Modernaကာကွယ်ဆေးနဲ့ပတ်သက်ပြီး သိထားသင့်တဲ့အကြောင်းအရာ(၇)ချက်

Modernaကာကွယ်ဆေးနဲ့ပတ်သက်ပြီး သိထားသင့်တဲ့အကြောင်းအရာ(၇)ချက်

အဓိကအချက်များ

  • ၂၀၂၁ခုနှစ် ဇွန်လတွင် ထုတ်ပြန်ခဲ့တဲ့အချက်အလက်များအရ Moderna အမျိုးအစား ကာကွယ်ဆေးဟာ COVID 19 ရောဂါကူးစက်မှုကို (၉၄.၁) ရာခိုင်နှုန်းအထိ ထိရောက်စွာကာကွယ်ပေးနိုင်ပြီး အသက်(၆၅)နှစ်အထက် လူကြီးများကို (၈၆.၄) ရာခိုင်နှုန်းကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဒီကာကွယ်ဆေးအမျိုးအစားဟာ ပြင်းထန်တဲ့ COVID 19 ရောဂါ ကူးစက်မှုကို ရာနှုန်းပြည့်ကာကွယ်ပေးနိုင်ပြီး ရောဂါကြောင့်ဖြစ်တဲ့သေဆုံးနိုင်ခြေ ကိုလည်း ရာနှုန်းပြည့်လျှော့ချပေးနိုင်ပါတယ်။
  • Moderna အမျိုးအစားကာကွယ်ဆေးထိုးခြင်းကြောင့် ခံစားရတဲ့ ဘေးထွက်ဆိုး ကျိုး လက္ခဏာများဟာ (၂)ရက်-(၃)ရက်အတွင်းမှာ ပျောက်ကင်းသွားနိုင်သလို တစ်ကြိမ်ထိုးနှံအပြီး မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ခြေဟာ (၀.၀၃) ရာခိုင်နှုန်းသာ ရှိပါတယ်။ အသက်ရှူရခက်ခြင်း၊ ပါးစပ်ရောင်ရမ်းခြင်း၊ မျက်နှာဖောရောင်ခြင်း၊ ရင်တုန်ခြင်း၊ ခန္ဓာကိုယ်တစ်ခုလုံး အဖုအပိန့်ထွက်ခြင်း စတဲ့ ပြင်းထန်လက္ခဏာတွေဟာလည်း လူ အယောက်(၁)သန်းမှာ(၂.၅)ယောက် သာ ဖြစ်နိုင်ခြေရှိပါတယ်။

Mordena ကာကွယ်ဆေးဟာ ဆေးပညာအခေါ် mRNA-1273 လို့လည်း ခေါ်ဆိုပြီး ဆေးဘက်ဆိုင်ရာရောဂါကာကွယ်မှု နယ်ပယ်မှာ နောက်ဆုံးပေါ် နည်းပညာအဖြစ် သတ်မှတ်ထားကြပါတယ်။ ဒီကာကွယ်ဆေးအမျိုးအစားဟာ ပရိုတိန်းအခြေခံကာကွယ်ဆေး(Protein-Based Vaccines)၊ ဘတ်တီးရီးယား/ ဗိုင်းရပ်စ်/ပိုးမွှားများဖြင့်ဖော်စပ်ထားသည့်ကာကွယ်ဆေး(Inactivated Vaccines)၊ အထူးပြုလုပ်ထားတဲ့ဗိုင်းရပ်စ်ဖြင့်ဖော်စပ်ထားသည့်ကာကွယ်ဆေး (Viral Vector Vaccines) များနဲ့မတူပါဘူး။ ဒီကာကွယ်ဆေးကို အမေရိကန်နိုင် ငံမှာရှိတဲ့ ModernaTX Inc ကုမ္ပဏီကထုတ်လုပ်ခဲ့ပြီး လက်ရှိမှာတော့ ကမ္ဘာ ပေါ်မှာ ထိရောက်မှုအရှိဆုံး Covid-19 ကာကွယ်ဆေးအဖြစ် သတ်မှတ်ထား ကြပါတယ်။

အစားအသောက်နှင့်ဆေးဝါးကွပ်ကွဲရေးအဖွဲ့(FDA) မှ Moderna ကာကွယ်ဆေး ကို မှတ်ပုံတင်မှု ပြုလုပ်တာနဲ့တစ်ပြိုင်နက် ၂၀၂၁ ခုနှစ် မေလ (၁၃) ရက်နေ့မှာ အသိအမှတ်ပြုခံခဲ့ရကာ ၎င်း မှတ်ပုံတင်ဟာ ၂၀၂၂ ခုနှစ် မေလ(၁၂)ရက်နေ့ အထိ အကျုံးဝင်ပါတယ်။ ဒီကာကွယ်ဆေးရဲ့ ထိရောက်မှုနဲ့ ဘေးကင်းလုံခြုံမှု အပေါ်လည်း မေးခွန်းပေါင်းများစွာရှိခဲ့ပါတယ်။ Moderna ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး ဘာတွေမေးခွန်းထုတ်စရာရှိလဲဆိုတာကို ကြည့်ကြရအောင်ပါ။

၁ ။ Moderna(mRNA-1273) ကို ဘယ်လိုထုတ်လုပ်ခဲ့သလဲ?

