ရင်သားကင်ဆာကြောင့်ဖယ်ရှားလိုက်ရတဲ့ ရွှေရင်မွှာကိုပြန်လည် ထုဆစ်ခြင်း (သို့မဟုတ်) Breast Reconstruction

ရင်သားကင်ဆာကြောင့်ဖယ်ရှားလိုက်ရတဲ့ ရွှေရင်မွှာကိုပြန်လည် ထုဆစ်ခြင်း (သို့မဟုတ်)  Breast Reconstruction

စိတ်ဝင်စားဖွယ်ရာအချက်အလက်များ

  • ရင်သားကင်ဆာဟာ ဖြစ်ပွားမှုပုံစံနဲ့ ကင်ဆာအဆင့်အပေါ်မူတည်ပြီး ရင်သားခွဲစိတ်ဖြတ်ထုတ် ခြင်း(Mastectomy) သို့မဟုတ် ရင်သားအကျိတ်အစိုင်အခဲများအားဖယ်ရှားခြင်း(Breast-Conserving Surgery) နည်းလမ်း (၂)ခုထဲမှ တစ်ခုကို ရွေးချယ်ကုသကြပါတယ်။
  • ရင်သားပြန်လည်ပြုပြင်တည်ဆောက်ခြင်း(Breast Reconstruction) ကို ရင်သားခွဲစိတ်ဖယ်ရှား ပြီးပြီးချင်းမှာ လုပ်ဆောင်နိုင်သလို ရင်သားကင်ဆာကုသမှု အားလုံးပြီးမြောက်ချိန်မှလည်း လုပ်ဆောင်နိုင်ပါတယ်။

“ ကင်ဆာ ” ဆိုတဲ့စကားလုံးအသုံးအနှုန်းဟာ ကြားရသူတိုင်းအတွက် စိုးရိမ်ပူပန်မှု ဖြစ်စေတဲ့စကားလုံးပါ။ အထူးသဖြင့် အမျိုးသမီးတွေအတွက် ရင်သားကင်ဆာလို့ ကြားလိုက်ရင် အနည်းနဲ့အများ ကြောက်ရွံ့စိုးရိမ် နေမှာကအသေအချာပါပဲ။ ထိုင်းနိုင်ငံကအမျိုးသမီးတွေကတော့ ဒီရောဂါဖြစ်ပွားဖို့ ရာခိုင်နှုန်းများနေတဲ့ အခြေအနေတစ်ရပ်မှာရှိနေပါတယ်။ ပြီးခဲ့တဲ့ (၁၀)စုနှစ်အတွင်း သက်သေသာဓက တွေလည်း အများကြီးရှိခဲ့ပြီးပါပြီ။ တချို့လူနာတွေကတော့ အခြေအနေပေါ်မူတည်ကာလိုအပ်ချက်အရ ရင်သားဖြတ်ထုတ်ခွဲစိတ်ခြင်း(Mastectomy) ကို လုပ်ဆောင်ရပြီး ဒီခွဲစိတ်လုပ်ဆောင်မှုကြောင့် သူတို့ရဲ့ ကိုယ့်ကိုယ်ကိုတန်ဖိုးထားသတ်မှတ်မှုအပေါ် ပြင်းပြင်းထန်ထန်သက်ရောက်မှုရှိစေပါတယ်။

ယနေ့ခေတ်မှာ ရင်သားကင်ဆာရဲ့ ကနဦးအဆင့်အခြေအနေကို သေချာပေါက် ပျောက်ကင်းအောင် ကုသနိုင်ပြီဖြစ်ပါတယ်။ ရင်သားကင်ဆာကို ကုသဖို့ဆိုရင် ကင်ဆာအမျိုးအစားနဲ့ အဆင့် အပေါ်မူတည်ပြီး   ရင်သားခွဲစိတ်ဖြတ်ထုတ်ခြင်း(Mastectomy) နဲ့ ရင်သားမှအကျိတ်အစိုင်အခဲများ အားဖယ်ရှားခွဲစိတ်ခြင်း(Breast-Conserving Surgery) စတဲ့ နည်းလမ်း(၂)မျိုးရှိပါတယ်။  

 

ရင်သားပြန်လည်ပြုပြင်တည်ဆောက်ခြင်း (Breast Reconstruction Surgery)

