အထွေထွေကျန်းမာရေး စစ်ဆေးမှု (general health check-up) တစ်ခု လုပ်မယ်ဆိုရင် သွေးတွင်းကိုလက်စထရော နဲ့ သွေးတွင်းသကြားဓာတ် စတဲ့ အဆင့်အမျိုးမျိုးကို တိုင်းတာဖို့ သွေးစစ်ဆေး မှုများ ပါဝင်လေ့ရှိပါတယ်။ ဒီစစ်ဆေးမှုတွေက ငုပ်လျှိုးနေတဲ့ ကျန်းမာရေးအခြေအနေ တွေကိုဖော်ထုတ် နိုင်တဲ့အပြင် ဖြစ်ခဲ့ပြီးတဲ့ကာလနဲ့ လက်ရှိကျန်းမာရေး စီမံခန့်ခွဲမှုဆိုင်ရာ အပြုအမူများ ကိုလည်း ထင်ဟပ်စေ နိုင်ပါတယ်။ ဒါ့အပြင် နှလုံးလျှပ်စစ်ဓာတ်စီးကြောင်းတိုင်းတာခြင်း (ECG) စစ်ဆေးမှုကနေ သွေးကြောပိတ်ဆို့ မှုဆိုင်ရာ ပြဿနာများ (coronary artery problems)၊ နှလုံးကြီးခြင်း (cardiomegaly) သို့မဟုတ် နှလုံးခုန်မမှန် ခြင်း (arrhythmia) စတဲ့ အခြေအနေများကို ဖော်ထုတ်ပြသနိုင်ပါတယ်။ သို့သော် ဒီစစ်ဆေးမှုတွေက အနာဂတ်မှာ ဖြစ်လာနိုင်ခြေရှိတဲ့ ကျန်းမာရေးဆိုင်ရာ ပြဿနာများကိုတော့ ကြိုတင်ခန့်မှန်းနိုင်စွမ်း ရှိမည် မဟုတ်ပါ။ လေဖြတ်ခြင်း နဲ့ ပြင်းထန်နှလုံးသွေးကြောကျဉ်းရောဂါ (acute myocardial ischemia) အပါအဝင် သွေးကြောဆိုင်ရာ ပြဿနာများဟာ ခန္ဓာကိုယ်နဲ့ ဘဝတစ်ခုလုံးအပေါ် သိသိသာသာ ထိခိုက်မှု ဖြစ်စေသော၊ ကြိုတင်မခန့်မှန်းနိုင်ဘဲရုတ်တရက်လည်းဖြစ်ပေါ် တတ်သော အခြေအနေများဖြစ်ကြပါတယ်။ ဦးနှောက်သွေးကြောဆိုင်ရာ (cerebrovascular) နဲ့ နှလုံးသွေးကြော ဆိုင်ရာ (cardiovascular) အခြေအနေ အများစုဟာ သွေးတိုးခြင်း (hypertension)၊ ကိုလက်စထရော မြင့်မားခြင်းနဲ့ သွေးကြောရောင်ရမ်းခြင်း (vascular inflammation) တို့မှ ဖြစ်ပေါ်လာကြခြင်းဖြစ်ပါတယ်။
AI မြင်လွှာပုံရိပ်နည်းပညာဟာ အခုဆိုရင် ဖြစ်လာနိုင်ခြေရှိတဲ့ ကျန်းမာရေးဆိုင်ရာစိန်ခေါ်မှုတွေကို ခန့်မှန်း ထောက်လှမ်းရာမှာ အသုံးပြုနေပြီဖြစ်ပြီး လိုအပ်တဲ့ကြိုတင်ကာကွယ်ရေးစောင့်ရှောက်မှုအစီအစဉ်များကို ရေးဆွဲနိုင်ဖို့ အခွင့်အရေးရရှိခဲ့ပါတယ်။ ဒီနည်းပညာနဲ့ မြင်လွှာပုံရိပ်ကို ဓာတ်ပုံရိုက်ယူခြင်း နဲ့ ခွဲခြမ်းစိတ်ဖြာခြင်းတို့ကို ပြုလုပ်နိုင်ပြီး ရရှိလာတဲ့ အဖြေတွေကို အဓိပ္ပာယ် ဖွင့်ဆိုပါတယ်။
