နှလုံးခုန်နှုန်းအရမ်းမြန်နေတာ သို့မဟုတ် နှေးနေတာက သင့်အတွက်ကောင်းတဲ့အရာမဟုတ်ပါဘူး

နှလုံးခုန်နှုန်းအရမ်းမြန်နေတာ သို့မဟုတ် နှေးနေတာက သင့်အတွက်ကောင်းတဲ့အရာမဟုတ်ပါဘူး

နှလုံးခုန်ချက်ပုံမှန်မဟုတ်ခြင်း သို့မဟုတ် နှလုံးခုန်စည်းချက်မမှန်ခြင်း (Irregular heartbeat, or cardiac arrhythmia) ဆိုတာဆေးပညာလောကမှာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာ ကတည်းကလူသိများ ထင်ရှားတဲ့ ရောဂါတစ်ခုပဲဖြစ်ပါတယ်။ ပုံမှန်အခြေအနေမှာလူသားတစ်ယောက်ရဲ့နှလုံးခုန်နှုန်းဟာ တစ်မိနစ်ကိုကြိမ်ရေ ၆၀ ကနေ ၁၀၀ ကြားရှိပါတယ်။ လေ့ကျင့်ခန်းလုပ်နေတာ သို့မဟုတ် စိတ်လှုပ်ရှားနေတာ၊ ကြောက်နေတာ မျိုးဆိုရင် နှလုံးခုန်နှုန်းဟာ ပိုမြန်နေတာမျိုးဖြစ်တတ်ပါတယ်။ ဒါပေမယ့် နှလုံးခုန်မမှန်တာ ခံစားနေရပြီဆိုရင် တော့ ရင်တလှပ်လှပ်တုန်ခြင်း သို့မဟုတ် ရင်တုန်ခြင်း၊ သတိလစ်ခြင်း၊ မူးဝေခြင်း၊ မူးမေ့ခြင်း သို့မဟုတ် မူး မေ့လဲမလိုဖြစ် ခြင်း စတဲ့ လက္ခဏာတွေကိုခံစားရမှာဖြစ်ပါတယ်။ နှလုံးခုန်နှုန်း နှေးခြင်း (bradycardia) သို့မဟုတ် နှလုံးခုန်နှုန်း မြန် ခြင်း (tachycardia) တို့ကြောင့်ဒီလိုခံစားရတာပဲဖြစ်ပါတယ်။

နှလုံးခုန်စည်းချက်မမှန်ခြင်းဟာ အသက်အရွယ်မရွေး ကျား၊မ မရွေးဖြစ်နိုင်ပါတယ်။ ဒါကိုမစစ်ဆေးဘဲ၊ မကုသဘဲ ထားမယ်ဆိုရင် နှလုံးခုန်နှုန်းပုံမှန်မဟုတ်ခြင်း သို့မဟုတ် ရုတ်ရက်နှလုံးဖောက်ခြင်း မျိုးဖြစ်လာနိုင်ပြီး လေဖြတ် နိုင်ပါတယ်။ ဒီအခြေအနေနှစ်ခုစလုံးဟာအန္တရာယ်များပြီး ကုသနိုင်ဖို့ခက်ပါတယ်။ ကုသနိုင်ရင်တောင် လူနာဟာ အရင်လိုကျန်းမာရေးအခြေအနေနဲ့ ဘဝအရည်အသွေးကို ပြန်ရရှိနိုင်တော့မှာမဟုတ်ပါဘူး။

နှလုံးခုန်စည်းချက်မမှန်ခြင်း ဟာ ခန္ဓာကိုယ်အတွင်းပိုင်းနဲ့ ခန္ဓာပြင်ပအခြေအနေ တွေကြောင့် ဖြစ်စေနိုင်ပါတယ်။ ခန္ဓာကိုယ်အတွင်းပိုင်းနဲ့ပတ်သတ်တဲ့အခြေအနေတွေမှာအောက်မှာဖော်ပြထားတဲ့အရာတွေ ပါဝင်နေပါတယ်။