  • ပထမအပိုင်းကတော့ SAR-CoV-2 ဗိုင်းရပ်စ်ရဲ့ မျိုးဗီဇကုဒ်အမည်mRNA(သို့) ဗိုင်းရပ်စ်ရဲ့ဆူးချွန်(Spike) များဟာ ဗိုင်းရပ်စ်ကို ဆဲလ်များဆီတွယ်ကပ်ဖို့ အဓိကလုပ်ဆောင်ပြီး ရောဂါကူးစက်မှုကို အသက်ရှူလမ်းကြောင်းစနစ်အတွင်း သက်ရောက်မှုရှိစေပါတယ်။
  • ဒုတိယအပိုင်းကတော့  mRNA ကိုဖုံးအုပ်ထားတဲ့ အဆီဖုငယ်လေးများ ( Lipid Nanoparticle) ဟာ လူ့ခန္ဓာကိုယ်တစ်ခုလုံးမှာ တွေ့ရတဲ့ Ribonuclease Enzymes  များကို ဗိုင်းရပ်စ်များဖြိုခွဲဖျက်စီးမှုမပြုလုပ်နိုင်အောင် ကာကွယ်ပေး ထားပါတယ်။

၂။ ဒီကာကွယ်ဆေးကဘယ်လိုလုပ်ဆောင်တာလဲ?

Mordena ကာကွယ်ဆေးဟာ ဆေးပညာအခေါ် mRNA-1273 လို့လည်း ခေါ်ဆိုပြီး ဆေးဘက်ဆိုင်ရာရောဂါကာကွယ်မှု နယ်ပယ်မှာ နောက်ဆုံးပေါ် နည်းပညာအဖြစ် သတ်မှတ်ထားကြပါတယ်။ ဒီကာကွယ်ဆေးအမျိုးအစားဟာ ပရိုတိန်းအခြေခံကာကွယ်ဆေး(Protein-Based Vaccines)၊ ဘတ်တီးရီးယား/ ဗိုင်းရပ်စ်/ပိုးမွှားများဖြင့်ဖော်စပ်ထားသည့်ကာကွယ်ဆေး(Inactivated Vaccines)၊ အထူးပြုလုပ်ထားတဲ့ဗိုင်းရပ်စ်ဖြင့်ဖော်စပ်ထားသည့်ကာကွယ်ဆေး (Viral Vector Vaccines) များနဲ့မတူပါဘူး။ ဒီကာကွယ်ဆေးကို အမေရိကန်နိုင် ငံမှာရှိတဲ့ ModernaTX Inc ကုမ္ပဏီကထုတ်လုပ်ခဲ့ပြီး လက်ရှိမှာတော့ ကမ္ဘာ ပေါ်မှာ ထိရောက်မှုအရှိဆုံး Covid-19 ကာကွယ်ဆေးအဖြစ် သတ်မှတ်ထား ကြပါတယ်။

၃ ။ ကာကွယ်ဆေးကဘယ်လောက်ထိရောက်မှုရှိလဲ

Moderna ကာကွယ်ဆေးဟာ Covid-19 ရောဂါပိုးကူးစက်မှုကိုကာကွယ်ရာမှာ အသုံးပြုဖို့အတွက် WHO ရဲ့ အသိအမှတ်ပြုမှုကို ၂၀၂၁ ခုနှစ် ဧပြီလ(၃၀) ရက်နေ့မှာ ရရှိခဲ့ပြီး ၂၀၂၁ခုနှစ် မေလ(၁၃)ရက်နေ့မှာ ထိုင်း FDA မှာ မှတ်ပုံတင် တင်သွင်းခဲ့ပါတယ်။  အချက်အလက်များအရ အဆိုပါကာကွယ်ဆေး ဟာ ပုံမှန် လူတို့အတွက် Covid-19 ရောဂါကူးစက်မှုကို (၉၄.၁) ရာခိုင်နှုန်းအထိ ထိရောက်စွာကာကွယ်ပေးနိုင်ပြီး အသက် (၆၅)နှစ်အထက်လူကြီးများအတွက် (၈၆.၄) ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ဒီကာကွယ်ဆေးအမျိုး အစားဟာ ပြင်းထန်တဲ့ COVID 19 ရောဂါကူးစက်မှုကို ရာနှုန်းပြည့်ကာကွယ် ပေးနိုင်ပြီး ရောဂါကြောင့်ဖြစ်တဲ့သေဆုံးနိုင်ခြေကိုလည်း ရာနှုန်းပြည့်လျှော့ချ ပေးနိုင်ပါတယ်။ မကြာသေးခင်ကပြုလုပ်ခဲ့တဲ့ ဓာတ်ခွဲခန်းစစ်ဆေးချက်များအရ Moderna ကာကွယ်ဆေးဟာ ဗြိတိန်မှာတွေ့ရတဲ့ B.1.17 မျိုးကွဲဗီဇ၊ တောင်အာဖရိကမှာတွေ့ရတဲ့ B.1.135 မျိုးကွဲဗီဇ (၂) မျိုးစလုံးကို ကာကွယ်ဖို့ အတွက် ခန္ဓာကိုယ်ခုခံအားစနစ်ကို ထိထိရောက်ရောက် ပြည့်စုံလုံလောက်စွာ လှုံ့ဆော်ပေးနိုင်တယ်လို့ သိရပါတယ်။

