ApoB စစ်ဆေးမှုနှင့် သွေးကြောပိတ်ရောဂါ အန္တရာယ် စစ်ဆေးခြင်း

ApoB စစ်ဆေးမှုနှင့် သွေးကြောပိတ်ရောဂါ အန္တရာယ် စစ်ဆေးခြင်း

အနှစ်ချုပ်

  • သွေးကြောပိတ်ရောဂါ (Atherosclerosis) က သွေးကြောဆိုင်ရာ ရောဂါတွေထဲမှာ အဖြစ်အများဆုံးရောဂါတစ်ခု ဖြစ်ပြီး ကမ္ဘာတစ်ဝန်းမှာ သေဆုံးမှုနှင့် မသန်မစွမ်းဖြစ်မှုတွေရဲ့ အဓိက အကြောင်းရင်းတစ်ခုလည်း ဖြစ်ပါတယ်။ ဒီရောဂါက သွေးလွှတ်ကြောနံရံတွေမှာ အဆီတွေစုပုံလာမှု နှင့် သွေးလွှတ်ကြောနံရံများနာတာရှည်ရောင်ရမ်းမှုတွေကြောင့် အများဆုံး ဖြစ်ပွားတာကိုတွေ့ရပါတယ်။ 
  • လက်ရှိတွင် သွေးကြောပိတ်ရောဂါ (Atherosclerosis) ဖြစ်နိုင်ခြေ ရှိ၊မရှိကို ကြိုတင်သိရှိနိုင်ရန် သွေးစစ်ဆေးမှုများ ရှိနေပြီဖြစ်ပါတယ်။
  • ApoB Test စစ်ဆေးခြင်းဟာ LDL ကိုလက်စထရော (မကောင်းတဲ့အဆီ) ထက် သွေးကြောဆိုင်ရာ ရောဂါဖြစ်နိုင်ခြေကို ပိုမိုတိကျစွာ ခန့်မှန်းပေးနိုင်ပြီး၊ မျိုးရိုးလိုက်သော သွေးတွင်းအဆီဓာတ်များခြင်း ရှိ၊ မရှိကိုလည်း သိရှိနိုင်စေပါတယ်။

သွေးကြောပိတ်ခြင်းကြောင့်ဖြစ်သော နှလုံးသွေးကြောဆိုင်ရာရောဂါ (ASCVD)ဟာ အဖြစ်အများဆုံး နှလုံးနှင့် သွေးကြောဆိုင်ရာ ရောဂါ တစ်မျိုးဖြစ်ပြီး၊ ကမ္ဘာတစ်ဝန်းမှာ သေဆုံးမှုနှင့် မသန်မစွမ်းဖြစ်မှုတွေရဲ့ အဓိက အကြောင်းရင်းတစ်ခုလည်း ဖြစ်ပါတယ်။

သွေးကြောပိတ်ရောဂါ ဖြစ်ရခြင်း အကြောင်းရင်းများဟာ ဘာတွေလဲ?

သွေးကြောပိတ်ရောဂါ (Atherosclerosis) ဟာ သွေးလွှတ်ကြောနံရံတွေမှာ အဆီအနှစ်များ စုပုံ လာမှု နှင့် သွေးလွှတ်ကြောနံရံများ နာတာရှည် ရောင်ရမ်းမှုတွေကြောင့် ဖြစ်ပွားတာပါ။ အဆီစုခြင်းက မိခင်ဝမ်းထဲကတည်းက စတင်နိုင်ပြီး ရောဂါလက္ခဏာတွေကတော့ သက်လတ်ပိုင်း နှင့် သက်ကြီးပိုင်းတွေမှာ ပိုမို ထင်ရှားလာတတ်ပါတယ်။ အချိန်ကြာလာတဲ့အခါ သွေးလွှတ်ကြောတွေ ကျဉ်းမြောင်းလာနိုင်သလို၊ သွေးကြောနံရံပေါက်ပြဲပြီး သွေးခဲဖြစ်ကာ သွေးကြောပိတ်ဆို့မှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ တချို့လူနာတွေမှာတော့ သွေးကြောနံရံများ အားနည်းလာပြီး သွေးကြောပွခြင်း (Aneurysm) ဖြစ်လာနိုင်ပါတယ်။ အဲဒီသွေးကြောပွ ပေါက်ထွက်သွားပါက ရုတ်တရက် သွေးယိုစီးမှု ဖြစ်ပြီး မသန်မစွမ်းဖြစ်ခြင်း သို့မဟုတ် အသက်အန္တရာယ်သေဆုံးသည်အထိ ဖြစ်ပေါ်စေနိုင်ပါတယ်။