  • အသက်အရွယ်ပတ်သတ်ပြီး သို့မဟုတ် အသက်အရွယ်ကြောင့် ယိုယွင်းလာတဲ့ ပြောင်းလဲမှုတွေ
  • ခန္ဓာကိုယ်တွင်း သတ္တုဓာတ်များ မညီမျှခြင်း
  • မွေးရာပါ နှလုံးမူမမှန်ခြင်း၊ နှလုံးကြွက်သားရောဂါ (နှလုံးကြွက်သားနဲ့ပတ်သတ်တဲ့နာတာရှည်ချို့ယွင်းမှု) ၊ နှလုံးကြွက်သားထံသွေးအရောက်နည်းခြင်း (ischemia) စတဲ့နှလုံးဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ ရောဂါ များ
  • Brugada syndrome
  • သွိုင်းရွိုက် ဟော်မုန်းများခြင်း (hyperthyroidism) သို့မဟုတ် နည်းခြင်း (hypothyroidism) တို့ပဲဖြစ်ပါတယ်။

တစ်ချို့သောလူနာတွေမှာ ဒီလိုမျိုးခန္ဓာကိုယ်အတွင်းပိုင်းမှာဖြစ်တဲ့ အခြေအနေတွေဟာ မျိုးရိုးလိုက်တာဖြစ်ပါ တယ်။ နှလုံးခုန်စည်းချက်မမှန်ခြင်း (Cardiac arrhythmia) ကိုဖြစ်စေတဲ့ ခန္ဓာကိုယ်ပြင်ပ အကြောင်းအရာများစွာလည်းရှိ ပါတယ်။ ရာသီ ဥတုပူခြင်း၊ စိတ်ဖိစီးမှုရှိခြင်း၊ အလုပ်အလွန်အကျွံလုပ်ခြင်း၊ နားချိန်နည်းပါးခြင်း၊ အရက်သောက် ခြင်းနဲ့ ဆေးလိပ်သောက်ခြင်းတို့ပဲဖြစ်ပါတယ်။ ဒါ့အပြင် နှလုံးခုန်စည်းချက်မမှန်ခြင်းကိုဖြစ်စေတဲ့အဓိကအကြောင်းအရင်း မဟုတ်တဲ့တိုင် သွယ်ဝိုက် အကျိုးသက်ရောက်မှုဖြစ်စေတဲ့ ရောဂါတွေ လည်းရှိနေပါတယ်။ ဒီရောဂါတွေမှာ သွေးတိုးခြင်း သို့မဟုတ် သွေးတွင်းအဆီဓာတ်မမျှတခြင်း တို့ပါဝင်ပါတယ်။

နှလုံးရဲ့လျှပ်စစ်စွမ်းရည်ကို ဂရပ်ဖစ်မှတ်တမ်းပြုလုပ်ပေးတဲ့ လုပ်ငန်းစဉ်ကိုသုံးခြင်းနဲ့ နှလုံးခုန်စည်းချက် မမှန်ခြင်း ရှိမရှိကို ကြိုတင်သိရှိနိုင်ပါတယ်။ EKG သို့မဟုတ် ECG (နှလုံးလျှပ်စစ်စွမ်းရည်ကိုစက်ဖြင့် တိုင်းတာခြင်း) လို့ထင်ရှားတဲ့ ဒီလုပ်ငန်းစဉ်ဟာ နှလုံးမှာပုံမမှန်မှုတွေရှိမရှိဆိုတာကို ယေဘုယျအားဖြင့် သိရှိစေပါတယ်။

