HIFU အကြောင်း တစေ့တစောင်း

HIFU အကြောင်း တစေ့တစောင်း

ဆီးကျိတ်ကင်ဆာရောဂါအတွက်ကုသမှုနည်းပညာသစ် High Intensity Focused Ultrasound (HIFU) ဆီးမထိန်းနိုင်ခြင်းနှင့်ပန်းသေပန်းညှိုးရောဂါဖြစ်နိုင်ခြေနည်းခြင်း

မသက်ဆိုင်ကြောင်းရှင်းလင်းချက်: ပြီးခဲ့တဲ့ (၁၀)နှစ်ကျော်အတွင်း ကမ္ဘာတစ်ဝန်းမှာ HIFU နည်းပညာ နဲ့ ဆီးကျိတ်ကင်ဆာကုသမှုပေါင်း (၃၀၀၀၀) နဲ့ တခြား လက်တွေ့သာဓကတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် HIFU နည်းပညာနဲ့ ဆီးကျိတ်ကင်ဆာကုသခြင်းကို ပထမဦးစားပေးကုသမှုအဖြစ် FDA က အသိအမှတ်မပြုသေးပါဘူး။

HIFU ဆိုတာဘယ်လိုကုထုံးလဲ ?

HIFU ( High Intensity Focused Ultrasound) ဆိုတာက အာထရာဆောင်းလှိုင်း (အသံလှိုင်း)နဲ့အပူပေးပြီး ဆီးကျိတ်ဂလင်းထဲမှာရှိတဲ့ ကင်ဆာဆဲလ်တွေကို ဖျက်ဆီးပစ်တဲ့ နည်းပညာ ဖြစ်ပါ တယ်။  ( ခွဲစိတ်ရန် ၊ လှီးဖြတ်ရန်မလိုအပ်ပါ)

အာထရာဆောင်းလှိုင်းတွေဟာ ခန္ဓာကိုယ်ကတစ်သျှူးတွေပေါ်ကို တစုတစည်းထဲ ကျရောက်တဲ့ အခါမှာ အဆိုပါ တစ်သျှူးတွေဟာ အပူရှိန်ကြောင့်ပျက်စီးသွားပါတယ်။ အဆိုပါနည်းပညာကို အသုံးပြုပြီး ကင်ဆာဆဲလ်တွေ စုနေတဲ့ အစိတ်အပိုင်းနေရာကို ပစ်မှတ်ထားကာ ဆီးကျိတ်ကင်ဆာကို ကုသပေးတာ ဖြစ်ပါ တယ်။  ဆီးကျိတ်ဟာ တင်ပါးဆုံရိုးအတွင်းပိုင်း နက် တဲ့ နေရာမှာ တည်ရှိုပြီး HIFU နဲ့ ဆီးကျိတ်ကင်ဆာ ကိုကုသဖို့ဆိုရင် transrectal probe လို့ခေါ်တဲ့ အာထရာဆောင်းကိရိယာ ကို စအိုဝမှ ထည့်ရပါတယ်။ အဆိုပါအနေအထားမှတစ်ဆင့် အာထရာဆောင်းအသံလှိုင်းတန်းတွေကို ဆီးကျိတ်ဆီ တိတိကျကျေ ရာက်ရှိအောင် လုပ်ဆောင်ပေး တာဖြစ်ပါတယ်။

HIFU နည်းပညာနဲ့ ဘယ်သူတွေ ကုသမှုခံယူသင့်လဲ ?

သင် HIFU ကုသမှုခံယူလျှင်

  • ကင်ဆာအဆင့်မကြီးမားသေးတဲ့အခြေအနေ တစ်နည်းအားဖြင့်ကင်ဆာဆဲလ်တွေဟာဆီးကျိ တ်ဂလင်း အပြင်ဘက်ကို မပြန့်နှံ့သေးဘူးဆိုရင် HIFU နည်းပညာနဲ့ ကုသမှုခံယူသင့်ပါတယ်။
  • ဓာတ်ကင်ပြီးနောက် ပြန်လည်ဖြစ်ပေါ်လာတဲ့ ဆီးကျိတ်ကင်ဆာအခြေအနေဆိုရင် HIFU နည်းပညာနဲ့ ကုသမှုခံယူသင့်ပါတယ်။

