကာကွယ်ဆေးထိုးတာအပြင် ကလေးတွေလိုအပ်တဲ့ကျန်းမာရေးကဏ္ဍများစွာရှိပါတယ်။ ဖွံ့ဖြိုး မှု၊ အမူအကျင့်နဲ့ ကြီးထွားမှုတွေကိုစောင့်ကြည့်တာအပြင် ဖြစ်လာနိုင်တဲ့ကျန်းမာရေးဆိုင်ရာ မူမမှန်မှု တွေကို စစ်ဆေးတာ၊ကာကွယ်တာတွေပါဝင်ပါတယ်။

Well Baby Clinic ဟာ ကာကွယ်ဆေးထိုးပေးတာထက် ပိုတဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်ဆောင်ပေး လျက်ရှိကြောင်း စုံစမ်းမေးမြန်းနေတဲ့ မိဘတွေကိုအသိပေးလိုပါတယ်။

Well Baby Clinic ဟာ ကလေးတွေ ပိုင်ဆိုင်ထားတဲ့အလားအလာတွေကိုအပြည့်အဝရောက်ရှိစေဖို့ မြှင့်တင်ပေးမယ့် ပြီးပြည့်စုံတဲ့ စောင့်ရှောက်ကုသမှု‌ တွေကို ဝန်ဆောင်ပေးလျက်ရှိပါတယ်။

ကလေးတွေရဲ့ ဖွံ့ဖြိုးမှုအဆင့်တစ်ခုစီတိုင်းမှာ အရမ်းကိုအသေးစိတ်ဆန်တဲ့ ပြောင်းလဲမှုတွေရှိပါတယ်။ ဒါ့ကြောင့် ဆရာဝန်တွေစောင့်ကြည့်စီစစ်ရမယ့် ကျန်းမာရေးကဏ္ဍတွေဟာ အရွယ်ရောက်ပြီးသားလူကြီး တွေထက်အများကြီး ပိုများပါတယ်။ ကလေးရဲ့ ဖွံ့ဖြိုးမှု၊ အမူအကျင့်နဲ့ ကြီးထွားမှုတွေကို စီစစ်ဆုံးဖြတ်ရာမှာ ဒီ ကဏ္ဍတွေဟာ ပုံမှန်အတိုင်းတိုးတက်မှုရှိ၊ မရှိ စစ်ဆေးဖို့ တကယ်ကိုအရေးပါတဲ့ အခန်း ကဏ္ဍတွေထဲတစ်ခု အဖြစ်ရှိနေပါတယ်။ ဒီအချက်တွေမှာ ကလေးပြုစုစောင့်ရှောက်မှု၊ စောင့်ကြည့်လေ့လာမှု နဲ့ ဖျားနာမှုတွေကို ကာကွယ်ရေးစတာတွေနဲ့ပတ်သတ်ပြီး မိခင်၊ ဖခင်တွေကို အကြံ ဥာဏ်ပေးတာ၊ ကလေးရဲ့ဖွံ့ဖြိုးမှုကိုဘယ်လို ကူညီပေးရမလဲဆိုတာ အကြံပြုပေးတာအပြင် အကြောင်းအရာတွေကိုအတည်ပြုပေးတာ နဲ့ ကလေးရဲ့ အသက်အရွယ်နဲ့လိုက်တဲ့ အာဟာရဆိုင်ရာ အကြံဉာဏ်ပေးတာမျိုးတွေလည်း ထည့်သွင်းသင့်ပါတယ်။

ဒါ့အပြင် ကလေးရဲ့အမြင်အာရုံ၊ အကြားအာရုံတွေကိုစစ်တာ၊ သွေးစစ်တာနဲ့ သွားတွေကို ဘယ်လိုထိန်းသိမ်း စောင့်ရှောက်ရမယ်ဆိုတဲ့ အကြံဉာဏ်အတွက် သွားဆရာဝန်ဆီလွှဲပေးတာမျိုးတွေအပါအဝင် တခြားသော ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး ကိစ္စတွေ ကိုပါ စီစစ်ပေးရပါမယ်။ ဘာတွေကိုစစ်ရမယ်၊ ဘယ်အချိန်မှာစစ်မယ် ဆိုတဲ့ အကြံပြုချက်တွေကို အောက်မှာဖော်ပြပေးထားပြီး ဒီအချက်တွေဟာ ထိုင်းနိုင်ငံ ကလေးအထူးကု တော်ဝင်ကောလိပ် (The Royal College of Pediatrician of Thailand) ရဲ့ အကြံပြုချက်ကို အခြေခံထားတာ ပဲဖြစ်ပါတယ်။

