ကိုယ်ဝန်ဆောင်တို့အတွက် စားသောက်မှုပုံစံနဲ့ရှိသင့်တဲ့ကိုယ်အလေးချိန်

ကိုယ်ဝန်ဆောင်တို့အတွက် စားသောက်မှုပုံစံနဲ့ရှိသင့်တဲ့ကိုယ်အလေးချိန်

စိတ်ဝင်စားဖွယ်ရာအကြောင်းအရာများ

  • ကိုယ်ဝန်လွယ်ထားရတဲ့အမျိုးသမီးများအနေနဲ့ တစ်နေ့ကို ကယ်လိုရီ ၂၅၅ဝကနေ ၂၆၅၀ လောက်ထိ ပါဝင်အောင်စားသုံးသင့်ပြီး ကိုယ်ဝန်လွယ် ထားတဲ့ကာလတစ်လျှောက်လုံး ကိုယ်အလေးချိန် (၁၂)ကီလိုဂရမ်-(၁၅) ကီလိုဂရမ် ထက်ပိုပြီး မတက်သင့်ပါဘူး။
  • သင့်ရုံမျှကြော်ထား(သို့) ဆီဝအောင်ကြော်ထားတဲ့ အစားအစာများထက် ပြုတ်ထား၊ ပေါင်းထား၊ ရေနွေးဖြောထားတဲ့ အစားအစာများကို ရွေးချယ်စား သုံးသင့်ပါတယ်။ အငန်မုန့်များ၊ ကဖင်းဓာတ်ပါတဲ့အရည်များ၊ အဆီများတဲ့ အသင့်စားအစားအစာများ အပါအဝင် အရသာနဲ့ အချို အလွန်အမင်း ပါဝင်တဲ့ အစားအစာများကို ရှောင်ကျဉ်သင့်ပါတယ်။
  • ကိုယ်ဝန်ဆောင်စဉ် ကိုယ်အလေးချိန်တက်လာတဲ့ မိခင်လောင်းများဟာ ဆီးချိုနဲ့ သွေးတိုး ပိုမိုဖြစ်ပွားနိုင်ခြေရှိပါတယ်။ ကိုယ်ဝန်ဆောင်စဉ်မှာ အစားအသောက်မစားဘဲနေလိုက်ခြင်းဟာ ဗိုက်ထဲကကလေးငယ်ရဲ့ ဦးနှောက်နဲ့အာရုံကြောဖွံ့ဖြိုးမှုကို ထိခိုက်စေပါတယ်။

ကိုယ်ဝန်လွယ်ထားချိန်မှာ အမျိုးသမီးတစ်ယောက်ရဲ့ ခန္ဓာကိုယ်နဲ့ အမူအကျင့် များဟာ အဓိကကျပြီး သဘာဝအရ လုံးဝကို ပြောင်းလဲသွားပါတယ်။ တစ်ခါ တစ်ရံမှာ မိခင်လောင်းတို့ဟာ ဗိုက်ထဲက ကလေးရဲ့ ကျန်းမာရေးကို စိုးရိမ်လွန်ပြီး သန္ဓေသားဖွံ့ဖြိုးစေတဲ့ အစားအသောက်များ ကို ရှာဖွေစားသောက်ပေမယ့် တကယ်တမ်းရလဒ်ကတော့ မိခင်ကို ကိုယ်အလေးချိန် တက်သွားစေပါတယ်။ တချို့မိခင်တွေကျတော့လည်း ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်အလေးချိန်တိုးလာ ပြီး ကလေးမွေးပြီးနောက် ဝိတ်ပြန်မကျမှာစိုးရိမ်ပြီးအစားတွေရှောင်ကြပါတယ်။

ဒါကြောင့် ကိုယ်ဝန်ဆောင်များအနေနဲ့ မိခင်ရော ကလေးအတွက်ပါ ကျန်းမာပြီး အကျိုးရှိစေသလို မွေးဖွားပြီးနောက် နဂိုအနေအထားအတိုင်းပြန်ရကာ သန်မာ သွယ်လျတဲ့ ခန္ဓာကိုယ်ရရှိစေဖို့ သင့်တင့်တဲ့ စားသောက်မှုပုံစံတစ်ခုကို ထည့်သွင်းစဉ်းစားဖို့ လိုတယ်မဟုတ်လား? မိခင်လောင်းတို့အတွက် မှန်ကန်တိ ကျတဲ့ ကိုယ်အလေးချိန်၊ လိုအပ်တဲ့ စားသောက်မှုပုံစံများနဲ့ပတ်သက် လို့ စိတ်ဝင်စားဖွယ်ရာ မေးခွန်းတချို့ ကို ကြည့်ကြရအောင်ပါ။

