အယ်လ်ဇိုင်းမားရောဂါ

အယ်လ်ဇိုင်းမားရောဂါ

တကယ်လို့ သင်ဟာ ဒုက္ခိတအဖြစ် ရှင်သန်နေထိုင်မှုနဲ့ သေဆုံးခြင်း နှစ်ခုအထဲ က တစ်ခုကိုရွေးရမယ်ဆိုရင် ဘယ်တစ်ခုကိုရွေးချယ်မလဲ? ” လို့ မေးခွန်းထုတ် လာတဲ့အချိန်မှာ လူအများစုကတော့ ဒုက္ခိတ ဖြစ်မှာထက် သေဆုံးခြင်းကို ရွေးချယ်ကြမှာပါ။ ဒါကိုကြည့်ခြင်းအားဖြင့် လူမှုဝန်းကျင်မှာ ဒုက္ခိတဖြစ်ပြီး အသက်ရှင်ရခြင်းဟာ သေဆုံးခြင်းထက် ပိုကြောက်ဖို့ ကောင်းတယ်ဆိုတာကို ညွှန်းဆိုနေပါတယ်။

သက်ကြီးပိုင်းအရွယ်ကိုရောက်ရှိနေပြီဖြစ်တဲ့ ဒီဆောင်းပါးရေးသားသူအတွက် တော့ အယ်လ်ဇိုင်းမာရောဂါ (Alzheimer’s Disease) ဟာ ကြောက်စရာ အကောင်းဆုံးရောဂါလို့ ဆိုရမှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတာ့ အယ်လ်ဇိုင်းမား ရောဂါနဲ့ ယှဉ်မယ်ဆိုရင် ဆိုးဆိုးရွားရွားလက္ခဏာတွေပြတတ်တဲ့ ကင်ဆာလို ရောဂါမျိုးခံစားရသည့်တိုင်အောင် လူနာဟာ သူ့ရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းနိုင်ဆဲ ဖြစ်ပါတယ်။ အယ်လ်ဇိုင်းမားရောဂါဟာ ဘဝတစ်လျှောက်မှာ လေ့လာဆည်းပူး ခဲ့တဲ့အသိပညာဗဟုသုတ၊ ကိုယ်ကာယဆိုင်ရာလုပ်နိုင်စွမ်းအား၊ ဂုဏ်သိက္ခာအပါ အဝင် လူတစ်ယောက်မှာရှိတဲ့ ပင်ကိုယ်အရည်အချင်းများကို ဖျက်စီးပစ်နိုင်ပါ တယ်။ အယ်လ်ဇိုင်းမားရောဂါဟာ လူနာတစ်ဦးချင်းစီရဲ့ ပင်ကိုယ်စွမ်းရည်နဲ့ လွတ်လပ်မှုတွေ ပျောက်ဆုံးသွားတဲ့အထိ ဖြေးဖြေးချင်း ဒုက္ခပေးကာ ဘာမှမလုပ် နိုင်တဲ့ ပုခက်ထဲက ကလေးငယ်တစ်ဦးလို ဖြစ်သွားစေပါတယ်။

လူတစ်ယောက်ရဲ့  ဦးနှောက်မှာ လုပ်ဆောင်ချက်တွေအများကြီးရှိပါတယ်။ ဦးနှောက်ဟာ ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးနီးပါးကို ထိန်းညှိပေးပြီး တစ်ချိန် တည်းမှာပဲ အခြားသက်ရှိများထက် ပိုမိုမြင့်မားတဲ့ အာရုံခံစားမှုကိုဖြစ်စေတဲ့ လူ့အသိဥာဏ်ကို ပေးစွမ်းပါတယ်။ တစ်နည်းအားဖြင့် ဦးနှောက်နဲ့ လူ့စိတ်ဟာ ဆက်စပ်နေတာဖြစ်ပါတယ်။ တကယ်တော့ ဦးနှောက်ရဲ့ မှတ်ဥာဏ်ဟာ ဆဲလ် တစ်ခုချင်းစီကို မီလီယံနဲ့ ချီတဲ့ ဆဲလ်တွေအဖြစ် ပေါင်းစုထားတဲ့ ဆဲလ်စနစ် တစ်ခုဖြစ်ပြီး အကြောင်းအရာနဲ့ အချက်အလက်များကို မှတ်မိစေရုံသာမက အတွေးအမြင်နဲ့စိတ်ခံစားမှုကို ထိန်းညှိဖို့ ၊ အပြုအမူကိုထိန်းချုပ်ဖို့ ကိုပါ လုပ်ဆောင်ပေးပါတယ်။