  • မွေးကင်းစ အရွယ်မှာ အနည်းဆုံး ကျန်းမာရေးစစ်ဆေးမှု ၇ ကြိမ်လုပ်ဆောင်ဖို့လိုအပ်ပါတယ်။ ( မွေးကာစနေ အသက် ၇ ရက်အတွင်းတစ်ကြိမ်၊ ၁ လ၊ ၂ လ၊ ၄ လ၊ ၆ လ၊ ၉ လနဲ့ ၁၂ လတို့မှာ တစ်ကြိမ် စီ)
  • အသက် တစ်နှစ် နဲ့ အထက် အရွယ်မှာ အနည်းဆုံးကျန်းမာရေးစစ်ဆေးမှု ၄ ကြိမ်လုပ်ဆောင်ဖို့လိုအပ်ပါ တယ်။ (အသက် ၁၈ လအရွယ်၊ ၂ နှစ်၊ ၃ နှစ်နဲ့ ၄ နှစ်တို့မှာ တစ်ကြိမ်စီ)
  • အသက် ၅ နှစ် နဲ့ အထက်အရွယ်မှာ အနည်းဆုံး ကျန်းမာရေးစစ်ဆေးမှု ၃ ကြိမ်လုပ်ဆောင်ဖို့လိုအပ်ပါ တယ်။ (အသက် ၆ နှစ်၊ ၈ နှစ် နဲ့ ၁၀ နှစ်တို့မှာ တစ်ကြိမ်စီ)
  • ဆယ်ကျော်သက် မြီးကောင်ပေါက်အရွယ်တွေမှာ အနည်းဆုံး ကျန်းမာရေးစစ်ဆေးမှု ၃ ကြိမ်လုပ် ဆောင်ဖို့လိုအပ်ပါတယ်။ (အသက် ၁၁ နှစ်နဲ့ ၁၄ နှစ်ကြား၊ အသက် ၁၅ နှစ်နဲ့ ၁၇ နှစ်ကြား၊ အသက် ၁၈ နှစ်နဲ့ ၂၁ နှစ်ကြားမှာ တစ်ကြိမ်စီ)

ဒီအသက်အရွယ်အပိုင်းအခြားတစ်ခုချင်းစီအလိုက် လုပ်ဆောင်သင့်တဲ့ အသေးစိတ်စီစစ်ဆုံးဖြတ်မှုတွေမှာ

  • မွေးကင်းစကလေးတွေအတွက် သိုင်းရိုက်ဟော်မုန်းအားနည်းခြင်းရောဂါ (hypothyroidism) နဲ့ မွေးရာပါ ဇီဝကမ္မချို့ယွင်းမှုဖြစ်စဉ်ကြောင့် ဦးနှောက်နဲ့ ဉာဏ်ရည်ပိုင်းဆိုင်ရာ ထိခိုက်တဲ့ရောဂါ  (phenylketonuria)တို့အတွက် သွေးစစ်ခြင်း။
  • အသက် ၂ နှစ်နဲ့ အောက်ကလေးတွေအတွက် ဦးခေါင်းခွံ တိုင်းတာခြင်း
  • မွေးကာစကနေ ၆ လအတွင်းမှာ အထူးကိရိယာသုံးပြီး အကြားအာရုံစစ်ဆေးမှု အနည်းဆုံးတစ်ကြိမ် လုပ်ဆောင်ခြင်း
  • အသက် ၄ လကနေ ၆ နှစ်အတွင်းမှာ ရိုးရှင်းတဲ့ကျန်းမာရေးဆိုင်ရာမေးခွန်းများမေးမြန်းခြင်းနဲ့  စစ်ဆေးမှုများ လုပ်ဆောင်ကာ အကြားအာရုံ စီစစ်ခြင်း
  • အသက် ၉ လ၊ ၁၈ လနဲ့ ၃ နှစ်တို့မှာ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စစ်ဆေးခြင်း
  • အသက် ၃ နှစ်နဲ့အထက် ကလေးတွေအတွက် သွေးပေါင်ချိန်တိုင်းခြင်းနဲ့ အမြင်အာရုံစစ်ဆေးခြင်း
  • အသက် ၁၂ လနဲ့ ၂ နှစ်အတွင်းမှာ သွားဆရာဝန်နဲ့ ပြသစစ်ဆေးခြင်း
  • အသက် ၆ လကနေ ၁၂လ၊ ၃ နှစ်ကနေ ၆ နှစ်နဲ့ မြီးကောင်ပေါက်အရွယ်မိန်းကလေးတွေမှာ သွေးဆဲလ်ထုထည် စမ်းသပ် စစ်ဆေးခြင်း တို့ပါဝင်ပါတယ်။

