ကလေးငယ်များအတွက်အကောင်းဆုံး ဖိနပ်တစ်ရံကိုရွေးချယ်ခြင်း

ကလေးငယ်များအတွက်အကောင်းဆုံး ဖိနပ်တစ်ရံကိုရွေးချယ်ခြင်း

စိတ်ဝင်စားဖွယ်ရာ အချက်များ

  • ခြေခွင်ခြင်း(Bowlegs) ဆိုတာဟာ  ခြေထောက်ဆန့်လိုက်တဲ့အချိန်မှာ တစ်ပြေးညီမရှိဘဲ နောက်ဘက်ကို ကွေးနေတဲ့ အခြေအနေမှာ ဖြစ်ပေါ်ပါ တယ်။ ဒီလိုအခြေ အနေဟာ ကလေးငယ်များမှာ အများဆုံးတွေ့ရပြီး မျိုးရိုးလိုက်ခြင်းကြောင့်ဖြစ်တာပါ။ ဒါပေမယ့် ကလေးငယ်အများစုအတွက် ဒီလိုအခြေအနေဟာ သဘာဝအတိုင်းပြုပြင်နိုင်ပါတယ်။
  • ခြေဖျားထောက်လမ်းလျှောက်ခြင်း(Toe Walking) ဟာ လမ်းလျှောက်သင် ခါစ ကလေးငယ်တွေမှာ ပုံမှန်တွေ့ရတတ်ပါတယ်။ ဒါဟာ အသက်(၃)နှစ် လောက်ရောက်တဲ့အခါမှာ သူ့အလိုလို ပြုပြင်ပြီးသားဖြစ်ပေမယ့် တချို့ ကလေးများကတော့  အချိန်နည်းနည်းပိုကြာပါတယ်။ ဒီလိုမျိုး လမ်းလျှောက်ခြင်းဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိစ္စတစ်ခုဖြစ်တာကြေင့် မိဘ တွေအနေနဲ့ အများကြီးမစိုးရိမ်သင့်ပါဘူး။
  • လမ်းလျှောက်သင်ခါစ ကလေးငယ်များဟာ ထောက်ကားကားလေးလုပ်ပြီး ဟန်ချက်ညီဖို့ လက်ကို ဆန့်တန်းခြင်းဟာ မြင်နေကျဖြစ်ရပ်တစ်ခုမျှသာ ဖြစ်ပါတယ်။ ဒီအဆင့်မှာ တချို့ကလေးငယ်တွေရဲ့ ခြေလှမ်းဟာ တည့်တည့်မဟုတ်ဘဲ ဘေးကိုထွက်သွားတတ်ပါတယ်။ တကယ်လို့ ကလေးငယ်များဟာ ဒီလိုနည်းလမ်း လုပ်ဆောင်သည့်တ်ိုင် လမ်းလျှောက်မှု ပုံစံမတိုးတက်လာဘူးဆိုရင် အထောက်အကူပြုဖိနပ် (Orthopedic Shoes) များကို အသုံးပြုနိုင်ပါ တယ်။

ကလေးငယ်များ ပထမဆုံးလမ်းလျှောက်သင်ခါစအချိန်မှာ ဟန်ချက်ထိန်းဖို့ လက်နဲ့ခြေထောက်တွေကို ခပ်ကားကားလေးဆန့်တန်းတာကို မြင်တွေ့ရပါလိမ့်မယ်။ ဒါဟာ သာမန်မြင်တွေ့နေကျ ပုံစံတစ်ခုပါ။ ဒါ့အပြင် တချို့ကလေးတွေကတော့ လမ်းလျှောက်တဲ့ အချိန်မှာ ခြေလှမ်းတွေက တည့်တည့်မလှမ်းဘဲ အပြင်ဘက်ကို ရောက်သွားတတ်တာလည်း ပုံမှန်ဖြစ် နေကျပါ။ သူတို့ရဲ့တင်ပါးနောက်ဘက်ခြမ်း ဟာ နောက်ဘက်ကိုကွေးနေပြီး အသက်အရွယ်နဲ့အမျှ ပိုကြီးလာတာကြောင့် သူတို့ရဲ့ ခြေဖဝါးတွေဟာလည်း ပြန်ပြီးပိုမိုနီးကပ်လာပါတယ်။ ဒါကြောင့် ကလေးငယ်တွေအနေနဲ့ ခြေဖဝါးပြားခြင်း(Flat Feet)၊ ခြေခွင်ခြင်း(Bowlegs)၊ ဒူးခွင်ခြင်း(Knock-Knee) အပါအဝင် လမ်းလျှောက်ရာမှာ ပုံမှန်မဟုတ်ဘူးဆိုရင် အထောက်အကူပြုဖိနပ်(Orthopedic Shoes) လိုအပ်မှာဖြစ်ပါတယ်။