ဒါ့ကြောင့် အသက် ၃၀ ကျော်ပြီးသူတိုင်း နှစ်စဉ်ကျန်းမာရေးစစ်ဆေးမှုလုပ်ဆောင်သင့်ပါတယ်။ ECG ဟာ ဒီစစ် ဆေးမှုရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေမှာ ECG ဆွဲပေမယ့် နှလုံးခုန်နှုန်းမူမမှန်တာ ကို သတိမပြုမိတာမျိုးလည်းဖြစ်တတ်ပါတယ်။ ဒါ့ကြောင့်  ရင်တလှပ်လှပ်ခုန်ခြင်း သို့မဟုတ် ရင်တုန်ခြင်း၊ သတိလစ်ခြင်း၊ မူးဝေခြင်း၊ မူးမေ့ခြင်း သို့မဟုတ် မူးမေ့လဲမလိုဖြစ် ခြင်းစတဲ့ လက္ခဏာတွေကိုခံစားရသူတွေဟာ သွေးစစ်ခြင်းလို စမ်းသပ်မှုတွေကိုလုပ်ဆောင်ပြီး နှလုံးခုန်မမှန်ခြင်းရောဂါဖြစ်နေလားဆိုတာကို စစ်ကြည့်သင့် ပါတယ်။

ဒါ့အပြင် ECG ဆွဲတာထက်ပိုပြီးအသေးစိတ်ကျတဲ့ စမ်းသပ်မှုတစ်ခုလည်းရှိပါတယ်။ Holter Monitor လို့ခေါ်ပြီး သေးငယ်တဲ့စက်ကိရိယာနဲ့ နှလုံးလျှပ်စစ်လှိုင်းတွေကို စောင့်ကြည့်စစ်ဆေးတာ ဖြစ်ပါတယ်။ ဒီစစ်ဆေးမှုမှာ နှလုံးရဲ့ လျှပ်စစ်စွမ်းရည်ဆိုင်ရာ လုပ်ဆောင်ချက်တွေကို ရှင်းရှင်းလင်းလင်သိရဖို့အတွက် လူနာရဲ့ နှလုံးလှုပ်ရှားမှုကို ၂၄ နာရီသို့မဟုတ် ၂၄ နာရီထက်ပိုပြီး စောင့်ကြည့်တိုင်းတာ မှတ်တမ်းယူတာမျိုးဖြစ်ပါတယ်။

နှလုံးခုန်စည်းချက်မမှန်ခြင်းကို ဖြစ်စေတဲ့အကြောင်းနဲ့ ရောဂါရဲ့ပြင်းထန်မှုပေါ်မူတည်ပြီးတော့ ကုသရပါမယ်။

ကုသမှုမှာ ဘယ်လိုကုထုံးမျိုးက ပိုပြီးသင့်တော်မလဲဆိုတာကိုဆုံးဖြတ်ဖို့အတွက် ဆရာဝန်ဟာ နှလုံးခုန်စည်းချက် မမှန်ခြင်းကို ဖြစ်စေတဲ့အကြောင်းအရင်းအားလုံးကို ထည့်သွင်းစဉ်းစားရပါမယ်။ ဥပမာအနေနဲ့ ပြောရမယ်ဆိုရင် သွိုင်းရိုက်ဂလင်းထုတ်တာ နည်းခြင်း၊ များခြင်း သို့မဟုတ် နှလုံးသွေးကြောပိတ်ခြင်းစတဲ့ရောဂါတွေကြောင့် နှလုံးခုန်စည်းချက် မမှန်တဲ့အခြေအနေဖြစ်ရတာဆိုရင် ဒီရောဂါကို ပျောက်အောင်ကုသခြင်းက နှလုံးခုန်စည်းချက်မမှန်ခြင်း ဖြစ်ပွားမှုကိုတားဆီးပေးနိုင်ပါလိမ့်မယ်။