HIFU ရဲ့ အားသာချက်များ နဲ့ HIFU ရဲ့ အားနည်းချက်များ

HIFU ရဲ့ အားသာချက်များ HIFU ရဲ့ အားနည်းချက်များ
  • ဓာတ်ရောင်ခြည်နှင့်ထိတွေ့မှုမရှိခြင်း.
  • HIFU ဟာ ဆီးကျိတ်ကိုခွဲစိတ်ဖယ်လိုက်ခြင်းထက် ပိုမိုအန္တရာယ်နည်းခြင်း ( နောက်ဆက်တွဲ ဆိုးကျိုးပိုမို နည်းပါးခြင်း)
  • နေ့ချင်းပြီးကုသမှုခံယူကာဆေးရုံမှဆင်းနိုင်ခြင်း
  • ခွဲစိတ်ကုသခြင်း ၊ အေးခဲကုထုံး  တို့နှင့် ယှဉ် လျှင် ဆက်စပ် ခန္ဓာကိုယ်အစိတ်အပိုင်းနဲ့အာရုံကြောများ ထိခိုက်နိုင်ခြေနည်းပါးခြင်း
  • အခြားသောကုသမှုများထက်  ဘေးထွက် ဆိုး ကျိုး နည်းပါးခြင်း
  • နံပါတ်တစ်အချက်ကတော့ HIFU ဟာ ကုသမှုနည်းပညာသစ်ဖြစ်တာကြောင့် ရေရှည်မှာ ဆီးကျိတ်ကင်ဆာ ကုသမှု နောက်ဆက်တွဲ အကျိုးသက်ရောက်မှုနဲ့ ကုသမှုခံယူလိုက်သူရဲ့ နေ့စဉ်ဘဝမှာ ဘာတွေကြုံတွေ့ လာနိုင်လဲဆိုတာ တိကျတဲ့ အချက်အလက်တွေ အများကြီးမရှိပါဘူး။ နောက်ထပ် အားနည်းချက်တွေလည်း ရှိနေပါသေးတယ်။
  • HIFU နည်းပညာနဲ့ ကုသပေးနိုင်တဲ့ဆေးရုံ အလွန်နည်းပါးပြီး ထိုင်းနိုင်ငံမှာဆိုရင် ဆစ်မီတဝေ့ ဆေးရုံကြီး တစ်ခုပဲ ရှိပါတယ်။
  • တကယ်လို့ ကင်ဆာဆဲလ်တွေဟာ ဆီးကျိတ် အပြင်ဘက် ကျော်လွန်ပြီး ပြန့်နှံ့သွားပြီဆိုရင် HIFU ကုသမှုကို မရွေး ချယ် သင့်ပါဘူး။
  • HIFU ရဲ့ နောက်ဆက်တွဲဆိုးကျိုးတစ်ခုကတော့ လိင်ပိုင်းဆိုင် ရာပြဿနာတွေ ရှိလာနိုင်ခြင်းဖြစ်ပါ တယ်။ ဒါပေမယ့် ဒါဟာ ဖြစ်နိုင်ခြေနည်းပြီး အမျိုးသား (၁၀၀) မှာ (၂)  ယောက် လောက်ပဲ ဖြစ်နိုင်ပါတယ်။

 

ဆီးမထိန်းနိုင်ခြင်းနှင့်ပန်းသေပန်းညှိုးရောဂါဖြစ်နိုင်ခြေနည်းခြင်း

HIFU ဟာ ဆီးလမ်းကြောင်းနဲ့ဆက်စပ်လျက်ရှိတဲ့တစ်သျှူးများ ပျက်စီးစေမှုနှုန်းကို လျှော့ချပေးနိုင်တာကြောင့် တခြား ကုသမှုနည်းလမ်းတွေနဲ့ယှဉ်ရင် ၎င်းနည်းပညာတစ်ခုတည်းနဲ့ကုသခြင်းဟာ ဆီးလမ်းကြောင်းနဲ့ လိင်ပိုင်းဆိုင်ရာ ဘေးထွက်ဆိုးကျိုးအနည်းဆုံးဖြစ်ပါတယ်။

HIFU အတွက်ဘာတွေပြင်ဆင်ထားရမလဲ?