ကလေးများတွင်ဖြစ်တတ်သည့်ခြေဖဝါးမူမမှန်ခြင်းများ

ခြေဖဝါးပြားခြင်း

ခြေဖဝါးခွင်ခြင်းဟာ နောက်ဆက်တွဲအနေနဲ့ ကြီးကြီးမားမားပြဿနာဖြစ်လာဖို့ ခဲယဉ်းပါတယ်။ ဒါကြောင့် ကလေးငယ်များမှာ ခြေဖဝါးပြားနေတယ်ဆိုရင် မိဘ များအနေနဲ့ စိုးရိမ်စရာမလိုပါဘူး။ တကယ်လို့ ပြင်းထန်တဲ့နာကျင်မှုရှိလာ တဲ့အချိန်မှာ ဆရာဝန်များမှ ကုသမှုနဲ့ပတ်သက်လို့ စဉ်းစားမှာဖြစ်ပြီး ဒေါက်ဖိနပ် လိုမျိုး ဖိနပ်ပုံစံတွေကို စီးခြင်းမှ ရှောင်ကျဉ်ဖို့ အကြံပေးမှာပါ။ ဒေါက်ဖိနပ်တွေ ဟာ ကလေးငယ်များရဲ့ ခြေဖနောင့်(Foot Arch) ဖွံ့ဖြိုးမှုကို အဟန့်အတား ဖြစ်စေပါတယ်။

ခြေခွင်ခြင်း

ဒူးရဲ့ဆန့်တန်းခြင်းဟာ ပုံမှန်ခြေထောက်အနေအထားမဟုတ်ဘဲအနောက်ဖက် ဆီ ကွေးညွတ်နေခြင်းကို ခြေခွင်ခြင်း(Bowlegs)လို့ သတ်မှတ်ပါတယ်။ ခြေခွင်ခြင်းဟာ မျိုးရိုးလိုက်တဲ့ လက္ခဏာတစ်ခုဖြစ်ပြီး ကလေးငယ်တွေမှာ အဖြစ်များပါတယ်။ ခြေခွင်ခြင်းဟာ အချိန်တစ်ခုကြာမှ ပျောက်သွားတတ်ပါတယ်။ ဒါပေမယ့်လည်း မိဘများအနေနဲ့ ကိုယ့်ရဲ့ ကလေးငယ်တွေ နောက်ဆက်တွဲ ကုသမှုတွေ လုပ်ဖို့ လိုအပ်မှု ရှိ မရှိ သိရဖို့ ခြေလှမ်းစစ်ဆေးခြင်းအပါအဝင် လိုအပ်တဲ့ ရောဂါရှာဖွေမှုများကို ဂရုတစိုက် လုပ်ဆောင်ပေးသင့်ပါတယ်။

အသက်(၂)နှစ်ကျော်တဲ့တိုင်အောင် ခြေခွင်နေတဲ့ကလေးငယ်များ(သို့) ခြေတစ်ဖက်တည်းခွင်နေသူများအနေနဲ့ တခြားအန္တရာယ်တွေလည်း ပိုမိုဖြစ်နိုင်ခြေရှိပြီး အောက်ဖော်ပြပါ ဆိုးဆိုးရွားရွားကျန်းမာရေးပြဿနာများ ဖြစ်လာနိုင်ပါတယ်။

အရိုးပျော့ရောဂါ(Rickets) – ဒီရောဂါဟာ အရိုးထဲရှိ ကယ်လ်စီယမ် ချို့တဲ့မှု ကြောင့်ဖြစ်ပွားပြီး ကယ်လ်စီယမ်ထိုးခြင်း၊ ဗီတာမင်ဒီ မြှင့်တင်ပေးခြင်း စတဲ့ နည်းလမ်းများနဲ့ ကုသနိုင်ပါတယ်။ ဒါပေမယ့် မျိုးရိုးဗီဇ မူမမှန်မှုများကြောင့်ဖြစ်တဲ့ အရိုးပျော့ရောဂါဆိုရင်တော့ ဟော်မုန်းဗေဒ(Endocrinology) နဲ့ပတ်သက်ပြီး အကောင်းဆုံးလမ်းညွှန်ကုသပေးနိုင်တဲ့ အထူးကုဆရာဝန်နဲ့ တိုင်ပင်ပြီး ကုသသင့်ပါတယ်။