၁ ။ ကိုယ်ဝန်စလွယ်တဲ့အချိန်မှစကာ ကလေးမွေးပြီးတဲ့အချိန်အထိ ကိုယ်အလေးချိန် ဘယ်လောက်ရှိသင့်လဲ?

အမျိုးသမီးတစ်ယောက်ရဲ့ ကိုယ်အလေးချိန်ဟာ ပထမသုံးလပတ် ကာလ အတွင်းမှာ (၂) ကီလိုဂရမ်ထက် ပိုပြီး မတက်လာသင့်ပါဘူး။ ကိုယ်အလေး ချိန် ဟာ ဒုတိယနဲ့ တတိယသုံးလပတ် ကာလတစ်လျှောက်လုံး တစ်ပတ် လျှင် (၀.၅) ကီလိုဂရမ် (သို့) ၁.၁ ပေါင် ထက်ပိုပြီး မများလာသင့်ပါဘူး။ ဒါကြောင့် ကိုယ်ဝန်လွယ်ထား တဲ့ကာလတစ်လျှောက်လုံးမှာ မိခင်ရဲ့ စုစုပေါင်း ကိုယ်အလေးချိန်ဟာ (၁၂)ကီလို ဂရမ်မှ (၁၅)ကီလိုဂရမ် ထက် ပိုပြီး မတက် သင့်ပါဘူး။ ကိုယ်ဝန် မလွယ်ခင်မှာ အဝလွန်နေသူ အမျိုးသမီးများ ( BMI အညွှန်းကိန်း ၂၅ အထက်ရှိ သူများ)ဆိုရင် ကိုယ်ဝန်ဆောင်စဉ်ကာလ တစ်လျှောက်လုံးမှာ (၈)-(၁၀) ကီလို ဂရမ် ထက်ပိုပြီး မတက်သင့်ပါဘူး။

၂ ။ ကိုယ်ဝန်ဆောင်စဉ်အတွင်း ကိုယ်အလေးချိန်များခြင်း(သို့)နည်းခြင်းဟာ မိခင်နဲ့ကလေးကျန်းမာရေးကို ဘယ်လိုထိခိုက်မှုရှိစေလဲ?

ကိုယ်ဝန်ဆောင်စဉ်အတွင်း ကိုယ်အလေးချိန်များလွန်းနေတဲ့ မိခင်များဟာ ဆီးချို၊ သွေးတိုးကဲ့သို့ ရောဂါဖြစ်နိုင်ခြေအများကြီးရှိပါတယ်။ ကိုယ်ဝန်ဆောင်စဉ်အတွင်း မှာ ကိုယ်အလေးချိန်ကျမယ်(သို့) အစာ မစားဘဲနေတဲ့ အမျိုးသမီးများဟာ ခန္ဓာ ကိုယ်တွင်း Energy လောင်ကျွမ်းဖို့ ကာဗိုဟိုက်ဒရိတ် အလုံအလောက်မရှိ တဲ့ သွေးရောဂါ (Ketosis Blood Disorder) ဖြစ်နိုင်ခြေများပြီး ဗိုက်ကထဲက ကလေးရဲ့ ဦးနှောက်နဲ့အာရုံကြောဆိုင်ရာဖွံ့ဖြိုးမှုကို ဆိုးကျိုးဖြစ်စေပါတယ်။

၃ ။ ကိုယ်ဝန်ဆောင်မိခင်တွေဟာ ဗိုက်ထဲက ကလေးအတွက်ပါ နှစ်ဆ စားပေးဖို့ လိုတယ်ဆိုတာတကယ်ပဲလား?