သွေးကြောပိတ်ရောဂါ (Atherosclerosis) : ကြိုတင်ကာကွယ်နိုင်သော ရုတ်တရက် လက္ခဏာပြတဲ့ သွေးကြောပိတ်ရောဂါ

သွေးကြောပိတ်ရောဂါ (Atherosclerosis) ဟာ လက္ခဏာပြလာပြီးနောက် ကုသမှုမခံယူပါက မသန်မစွမ်းဖြစ်ခြင်း သို့မဟုတ် အသက်အန္တရာယ်သေဆုံးသည်အထိ ဖြစ်ပေါ်လာနိုင်ပါတယ်။ သုတေသနများအရ ရောဂါလက္ခဏာ မပေါ်ခင်ကတည်းက အန္တရာယ်ဖြစ်စေတဲ့ အချက်တွေကို စောစီးစွာ သိရှိပြီး ထိန်းချုပ်ကုသထားမယ်ဆိုရင် ရောဂါဖြစ်နိုင်ခြေကို လျှော့ချနိုင်သလို၊ ရောဂါဖြစ်ပြီးမှ ကုသတာထက် ပိုကောင်းတဲ့ ဘဝအရည်အသွေးကို ရရှိစေနိုင်ပါတယ်။ ဒါကြောင့် သွေးကြောပိတ်ရောဂါ မဖြစ်အောင် ကာကွယ်ဖို့အတွက် မိမိမှာရှိနိုင်တဲ့ အန္တရာယ်ဖြစ်စေသော အချက်တွေကို သိရှိထားခြင်းနှင့် ရောဂါဖြစ်နိုင်ခြေကို စစ်ဆေးထားခြင်းဟာ အလွန်အရေးကြီးသော အဓိကသော့ချက် ဖြစ်ပါတယ်။ 

သွေးစစ်ဆေးမှုဖြင့် ရောဂါဖြစ်နိုင်ခြေကို အကဲဖြတ်ခြင်း

သွေးကြောပိတ်ရောဂါ (Atherosclerosis) ဖြစ်နိုင်ခြေကို စစ်ဆေးတဲ့အခါ အရင်ကရှိခဲ့ဖူးတဲ့ အန္တရာယ်ဖြစ်စေသော အချက်တွေကို သုံးသပ်ခြင်းအပြင် သွေးပေါင်ချိန်၊ ခါးအတိုင်းအတာ၊ ကိုယ်အလေးချိန်အညွှန်းကိန်း (BMI) တွေကို တိုင်းတာစစ်ဆေးပြီး သွေးစစ်ဆေးမှုတွေလည်း ပြုလုပ်ရပါတယ်။ ဒီအချက်တွေဟာ ရောဂါဖြစ်နိုင်ခြေ ရှိ၊ မရှိကို အကဲဖြတ်ဖို့ အရေးကြီးသလို၊ သွေးစစ်ဆေးမှုရလဒ်တွေကို ကုသမှုရဲ့ ထိရောက်မှုကို စောင့်ကြည့်ရန်နှင့် ကုသမှုပန်းတိုင် သတ်မှတ်ရန်အတွက်လည်း အသုံးပြုနိုင်ပါတယ်။