တကယ်လို့လူနာတစ်ယောက်ဟာ စောစောကပြောခဲ့တဲ့ရောဂါတွေကြောင့် နှလုံးခုန်မမှန်တာကို ခံစားနေရ တယ်၊ လက္ခဏာတွေကလည်း မပြင်းထန်တဲ့အခြေအနေမှာဆိုရင် ဆေးပေးခြင်းနဲ့ ကုသနိုင်ပါလိမ့်မယ်။ ဒါပေ မယ့် ဒီအခြေအနေကို ဆက်စောင့်ကြည့်တာ၊ အနေအထားပေါ်မူတည်ပြီး ဆေးကိုချိန်ညှိပေးတာမျိုးတော့ လုပ်ဖို့ လိုပါတယ်။ ဆေးရုံကိုပုံမှန်သွားပြတာမျိုးလည်းလုပ်ရမှာဖြစ်ပြီး ဒါကိုလူနာအများစုကတော့ သဘောကျမှာမဟုတ်ပါဘူး။

ဒါပေမယ့် ဒီနေ့‌ခေတ်မှာတော့ လူနာကို ပျော်ရွှင်တဲ့ဘဝကိုပြန်လည်ရောက်ရှိဖို့ အကူအညီဖြစ်စေမယ့် ကုသနည်း များစွာ ပေါ်ထွက်လာခဲ့ပါပြီ။ အကောင်းဆုံးဥပမာကတော့ ရေဒီယိုအသံလှိုင်းသုံး အပူပေးကုသခြင်းနည်း လမ်း (radiofrequency ablation) ပဲဖြစ်ပါတယ်။ နှလုံးခုန်မမှန်တဲ့လူနာတွေအတွက် ဒါဟာခဏခဏ ဆေးရုံသွားပြရတာ ၊ ဆေးပုံမှန်ထိုးရတာ၊ သောက်ရတာ မလိုတဲ့ကုသနည်းတစ်မျိုးလည်းဖြစ်ပါတယ်။ရေဒီယိုအသံလှိုင်းသုံး အပူပေးကုသခြင်းဟာ ပုံမှန်နှလုံခုန်နှုန်းထက်ပိုမြန်နေသူ (tachycardia) အတွက်သင့် တော်တဲ့ကုသနည်းဖြစ်ပါတယ်။ ရေဒီယိုအသံလှိုင်းသုံး အပူပေးကုသခြင်းကိုသုံးတဲ့ ကုထုံးမှာ နှလုံးလျှပ်စီးပတ် လမ်းကြောင်းစစ်ဆေးခြင်း (electrophysiology study) လို့ခေါ်တဲ့ စမ်းသပ်မှုတစ်ခုလိုအပ်ပါတယ်။ ဒီစမ်းသပ် မှုကိုပိုက်သွင်းကုသစက်တစ်ခုနဲ့ လုပ်ဆောင်ရတာဖြစ်ပြီး စက်ဟာ နှလုံးရဲ့ လျှပ်စစ်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်နဲ့ စနစ်ကိုစမ်းသပ်ခြင်းဖြင့် ဘယ်ကနေနှလုံးခုန်စည်းချက် မမှန်တာကိုဖြစ်စေတာလဲ ရှာဖွေမှာဖြစ်ပါတယ်။ ဒါမှသာ ရေဒီယိုအသံလှိုင်းသုံးနည်းစနစ်က တိကျတဲ့နေရာကို ကုသမှုလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

ရေဒီယိုအသံလှိုင်းသုံးအပူပေးကုသခြင်း

နှလုံးရဲ့ဘယ်အပိုင်းမှာ ပြဿနာရှိနေတာလဲ ရှာတွေ့ပြီးဆိုရင် sheath လို့ခေါ်တဲ့သေးငယ်တဲ့ပိုက်အရွယ် ပြွန်ပုံစံ အကာလေးတစ်ခုကို ပေါင်ခြံကနေတစ်ဆင့် သွေးကြောထဲကိုသွင်းပါမယ်။ အဲ့ဒီနောက်မှာမှ sheath ကနေတစ်ဆင့် catheter လို့ခေါ်တဲ့ပိုက်ကို နှလုံးဆီကိုပို့မှာဖြစ်ပါတယ်။ ဒီ sheath ကနေတစ်ဆင့် နှလုံးဆီကို လျှပ်စစ်ပိုင်းဆိုင်ရာ လှုံဆော်မှုတွေ ပေးပို့မှာဖြစ်ပါတယ်။