ဒါကြောင့် အယ်လ်ဇိုင်းမားရောဂါဟာ မှတ်ဥာဏ်ကို ထိခိုက်စေရုံသာမက ကျွန်တော်တို့ရဲ့ စဉ်းစားတွေးခေါ်မှုဖြစ်စဉ်ကို ယိုယွင်းနှေးကွေးစေတာကြောင့် ဆုံးဖြတ်ချက်ချရာမှာအားနည်းခြင်း၊ ဥာဏ်ပညာလျော့နည်းလာပြီး စိတ်ခံစားမှု ကို မထိန်းချုပ်နိုင်ခြင်းကြောင့် ယုတ္တိမရှိတဲ့ အပြုအမူများ မြင့်မားလာခြင်း စတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီလက္ခဏာတွေအားလုံးဟာ ခံစားရတဲ့လူနာရဲ့စွမ်းရည် အားလုံး ပျက်စီးပြီး ဘာမှမလုပ်နိုင်တော့တဲ့အထိဖြစ်ကာ ဂုဏ်သိက္ခာတွေ အားလုံးပျောက်ဆုံးသွားသည်အထိဖြစ်စေပါတယ်။ နောက်ဆုံးမှာတော့ အရာအားလုံးဟာ သူတစ်ပါးကို မှီခိုအားကိုးရတဲ့ အဆင့်ရောက်ချိန်မှာ အယ်လ်ဇိုင်းမား ရောဂါက လူနာရဲ့ ဘဝတစ်ခုလုံးကို ဝါးမျိုသွားပါတယ်။

ဒါကြောင့်လည်း အယ်လ်ဇိုင်းမားရောဂါဟာ လူမှုရပ်ဝန်းနယ်ပယ်မှာ လူတိုင်း အတွက် ကြောက်စရာကောင်းတဲ့ ရောဂါအဖြစ် နာမည်တွင်နေတာဖြစ်ပါတယ်။ ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များဟာ  အယ်လ်ဇိုင်းမားရောဂါကို ကာကွယ် ဖို့နဲ့ ကုသဖို့အတွက် နည်းလမ်းရှာဖွေမှုကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခဲ့ကြပါတယ်။ အဖြေကတော့ ရောဂါကို စောစောစီးစီး ရှာဖွေ တွေ့ရှိလေ လက္ခဏာကိုပျောက်ကင်းသက်သာပြီး ရောဂါကြီးထွားလာမှုကို နှေးကွေးစေနိုင်တဲ့ အခွင့်အရေး ပိုမိုရရှိလေ ဖြစ်ပါတယ်။

တချို့လူနာတွေဆိုရင် စောစောစီးစီး ရောဂါရှာဖွေကာ ကုသခဲ့တာကြောင့် အကောင်းပကတိကျန်းမာရေးအခြေအနေအတိုင်း ပြန်လည်ရရှိခဲ့ပါတယ်။

ဦးနှောက်ကောင်းစွာမလုပ်ဆောင်နိုင်တော့တဲ့လက္ခဏာ (Dementia) များကို အဓိက အားဖြင့် အုပ်စု (၂) ခု ခွဲခြားနိုင်ပါတယ်။
ပထမအုပ်စုကတော့ ကုသလို့ ရနိုင်တဲ့ အုပ်စုဖြစ်ပါတယ်။ ဒုတိယတစ်ခုကတော့ သက်သာအောင်ပဲလုပ်ဆောင်နိုင်ပြီး ပျောက်ကင်းအောင် ကုသလို့မရတဲ့ အုပ်စု တစ်နည်းအားဖြင့် လူနာကို အနည်းငယ် ပိုမို သက်သာစေ တဲ့ အုပ်စုဖြစ်ပါတယ်။
အယ်လ်ဇိုင်းမားရောဂါခံစားရသူအများစုဟာ ဒုတိယအုပ်စုမှာ ပါဝင်ကြသူများ ဖြစ်ပါတယ်။

ဦးနှောက်ကောင်းစွာမလုပ်ဆောင်နိုင်တော့တဲ့လက္ခဏာ (Dementia)အပါအဝင် မှတ်ဥာဏ်ဆုံးရှုံးမှုလက္ခဏာများ

