အမျိုးသားမှအမျိုးသမီးအဖြစ် လိင်ပြောင်းခွဲစိတ်ကုသမှုအကြောင်း

အမျိုးသားမှအမျိုးသမီးအဖြစ် လိင်ပြောင်းခွဲစိတ်ကုသမှုအကြောင်း

အနှစ်ချုပ်

  • လိင်ပြောင်းလဲခွဲစိတ်ကုသဖို့ ရည်ရွယ်ထားသူအနေနဲ့  The World Professional Association for Transgender Health (WPATH) Recommendations, Version 7 Assessment (Coleman, et al., 2011) ကို အရင်ဆုံး ပြင်ဆင်ထားသင့်ပါတယ်။
  • လိင်ပြောင်းလဲခွဲစိတ်ကုသတဲ့ လူနာများအတွက် စိုးရိမ်ပူပန်မှု အများဆုံး အချက်ကတော့ ပြောင်းလဲလိုက်တဲ့ကိုယ်ခန္ဓာအစိတ်အပိုင်း များရဲ့ အလှအပနဲ့ အထိအတွေ့အာရုံခံစားမှု ပဲဖြစ်ပါတယ်။ ဒီလိုအခြေအနေ များဟာ အကြောင်းအရင်းများစွာအပေါ်မှာ မူတည်နေပါတယ်။ အတွေ့ အကြုံရှိတဲ့ ခွဲစိတ်ဆရာဝန်များဟာ လူနာလိုချင်တဲ့ ပုံစံအတိုင်း အနီးစပ်ဆုံး ဖြစ်ပြီး ဘေးထွက်ဆိုးကျိုး နည်းပါးတဲ့  ခွဲစိတ်မှုရလဒ်များထွက်ပေါ်စေတဲ့ သင့်လျော်တဲ့ နည်းစနစ်များကို  အကြံဥာဏ်ပေးလမ်းညွှန်နိုင်ပါတယ်။

ယနေ့ခေတ်မှာ ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုပြုလုပ်ချင်တဲ့သူများအတွက် မိမိဖြစ်စိတ်ထဲကဖြစ်ချင်တဲ့လိင်စွဲလမ်းမှုအမျိုးအစား ၊ ကိုယ်စိတ်ဝင်စားတဲ့ လိင် အမျိုးအစား အပြင် လိင်ပြောင်းလဲခွဲစိတ်ကုသမှု နည်းလမ်းများစွာ ရှိနေပြီဖြစ်ပါ တယ်။ ခွဲစိတ်ကုသရာမှာ ဘေးထွက်ဆိုးကျိုး အနည်းဆုံးနဲ့ အကောင်းမွန်ဆုံး ရလဒ်ထွက်ပေါ်စေဖို့အတွက် ကမ္ဘာတစ်ဝန်းမှ ခွဲစိတ်ဆရာဝန်များက ခွဲစိတ်မှု နည်းလမ်းအမျိုးမျိုးကို တီထွင်ဖန်တီးလျက်ရှိပါတယ်။

လိင်ပြောင်းလဲခွဲစိတ်ကုသမှု ( အမျိုးသား မှ အမျိုးသမီး)

Gender affirmation surgery ဟာ ယောက်ျားမျိုးပွားအင်္ဂါ ကို ပြင်ပပုံပန်းသဏ္ဍာန်အရ အမျိုးသမီးမျိုးပွားအင်္ဂါလိုမျိုး ပြောင်းလဲဖို့ ရည်ရွယ်ပြီး လုပ်ဆောင်တာဖြစ်ပြီး ပြောင်းလဲလိုက်တဲ့ အင်္ဂါအစိတ်အပိုင်းရဲ့ လုပ်ဆောင်မှု နဲ့ အာရုံခံစားမှုဟာ အမျိုးသမီးအင်္ဂါ (Vagina) အတိုင်းဖြစ်သွားပါတယ်။ ခွဲစိတ်ကုသမှု နည်းလမ်းနဲ့ ဝှေးစေ့ (Testicles) နေရာမှာ လိင်ဆက်ဆံနိုင်တဲ့ အမျိုးသမီးအင်္ဂါအပေါက် (Vaginal Cavity) အဖြစ်ပြောင်းလဲလိုက်တာဖြစ်ပါ တယ်။