နှလုံးရဲ့ မူမမှန်မှုဟာ ဘယ်နေရာမှာရှိနေသည်ဖြစ်စေ catheter ကိုမူမမှန်မှုရှိတဲ့ ခန္ဓာဘက်ခြမ်းက သွေးပြန်ကြော သို့မဟုတ် သွေးလွှတ်ကြောတို့ကနေတစ်ဆင့် သွင်းမှာဖြစ်ပါတယ်။ ဒါဟာ ခန္ဓာကိုယ်ကို ထိုးဖောက်ခွဲစိတ်မှုအ နည်းဆုံး လုပ်ငန်းစဉ်ဖြစ်ပါတယ်။ ဒါ့ကြောင့်ဒီလုပ်ငန်စဉ်ပြီးချိန်မှာ လူနာဟာဆေးရုံမှာအကြာကြီးနေစရာမလိုဘဲ တစ်ညထဲနဲ့တင် ပြန်လည်နာလန်ထူနိုင်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီနည်းလမ်းမှာလူနာဟာ သောက်ရတဲ့ဆေးပ မာဏတွေ ခဏခဏ နည်းလာ၊ များလာတာမျိုးနဲ့ပတ်သတ်ပြီးလည်း စိတ်ပူနေစရာမလိုတော့ပါဘူး။

ပုံမှန်ထက် နှလုံးခုန်နှုန်းပိုနှေးနေတဲ့လူနာတွေဟာ အသက်အရွယ်အိုမင်းခြင်း နဲ့ နှလုံးရဲ့လျှပ်စစ်ပိုင်းဆိုင်ရာစနစ် ချို့ ယွင်းခြင်းစတာတွေကြောင့် ဒီလိုဝေဒနာကိုခံစားနေရတာဖြစ်ပါတယ်။ နှလုံးခုန်နှုန်းပိုနှေးနေတဲ့လူနာတွေအ တွက်ယနေ့ခေတ်ကုသမှုတွေမှာ အရင်ကထက်အများကြီးပိုသေးလာတဲ့ နှလုံးခုန်နှုန်းထန်းညှိပေးတဲ့ စက်ထည့်တာကို အသုံးပြုလာပြီ ဖြစ်ပါတယ်။ ဒီစက်ကို လူနာရဲ့ ခန္ဓာကိုယ်ထဲမှာ ရာသက်ပန်ထည့်ထားလို့ရပြီး စက်ကြောင့်လူနာဟာ ပုံမှန်လူ တွေလို သာမာန်ဘဝကို ပြန်လည်ရောက်ရှိပိုင်ဆိုင်နိုင်နေပြီဖြစ်ပါတယ်။

ရာသက်ပန် နှလုံးခုန်နှုန်းထိန်းညှိပေးတဲ့ စက်ထည့်ခြင်း

နှလုံးစက်ရာသက်ပန်ထည့်ခြင်းကိုလည်း ထိုးဖောက်မှုအနည်းဆုံး ခွဲစိတ်နည်းလမ်းနဲ့ လုပ်ဆောင်ပါတယ်။ လူနာရဲ့ ရင်ဘတ် ဘယ်ဘက်အခြမ်းမှာ အရာသေးသေးလေးတစ်ခုခွဲမှာဖြစ်ပြီး နှလုံးစက်ရဲ့ဝါယာကြိုး(ခဲ) တွေကို နှလုံးထဲမှာရှိတဲ့ သွေးလွှတ်ကြောတွေကိုဖြတ်၍ ချည်ပါမယ်။ ဒီခဲကြိုးတွေဟာ နှလုံးစက်နဲ့တွဲမှာဖြစ်ပြီး ဒီစက် ဟာခန့်မှန်းခြေ ၀ ဒသမ ၅ ကနေ ၃ စင်တီမီတာသာအကျယ်ရှိပါတယ်။ နှလုံးစက်ကို ရင်ဘတ်ရဲ့ဘယ်ဘက် အခြမ်းမှာထည့်မှာလည်းဖြစ်ပါတယ်။

