ကင်ဆာရောဂါမဖြစ်စေဖို့ သတိထားအသုံးပြုရမယ့် အိမ်တွင်းအရာဝတ္ထုပစ္စည်း(၆)မျိုး

ကင်ဆာရောဂါမဖြစ်စေဖို့ သတိထားအသုံးပြုရမယ့် အိမ်တွင်းအရာဝတ္ထုပစ္စည်း(၆)မျိုး

အနှစ်ချုပ်

  • ပိုးသတ်ဆေးရည်များရဲ့ ဆိုးကျိုးသက်ရောက်မှုများထဲမှ တစ်ခုဟာ ပင်မအာရုံ ကြောစနစ်ကို တိုက်ခိုက်ဖျက်စီးတာဖြစ်ပါတယ်။ ဒီလို ဓာတုဆေးရည်များနဲ့ ထိတွေ့မှုများခြင်းကြောင့် ကင်ဆာရောဂါ ဖြစ်လာနိုင်ပါတယ်။
  • ကဒ်မီယံ (Cadmium) လို့ခေါ်တဲ့ ဓာတ်တစ်မျိုး ဟာ စီးကရက်မီးခိုးငွေ့များ ထဲမှာတွေ့ရပြီး ကင်ဆာဖြစ်စေတဲ့ဓာတ်တစ်မျိုးဖြစ်ပါတယ်။ လူတစ်ယောက်စီးကရက်သောက်ပြီးသွားတာနဲ့ စီးကရက်မီးခိုးငွေ့တွေ လွင့်ပြယ်သွားပြီလို့ ထင်ရပေမယ့် တကယ်တမ်းမှာ ကဒ်မီယံဓာတ်တွေက လိုက်ကာနဲ့ ကော်ဇောတွေမှာ ကပ်ငြိကျန်နေတတ်ပါ တယ်။

ကင်ဆာရောဂါဟာ ထိုင်းလူမျိုးများအတွက် သေဆုံးမှုအများဆုံးဖြစ်စေတဲ့ အကြောင်းအရင်းတစ်ခုဖြစ်ပြီး အထူးသဖြင့် အဆုတ်ကင်ဆာနဲ့ အသက်ရှူ လမ်းကြောင်းနဲ့ သက်ဆိုင်တဲ့ ကင်ဆာရောဂါတွေ အဖြစ်များပါတယ်။ ဒါပေမယ့်‘ အိမ်’ ဆိုတာဟာ လူတစ်ယောက်အတွက် ဘေးကင်းအလုံခြုံဆုံး နေရာတစ်ခု လို့ စဉ်းစားမိကြပေမယ့် ကင်ဆာရောဂါကိုဖြစ်စေတဲ့ အရာဝတ္ထုများရှိတဲ့ ‘ ပင်မနေရာ’ တစ်ခုအဖြစ် ဘယ်သူကများ သိထားမိကြပါလိမ့်မလဲ? ကျွန်တော်တို့အိမ်မှာ သိမ်းဆည်းထားတဲ့ ဘယ်လိုမျိုး အရာဝတ္ထုပစ္စည်းတွေဟာ ကင်ဆာဖြစ်စေနိုင်သလဲ ဆိုတာ ကြည့်ကြရအောင်ပါ။

ကင်ဆာရောဂါဖြစ်ပွားစေတဲ့အိမ်တွင်းရှိအရာဝတ္ထုပစ္စည်း (၆)မျိုး

၁။ ပိုးသတ်ဆေး

အိမ်ဆိုတာဟာ ကျွန်တော်တို့ လူသားတွေအတွက် နေထိုင်ရာ နေရာတစ်ခုဖြစ်ရုံမျှ မက အင်းဆက်ပိုးမွှားများအတွက်လည်း ခိုအောင်းနားခိုရာ နေရာတစ်ခု ဖြစ်ပါတယ်။ ဒီလိုမျိုး အတူယှဉ်တွဲတည်ရှိနေခြင်းကြောင့် လူတွေအတွက် ယားယံမှုကို ခံစားရစေပြီး အင်းဆက်ပိုးသတ်ဆေး (Insecticide Spray) ကို အသုံးပြုခြင်းဖြင့် ဒီ ပြဿနာကို ဖြေရှင်းကြပါတယ်။ ဒီ  Spray တွေထဲမှာ Organophosphate ၊ Carbamate နဲ့ Organochlorine စတဲ့ ဓာတ်တွေ ပေါင်းစပ်ပါဝင်နေပြီး အဆိုပါဓာတ်များဟာ အင်းဆက်ပိုးမွှားများကို သုတ်သင်ရာမှာ ထိရောက်မှုရှိသလို လူတွေရဲ့ ခန္ဓာကိုယ်ကို လည်း ဆိုးကျိုးဖြစ်စေတဲ့ အာနိသင်ရှိပါတယ်။ ဆိုးကျိုးများထဲမှ တစ်ခုကတော့ ပင်မ အာရုံကြောစနစ်ကို ဖျက်စီးခြင်းဖြစ်ပါတယ်။ ဒါကြောင့် ဒီလို ဓာတုပစ္စည်းတွေ နဲ့ ထိတွေ့မှုများမယ်ဆိုရင် က်ဆာဖြစ်ပွားစေနိုင်ပါတယ်။