၄ ။ အသက်အရွယ်နှင့်ဆေးထိုးခြင်းအကြိမ်အရေအတွက်

Moderna ကာကွယ်ဆေးဟာ အသက်(၁၈)နှစ်အထက် လူပုဂ္ဂိုလ်များအတွက် အထူးသင့်လျော်ကာ ဆေး(၂)ကြိမ်ထိုးဖို့လိုကာ တစ်ကြိမ်နဲ့ တစ်ကြိမ်ကြား (၄) ပတ် ခြားရပါမယ်။ အမေရိကန်၊ ကနေဒါ၊ ဆွစ်ဇာလန်၊ အင်္ဂလန်၊ တချို့ဥရောပနိုင်ငံများ၊ အစ္စရေးလ်၊ ကာတာ၊ ဘရူနိုင်း၊ စင်ကာပူ၊ ဗီယက်နမ်၊ ဂျပန် စသည့်နိုင်ငံများအပါအဝင် နိုင်ငံ(၁၄)ခု ကျော်မှာ အသုံးပြုနေကြပါတယ်။

၅ ။ Mordena ကာကွယ်ဆေးမှာ ဘယ်လိုဘေးထွက်ဆိုးကျိုးမျိုးတွေရှိနိုင်လဲ?

အမေရိကန်ကူးစက်ရောဂါထိန်းချုပ်မှုစင်တာ(American Communicable Disease) မှ လုပ်အားပေးစေတနာ့ဝန်ထမ်း (၁၅၀၀၀) ပါဝင်တဲ့ အဖွဲ့ကို စမ်းသပ်စစ်ဆေးမှုများအရ (၀.၀၃)ရာခိုင်နှုန်းသာလျှင် ဆေးထိုးပြီးနောက် မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးများ ကို ခံစားခဲ့ရကြောင်း ထုတ်ပြန်ထားပါတယ်။ အသေးစိတ်အချက်အလက်များအဖြစ် -

  • အသေးစားလက္ခဏာများအဖြစ် ဆေးထိုးသည့်နေရာတွင် အနည်းငယ်မှ အသင့်အတင့်ရှိတဲ့နာကျင်မှုခံစားရခြင်း၊ မောပန်းခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုက်ခဲနာကျင်ခြင်း၊ ချမ်းတုန်ခြင်း၊ ဖျားခြင်း၊ မူးဝေခြင်း၊ ပျို့အန်ခြင်း စသည်တို့ကိုခံစားရတတ်သော်လည်း (၂)ရက်-(၃)ရက် အတွင်း ပျောက်ကင်းသွားပါတယ်။
  • အသက်ရှူရခက်ခြင်း၊ နှုတ်ခမ်းရောင်ခြင်း၊ မျက်နှာဖောရောင်ခြင်း၊ ရင်တုန်ခြင်း၊ တစ်ကိုယ်လုံးအဖုအပိန့်ထွက်ခြင်း စတဲ့ ပြင်းထန်လက္ခဏာတွေများကို လူ အယောက်(၁)သန်းမှာ (၂.၅) ယောက်နှုန်းလောက်သာ ခံစားရနိုင်ခြင်း။

၆ ။ ဒီကာကွယ်ဆေးက အသက်(၁၈)နှစ်အောက်ကလေးတွေရောထိုးလို့ရလား?