နှလုံးစက်ဟာ နှလုံးခုန်နူန်းပုံမှန်ဖြစ်အောင်၊ နှလုံးရဲ့လုပ်ငန်းစဉ်တွေပုံမှန်အတိုင်းဆောင်ရွက်နိုင်အောင် လှုံ့ဆော် ပေးမှာဖြစ်တဲ့အတွက် နှလုံးစက်ထည့်ထားတဲ့လူနာဟာ နှလုံးခုန်ချက်မမှန်တာနဲ့ ပတ်သတ်ပြီး စိုးရိမ်မှုဖြစ်စရာ မလိုတော့ပါဘူး။ နှလုံးစက်ကို ဘက်ထရီနဲ့လည်ပတ်တာဖြစ်ပြီး ဒီဘက်ထရီဟာ ၅ နှစ်ကနေ ၁၀ နှစ်အထိ ခံနိုင် အားရှိပါတယ်။ ဘက်ထရီအားကုန်သွားရင်တောင် ဒါကိုရိုးရိုးခွဲစိတ်လုပ်ငန်းစဉ်နဲ့ ပြန်လဲလို့ရပါတယ်။

ယနေ့အချိန်မှာတော့ ဒီလိုခွဲစိတ်မှုမျိုးကိုတစ်ခါတစ်ရံမှာထုံဆေးတစ်မျိုးထဲသုံးကာ ပြုလုပ်နိုင်နေပြီဖြစ်ပါတယ်။ မေ့ဆေးသုံးဖို့လိုအပ်တယ်ဆိုရင်လည်း ခွဲစိတ်နေစဉ်အတွင်းလူနာအိပ်ပျော်ရုံလောက် ပေးကာ လုပ်ငန်းစဉ်ကို လုပ်ဆောင်နိုင်ပါတယ်။ နှလုံခုန်စည်းချက်မမှန်ခြင်းကို ခံစားနေရသူအများစုဟာ သက်ကြီးပိုင်းအရွယ်တွေဖြစ်တာ ကြောင့် သက်ကြီးပိုင်းလူနာတွေအတွက် နှလုံးခုန်နှုန်းထိန်းညှိပေးတဲ့ စက်ထည့်ခြင်းနဲ့ ဘက်ထရီလဲခြင်းတို့ကို ဒီလိုမျိုးခွဲစိတ်မှုပုံစံမျိုးနဲ့ လုပ်ဆောင်ပေးနိုင်တဲ့ အခြေအနေဟာ သူတို့အတွက် စိတ်သက်သာရာရစေမှာဖြစ်ပါတယ်။ ခွဲစိတ်မှုကြောင့် နောက်ဆက်တွဲ အကျိုးဆက်တွေဖြစ်တာမျိုးကလည်း အလွန်ကိုရှားပါတယ်။

အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ဆေးတစ်မျိုးမျိုးသောက်ခြင်းနဲ့ စိတ်ဖိစီးခြင်းတို့ဟာ နှလုံးရဲ့လုပ် ငန်းစဉ်တွေကိုထိခိုက်စေနိုင်တဲ့ ယေဘုယျအကြောင်းအရာတွေဖြစ်ကြောင်း ထပ်လောင်းပြောကြားလိုပါတယ်။ ဒါ့ကြောင့် ဒီအရာတွေအားလုံးကို ရှောင်ကြဉ်ခြင်း သို့မဟုတ် ရပ်လိုက်ခြင်းဟာ နှလုံးပျက်စီးခြင်း နဲ့ ယိုယွင်း ခြင်းတို့ကို တားဆီးဖို့အတွက် အကောင်းဆုံး အကူအညီကိုဖြစ်စေပါလိမ့်မယ်။

Complete a risk assessment for genetic conditions at:

အဆင့်သတ်မှတ်ချက်