၂။ စီးကရက်မီးခိုးငွေ့တွေကပ်ငြိနေတဲ့ ခန်းဆီးလိုက်ကာနဲ့ကော်ဇောများ

ကိုယ့်အိမ်သားတွေထဲမှာ တစ်ယောက်ယောက်က ဆေးလိပ်သောက်တတ်သူဆိုရင် စီးကရက်မီးခိုးငွေ့များဟာ ခန်းဆီးလိုက်ကာနဲ့ ကော်ဇောတွေမှာ ကပ်ငြိနေတတ်ပါ တယ်။ စီးကရက်မီးခိုးငွေ့ထဲမှာတွေ့ရတဲ့ ကင်ဆာဖြစ်စေတဲ့ ဓာတ်တစ်မျိုးဖြစ်တဲ့ ကဒ်မီယံ(Cadmium) များလည်း ရှိနေတတ်ပါတယ်။ စီးကရက်မီးခိုးငွေ့များ ပျောက်ကွယ်သွားပြီး အချိန်ကြာသည့်တိုင်အောင် စီးကရက်ငွေ့ထဲမှာပါတဲ့ ကဒ်မီယံ ဓာတ်ကတော့ ခန်းဆီးလိုက်ကာနဲ့ ကော်ဇောငွေ့တွေထဲမှာ ကျန်ရှိ နေပါတယ်။ ဒါကြောင့် အိမ်သားတွေထဲမှာ စီးကရက် သောက်သည်ဖြစ်စေ မသောက်သည်ဖြစ်စေ ဒီလို ဓာတုပစ္စည်းတွေနဲ့ ထိတွေ့မှုရှိမယ်ဆိုရင် ကင်ဆာရောဂါ ဖြစ်နိုင်ခြေများပါတယ်။

၃။ အမွှေးနံ့ပါတဲ့တချို့ဖယောင်းတိုင်များ

အမွှေးနံ့ပါတဲ့ဖယောင်းတိုင်များဟာ ဓာတ်ဆီ၊ ရေမွှေးနဲ့ ရေနံဆီ စတာတွေကို အသုံးပြုပြီးထုတ်လုပ်ထားတာဖြစ်ပါတယ်။ ဒီလိုပါဝင်ပစ္စည်းတွေအသုံးပြုပြီး ထုတ်လုပ်ထားခြင်းဟာ ရိုးရိုးရှင်းရှင်းလေးပါပဲ။ ဒါပေမယ့် အရေးကြီးတဲ့ တစ်ချက် ကတော့ ဒီ ဖယောင်းတိုင်တွေဟာ အကုန်အကျသက်သာအောင် ထုတ်လုပ်ထား တာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီဖယောင်းတိုင်တွေလောင်ကျွမ်းတဲ့အချိန် ထွက်တဲ့ အပူငွေ့ ကားအိတ်ဇောကထွက်တဲ့အငွေ့ (သို့) စီးကရက်မီးခိုးအငွေ့နဲ့ အနည်းငယ်ပဲကွာခြားပါတယ်။

၄။ တချို့သောသားရေနဲ့ပြုလုပ်ထားတဲ့ထိုင်ခုံများနှင့် သစ်နဲ့ပြုလုပ်ထားသော ဆိုဖာများ

သားရေနဲ့ပြုလုပ်ထားတဲ့ထိုင်ခုံများ ၊ ဆေးဆိုးထားတဲ့သစ်သားဆိုဖာများဟာ အရောင်ဆိုးကာပြုလုပ်ထားတာဖြစ်ပြီး ပါဝင်ကုန်ကြမ်းပစ္စည်းများကို အပူပေးရ ပါတယ်။ ဒီလိုပြုလုပ်ရာမှာ ခရိုမီယမ်ဆား(Chromium Salt)၊ အာဆင်းနစ်အဆိပ် (Arsenic)၊ အော်ဂဲနစ်ပျော်ရည် (Organic Solvents) စသဖြင့် ဓာတုပစ္စည်း အမျိုးမျိုးကို အသုံးပြုမှုအပေါ်မူတည်ပြီး အဆုတ်ကင်ဆာအပါအဝင် ကင်ဆာရောဂါ များဖြစ်ပွားစေပါတယ်။