ကျန်းမာရေးစစ်ဆေးမှုတိုင်းမှာ ထည့်သွင်းလုပ်ဆောင်သင့်တဲ့ အရေးပါတဲ့ စမ်းသပ်၊ စီစစ်မှုတွေမှာ

  • လူနာရဲ့ကျန်းမာရေးနဲ့ပတ်သတ်တဲ့ အကြမ်းဖျင်း မေးမြန်းစုံစမ်းမှု
  • ခန္ဓာကိုယ်တစ်ခုလုံးကို ယေဘုယျ စစ်ဆေးမှု
  • သွားကျန်းမာရေးအတွက် ယေဘုယျ စစ်ဆေးမှု
  • လူနာရဲ့ဖွံ့ဖြိုးမှုအကြောင်း စုံစမ်းစစ်ဆေးမှု
  • အရပ်တိုင်းခြင်း၊ ပေါင်ချိန်ခြင်းတို့လို ကြီးထွားမှုအတွက်စစ်ဆေးမှု
  • ဖြစ်လာနိုင်ဖွယ်ရှိတဲ့ လူမှုရေးပိုင်း၊ အမူအကျင့်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာမူမမှန်မှုတွေအတွက် စီစစ်ခြင်း၊ ခွဲခြားဖော်ထုတ်ခြင်း
  • ကလေးရဲ့ အသက်အရွယ်အလိုက်ဖွံ့ဖြိုး၊ တိုးတက်မှုတွေကိုအကူအညီဖြစ်စေဖို့ ဘယ်လိုအကောင်းဆုံး စောင့်ရှောက်ပေးနိုင်မလဲဆိုတဲ့အပေါ် မိဘတွေကို အကြံဉာဏ်ပေးခြင်း
  • အာဟာရအချက်အလက်များနဲ့ လေ့ကျင့်ခန်းဆိုင်ရာ အကြံဉာဏ်ပေးခြင်း
  • မတော်တဆမှုကာကွယ်ရေးဆိုင်ရာ အကြံဉာဏ်ပေးခြင်း
  • လူနာရဲ့အသက်အရွယ်နဲ့ကိုက်ညီမှုရှိတဲ့ ကာကွယ်ဆေးထိုးနှံခြင်းတွေပါဝင်ပါတယ်။

Well Baby Clinic ဟာ ကာကွယ်ဆေးထိုးပေးရုံတင်မဟုတ်ဘဲ ကလေးတွေအတွက် တခြားသောကျန်းမာရေး စစ်ဆေးမှုတွေကိုလည်း ဝန်ဆောင်မှုပေးလျက်ရှိပါတယ်။ မိဘတွေအနေနဲ့ ကိုယ်ကလေးဟာ ကျန်းမာပြီးပုံမှန် အတိုင်းကြီးထွားဖွံ့ဖြိုးနေတာ သေချာစေချင်တယ်ဆိုရင် ကျန်းမာရေးစစ်ဆေးမှုတွေကိုပုံမှန်လုပ်ဆောင်ဖို့အ ရေးကြီးတယ်ဆိုတာကို မမေ့ဖို့လိုပါတယ်။

အဆင့်သတ်မှတ်ချက်