ဒီလိုမျိုး လိင်ပြောင်းဖို့အတွက် ဝှေးစေ့အားခွဲစိတ်ဖြတ်ထုတ်ခြင်း(Orchidectomy) ၊ မွေးလမ်းကြောင်းအားခွဲစိတ်ကုသခြင်း(Vaginoplasty)၊ အမျိုးသမီးအင်္ဂါအတွင်း နှုတ်ခမ်းအားခွဲစိတ်ပြုပြင်ခြင်း(Labiaplasty) ကဲ့သို့ ခွဲစိတ်မှုနည်းလမ်း များစွာ ရှိ ပါတယ်။ ဒါ့အပြင် တိုးတက်လာတဲ့ နည်းပညာသစ်များအရ အမျိုးသမီးအင်္ဂါအ တွင်းရှိ အာရုံခံစားမှုကိုနှိုးဆွပေးသည့်အစေ့ကိုခွဲစိတ်ခြင်း (Sensate Clitoroplasty)၊  ကပ်ပယ်အိတ်ကိုအသုံးပြုပြီး အမျိုးသမီးအင်္ဂါအတွင်းတစ်ရှူး အားပြန်လည်ပြုပြင်ခြင်း(Labia Minora Reconstruction)၊ အူမကြီးရဲ့ နောက်ဆုံးအစိတ်အပိုင်းအားအမျိုးသမီးအင်္ဂါလမ်းကြောင်းအဖြစ်ခွဲစိတ်ခြင်း (Intestinal Vaginoplasty)၊ ကိရိယာသုံးပြီးအမြှေးပါးများအားအမျိုးသမီးအင်္ဂါ အဖြစ်ပြောင်းလဲခြင်း (Endoscopic Peritoneal Flap Vaginoplasty) စတဲ့ နည်းလမ်းများလည်း ရှိနေပြီဖြစ်ပါတယ်။ ဒီနည်းလမ်းတွေအားလုံးဟာ ခွဲစိတ်ကု သမှုနဲ့ လိင်ပြောင်းလဲချင်တဲ့ လူနာအတွက် လိုချင်တဲ့ပုံစံအတိုင်းအနီးစပ်ဆုံး ဖြစ်အောင် လုပ်ဆောင်ပေးနိုင်တဲ့ နည်းလမ်းတွေပဲဖြစ်ပါတယ်။

လူတစ်ယောက်ရဲ့ ဖြစ်တည်မှုကို ပြောင်းလဲပေးဖို့အတွက် လိင်ပြုပြင်ပြောင်းလဲ ခြင်းနည်းလမ်းများအပြင် မိန်းမ ဆန်တဲ့ မျက်နှာပြုပြင်ခွဲစိတ်မှု(facial feminization surgery)၊ အသံအိုးပြုပြင်ခွဲစိတ်မှု(Tracheal Shave Surgery)၊ မိန်းမအသံပြုပြင်ခွဲစိတ်မှု (Voice Feminization Surgery)၊ ရင်သားကြီးထွား လာအောင်လုပ်ခြင်း (Breast Augmentation)၊ တင် ကြီးလာအောင်လုပ် ခြင်း(Buttock Augmentation)၊ ဆံပင်အစားထိုးခြင်း (Hair Transplants) စတဲ့ နည်းလမ်းများလည်း ရှိပါတယ်။

လိင်ပြောင်းခွဲစိတ်မှုပြုလုပ်သင့်သူများ

  • The World Professional Association for Transgender Health (WPATH) Recommendations Version 7 Assessment (Coleman, et al., 2011)   ကို ရရှိထားတဲ့ လိင်ပြောင်းထားသူအမျိုးသမီးများ (Transgender Women)။
  • သာမန်ကိုယ်အလေးချိန်ပမာဏအတွင်းရှိသူများ ( ကိုယ်အလေးချိန်ကျ ဆင်းချင်သူများအနေနဲ့ ခွဲစိတ်ကုသမှုမတိုင်ခင်မှာလုပ်သင့်ပါတယ်)။
  • မူမမှန်တဲ့သွေးထွက်ခြင်း(သို့) သွေးမတိတ်ရောဂါ (Hemophilia)  နှင့် မျိုးရိုးလိုက်သောတွယ်ဆက်တစ်ရှူးများ မူမမှန်တဲ့ ရောဂါလက္ခဏာ (Ehlers-Danlos Syndrome) ရှိသူများ။
  • လက်တွေ့ကျတဲ့ရလဒ်ရရှိချင်သူများ။
  • စိတ်ကျန်းမာရေးလူနာများ။
  • အသက်(၂၀)အထက်ရှိသူများ ( အသက်(၂၀)အောက်ရှိသူများအနေနဲ့ မိဘ(သို့)အုပ်ထိန်းသူထံမှ ခွင့်ပြုချက်ရယူရန်လိုအပ်ပါသည်)။