  • HIFU ကုသမှုခံယူဖို့အတွက် ပြင်ဆင်ရမယ့်အချက်တွေကို ဆရာဝန်ကေ ပြာပြပါလိမ့် မယ် ။
  • HIFU ပြုလုပ်မယ့်နေ့မှာ သင်ဟာ ဝမ်းချူထားဖို့ လိုအပ်ပါတယ်။  ဝမ်းချူရည်ကို စအိုကနေ ထည့်ပြီး အူလမ်းကြောင်းထဲဘာမှမကျန်တော့တဲ့အထိ ရှင်းထုတ်လိုက်တာပါ။
  • HIFU ကို သာမန်မေ့ဆေးသုံးကာ နေ့ချင်းပြီး ကုသနိုင်ပါတယ်။ ကုသမှုပြုလုပ်နေစဉ်အတွင်း သင်ဟာ မေ့မျောနေမှာဖြစ်ပါတယ်။ နောက်တစ်နည်းကတော့ ခါးရိုးထဲကို ထုံဆေးထိုးတာဖြစ်ပါတယ်။ ဒီနည်းလမ်းသုံးမယ်ဆိုရင် ကုသမှုပြုလုပ်နေတဲ့အချိန်မှာ သင်ဟာ အသိစိတ်ရှိနေပေမယ့် ခါးတစ်ဝိုက်နာ ကျင်မှုဒဏ် ကို ခံစားရမှာမဟုတ်ပါဘူး။ ဒါ့အပြင် သင့်စိတ်ထဲ သက်တောင့် သက်သာ ဖြစ်နေစေဖို့ ဆရာဝန်က စိတ်ငြိမ်ဆေးပေးမှာဖြစ်ပါတယ်။
  • တကယ်လို့ မေ့ဆေးပေးထားမယ်ဆိုရင် သင့်အနေနဲ့အစား မစားထားဖို့လိုပါတယ်။ HIFU မပြုလုပ်ခင်  (၆)နာရီအတွင်း ဘာမှ စားလို့သောက်လို့ရမှာမဟုတ်ပါဘူး။ ဆရာဝန်ရဲ့ လမ်းညွှန်မှုကို လိုက်နာဖို့ကလည်း အရေးကြီးပါတယ်။
  • HIFU လုပ်နေစဉ်နဲ့ HIFU အပြီးမှာ ဘယ်လိုမျိုး နာကျင်ခံစားမှုတွေဖြစ်နိုင်တယ်ဆိုတာကို ဆရာဝန်က အရင်ဆုံးရှင်းပြပါလိမ့်မယ်။ သင် သိလိုတဲ့အချက်တွေကိုလည်း ရှင်းရှင်းလင်းလင်းသိနိုင်ဖို့ ဆရာဝန်ကိုပွင့်ပွင့်လင်းလင်းပြန်မေးန်ိုင်ပါတယ်။   ဒါဆိုရင် ကုသမှု မတိုင်ခင်မှာ ရှင်းရှင်းလင်းလင်း သိရမှာ ဖြစ်သလို သိရှိကြောင်းလည်း သဘော တူညီ ချက်လက်မှတ်ရေးထိုးရပါမယ်။ 
  • ကုသမှုပြုနေစဉ်အတွင်း ခြေထောက်သွေးပြန်ကြောတွေကနေ သွေးခဲတွေဖြစ်မလာအောင် ဖိသိပ်ထားတဲ့ ခြေအိတ်ရှည်တွေကို ဝတ်ဆင်ဖို့လိုပါတယ်။ ဒါမှမဟုတ်ရင်လည်း ဆရာဝန်က  သွေးကျဲဆေး ထိုးပေးပါလိမ့်မယ်။ 

HIFU လုပ်နေစဉ်ဘာတွေဖြစ်မလဲ?

  • HIFU ဟာ (၃) နာရီလောက် အချိန်ယူပါတယ်။ ဒါပေမယ့် ဆီးကျိတ်အရွယ်အစားနဲ့ ကုသမှုအပေါ်မူတည်ပြီး အချိန်အပြောင်းအလဲရှိနိုင်ပါတယ်။
  • မေ့ဆေးထိုးပြီးတာနဲ့တစ်ပြိုင်နက် ဆရာဝန်ဟာ ချောဆီသုတ်ထားတဲ့ probe ကို စအိုထဲ ထိုးထည့်ပါလိမ့်မယ်။ အဆိုပါ probe ကနေ အာထရာဆောင်းလှိုင်းတွေနဲ့ အပူပေးပြီး ကင်ဆာဆဲလ်တွေရှိနေတဲ့ ဆီးကျိတ်တစ်သျှူးတွေကို ဖျက်စီးပစ်မှာဖြစ်ပါတယ်။ အဆိုပါ probe ဟာ ဆီးကျိတ်ရဲ့ လိုအပ်တဲ့ နေရာဆီကိုပဲတိတိကျကျ ဦးတည်နေဖို့ ခေတ်မီတိကျတဲ့ ဆော့ဖ်ဝဲလ် နဲ့ ထိန်းချုပ်မှာဖြစ်ပါတယ်။ 