မြင်လွှာဧရိယာဟာ သွေးကြောငယ်လေးများအပါအဝင်သွေးကြောများကို မြင်နိုင်တဲ့နေရာပဲ ဖြစ်ပါတယ်။ မြင်လွှာမှာရှိတဲ့ သွေးလွှတ်ကြောအရွယ်အစားမှာ 135.73 ± 15.64 μm ဖြစ်ပြီး၊ သွေးပြန်ကြောရဲ့ အရွယ်အစားကတော့ 151.32 ± 15.22 μm ဖြစ်ပါတယ်။ သည်သွေးကြောငယ်တွေမှာ ဖြစ်ပေါ်လာတဲ့ ပြောင်းလဲမှုတွေကို ကြည့်ပြီး ခန္ဓာကိုယ်မှာ မူမမှန်မှုများ စတင်ဖြစ်ပေါ်နေပြီဆိုတာကို စောစီးစွာ ဖော်ထုတ် နိုင်ပါတယ်။
ဒါ့အပြင်၊ ဦးနှောက်အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ အမြင်အာရုံကြော ကို ဖန်ဒိုစကုပ်ဖြင့် စစ်ဆေးခြင်း (fundoscopic examination) ဖြင့် ရေတိမ် (glaucoma) ကဲ့သို့သော အခြေအနေများအကြောင်း သိမြင် နိုင်ပြီး မှတ်ဉာဏ်ချွတ်ယွင်းမှု (dementia) ဖြစ်နိုင်ခြေကိုလည်း ကြိုတင်ခန့်မှန်းပေးနိုင်ပါတယ်။
“AI မြင်လွှာပုံရိပ်နည်းပညာ ဆိုတာ” AI ရဲ့ “နက်ရှိုင်းသော သင်ယူမှု နည်းပညာ” (AI deep-learning technology) ကို အသုံးပြုပြီး မျက်လုံးအတွင်းရှိ သွေးကြောများနဲ့ အာရုံကြောများရဲ့ အရည်အသွေးကို အကဲဖြတ်ဖို့ မြင်လွှာရဲ့ ပုံရိပ်များကို ရိုက်ယူကာ၊ အနာဂတ် ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုရှိနိုင်ခြေ ၆ မျိုး နဲ့ မျက်စိအခြေအနေ ၃၅ မျိုး အတွက် စိန်ခေါ်မှုအဆင့်များကို အကဲဖြတ်ပေးနိုင်သည့် နည်းပညာတစ်ခုပဲ ဖြစ်ပါတယ်။
AI မြင်လွှာပုံရိပ်နည်းပညာ (AIRDOC) မှာ မြင်လွှာနှစ်ဖက်လုံးရဲ့ ပုံရိပ်တွေကို ရိုက်ကူးမှု ပါဝင်ပြီး ပုံရိပ်တွေကို စီမံခန့်ခွဲနိုင်ဖို့ အလိုအလျောက်ချိန်ညှိခြင်း၊ ကြည်လင်ပြတ်သားမှုနဲ့ အသေးစိတ်တိကျမှုအတွက် အလိုအလျောက် ထိန်းညှိခြင်း နဲ့ အလိုအလျောက် ရိုက်ကူးခြင်းတွေကို ဆောင်ရွက်ပါတယ်။ ပြီးမှ cloud ပေါ်ကို လုံခြုံစိတ်ချရစွာ တင်ပါတယ်။ ပြီးတော့မှ AI ရဲ့ “နက်ရှိုင်းသော သင်ယူမှု နည်းပညာ” (AI deep-learning technology) ကို အသုံးပြုပြီး အာရုံကြောကွန်ယက်အတုတစ်ခုကို ဖန်တီး၊ ရိုက်ကူးထားတဲ့ ပုံရိပ်က ရရှိတဲ့ မူမမှန်မှုများနဲ့ နှိုင်းယှဉ်ကာ အနာဂတ် ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုရှိနိုင်ခြေ ၆ မျိုးကို အကဲဖြတ်ပါတယ်။
လူနေမှုပုံစံ ပြုပြင်ပြောင်းလဲမှုများနဲ့ စဉ်ဆက်မပြတ် ကျန်းမာရေး စောင့်ရှောက်မှုများကို ဘယ်လောက် လိုက်နာဆောင်ရွက်သလဲ ဆိုတာအပေါ်မူတည်ပြီး စိန်ခေါ်မှုရှိနိုင်ခြေအဆင့်ဟာ တိုးလာနိုင်သလို လျော့လည်း လျော့ကျ ကျသွားနိုင်ပါတယ်။
