- ကြွက်သားများ ထိခိုက်ဒါဏ်ရာရခြင်းမရှိစေရန် မပြေးခင် သွေးပူလေ့ကျင့်ခန်းလုပ်ခြင်း (warm-up) နဲ့ ပြေးပြီးသောအခါ အကြောလျှော့ခြင်း (cool-down) တို့ကို ပုံမှန်လုပ်ပေးသင့်ပါတယ်။
- ပုံပျက်နေပြီဖြစ်တဲ့ ဖိနပ်ဟောင်းများကို ဆက်လက်အသုံးပြုခြင်းဟာ သက်သောင့်သက်သာမရှိစေတဲ့အပြင် သင့်ခြေထောက်ကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ဖိနပ်အသစ်လဲစီးပေးခြင်းဟာ အပြေးလေ့ကျင့်သောအခါ ထိခိုက်ဒဏ်ရာရနိုင်ခြေကို လျော့နည်းစေပါတယ်။
- စက်ဘီးစီးခြင်း၊ ရေကူးခြင်းနဲ့ ယောဂကျင့်ခြင်းတို့ဟာ ကြွက်သားတွေကို သန်မာစေပြီး ခန္ဓာကိုယ်ကို ပျော့ပျောင်းစေတဲ့ လေ့ကျင့်ခန်းများ ဖြစ်ပါတယ်။ ဤလေ့ကျင့်ခန်းများကို အပြေးလေ့ကျင့်ခန်းနဲ့ တွဲဖက်လုပ်ဆောင်ပေးမယ်ဆိုရင် အပြေးစွမ်းဆောင်ရည်ကို ပိုမိုကောင်းမွန်လာစေနိုင်ပါတယ်။
“အပြေးလေ့ကျင့်ခြင်း” ဆိုတာ အရင်လို အပြေးဖိနပ်တစ်စုံနဲ့ ချွေးထွက်အောင် ပြေးရုံသက်သက် ရိုးရှင်းတဲ့ လေ့ကျင့်ခန်းတစ်ခု မဟုတ်တော့ပါ။ မကြာသေးမီကစပြီး လူအများစုရဲ့ ဘဝနေထိုင်မှုပုံစံထဲတွင် အပြေးလေ့ကျင့်ခြင်းဟာ နေ့စဥ်အလေ့အကျင့်တစ်ခုလို ဖြစ်လာခဲ့ပါတယ်။ အပြေးလေ့ကျင့်ခြင်းတွင် သတ်မှတ်ထားသောပန်းတိုင်များကို ရောက်အောင်သွားခြင်း၊ ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင် လုပ်ယူတာများအပြင် ကြွက်သားသန်မာမှုနဲ့ သက်လုံကောင်းအောင် လေ့ကျင့်မှုများလည်း ပါဝင်ပါတယ်။ ဒါ့အပြင် ပုံမှန်လေ့ကျင့်ခန်းဆင်းနိုင်ဖို့အတွက် ခိုင်မာတဲ့ စိတ်ဓာတ် မွေးဖို့လည်း လိုအပ်ပါတယ်။
ဤကဲ့သို့ ကြိုးစားအားထုတ်များမှတစ်ဆင့် သင့်ကိုယ်သင် ယုံကြည်မှုရှိလာပြီး ပိုမိုဝေးကွာသော ခရီးစဉ်များတွင် ယှဉ်ပြိုင်ပြေးနိုင်တဲ့အဆင့်အထိ တိုးတက်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် သင် အပြေးစတင်မလေ့ကျင့်ခင် ဤအားကစားအကြောင်းကို ပိုမိုလေ့လာထားခြင်းဟာ အကောင်းဆုံးဖြစ်ပါတယ်။ အခုလို လူကြိုက်များလာသော အပြေးအားကစားကို စတင်လုပ်ဆောင်မယ့်သူများအတွက် ဤဗဟုသုတများဟာ မရှိမဖြစ် လိုအပ်ပါတယ်။