လိင်ပြောင်းခွဲစိတ်မှုကြောင့်ဖြစ်လာနိုင်တဲ့အန္တရာယ်နဲ့ဘေးထွက်ဆိုးကျိုးများ

ခွဲစိတ်ကုသမှုအားလုံးဟာ ခွဲစိတ်ရာမှာ ဓားနဲ့ ခွဲစိတ်ရတဲ့အတွက်ကြောင့် အန္တရာယ်ရှိပါတယ်။ ဒါပေမယ့်လည်း အကြံပြုဆွေးနွေးမယ့် ဆရာဝန် မှ အန္တရာယ်ဖြစ်နိုင်တဲ့ကိစ္စရပ်များကို ချင့်ချိန်ပေးမှာဖြစ်ပြီး လူနာအနေနဲ့ ခွဲစိတ်မှု လုပ်မယ် မလုပ်ဘူး မဆုံးဖြတ်ခင် စဉ်းစားရမယ့်အချက်များကိုလည်း အဖြေရှာ ပေးမှာဖြစ်ပါတယ်။

လိင်ပြောင်းလဲခွဲစိတ်ကုသတဲ့ လူနာများအတွက် စိုးရိမ်ပူပန်မှု အများဆုံး ဖြစ်စေတာကတော့ ပြောင်းလဲလိုက်တဲ့ကိုယ်ခန္ဓာအစိတ်အပိုင်း များရဲ့ အလှအပနဲ့ အထိအတွေ့အာရုံခံစားမှု ပဲဖြစ်ပါတယ်။ ဒီလိုအခြေအနေ များဟာ အကြောင်းအရင်းများစွာအပေါ်မှာ မူတည်နေပါတယ်။ အတွေ့ အကြုံရှိတဲ့ ခွဲစိတ်ဆရာဝန်များဟာ လူနာလိုချင်တဲ့ ပုံစံအတိုင်း အနီးစပ်ဆုံး ဖြစ်ပြီး ဘေးထွက်ဆိုးကျိုး နည်းပါးတဲ့  ခွဲစိတ်မှုရလဒ်များထွက်ပေါ်စေတဲ့ သင့်လျော်တဲ့ နည်းစနစ်များကို  အကြံဥာဏ်ပေးလမ်းညွှန်နိုင်ပါတယ်။

အကြီးစားအမာရွတ်အဖု မဖြစ်ဖူးတဲ့လူနာများအနေနဲ့ကတော့ သေသပ်ချောမွေ့ တဲ့ အရေပြားကို ရရှိမှာဖြစ်ပြီး ခွဲစိတ်ရာကတော့ မမြင်ရတဲ့ သင့်တော်တဲ့ နေရာမှာ ရှိနေမှာဖြစ်ပါတယ်။

တခြားနောက်ဆက်တွဲဖြစ်နိုင်တာတွေကတော့ ဒဏ်ရာပြဿနာ၊ ထုံကျဉ်ခြင်း နဲ့ အရေပြားပုပ်ခြင်း(Skin Necrosis) များပဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီလို ပြဿနာတွေဟာ ဆေးလိပ်သောက်သူများ (သို့) ဆီးချို၊သွေးတိုး၊ သွေးတွင်း အဆီများခြင်း ကဲ့သို့ သွေးကြောစနစ်နဲ့ ဆက်စပ်နေတဲ့ ရောဂါအခံရှိသူများမှာ အများဆုံးဖြစ်တတ်ပါတယ်။ ဒါပေမယ့်လည်း ဒီအခြေအနေတွေကို ထိရောက်စွာ ကိုင်တွယ်လုပ်ဆောင်မယ်ဆိုရင် ခွဲစိတ်ကုသမှုကို ဘာမှ အနှောင့်အယှက် ဖြစ်စေမှာမဟုတ်ပါဘူး။

လိင်ပြောင်းခွဲစိတ်ကုသမှုအတွက်ဆစ်မီတဝေ့ဆရီနာကရင်ဆေးရုံကို ဘာကြောင့် ရွေးချယ်သင့်သလဲ?