၂၀၂၁ခုနှစ် မေလ(၈)ရက်နေ့မှာ ထုတ်ပြန်တဲ့ ဆေးဘက်ဆိုင်ရာစမ်းသပ်မှုများအရ Moderna ကာကွယ်ဆေးကို အသက်(၁၂)နှစ်မှ (၁၇)နှစ်အတွင်း ကလေးငယ်များကို ထိုးနှံပေးခဲ့ရာမှာ (၉၆) ရာခိုင်နှုန်း ထိ ရောဂါကူးစက်မှုကို ထိရောက်စွာ ကာကွယ်နိုင်ခဲ့ ကြောင်းသိရပါတယ်။ လက်ရှိချိန်မှာ အသက်(၆)လမှ (၁၁)နှစ်အရွယ်ကလေးများ အတွက် ထိုးလို့ ရ မရ ဆိုတာကို စမ်းသပ်နေပြီး ရှင်းလင်းတိကျတဲ့ ရလဒ်တော့ ထွက်မလာသေးပါဘူး။ လက်ရှိထိုင်းနိုင်ငံမှာ အသက်(၁၈)နှစ်အောက် ကလေးတွေ Moderna ကာကွယ်ဆေး ထိုးလို့ ရ မရဆိုတာနဲ့ပတ်သက်ပြီး ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန ရဲ့ တိကျတဲ့ အဖြေကို စောင့်နေကြပါတယ်။

၇ ။ Moderna ကာကွယ်ဆေးထိုးမယ့်သူတွေအတွက်သတိပြုစရာများ

  • Moderna မှာပါဝင်တဲ့ ပါဝင်ပစ္စည်း(သို့) တခြား mRNA ကာကွယ်ဆေးများရဲ့ ပါဝင်ပစ္စည်းများနဲ့ ဓာတ်မတည့်မှု ရှိခဲ့ဖူးတယ်ဆိုရင် ကာကွယ်ဆေးမထိုးခင် ဆရာဝန်နဲ့ အရင်ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
  • နေမကောင်းသူများ (သို့) Covid-19 ရောဂါကူးစက်ခံထားရတယ်လို့ သံသယ ရှိတယ်ဆိုရင် Covid-19 ကာကွယ်ဆေးမထိုးသင့်ပါဘူး။
  • နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချို၊ ကျောက်ကပ်ရောဂါနဲ့ ပုံမှန်ဆေးသောက်ဖို့ လိုတဲ့ရောဂါ စတဲ့ ရောဂါအခံများရှိသူများအနေနဲ့ ရောဂါမဖောက်ဘူး၊ ဆရာဝန်ကလည်း သဘောတူညီမှုရှိတယ်ဆိုရင် ကာကွယ်ဆေးထိုးနိုင်ပါတယ်။
  • နို့တိုက်မိခင်များအနေနဲ့ မိမိတို့ရဲ့ရင်သွေးဟာ (၁၂)ပတ် ကျော်ပြီဆိုရင် ကာကွယ်ဆေးထိုးလို့ရပါပြီ။ (Source : Department of Health)  အမေရိကန်နဲ့ တခြားနိုင်ငံတော်တော်များများမှာ နို့တိုက်မိခင်တွေဟာ ကာကွယ်ဆေးထိုးပြီးဖြစ်ပါတယ်။ မိခင်နို့ရည် ကနေ ကလေးဆီကို ကိုယ်ခံအား ကူးပြောင်းနိုင်တယ်ဆိုတဲ့ တိတိကျကျသက်သေမရှိပါဘူး။ မိခင် ပုံမှန်ပြသနေကျ ဆရာဝန်ရဲ့ လမ်းညွှန်မှုအတိုင်းသာ နို့တိုက်မိခင်တွေ ကာကွယ်ဆေးထိုးသင့် ပါတယ်။
  • တခြား Covid-19 ကာကွယ်ဆေးအမျိုးအစား ထိုးထားပြီးသူတွေအနေနဲ့ Moderna ဆေးကိုထိုးမယ်ဆိုရင် ဆရာဝန်နဲ့ အရင်သေချာဆွေးနွေးတိုင်ပင် သင့်ပါတယ်။
  • Covid-19 ကာကွယ်ဆေးတွေကို ပေါင်းပြီးထိုးခြင်းအတွက် တိကျတဲ့ လမ်းညွှန်မှု အချက်အလက်များမရှိတာကြောင့် ဆေးထိုးရာမှာ တစ်ကြိမ်နဲ့ တစ်ကြိမ်ကို အနည်းဆုံး (၄)ပတ်ခြားသင့်ပါတယ်။ ဒါမှသာလျှင် ဆေးရဲ့ ထိရောက်မှုကို ဖျက်စီးပစ်မယ့် မလိုလားအပ်တဲ့ ရုပ်ပိုင်းဆိုင်ရာ တုန့်ပြန်မှုတွေကို ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။

 

အဆင့်သတ်မှတ်ချက်

မှတ်ပုံတင်ပြီးသားလား။