အမေးများတဲ့မေးခွန်းတစ်ခုဖြစ်ပါတယ်။ ရိုးရှင်းတဲ့ နားလည်မှုလွဲ မှားခြင်းလို့ ဆိုရမှာပါ။ သာမန် အမျိုးသမီးတစ်ယောက်ဟာ တစ်နေ့ကို (၂၂၀၀) ကယ်လိုရီ စားဖို့လိုပြီး ကိုယ်ဝန်ဆောင်ပြီဆိုရင် နောက်ထပ် (၃၅၀)-(၄၀၀) ကယ်လိုရီ ထပ်စားပေးရင် လုံလောက်ပါပြီ။

၄ ။ ခဏခဏစားချင်စိတ်ဖြစ်နေတဲ့ကိုယ်ဝန်ဆောင်မိခင်တွေအတွက် ဘာတွေ လိုက်နာသင့်လဲ?
ကိုယ်အလေးချိန်တက်လာခြင်းမျိုးမဖြစ်အောင် ဘာတွေစားသင့်သလဲ?

အကောင်းဆုံးနည်းလမ်းကတော့ ပမာဏများများနဲ့အကြိမ်အရေအတွက်နည်း နည်း စားတာမျိုးထက်စာရင် နည်းနည်းစားပြီး ထပ်ခါထပ်ခါစားတာမျိုး လုပ်သင့်ပါတယ်။ တကယ်လို့ ကိုယ်အလေးချိန်တက်လာမှာကို စိုးရိမ်တယ်ဆိုရင် မနက်စာနဲ့ နေ့လည်စာကို ပုံမှန်အတိုင်းစားပြီး ညနေဘက်ကို ပရိုတိန်း၊နို့ နဲ့ ကာဗိုဟိုက်ထရိတ်(ထမင်း) ကို သင့်တင့်ရုံမျှသာစားဖို့ အကြံပြုချင်ပါတယ်။ ထပ်မံဖြည့်စွက်ချင်တာကတော့ ညနေစာစားပြီးတာနဲ့ ချက်ချင်း အိပ်စက်အနား ယူတာမျိုးမလုပ်ဘဲ အစာချေဖျက်ချိန်ရဖို့ လမ်းအနည်းငယ်လျှောက်တာ ခဏထိုင်တာမျိုးလုပ်ဖို့ အကြံပေးချင်ပါတယ်။

၅ ။ ဘယ်လိုအစားအစာတွေစားသင့်ပြီး ဘယ်လိုအစားအစာတွေကို ရှောင်ကျဉ်သင့်လဲ?

ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေနဲ့ အဓိကအစားအစာ အုပ်စု (၅)ခု သင့်တင့်မျှတစွာ ပါဝင်တဲ့ စားသောက်မှုပုံအတိုင်း ပြုတ်ခြင်း၊ ပေါင်းခြင်း၊ ရေနွေး ဖြောခြင်း စသဖြင့် မိမိ နှစ်သက်တဲ့ ချက်ပြုတ်နည်းအတိုင်း စားသင့်ပါတယ်။ အငန်မုန့်များ၊ ကဖင်းဓာတ်ပါတဲ့သောက်စရာများ၊ အဆီများတဲအသင့်စား အစား အစာများ ကဲ့သို့  အရသာနဲ့ အချိုဓာတ် အလွန်အမင်းပါတာတွေကို အထူးရှောင်ကျဉ်ရပါမယ်။

ဒီလိုမျိုး ဆောင်ရန်ရှောင်ရန်တွေကို လိုက်နာမယ်ဆိုရင် ကိုယ်ဝန်ဆောင်မိခင် တွေအနေနဲ့ ကိုယ်အလေးချိန်ဟာ ပုံမှန်လေးပဲ တိုးလာမှာဖြစ်ပြီး စုစုပေါင်း တိုးလာတဲ့ကိုယ်အလေးချိန်ဟာ လက်ခံနိုင်လောက်တဲ့ ကိန်းဂဏန်းတစ်ခုမှာ ပဲ ရှိနေမှာဖြစ်ပါတယ်။ ဒါဆိုရင် အဆင်ပြေပြေဘေးကင်းစွာ ကလေးမွေးဖွားပြီးပြီ ဆိုတာနဲ့ အချိန်တိုတိုအတွင်းမှာပဲ နဂိုမူလကိုယ်ခန္ဓာအတိုင်း ကျန်းမာသန်စွမ်း စွာ ပြန်လည်ရရှိမှာ အသေအချာပဲပေါ့။

အဆင့်သတ်မှတ်ချက်

မှတ်ပုံတင်ပြီးသားလား။