သွေးကြောပိတ်ရောဂါ(Atherosclerosis) ဖြစ်နိုင်ခြေကို စစ်ဆေးရာတွင် အသုံးပြုသော သွေးစစ်ဆေးမှု နမူနာမျာ

  1. သွေးတွင်း အဆီဓာတ်ပမာဏLipoproteins တွေဟာ အဆီနှင့် apolipoproteins လို့ခေါ်တဲ့ ပရိုတင်းတွေ ပေါင်းစပ်ထားခြင်းဖြစ်ပြီး အသည်းနှင့် အူသိမ်ကနေ ထုတ်လုပ်ပါတယ်။ Lipoproteins အမျိုးအစားတွေထဲမှာ chylomicrons, VLDL, LDL (မကောင်းတဲ့အဆီ), IDL, HDL (ကောင်းတဲ့အဆီ) နှင့် Lipoprotein(a) သို့မဟုတ် Lp(a) တို့ ပါဝင်ပါတယ်။ အသည်းကနေ ဒီ Lipoproteins တွေကို ထုတ်လုပ်ခြင်း၊ သယ်ယူပို့ဆောင်ခြင်းနှင့် ဖြိုခွဲခြင်းလုပ်ငန်းစဉ်တွေ ပုံမှန်မဟုတ်တဲ့အခါ သွေးတွင်းအဆီဓာတ် မညီမျှမှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်
  • သွေးတွင်းအဆီဓာတ်များခြင်း/ ကိုလက်စထရောများခြင်း
  • ထရိုင်ဂလစ်စရိုက်များခြင်း
  • သွေးတွင်းအဆီဓာတ် မျိုးစုံ မြင့်မားခြင်း / အဆီဓာတ်မညီမျှမှုများ ရောနှောဖြစ်ပေါ်ခြင်း
  • Low HDL levels (သွေးတွင်းကောင်းတဲ့အဆီနည်းခြင်း) 

ဒီလို ပုံမှန်မဟုတ်တဲ့ အခြေအနေတွေကို သွေးစစ်ဆေးမှုဖြင့် သိရှိနိုင်ပါတယ်။ အများစုကတော့ အဆီများတဲ့အစားအသောက်စားခြင်း၊ လေ့ကျင့်ခန်းမလုပ်ခြင်း စတဲ့ လူနေမှုပုံစံ မကောင်းခြင်းတွေကြောင့် ဖြစ်နိုင်သလို၊ မျိုးရိုးလိုက်တဲ့ ပြဿနာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အစားအသောက်ထိန်းညှိခြင်း၊ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းနှင့် လိုအပ်ပါက ဆေးဝါးကုသမှုခံယူခြင်းတို့က ရောဂါဖြစ်နိုင်ခြေကို လျှော့ချပြီး ထိန်းချုပ်ကုသနိုင်ဖို့ အထောက်အကူပြုပါတယ်။