ရင်သားကင်ဆာရောဂါသည်တွေအတွက် ရင်သားခွဲစိတ်ဖြတ်ထုတ်ခြင်း(Mastectomy) နည်းလမ်းအသုံး ပြုပြီး ကုသခဲ့ကြပေမယ့်လည်း နောက်ပိုင်းမှာတော့ ခွဲစိတ်ဆရာဝန်တွေအတွက် ခေတ်မီဆန်းသစ်တဲ့ နည်းပညာတွေရှိလာခဲ့ပါတယ်။  ရင်သားကင်ဆာအတွက် ရင်သားဖြတ်ထုတ်လိုက်ပြီးချိန်မှာ ရင်သား ပြန်လည်ပြုပြင်တည်ဆောက်ခြင်း (Breast Reconstruction Surgery) ဟာ အမျိုးသမီးတစ်ဦး အတွက် ကိုယ့်ကိုယ်ကိုယုံကြည်မှုနဲ့တန်ဖိုးထားမှု ပြန်လည်မြင့်တက်စေနိုင်တဲ့ ရင်သားတစ်စုံကို ပေးစွမ်းပါတယ်။ ဒါပေမယ့်လည်း ဒီနည်းလမ်းဟာ ရင်သားဖြတ်ထုတ်ထားသူ အမျိုးသမီးတိုင်းအတွက်တော့ အဆင်မပြေပါဘူး။  ဒီအတွက် အသေးစိတ်အကြံဥာဏ်ပေးဖို့ ၊  လူနာနဲ့ လူနာမိသားစုအတွက် ကနဦး ကုသမှုအစီအစဉ်တွေကို ခွဲစိတ်အဖွဲ့က တာဝန်ယူပါလိမ့်မယ်။

 

ရင်သားပြန်လည်ပြုပြင်တည်ဆောက်ခြင်းကိုဘယ်အခြေအနေ မှာလုပ်ဆောင်နိုင်လဲ?

ချက်ချင်းရင်သားပြန်လည်ပြုပြင်တည်ဆောက်ခြင်း(Immediate Breast Reconstruction)    - တကယ်လို့ လူနာရဲ့ ကင်ဆာ ဟာ အခြားအင်္ဂါအစိတ်အပိုင်းတွေကို မပျံနှံ့သေးဘူး ၊ ဓာတ်ရောင်ခြည်ကုသမှုမလိုဘူး ဆိုရင် ဒီနည်းလမ်းကို လုပ်ဆောင်သင့်ပါတယ်။ ဒီကုသမှုကို ရင်သားကင်ဆာ ခွဲစိတ်ဖယ်ရှားပြီတာနဲ့ပလတ်စတစ်ဆာဂျင်တွေက ချက်ချင်းလုပ်ဆောင်ပေးမှာဖြစ်လို့ ခွဲစိတ်ကုသမှုတစ်ကြိမ်သာလျှင်လိုအပ်မှာဖြစ်သလို ရင်သားခွဲစိတ်ဖယ်ရှားလိုက်ခြင်းရဲ့ နောက်ဆက်တွဲ စိုးရိမ်ကြောင့်ကြမှုပြဿနာတွေကိုလည်း လျှော့ချပေးပါတယ် ။

အချိန်ယူပြီးမှရင်သားပြန်လည်ပြုပြင်တည်ဆောက်ခြင်း(Delayed Breast Reconstruction)    - ဒီနည်းလမ်းကတော့ လူနာရဲ့ ကင်ဆာကုသမှု ပြီးဆုံးတဲ့အထိ စောင့်ကြည့်ဖို့လိုသလို ကင်ဆာ ပြန်ဖြစ် မဖြစ် ဆိုတာကိုလည်း ကြည့်ရမှာဖြစ်ပါတယ် ။ ခွဲစိတ်မှုကြောင့်ဖြစ်လာတဲ့ ရင်သားပေါ်ကအရေပြား ပြန်လည် သက်သာလာတဲ့အထိ အချိန်တစ်ခုယူရမှာဖြစ်သလို လူနာအနေနဲ့ကလည်း  နောက်ထပ် ခွဲစိတ်ကုသမှုအတွက် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားရပါမယ်။