HIFU အပြီးဘာတွေသိထားရမလဲ?

  • သင့်အနေနဲ့ အရင်ဆုံး မေ့ဆေးပြယ်တဲ့အထိအနားယူဖို့လိုအပ်ပါတယ်။ တကယ်လို့ ခါးရိုး ကို ထုံဆေးထိုးထားရင်လည်း ထုံဆေးပြယ်ဖို့ နာရီအနည်းငယ်ကြာ အချိန်ယူရမှာဖြစ်ပါတယ်။ ထုံဆေးပြယ်သွားတဲ့အချိန်မှာ သက်တောင့်သက်သာ ဖြစ်စေဖို့ အကိုက်အခဲ ပျောက်ဆေး လိုအပ်ပါလိမ့်မယ်။
  • HIFU ပြီးတဲ့နောက်ပိုင်း ဆီးသွားဖို့အတွက် ဆီးပိုက်နဲ့ ဆီးအိတ်တပ်ထားရပါမယ်။ ဆီးပိုက်ကို သင့်ရဲ့ လိင်တံ (သို့မဟုတ်) ဝမ်းဗိုက်ကနေဖောက်ပြီး တပ်ဆင်ထားမှာဖြစ်ပါတယ်။ ဒီလိုမျိုး ဆီးပိုက်ကို (၂) ပတ်လောက် တပ်ထားဖို့လိုပြီး အချိန်ကာလ အပြောင်းအလဲရှိနိုင်ပါတယ်။
  • သင့် အနေနဲ့ အဆင်ပြေပြီဆိုရင် အိမ်ပြန်လို့ရပါပြီ ။ အိမ်ပြန်ရောက်ရင် ဆီးပိုက်ကို ဘယ်လို စီမံ အသုံးပြုရမယ်ဆိုတာကို သူနာပြုဆရာမက ရှင်းပြပြီး ဆီးပိုက်ဖြုတ်ရမယ့် ရက်ကို ပြန်ချိန်း ပါလိမ့်မယ်။ သင့်အိမ်ကို ချောချောမောမောပြန်ရောက်ဖို့ လိုက်ပို့ပေးမယ့် အကူ တစ်ယောက် လိုပါလိမ့်မယ်။ ဖြစ်နိုင်ရင် HIFU အပြီး ပထမဆုံး (၂၄) နာရီအတွင်း သင့်ကိုအနီး ကပ်ကူပြုစု ပေးမယ့် သူငယ်ချင်း(သို့) ဆွေမျိုးသားချင်း တစ်ယောက်ယောက်ကို ခေါ်ထားဖို့ လိုပါလိမ့်မယ်။ .
  • မေ့ဆေးရဲ့နောက်ဆက်တွဲအနေနဲ့  လှုပ်ရှားမှုဟန်ချက်မညီခြင်းနဲ့မှတ်မိနိုင်စွမ်းလျော့နည်းခြင်း များကိုယာယီသက်ရောက်မှုရှိနိုင်ပါတယ်။ ဒါကြောင့် (၂၄)နာရီအတွင်း ကားမောင်းခြင်း ၊ အရက်သောက်ခြင်း ၊ စက်ပစ္စည်းမောင်းနှင်ခြင်း ၊ အရေးကြီးတဲ့စာချုပ်စာတမ်း လက်မှတ်ထိုး ခြင်း စတာတွေကို မပြုလုပ်သင့်ပါဘူး။ တကယ်လို့ ကိုယ်တိုင်ကားမောင်းဖို့ယုံကြည်မှု မရှိဘူးဆိုရင် သင့်ရဲ့ ကားအာမခံကုမ္ပဏီကို ဆက်သွယ်ပြီး သူတို့ရဲ့ အကြံပေးလမ်းညွှန်မှု ကို ရယူသင့်ပါတယ်။ ဆရာဝန်ရဲ့ အကြံပေးလမ်းညွှန်မှုတွေကို အမြဲလိုက်နာဖို့လိုအပ်ပါတယ်။
  • နောက်ဆက်တွဲအနေနဲ့ ပိုးမဝင်ဖို့ ဆရာဝန်က သင့်အတွက် သောက်ဆေးတချို့ပေးပါလိမ့်မယ်။