2. အထူးပြု သွေးတွင်းအဆီဓာတ် စစ်ဆေးမှုများ
2.1 Apolipoprotein A1 
Apolipoprotein A-I (ApoA-I) ကို အသည်းနှင့် အူသိမ်များမှထုတ်လုပ်ပါတယ်။ HDL (ကောင်းတဲ့အဆီ) နှင့် ဆက်စပ်ပြီး နှလုံးသွေးကြောဆိုင်ရာရောဂါဖြစ်နိုင်ခြေကို ခန့်မှန်းရာမှာ အသုံးဝင်ပါတယ်။
2.2. Apolipoprotein B (ApoB)
ApoB testing ဟာ ကိုလက်စထရောထက် သွေးကြောဆိုင်ရာ ရောဂါဖြစ်နိုင်ခြေကို ပို၍ကောင်းမွန်စွာ ခန့်မှန်းပေးနိုင်ပြီး၊ မျိုးရိုးဗီဇကြောင့် အဆီများခြင်း ရှိမရှိကိုလည်း သိနိုင်ပါတယ်။
2.3. Lipoprotein(a) (Lp(a))
Lipoprotein(a) ဟာ သွေးထဲတွင် လည်ပတ်နေပြီး မကောင်းတဲ့အဆီ LDL- ကိုလက်စထရောကဲ့သို့ ထိန်းချုပ်မရပါ။ Lp(a)ပမာဏ မြင့်မားခြင်းဟာ သွေးကြောပိတ်ရောဂါအတွက် အန္တရာယ်များတဲ့အချက်တစ်ခုဖြစ်ပါတယ်။ Lp(a)ပမာဏကို မျိုးရိုးဗီဇဟာ အဓိက ဆုံးဖြတ်သောကြောင့် အစားအသောက်နှင့် လူနေမှုပုံစံဖြင့် ထိန်းချုပ်လို့ မရပါ။
3. Homocysteine
Homocysteine ဆိုတာက အစားအသောက်ကြောင့်ဖြစ်သော သွေးကြောပိတ်ရောဂါရဲ့ အန္တရာယ်တစ်ခုဖြစ်ပါတယ်။ ၎င်းဟာ ပရိုတင်းဓာတ်များ ခန္ဓာကိုယ်ထဲတွင် ချေဖျက်သောအခါ ထွက်လာတဲ့ စွန့်ပစ်ပစ္စည်း တစ်မျိုး ဖြစ်ပြီး ပုံမှန်အားဖြင့် ခန္ဓာကိုယ်ထဲတွင် အနည်းငယ်သာ ရှိပါတယ်။ ၎င်းပမာဏများလာပါက နှလုံးနှင့် ဦးနှောက်ရှိ သွေးကြောငယ်များကို ပျက်စီးစေပြီး သွေးကြောတွေ ကျဉ်းခြင်းနှင့် ပိတ်ခြင်း ကို ပိုဖြစ်စေနိုင်ပါတယ်။
4. High Sensitivity C-Reactive Protein (hs-CRP) ရောင်ရမ်းမှုကို တိုင်းတာသည့် ပရိုတင်း
သွေးလွှတ်ကြောနံရံများ ရောင်ရမ်းခြင်းကဲ့သို့ ခန္ဓာကိုယ်ထဲတွင် ရောင်ရမ်းမှု ရှိမရှိကို သိဖို့အတွက် ပရိုတင်းပမာဏကို တိုင်းတာပါတယ်။
5. High Sensitivity Troponin-I
၎င်းဟာ နှလုံးကြွက်သားဆဲလ်များအတွက် သီးသန့်ဖြစ်သော ဇီဝအမှတ်အသားကို တိုင်းတာခြင်းဖြစ်ပါတယ်။ နှလုံးရောဂါလက္ခဏာ မရှိသူများတွင်တောင် နောင်တစ်ချိန်တွင် ဖြစ်လာနိုင်သော နှလုံးရောဂါဖြစ်နိုင်ခြေကို ကြိုတင်အကဲဖြတ်ပေးနိုင်ပါတယ်။

 

ပြည့်စုံသော ကျန်းမာရေး အစီအစဉ်များ

ဘန်ကောက်၊ ထိုင်းနိုင်ငံရှိ ဆစ်မီတဝေ့ ဆရီနာခရင် ဆေးရုံတွင် ရေရှည်ကျန်းမာရေးနဲ့ ပိုကောင်းသော ဘဝအရည်အသွေးအတွက် ပြည့်စုံတဲ့ ကျန်းမာရေးနဲ့ ကြိုတင်ကာကွယ်ရေး အစီအစဉ်တွေ ပေးထားပါတယ်။ ဤအစီအစဉ်များဟာ ရောဂါမဖြစ်ခင် ကတည်းက ကြိုတင်စောင့်ရှောက်ပြီး ခန္ဓာကိုယ် အိုမင်းမှုကို နှေးကွေးစေရန် ရည်ရွယ်ပါတယ်။