ဆစ်မီတဝေ့ဆရီနာကရင်ဆေးရုံဟာ ခွဲစိတ်မှုမတိုင်ခင်၊ ခွဲစိတ်နေချိန်၊ ခွဲစိတ်မှု အပြီး စတဲ့အချိန်များမှာ ခွဲစိတ်အထူးကုဆရာဝန်ကို ကူညီပေးတဲ့ နောက်ဆုံးပေါ် နည်းပညာများကို အသုံးပြုပါတယ်။ ဆစ်မီတဝေ့ရဲ့ ခွဲစိတ်အထူးကု ဆရာဝန်များ ဟာ လိင်ပြောင်းခွဲစိတ်မှုများ လုပ်ဆောင်လာတာ နှစ် (၂၀) ကျော် အတွေ့အကြုံ ရှိသူများဖြစ်ပါတယ်။ ကျွမ်းကျင်တဲ့ဆေးကုသမှုအဖွဲ့ နဲ့ နောက်ဆုံး နည်းပညာတွေပေါင်းစပ်ထားခြင်းကြောင့် လူနာများအနေနဲ့လည်း  သူတို့လိုချင် တဲ့ ရလဒ် ရရှိမယ်ဆိုတာကို ယုံကြည်မှုရှိရှိ သိထားကြပါတယ်။

လိင်ပြောင်းခွဲစိတ်ကုသမှုအတွက်ဘာတွေပြင်ဆင်ရမလဲ

ခွဲစိတ်မှုမပြုခင် (၆)လ

  • ဗီတာမင် အေ (Isotretinoin) ပါဝင်တဲ့ ဝက်ခြံပျောက်ဆေးအကုန်လုံး ကို ခဏရပ်ထားရပါမယ်။ ဒီဆေးတွေဟာ ဒဏ်ရာသက်သာပျောက်ကင်းမှုကို ထိခိုက်စေလို့ဖြစ်ပါတယ်။ 

ခွဲစိတ်မှုမပြုခင် (၃)လ

  • ခွဲစိတ်ကုသမှုအတွက် ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်းလုပ်ခြင်း၊ ကောင်းစွာအနား ယူခြင်း စတဲ့နည်းလမ်းများနဲ့ ခန္ဓာကိုယ်ကို အားဖြည့်ပြင်ဆင်ထားရမှာ ဖြစ်ပါတယ်။
  •  ပုံမှန်ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ပါ။ တကယ်လို့ ကိုယ့်မှာ ရောဂါအခံ တစ်ခုခုရှိနေတယ်ဆိုရင် ထိန်းချုပ်နိုင်အောင်လို့ ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင်ပါ။

ခွဲစိတ်မှုမပြုခင် (၄) ပတ်

  • ခွဲစိတ်မှုမလုပ်ခင် အနည်းဆုံး(၄)ပတ်မှာ ဆေးလိပ်သောက်ခြင်းကိုရှောင် ရမှာဖြစ်သလို ခွဲစိတ်ပြီးနောက် (၄)ပတ်အထိလည်း ရှောင်ဖို့လိုပါတယ်။
  • ခန္ဓာကိုယ်မှာ အပေါက်(Piercings) အသစ်ဖောက်ခြင်း နဲ့ နေပူစာလှုံခြင်း အမျိုးမျိုးကိုလည်း ရှောင်ရပါမယ်။ တကယ်လို့ အပေါက်ဖောက်ပြီးသားဖြစ် နေတယ်ဆိုရင် ဖယ်ရှားပြီး ပိုးမဝင်စေဖို့ ပုံမှန်သန့်ရှင်းရေးလုပ်ရမှာပါ။