ကြီးထွားဖွံ့ဖြိုးမှုချို့ယွင်းချက်ကြောင့်ခြေခွင်ခြင်း(Blount Disease) - ဒီရောဂါ ဟာ ကလေးအသက်(၂)နှစ်လောက်မှာ ရောဂါရှာဖွေသိရှိနိုင်ပြီး ခြေသလုံးရိုး ကို ထိခိုက်စေတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ ဒီရောဂါဘာကြောင့်ဖြစ်ရလဲဆိုတဲ့ တိတိ ကျကျအကြောင်းအရင်း မရှိပါဘူး။  ရောဂါရဲ့ အကျိုးဆက်အဖြစ် ခြေသလုံးရိုးရဲ့ အပေါ်ပိုင်းနေရာမှာ မူမမှန်တဲ့ အခြေအနေများဖြစ်ပေါ်ပြီး ကလေး အသက် (၃)နှစ်-(၄)နှစ်ရောက်တဲ့အချိန်ကျမှသာ ခွဲစိတ်ခြင်းနည်းလမ်းနဲ့ ကုသနိုင် ပါတယ်။

ဒူးခွင်ခြင်း

ကလေးအများစုဟာ အသက်(၃)နှစ်ကနေ (၆)နှစ်ကြားအရွယ်မှာ သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု အပြောင်းအလဲများကြောင့် ဒူးခွင်ခြင်းကို ကြုံတွေ့ရလေ့ရှိ ပါတယ်။ သာမန်အားဖြင့် အသက်အရွယ်အလိုက် ခြေထောက်ဟာ သူ့အလိုလို ဆန့်တန်းသွားတာကြောင့် ကုသမှုမလိုအပ်ပါဘူး။ ဒါပေမယ့် တချို့ကလေးငယ် များမှာ ဒူးနှစ်ဖက် ထိနေခြင်း၊ ခြေထောက်အောက်ပိုင်းအလျားအတိုင်းအတာဟာ ပေါင်အပေါ်ပိုင်း အလျားအတိုင်းအတာထက် အများကြီး ရှည်နေခြင်း စတဲ့ တခြား ပြဿနာတွေ ရှိနိုင်ပါတယ်။ မူမမှန်ခြင်းရဲ့ ပြင်းထန်မှု အတိုင်းအတာကို ဆရာဝန် များမှ စစ်ဆေးမှာဖြစ်ပြီး ဒီအချက်အလက်များကိုအခြေခံကာ နောက်ထပ် ကုသမှု တွေ လိုအပ်လား မလိုအပ်လား ဆိုတာကို ဆုံးဖြတ်မှာပါ။

ခြေဖျားထောက်လမ်းလျှောက်ခြင်း

ခြေဖျားလေးတွေနဲ့ လမ်းလျှောက်ခြင်းဟာ လမ်းလျှောက်သင်ခါစ ကလေးငယ် များမှာ တွေ့ရလေ့ရှိပါတယ်။ ကလေးငယ်တွေအနေဟာ လှုပ်ရှားမှုနဲ့ပတ်သက် ပြီး ပိုမို လိုက်လျောညီထွေဖြစ်လာတာနဲ့အမျှ ခြေဖျားထောက်လမ်းလျှောက်ခြင်း ဟာလည်း အလိုလို ပျောက်သွားပါတယ်။ အများအားဖြင့် အသက် (၃)နှစ်မှာ ခြေဖျားထောက်လမ်းလျှောက်ခြင်း မရှိတော့ပေမယ့် တချို့ကလေးတွေဟာ အဲဒီ ထက်ပိုပြီးကြာတတ်ပါတယ်။ ဒါကြောင့် မိဘတွေအနေနဲ့ ကိုယ့်ကလေးက ခြေဖျားထောက်လမ်းလျှောက်နေ တာကို မြင်ရတဲ့အချိန်မှာ အရမ်းကြီးစိုးရိမ်ပူပန်နေစရာမလိုပါဘူး။ ဒါပေမယ့် အသက်(၃)နှစ်ပြည့်တဲ့ အချိန်ထိ ခြေဖျားထောက်လမ်းလျှောက်နည်းနဲ့ ဆက်လျှောက်နေမယ်ဆိုရင်တော့ မိဘများအနေနဲ့ ဆရာဝန်များနဲ့ တိုင်ပင်ကာ အဖြေရှာသင့်ပြီး လိုအပ်ရင် ကုသမှုအတွက် လုပ်ဆောင်ရပါမယ်။ အချိန်ကြာတဲ့ အထိ ခြေဖျားထောက်လမ်းလျှောက်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာချို့ယွင်းမှု၊ ဆိုးရွားတဲ့ကြွက်သားချို့တဲ့မှု အပါအဝင် တခြားကျန်းမာရေးပြဿနာများကြောင့် လည်းဖြစ်နိုင်ပါတယ်။