  • Hallmarks of Aging Program ဆဲလ်အိုမင်းမှု စစ်ဆေးခြင်းအစီအစဉ်
    ဆစ်မီတဝေ့ ဆရီနာခရင် ဆေးရုံရဲ့ ဆဲလ်အဆင့်အထိ အိုမင်းရခြင်း အကြောင်းရင်းများကို ရှာဖွေ စစ်ဆေးပေးဖို့ အထူးဖန်တီးထားသော ကျန်းမာရေး အစီအစဉ်ဖြစ်ပါတယ်။ ဘန်ကောက်တွင်ရှိသော ဒီဆန်းသစ်တဲ့ ကာကွယ်ရေးနည်းလမ်းဟာ ဆဲလ်ရဲ့ ပုံမှန်မဟုတ်သော အချက်ပြမှုများကို တိကျစွာ ဖော်ထုတ်ပြီး သက်တမ်းရှည်ကျန်းမာစေရန်နှင့် ခွန်အားကောင်းမွန်စရန်အတွက် မြှင့်တင်ပေးဖို့ ရည်ရွယ်ပါတယ်။ 
  • Social Butterfly Wellness Program အရက်သောက်သူများအတွက် ကျန်းမာရေး အစီအစဉ်
    အရက်သောက်သုံးသူများကို ရည်ရွယ်ပြီး စစ်ဆေးပေးသော ကျန်းမာရေးစစ်ဆေးမှုအထူးအစီအစဉ်ဖြစ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ဘန်ကောက်ဆေးရုံတွင် ပြုလုပ်ပြီး ခန္ဓာကိုယ်အခြေအနေကို စစ်ဆေးခြင်း၊ အရက်ရဲ့ဆိုးကျိုး လျှော့ချရာတွင် ကူညီခြင်း၊ အသည်းဆုတ်ယုတ်မှုကို နှေးကွေးစေခြင်းများအပြင် တစ်ဦးချင်းစီအတွက် သီးသန့်ပြန်လည်ထူထောင်ရေး အစီအစဉ်ပါ ပါဝင်ပါတယ်။
  • Lung Vitality Care Program အဆုတ်စောင့်ရှောက်မှု အစီအစဉ်
    ဒီစစ်ဆေးမှုဟာ ဘန်ကောက်ကဲ့သို့ မြို့ပြများတွင် ဆေးလိပ်ငွေ့ သို့မဟုတ် လေထုညစ်ညမ်းမှုနှင့် ထိတွေ့ရသူများ အတွက် အသင့်တော်ဆုံးဖြစ်ပါတယ်။ ဆေးလိပ်သောက်ခြင်း သို့မဟုတ် ပတ်ဝန်းကျင်ညစ်ညမ်းမှုကြောင့် ထိခိုက်နိုင်သော ကိုယ်တွင်းအင်္ဂါများကို စစ်ဆေးပေးပြီး၊ ရေရှည်အတွက် အသက်ရှူလမ်းကြောင်း ကျန်းမာရေး ကို ထောက်ပံ့ပေးပါတယ်။

ဘန်ကောက်၊ ထိုင်းနိုင်ငံရှိ ဆစ်မီတဝေ့ ဆရီနာခရင် ဆေးရုံမှ အစီအစဉ်အားလုံးတွင် သွေးတွင်း အဆီဓာတ် စစ်ဆေးမှုများ ပါဝင်ပြီး၊ တစ်ဦးချင်းစီရဲ့ လူနေမှုပုံစံနဲ့ ကိုက်ညီအောင် ပြုလုပ်ပေးသော ပုဂ္ဂိုလ်ရေးဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ်များ ပေးဆောင်ပါတယ်။

References

အဆင့်သတ်မှတ်ချက်