 ခွဲစိတ်မှုမပြုခင် (၁၀) ရက်

  • သွေးခဲခြင်းကိုအဟန့်အတားဖြစ်စေတဲ့ အောက်ဖော်ပြပါဆေးများကို ရှောင်ရပါမယ်။
    •  Aspirin , Coumadin , Ticlid , Plavix , Aggrenox ကဲ့သို့ သွေးကျဲဆေးများ(Anticoagulants)။ (ဘယ်လိုဆေးမျိုး မဆို ဘေးကင်းတဲ့ရှောင်ကျဉ်မှုမျိုးဖြစ်စေဖို့ ဆရာဝန်နဲ့ တိုင်ပင်ရ ပါမယ်)
    • Ibuprofen, Advil, Motrin, Nuprin, Aleve, Relafen, Naprosyn, Diclofenac, Naproxen, Voltaren, Daypro, Feldene, Clinoril, Lodine, Indocin, Orudis တို့ ကဲ့သို့ အရောင်ကျဆေးများ (NSAID drugs)။
    • Zoloft, Lexapro, Prozac, Pristiq ကဲ့သို့သော စိတ်ငြိမ်ဆေးများ (Sedatives)။
    • ဆေးများကို ခေတ္တရပ်ထားစဉ်မှာ ဘေးကင်းစိတ်ချရစေဖို့အတွက် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ရပါမယ်။
  • ငါးကြီးဆီ၊ Omega-3 , co-enzyme Q10 , Evening Primrose Oil , Glucosamine , Arnica , Ginseng , Ginko , တိုင်းရင်းဆေး စသဖြင့် သွေးခဲနိုင်မှုကို ထိခိုက်စေတဲ့ ဗီတာမင်နဲ့ ဖြည့်စွက်စာများ။

လိင်ပြောင်းခွဲစိတ်မှုပြုလုပ်မယ့်သူများအနေနဲ့ ခွဲစိတ်မှုရဲ့ ကောင်းကျိုးဆိုးကျိုးကို ပိုမိုကောင်းမွန်စွာနားလည်သိရှိဖို့အတွက် ဆရာဝန်နဲ့ကျန်းမာရေးဆွေးနွေးတိုင် ပင်မှုများကို လုပ်ဆောင်သင့်ပါတယ်။ ဒါမှသာ ဆရာဝန်နဲ့ လူနာ နှစ်ဦးနှစ်ဖက် ကြား နားလည်မှုလွဲမှားခြင်းမရှိဘဲ မျှော်မှန်းထားတဲ့ရလဒ်ကို ရရှိနိုင်မှာဖြစ်ပါတယ်။

ပိုမိုသိရှိလိုတဲ့အချက်အလက်များအတွက် အောက်ဖော်ပြပါ Websites များမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

လိင်ပြောင်းခွဲစိတ်မှုအဆင့်များ

၁။ ဆွေးနွေးတိုင်ပင်ဖို့နဲ့ ခွဲစိတ်မှုမပြုခင် မေးခွန်းများမေးနိုင်ဖို့ အတွက် ဆရာဝန်မှ လူနာကို အချိန်တစ်ခု သတ်မှတ်ပေးမှာဖြစ်ပါတယ်။

၂။ ခွဲစိတ်ကုသမှုဟာ သာမန်အားဖြင့် (၄)-(၅)နာရီကြာမြင့်ပါတယ်။

၃။ အထူးကျွမ်းကျင်တဲ့ မေ့ဆေးကျွမ်းကျင်ဆရာဝန်က မေ့ဆေးပေးမှာ ဖြစ်ပါတယ်။

၄။ ခွဲစိတ်ကုသမှုပြီးတဲ့နောက် လူနာဟာ ဆေးရုံမှာ (၅)ရက် နေဖို့ လိုပါတယ်။

၅။ ခွဲစိတ်ကုသမှုအပြီး (၇)ရက်မြောက်နေ့ နဲ့ (၁၄)ရက်မြောက်နေ့မှာ လူနာကို ပြန်လည်ချိန်းဆိုပြီး ကြည့်ရှုစစ်ဆေးမှာဖြစ်ပါတယ်။

လိင်ပြောင်းခွဲစိတ်မှုပြီးတဲ့နောက်ဂရုစိုက်ရမည့်အချက်များ

ပြန်လည်ကောင်းမွန်သက်သာလာဖို့ကြာချိန်ဟာ ခွဲစိတ်မှုမတိုင်ခင်လူနာရဲ့ အခြေခံကျန်းမာရေးအခြေအနေ၊ လုပ်ဆောင်လ်ိုက်တဲ့ခွဲစိတ်ကုသမှုအမျိုးအစား၊ ခွဲစိတ်ပြီးနောက်ဂရုစိုက်မှု စတဲ့ အကြောင်းအရင်းများစွာအပေါ် မူတည်ပါတယ်။