ရင်သားပြန်လည်ပြုပြင်တည်ဆောက်ခြင်းမပြုလုပ်သင့်သူများ

  • ကင်ဆာအပြီးအပြတ်မပျောက်ကင်းသေးသော ရင်သားကင်ဆာရောဂါသည်များ။
  • ရင်ဘတ်အနီးတစ်ဝိုက်နေရာမှာ အရေပြားပါးလွှာတဲ့ လူနာများအနေနဲ့ မပြုလုပ်သင့်ပါဘူး။  ဓာတ်ရောင်ခြည်ကုသမှု အကြိမ်ကြိမ်ပြုလုပ်ထားခြင်းကြောင့် အရေပြား ပြင်းထန်စွာပျက်စီးနေသူ များအတွက်လည်း မသင့်တော်ပါဘူး။ ဒီလိုမျိုးအခြေအနေရှိတဲ့ လူနာများအနေနဲ့ ဆရာဝန်များနဲ့ တိုင်ပင်ပြီး ရောဂါရှာဖွေမှုနဲ့ ဆုံးဖြတ်ချက်များ ချသင့်ပါတယ်။
  • ကင်ဆာဖြစ်စေတဲ့တစ်သျှူးများကို မဖယ်ရှားရသေးတဲ့လူနာများ ၊ ရင်သားအကျိတ်အစိုင်အခဲ ခွဲစိတ်ဖယ်ရှားထားခြင်းမရှိသေးသူများ ၊ ကင်ဆာပြန်ဖြစ်နိုင်ခြေများတဲ့ လူနာများ ။
  • ခွဲစိတ်ကုသမှုမတိုင် (သို့)ခွဲစိတ်ကုသမှုအပြီး  နောက်ဆက်တွဲပြဿနာများဖြစ်လာနိုင်တဲ့ ကျန်မာရေးအခြေအနေရှိသူများ။
  • ပြင်ပဓာတ်ပစ္စည်းများ ခန္ဓာကိုယ်ထဲထည့်သွင်းရာတွင် ဓာတ်မတည့်သည့်ရာဇဝင်ရှိသူများ။

လုပ်ဆောင်ရရှိနိုင်တဲ့ရင်သားပြန်လည်ပြုပြင်တည်ဆောက်ခြင်းနည်းလမ်းများ

  • တခြားခန္ဓာကိုယ်အစိတ်အပိုင်းမှတစ်သျှူးများဖြင့်အစားထိုးခြင်း - အဓိက အသုံးပြုတဲ့ ကြွက်သား တစ်သျှူးများကိုတော့ ဝမ်းဗိုက်( TRAM Flap ဟုခေါ် ထုတ်ယူလိုက်သည့်တစ်သျှူးများသည်မူလေ နရာနှင့်တစ်ဆက်တည်းရှိ) နှင့် ကျောဘက်(LD Flap ဟုခေါ် .. ကျောဘက်အရေပြေားအောက်မှ ထုတ်ယူရ) မှ  ထုတ်ယူပြီး ရင်သားနေရာမှာ အစားထိုးတာ ဖြစ်ပါတယ်။ ဒီကုသမှု ဟာ ခက်ခဲရှုပ်ထွေးတာကြောင့် အတွေ့အကြုံရှိပြီး သေချာစွာလေ့ကျင့်မှု ရရှိထားတဲ့ ခွဲစိတ်ဆရာဝန်များသာလျှင် ပြုလုပ်နိုင်ကြပါတယ်။
  • ရင်သားခွဲစိတ်အစားထိုးခြင်း - ဒီကုသမှုကတော့ ခွဲစိတ်ကုသမှုမှာ ရင်သား တစ်သျှူးတွေကို သိသိသာသာလျှော့မချနိုင်ခဲ့ဘူးဆိုရင် ခွဲစိတ်ဆရာဝန်များက အစားထိုးခွဲစိတ်မှု ကိုလုပ်ဆောင်တာဖြစ်ပါတယ်။   ရင်သားကြွက်သားတွေအောက်မှာ အစားထိုးလိုက်တာဖြစ်ပြီး TRAM Flap/ LD Flapတို့နဲ့ယှဉ်ရင် အန္တရာယ်ပိုလျော့နည်းပြီး ပြန်လည်သက်သာလာချိန်လည်း ပိုမြန်ပါတယ်။
  • Tissue Expander(ဘောလုံးသဏ္ဍာန်ရှိတစ်သျှူး)အသုံးပြုခြင်း - ဒီနည်းလမ်းကတော့ တစ်သျှူးများကိုနေရာချ ထည့်သွင်းခြင်းမပြုခင်မှာ ရင်သားအရေပြားကို အစီစဉ်တကျ ဆွဲဆန့် လိုက်တာဖြစ်ပါတယ်။ ဒီနည်းလမ်းကိုတော့ ရင်သားခွဲစိတ်ဖြတ်ထုတ်ပြီးနောက် ရင်သားအရေပြား နည်းနည်းပဲ ကျန်ရှိတော့တဲ့ အခြေအနေမျိုးမှာ အသုံးပြုလေ့ရှိပါတယ်။
  • အဆီဖြင့်အစားထိုးပြီးရင်သားပြန်လည်ပြုပြင်တည်ဆောက်ခြင်း - ဝမ်းဗိုက် ၊ တင်ပါး ၊ ပေါင်ခြံ စသည့် အစိတ်အပိုင်းများမှ ထုတ်ယူလိုက်တဲ့ အဆီများနဲ့ ရင်သားပြန်လည်တည်ဆောက်ခြင်း ဖြစ်ပြီး အကျိုးရှိတဲ့ နည်းလမ်းတစ်ခုအနေနဲ့ ထည့်သွင်းစဉ်းစားကြပါတယ်။ ဒါပေမယ့် ရေရှည်မှာအဆီများပျက်စီးခြင်း(သို့မဟုတ်)တွဲကျနိုင်ခြေရှိခြင်းကြောင့် လူနာအနေနဲ့ အကြိမ်ကြိမ် ဆေးထိုးဖို့လိုအပ်ခြင်း လိုမျိုး ပြဿနာတွေရှိနေတာကြောင့် စံသတ်မှတ်ထားတဲ့ ခွဲစိတ်မှုနည်းလမ်းအဖြစ်တော့ လက်မခံကြသေးပါဘူး။ နောက်တစ်ခုကတော့ အဆီ ဆဲလ်တွေဟာ တစ်စုတစ်စည်းတည်းပုံပန်းမကျတော့ဘဲ နောင်တစ်ချိန် ကင်ဆာရောဂါရှာဖွေ ရာမှာ ပြဿနာတစ်ရပ် ဖြစ်လာနိုင်ပါတယ်။  ဒီနည်းလမ်းဟာ အရွယ်အစားကြီးမားတဲ့ ရင်သား ပိုင်ဆိုင်ထားသူတွေအတွက် အဆင်မပြေပါဘူး။ ဒီလိုပြဿနာတွေဟာ ခွဲစိတ်ဆရာဝန်ရဲ့ အရည်အချင်းနဲ့ ကျွမ်းကျင်မှုအပေါ်မှာ အများကြီးမူတည်နေပါတယ်။