HIFU ရဲ့ဘေးထွက်ဆိုးကျိုးများ

  • ဆီးထဲတွင်သွေးပါခြင်း
  • ဆီးကျိတ်ရောင်နေခြင်းကြောင့် ဆီးပိုက်ဖြုတ်လိုက်တဲ့အချိန်မှာ ဆီးသွားဖို့ခက်ခဲခြင်း
  • ဆီးသွားတဲ့အခါ ဖျက်ဆီးပစ်လိုက်ရတဲ့ဆီးကျိတ်တစ်သျှူးအချို့နဲ့သွေးများပါလာတတ်ခြင်း
  • အောက်ပါအခြေအနေများမှာ ဆရာဝန်နဲ့ဆက်သွယ်အကြံပေးမှုရယူရပါမယ်။
    • ကိုက်ခဲနာကျင်မှုမြင့်တက်လာပြီး မခံမရပ်နိုင်အောင်နာကျင်လာခြင်း
    • ကိုယ်အပူချိန်မြင့်တက်လာခြင်း
    • ဆီးထဲတွင်သွေးပါဝင်မှုများလာခြင်း
    • ဆီးသွားရန်ခက်ခဲခြင်း

HIFU ရဲ့ နောက်ဆက်တွဲရောဂါများ

  • ဆီးလမ်းကြောင်းပိုးဝင်ခြင်း – ရက်သတ္တပတ်အနည်းငယ်ကြာထိ ဆီးလမ်းကြောင်းပိုးဝင်ခြင်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဆရာဝန်က ပိုးသတ်ဆေးညွှန်ထားတယ်ဆိုရင် အတိအကျ course ကုန်တဲ့ အထိသောက်ဖို့ အရေးကြီးပါတယ်။
  • ဆီးမထိန်းနိုင်ခြင်း – Stress Incontinence လို့ ဆေးပညာမှာခေါ်ဝေါ်ပြီး တစ်ခုခုလှုပ်ရှားလိုက် တာနဲ့ ဆီးထွက်ကျသွားခြင်းမျိုးဖြစ်ပါတယ်။   ဆီးသွားပြွန်(Urethra)တစ်ဝိုက်က ကြွက်သား တွေ အားနည်း သွားလို့ဖြစ်ပါတယ်။ ချောင်းဆိုးနှာချေလိုက်တဲ့အချိန် ၊ ရုတ်တရက် လှုပ်ရှားလိုက်တဲ့ အချိန်မှာ ဆီးထွက်ကျတတ်ပါတယ်။
  • မကြာခဏဆီးသွားခြင်း(Urge Incontinence) – မကြာခဏ ဆီးသွားချင်စိတ်နဲ့ အရေးပေါ်ဆီးသွားချင်တာတွေဖြစ်တတ်ပါတယ်။ 
  • ပန်းသေပန်းညှိုးဖြစ်ခြင်း – HIFU ကုသမှုခံယူပြီးနောက် လိင်တံထောင်မတ်နိုင်မှုမရှိခြင်း (သို့မဟုတ်)  ကြာရှည်စွာ လိင်တံထောင်မတ်နိုင်မှုမရှိခြင်းတို့ ဖြစ်တတ်ပါတယ်။
  • မျိုးမအောင်နိုင်ခြင်း – HIFU ရဲ့ နောက်ဆက်တွဲအနေနဲ့ မျိုးမအောင်တဲ့ ဆိုးကျိုးကို ကြုံတွေ့ရနိုင်ပါတယ်။
  • စအိုကို ထိခိုက်မှုရှိခြင်း –စအိုပူလောင်မှုဝေဒနာခံစားရခြင်း (သို့မဟုတ်) သွေးထွက်ခြင်း ဖြစ်တတ်ပါတယ်။
အဆင့်သတ်မှတ်ချက်

မှတ်ပုံတင်ပြီးသားလား။