မျက်လုံးထဲက မြင်လွှာဟာ သွေးကြောတွေကို မြင်နိုင်တဲ့နေရာဖြစ်ပြီး၊ ဒီသွေးကြောငယ်လေးတွေမှာ ဖြစ်နေတဲ့ ပြောင်းလဲမှုတွေကနေတစ်ဆင့် ခန္ဓာကိုယ်တွင်း ကျန်းမာရေးဆိုင်ရာ မူမမှန်မှုများ စတင်နေပြီ ဖြစ်တယ်ဆိုတာကို ခြေရာခံနိုင်ပါတယ်။ ဥပမာအားဖြင့်၊ ရုတ်တရက် သွေးတိုးခြင်း (acute high blood pressure) ကြောင့် မျက်လုံးမြင်လွှာသွေးကြောများ ယိုစိမ့်ခြင်းနဲ့သွေးထွက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် မျက်လုံးမြင်လွှာသွေးကြောတွေဟာ သွေးကြောမာ၍ ထူပြီး ကျဉ်းခြင်း (atherosclerosis) နဲ့ ဆီးချိုသွေးချို ဖြစ်နိုင်ခြေ (risk of diabetes) ကဲ့သို့သော အနာဂတ်ရောဂါများကို ကြိုတင်ခန့်မှန်းရာမှာ အလွန်အရေးပါ ပါတယ်။ ဒါ့အပြင်၊ မျက်လုံးမြင်လွှာဆိုတာ ဦးနှောက်၏ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ အမြင်အာရုံကြောရဲ့ ဆက်စပ်မှုအပိုင်း (extension) လည်း ဖြစ်ပါတယ်။ ဖန်ဒိုစကုပ်စစ်ဆေးခြင်း (Fundoscopic examination) ဖြင့် ရေတိမ် (glaucoma) ကဲ့သို့သော အခြေအနေများအကြောင်း သိမြင်နိုင်ပြီး မှတ်ဉာဏ်ချွတ်ယွင်းမှု (dementia) ဖြစ်နိုင်ခြေကို ကြိုတင်ခန့်မှန်းပေးနိုင်ပါတယ်။
AI မြင်လွှာပုံရိပ်နည်းပညာဟာ ထိရောက်မှုကို သေချာစေဖို့ စီမံခန့်ခွဲရာမှာ အချက်အလက်ပမာဏ အများအပြား (large dataset) လိုအပ်တဲ့ AI ကို အသုံးပြုတာကြောင့်၊ ၉၅ ရာခိုင်နှုန်းအထိ မြင့်မားသော တိကျမှုနှုန်း ကို ရရှိပါတယ်။. AI မြင်လွှာပုံရိပ်နည်းပညာကို တရုတ်နိုင်ငံရှိ ထိပ်တန်း ဆေးရုံကြီးများ နဲ့ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများစွာတွင် အသုံးပြုလျက်ရှိတာကြောင့် ပုံရိပ် သန်း ၃၀ အထိရှိသော အချက်အလက် ပမာဏ (dataset) ရလဒ်များလည်း ထွက်ပေါ်လာပြီး ဖြစ်ပါတယ်။
ဤစစ်ဆေးမှုအတွက် မျက်စိသူငယ်အိမ်ကျယ်စေသော ဆေးရည်များ (dilating eye drops) ထည့်ရန် မလိုအပ်သလို မျက်ကပ်မှန်များ (contact lenses) ကို ဖယ်ရှားရန်လည်း မလိုအပ်ပါ။ စစ်ဆေးမှု လုပ်ငန်းစဉ်တစ်ခုလုံးသည် ၁ မိနစ်သာ ကြာမြင့်မှာဖြစ်ပြီး၊ ရလဒ်များကို ၃ မိနစ်အတွင်း ရရှိမှာ ဖြစ်ပါတယ်။
မျက်ခွံတွဲကျနေသောသူများ (droopy eyelids) အတွက် စက်သည် တိကျမှုအတွက် အလိုအလျောက် ထိန်းညှိ (focus) ပြုလုပ်နိုင်ခြင်း မရှိဘဲလည်း ဖြစ်နေနိုင်ပါတယ်။
အရာများ
ဆောင်းပါးများ