၅။ ပလတ်စတစ်ခန်းဆီးလိုက်ကာများ

တချို့သောလေ့လာမှုများအရ ဗီနိုင်းကလိုရိုဒ် (Vinyl Chloride) နဲ့ ကင်ဆာဖြစ်ပွား မှု ဟာ ဆက်စပ်မှုရှိနေကြောင်းသိရပါတယ်။ ဗီနိုင်းကလိုရိုဒ်ဟာ အပူကို တုန့်ပြန်မှု တစ်ခုအနေနဲ့ လေထဲမှာတွေ့ရလေ့ရှိပါတယ်။ တိကျသေချာတဲ့ သုံးသပ်ချက်မျိုး မရှိသေးပေမယ့်လည်း ပလက်စတစ်ခန်းဆီးလိုက်ကာနေရာမှာ နိုင်လွန်ခန်းဆီး လိုက်ကာများကို အသုံးပြုခြင်းဟာ ကင်ဆာရောဂါဖြစ်ပွားနိုင်ခြေကို လျှော့ချပေးနိုင် ပါတယ်။

၆။ လေဝင်လေထွက်မကောင်းတဲ့မီးဖိုချောင်

ကိုယ့်အိမ်ကမီးဖိုချောင်ဟာ ချက်ပြုတ်ရာကနေထွက်လာတဲ့မီးခိုးများကို စုပ်ယူနိုင်တဲ့ လေစုပ်ပန်ကာ မတပ်ဆင်ထားဘဲ လေဝင်လေထွက်မကောင်းတဲ့ မီးဖိုချောင် ဖြစ်နေမယ်ဆိုရင် အဆုတ်ကင်ဆာြဖစ်နိုင်ခြေမြင့်မားပါတယ်။

တစ်နေ့တာလုံးမှာ လူတွေ အသုံးပြုနေတဲ့ အရာဝတ္ထုများမှာ ကင်ဆာဖြစ်စေတဲ့ ဓာတ်တွေ တည်ရှိနေတယ်ဆိုတာကို ကျွန်တော်တို့အနေနဲ့ လက်ခံရပါမယ်။ ဒါကြောင့် ဒီလိုအရာဝတ္ထုတွေအသုံးပြုတာကို လုံးဝ ရပ်စဲလို့မရဘူးဆိုရင်တောင် အနည်းဆုံးတော့ အသုံးပြုမှုကိုကန့်သတ်ပြီး အချိန်ကြာရှည်စွာ ထိတွေ့မှုကို ရှောင်ကျဉ်ရမှာဖြစ်ပါတယ်။

ကိုယ့်အိမ်ကိုသန့်ရှင်းအောင်ထားခြင်း၊ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်း၊ ကျန်းမာရေးနဲ့ ညီညွတ်မျှတစွာစားခြင်း၊ ကိုယ်ခံအားကောင်းမွန်စေဖို့အလေ့အကျင့်ကောင်းများ ပြုလုပ်ခြင်း စတာတွေဟာ ကျန်းမာရေးဆိုင်ရာရောဂါအမျိုးမျိုးကိုကာကွယ် ပေးနိုင်ပါတယ်။

ဒါ့အပြင် နှစ်စဉ်ကျန်းမာရေးစစ်ဆေးခြင်းနဲ့ Heavy Metal Accumulation လို့ခေါ်တဲ့ အစားအသောက်၊ရေ၊ ဓာတုပစ္စည်း စတာတွေကြောင့်ခန္ဓာကိုယ်တွင်း သတ္ထုဆိပ်သင့်ခြင်းကိုလည်း စစ်ဆေးရမှာဖြစ်ပါတယ် ။ အိမ် (သို့) ကွန်ဒိုဝယ်မယ်ဆိုရင်လည်း အသုံးပြုထားတဲ့ ပစ္စည်းတွေက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ကိုက်ညီတဲ့ ပစ္စည်း ဟုတ် မဟုတ် ဆိုတာကို သေချာဂရုစိုက်ပြီး စဉ်းစားရပါမယ်။ ဒီနည်းလမ်း ဟာလည်း  ကင်ဆာဖြစ်နိုင်ခြေကို တစ်ဖက်တစ်လမ်းအားဖြင့် လျှော့ချပေးနိုင်ပါ တယ်။

အဆင့်သတ်မှတ်ချက်

မှတ်ပုံတင်ပြီးသားလား။