  • ခွဲထားတဲ့နေရာမှာ မပြင်းထန်တဲ့နာကျင်မှု (သို့) ကိုက်ခဲခြင်းကို ခံစားရနိုင် ပါတယ်။
  • ခွဲစိတ်မှုအပြီး (၂)ရက်အကြာမှာ လူနာဟာ ထပြီး လမ်းလျှောက်နိုင်ရပါမယ်။
  • လူနာအနေနဲ့ ခွဲစိတ်မှုအပြီး (၅)ရက်အကြာမှာ ရေချိုးနိုင်မှာဖြစ်ပြီး ခွဲစိတ် ထားတဲ့ ဒဏ်ရာနေရာကိုတော့ ဂရုစိုက်ဖို့လိုပါမယ်။ ဒါ့အပြင် သားအိမ် လမ်းကြောင်းချဲ့မှုကို ဆရာဝန်ရဲ့ အကြံပြုချက်အတိုင်း လုပ်ဆောင်ရပါ မယ်။
  • ခွဲစိတ်မှုပြီးတဲ့နောက် (၃)လ-(၆)လ အကြာထိ ရောင်ရမ်းခြင်း ဖြစ်ပေါ်နိုင် ပါတယ်။
  • ခွဲစိတ်ထားတဲ့နေရာမှာ အာရုံခံစားမှုလျော့ကျတာမျိုးဖြစ်နိုင်ပါတယ်။ ဒါပေမယ့် (၃)လ ကနေ (၆)လ အတွင်း ပြန်လည်သက်သာလာမှာပါ။
  • ခွဲစိတ်မှုပြီးနောက် ပထမ(၁)လ-(၃)လ အတွင်း ခွဲထားတဲ့နေရာမှာ နီရဲ ရောင်ရမ်းနေနိုင်ပါတယ်။ ဒါပေမယ့် (၆)လ ကနေ (၁၂) အတွင်း ပြန်လည် ကောင်းမွန်လာနိုင်ပါတယ်။
  • ခွဲစိတ်ပြီးနောက် ပထမ (၃)လ မှ (၆)လအတွင်း နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့မှုကိုရှောင်ကျဉ်ပါ။
  • လူနာဟာ (၄)ပတ်-(၈)ပတ် အတွင်း အလုပ်ပြန်လုပ်နိုင်မှာပါ။
  • ခွဲစိတ်မှုပြီးတဲ့နောက် (၄)ပတ်-(၆)ပတ် အထိ လေ့ကျင့်ခန်းလုပ်ခြင်းကို ရှောင်ကျဉ်ပါ။

ယနေ့ခေတ်မှာ လိင်ပြောင်းခွဲစိတ်မှုအတွက် နည်းလမ်းပေါင်းများစွာ ရှိလာပြီ ဖြစ်ပေမယ့်လည်း အလွန်ရှုပ်ထွေးတဲ့ ခွဲစိတ်ကုသမှုများဖြစ်တာကြောင့် ဒီပညာ ရပ်မှာ အတွေ့အကြုံရှိပြီး အထူးကျွမ်းကျင်တဲ့ ဆရာဝန်များနဲ့သာ ဆွေးနွေး တိုင်ပင်ပြီး လုပ်ဆောင်သင့်ပါတယ်။ ဒီလိုနည်းလမ်းများနဲ့ ပုံစံတူ အတွေ့အကြုံရှိတဲ့ ဆရာဝန်များကို လုပ်ဆောင်စေသင့်ပါတယ်။ ၎င်း ဆရာဝန် များဟာ အန္တရာယ်ကင်းရှင်းမှုအမြင့်မားဆုံးလုပ်ဆောင်ပေးနိုင်ပြီး ဘေးထွက်ဆိုး ကျိုးနည်းပါးတဲ့အပြင် လိုချင်တဲ့ ရလဒ်အတိုင်း ရရှိစေမှာပါ။ ဆစ်မီတဝေ့ပလတ်စတစ်ဆာဂျရီနှင့်အလှအပဆိုင်ရာခွဲစိတ်ကုသမှုအင်စတီကျု Samitivej Plastic and Esthetic Surgery Institute ဟာ ဘန်ကောက်မြို့မှာ ပလတ်စတစ်ဆာဂျရီနဲ့ပတ်သက်ပြီး အလုံးစုံသော ဝန်ဆောင်မှုများကို ရရှိနိုင်တဲ့ နေရာဖြစ်ပါတယ်။ ဆစ်မီတဝေ့ရဲ့ ပလတ်စတစ်ဆာဂျရီနှင့် ခန္ဓာကိုယ်အစိတ် အပိုင်း အစားထိုးခွဲစိတ်အထူးကုဆရာဝန်များမှ သင့်ရဲ့ အပြင်ပန်း ပုံသဏ္ဍာန် ကို စိတ်ထဲရှိတဲ့ အတိုင်းဖြစ်အောင် အကောင်းဆုံးသော နည်းလမ်း အားလုံးနဲ့ ခွဲစိတ်ကုသမှုပေါင်းများစွာကို လုပ်ဆောင်ပေးလျက်ရှိပါတယ်။