ဦးနှောက်ကောင်းစွာမလုပ်ဆောင်နိုင်တော့တဲ့လက္ခဏာ (Dementia) ဆိုတာဟာ မှတ်ဥာဏ်ဆုံးရှုံးမှုပုံစံတစ်မျိုးဖြစ်ပြီး သတိမေ့တတ်ရုံမျှ အခြေအနေနဲ့ မတူပါဘူး။ ကျွန်တော်တို့ထက် အသက်ကြီးတဲ့ မိတ်ဆွေသူငယ်ချင်းတွေ နဲ့ ဆွေမျိုးတွေထဲမှာ သတိမေ့တတ်သူတွေ အများကြီးရှိပါတယ်။ ဒါကြောင့်  အောက်မှာဖော်ပြ ထားတဲ့ ဦးနှောက်ကောင်းစွာမလုပ်ဆောင်နိုင်တော့တဲ့ လက္ခဏာ (Dementia) နဲ့ ဆက်စပ်နေတဲ့ မှတ်ဥာဏ်ဆုံးရှုံးမှု လက္ခဏာ(၁၀)ချက်ကို ကောင်းစွာသိထားဖို့ အရေးကြီးပါတယ်။

  • ကိုယ့်ရဲ့နေ့စဉ်ဘဝကိုထိခိုက်စေတဲ့အထိ သတိမေ့တတ်ခြင်း
  • စာဖတ်ဖို့ခက်ခဲခြင်းနဲ့ အကွာအဝေးကိုမချိန်ဆတတ်ခြင်း
  • နေ့စဉ်ဘဝမှာဖြစ်တဲ့အဖြစ်အပျက်များကိုအဖြေရှာဖို့နဲ့ စီမံခန့်ခွဲဖို့ မလုပ်ဆောင်နိုင်ခြင်း
  • ယခင်က လုပ်ခဲ့ဖူးတဲ့အရာများကိုထပ်မံလုပ်ဆောင်ချိန်မှာ အခက်အခဲ ဖြစ်နေခြင်း
  • အချိန်နဲ့နေရာရောထွေးနေခြင်း
  • ဘာသာစကားပြောဆို (သို့) နားလည်ရာမှာ အခက်အခဲရှိခြင်း
  • ကိုယ်နဲ့အကျွမ်းတဝင်မရှိတဲ့နေရာမှာ ပစ္စည်းများကို အထားမှားခြင်း
  • ဆုံးဖြတ်ချက်ချနိုင်စွမ်းလျော့ကျခြင်း
  • ကိုယ်ပျော်ရွှင်စွာလုပ်ဆောင်ခဲ့ဖူးတဲ့ အလုပ်(သို့) လုပ်ဆောင်မှုများနဲ့ ဝေးဝေးနေခြင်း
  • စိတ်ခံစားမှုနှင့်အရည်အချင်းပြောင်းလဲခြင်း

ဦးနှောက်သက်တမ်းကိုကြာရှည်ခံစေတဲ့နည်းလမ်း(၁၀)ခု

  • ကောင်းစွာအနားယူခြင်းနဲ့ သင့်တင့်တဲ့အိ်ပ်စက်မှုပမာဏ
  • အဓိကအစားအစာအုပ်စု(၅)စု သင့်လျော်စွာပါဝင်အောင်စားသုံးခြင်း
  • ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်း
  • အကောင်းမြင်ခြင်း (သို့) ဘဝကိုအကောင်းဘက်မှကြည့်ခြင်း
  • တရားထိုင်ခြင်း
  • ကိုယ့်ရဲ့ စဉ်းစားတွေးခေါ်မှုများအတွက်စက်ကိရိယာများအပေါ် မှီခိုစရာမလိုခြင်း
  • လူမှုဝန်းကျင်နဲ့ နီးကပ်စွာနေခြင်း
  • ပျင်းရိနေမယ့်အစားတက်တက်ကြွကြွနဲ့ရှာဖွေတွေးတောခြင်း
  • ကိုယ့်ကိုယ်ကိုလှုံ့ဆော်မှုရှိခြင်း
  • အားပေးတတ်တဲ့သဘောထားရှိခြင်း
အဆင့်သတ်မှတ်ချက်

မှတ်ပုံတင်ပြီးသားလား။