ရင်သားပြန်လည်ပြုပြင်တည်ဆောက်မှုအတွက် ဘယ်နည်းလမ်းကို အသုံးပြုမယ်ဆိုတာက ပြဿနာ မဟုတ်ပါဘူး ။ အစားထိုးပြုပြင်လိုက်တဲ့ ရင်သား အသစ်ဟာ လူနာရဲ့ နဂိုမူလ ရင်သားအနေအထားကို မမီနိုင်ပါဘူး။ ဥပမာ - နို့မထုတ်လုပ်နိုင်ခြင်း ၊ ရင်သားကို အထိမခံနိုင်ခြင်း စတဲ့ပြဿနာတွေ ရှိနိုင်ပါတယ်။ ရင်သားပြန်လည်ပြုပြင်တည်ဆောက်ခြင်းရဲ့ အဓိက ရည်ရွယ်ချက်ဟာ ရင်သားခွဲစိတ်ဖယ်ထုတ်ပြီးချိန်မှာ အမျိုးသမီးတွေ ကိုယ့်ကိုယ်ကိုယုံကြည်မှုနဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးထားသတ်မှတ်မှုပြန်လည်ရရှိစေဖို့ ပဲဖြစ်ပါတယ်။

အစားထိုးခြင်းနည်းလမ်းအားဖြင့် ရင်သားကိုပြန်လည်မြှင့်တင်ခြင်းဟာ ရင်သားကင်ဆာဖြစ်နိုင်ခြေအန္တ ရာယ်ကို မမြင့်တက်စေဘူးဆိုတာကို သိထားရပါမယ်။ ဒါကြောင့် ရင်သားပြန်လည်ပြုပြင်တည်ဆောက် မှု ပြုလုပ်ထားသူဖြစ်စေ မပြုလုပ်ထားသူဖြစ်စေ ရင်သားကင်ဆာဖြစ်နိုင်မှုက မကွာခြားပါဘူး။ ရင်သားကင်ဆာ ရောဂါဖြစ်နိုင်မှုနှုန်းဟာ ကိုယ့်ရဲ့နေထိုင်မှုပုံစံနဲ့ တစ်ဦးချင်းစီရဲ့ အမူအကျင့် စတဲ့ အချက်တွေအပေါ်မှာပဲ မူတည်ပါတယ်။

Samitivej has a team ready to help and provide services for:

  • Treatment Plan Consultation with a doctor via online video-call (second opinion)
  • Treatment Planning if you have medical records or a price estimate from another hospital
  • Cost Planning by our Appraisals Team with price guarantee (only for procedure packages without complications)
  • Check Initial Coverage Eligibility with Thai and international insurance companies (only for insurance companies in contract with the Hospital)

You can consult our specialist online to find out about the treatment options most suitable for your condition via Samitivej Virtual Hospital. To schedule an appointment or for more information CLICK HERE.

အဆင့်သတ်မှတ်ချက်

မှတ်ပုံတင်ပြီးသားလား။