ဆစ်မီတဝေ့ဆေးရုံအနေနဲ့ ရင်သားကြီးထွားစေဖို့ခွဲစိတ်ကုသမှု၊ ရင်သားတင်းစေ ရန်ခွဲစိတ်ကုသမှု၊ ရင်သားသေးအောင်ခွဲစိတ်ပြုပြင်မှု စတာတွေကို အထူး ဝန်ဆောင်မှုပေး လျက်ရှိပါတယ်။ ဆစ်မီတဝေ့ရဲ့ ပလတ်စတစ်ဆာဂျရီ ခွဲစိတ်အ ထူးကုဆရာဝန် ကြီးများဟာ မျက်နှာခွဲစိတ်ပြုပြင်ခြင်း၊ ကိုယ်ခန္ဓာ အဆီပိုများကို ခွဲစိတ်ဖယ်ရှားခြင်း၊ သိသိသာသာကိုယ်အလေးချိန်ကျဆင်းပြီးနောက် ခန္ဓာကိုယ်ကိုခွဲစိတ်ပြုပြင်ခြင်း စတာတွေမှာလည်း အတွေ့အကြုံရှိပြီးသား ဖြစ်ပါတယ်။ ဆရာဝန်များအနေနဲ့ ရင်သားအပြင် ဝမ်းဗိုက်နဲ့ တခြားအစိတ်အပိုင်းများကိုလည်း တစ်ပေါင်းတည်း ခွဲစိတ်ကုသမှုမျိုးကိုလည်း လုပ်ဆောင်ပေးပါတယ်။

ပလတ်စတစ်ဆာဂျရီနှင့်အစားထိုးခွဲစိတ်ဆရာဝန်များ အပြင် သူနာပြု၊ မေ့ဆေးအထူးကု၊ နှလုံးအထူးကု၊ တခြားအထူးကုဆရာဝန်များ ရဲ့ လက်တွဲ လုပ်ဆောင်မှုနဲ့အတူ ခွဲစိတ်ကုသမှုခံယူမယ့် လူနာအတွက် ဘေးကင်းလုံခြုံမှု ကို ပေးစွမ်းနိုင်မှာပါ။

 

ဆစ်မီတဝေ့မှ ဝန်ထမ်းများအနေနဲ့ လူနာများကိုကူညီဖို့အတွက် အောက်ပါ ဝန်ဆောင်မှုများပေးဖို့အသင့်ရှိနေပါတယ်။

  • အွန်လိုင်းဗီဒီယိုကောလ်မှတစ်ဆင့်ဆရာဝန်နှင့် ကုသမှုအစီအစဉ် ဆွေးနွေးတိုင်ပင်ခြင်း (ဒုတိယရွေးချယ်မှု) ။
  • တခြားဆေးရုံမှဆေးမှတ်တမ်းများနဲ့ ခန့်မှန်းကုန်ကျစရိတ်များရှိ ခဲ့မယ်ဆိုရင်လုပ်ဆောင်နိုင်တဲ့ကုသမှုစီစဉ်ရေးဆွဲခြင်း ။
  • ဆစ်မီတဝေ့ရဲ့ တန်ဖိုးတွက်ချက်မှုအဖွဲ့ (Appraisal Team) မှ အာမခံ ဈေးနှုန်းနဲ့အတူ ကုန်ကျစရိတ်တွက်ချက်ရေးဆွဲခြင်း။ ( နောက်ဆက်တွဲ ရောဂါမရှိသည့်ကုသမှုအစီအစဉ်များအတွက်သာ)
  • ထိုင်းနိုင်ငံအပါအဝင် နိုင်ငံတကာကုမ္ပဏီများနှင့် ဆေးဝါးဝယ်ယူနိုင် သည့်ပမာဏ (Initial Coverage Eligibility) တွက်ချက်ပေးခြင်း။ (ဆေးရုံနှင့်စာချုပ် ချုပ်ဆိုထားသည့်ကုမ္ပဏီများအတွက်သာ)
အဆင့်သတ်မှတ်ချက်

မှတ်ပုံတင်ပြီးသားလား။