ခြေချောင်းများကုပ်နေခြင်း

ကလေးငယ်များဟာ အသက်(၂)နှစ်မှ (၅)နှစ်ကြားအရွယ်အတွင်း လမ်းလျှောက် တဲ့ အချိန်မှာ သူတို့ရဲ့ ခြေချောင်းလေးများဟာ အတွင်းဘက်ကို ကုပ်ပြီးဝင် နေတာ ကို မြင်ဖူးကြမှာပါ။ ဒီအခြေအနေဟာ ခြေထောက်အတွင်းဘက်ကို အပြောင်းအလဲဖြစ်ခြင်း(သို့) ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုများနဲ့ သက်ဆိုင်ပါတယ်။ အဓိက ကတော့ လမ်းလျှောက်သင်ခါစမှာ ဟန်ချက်မျှဖို့ အများကြီးလိုအပ်နေ သေးတဲ့ လက္ခဏာလို့ဆိုရမှာပါ။ ဒီလိုအခြေအနေမျိုးကြံရတဲ့ ကလေးငယ်များဟာ အသက်(၈)နှစ်မတိုင်ခင်မှာ ဘာကုသမှုမှမလိုအပ်ဘဲ သဘာဝအတိုင်း ပုံမှန်ပြန်ဖြစ်နိုင်ပါတယ်။  ဒါပေမယ့် လည်း ကလေးငယ်ဟာ  ကိုယ်အလေးချိန်မညီမျှမှုကြောင့် ခြေဖဝါး ရောင်ရမ်း ခြင်း(သို့) အရည်ကြည်ဖုထမယ်ဆိုရင် မိဘများအနေနဲ့ ကုသမှုကို သေချာ ညွှန်ပြလုပ်ဆောင်ပေးနိုင်မယ့် အရိုးအကြောခွဲစိတ်ဆရာဝန်နဲ့ တွေ့ဆုံတိုင်ပင်ပြီး စစ်ဆေးသင့်ပါတယ်။

ကလေးငယ်များအတွက်ဖိနပ်ရွေးချယ်ရာမှာအကြံပြုချက်များ

ဖိနပ်ဆိုဒ် - အရမ်းကျပ်တဲ့ (သို့) အရမ်းသေးငယ်တဲ့ ရှူးဖိနပ်များထက်စာရင် အနည်းငယ်ပိုကြီးတဲ့ ရှူးဖိနပ်များကို ရွေးချယ်သင့်ပါတယ်။

ကွေးညွတ်နိုင်မှု - ကလေးစီးဖိနပ်များကို မာတောင့်နေတဲ့ ကုန်ကြမ်းပစ္စည်းများနဲ့ မပြုလုပ်သင့်ပါဘူး။ ချွန်ထက်တဲ့အရာတွေမရှိဘဲ ခြေဖဝါးကိုသက်သောင့် သက်သာ ဖြစ်နေစေဖို့ကလည်းအရေးကြီးပါတယ်။ ဖိနပ်အောက်ခံပြားဟာ ပြန့်ပြူးနေသင့်သလို အရမ်းမချော်၊ အရမ်းမမြဲမြံ သင့်ပါဘူး။

ကုန်ကြမ်းပစ္စည်း - ဖိနပ်ပြုလုပ်တဲ့ပစ္စည်းများဟာ လေဝင်လေထွက်ကောင်းဖို့ လိုအပ်ပြီး အထူးသဖြင့် အပူးပိုင်းဇုန်က နိုင်ငံများမှာ ဒီအချက်ဟာ အရေးကြီးပါတယ်။

သင့်ကလေးငယ်အတွက်အကောင်းဆုံးဖိနပ်ကိုရွေးချယ်ခြင်း

  • ဖိနပ်စီးလိုက်မယ်ဆိုရင် ကလေးငယ်နဲ့လုံးဝ အံဝင်ခွင်ကျဖြစ်နေဖို့ လိုအပ် ပြီး စမ်းစီးတဲ့အချိန်မှာ ကွေးဆန့်ကြည့်ဖို့အကြံပေးပါရစေ။ တကယ်လို့ ခြေဖနောင့်ဟာ ဖိနပ်နဲ့ ချော်နေတယ်ဆိုရင် ဖိနပ်ဟာ ခြေထောက်ထက် အရမ်းကြီးနေလို့ပါ။ ကြီးထွားဖွံ့ဖြိုးလာမယ့်ကလေးအတွက် ဖိနပ်ကြိုဝယ် တာမျိုးကိုမလုပ်သင့်ပါဘူး။ ဒါဟာ လမ်းလျှောက်တဲ့အချိန်မှာ ကလေးငယ်ရဲ့ ခြေဖဝါးကြွက်သားအပေါ်ကို ဖိအားရှိစေတာကြောင့် ဖြစ်ပါတယ်။
  • ခြေချောင်းနေရာမှာ လုံလောက်တဲ့ အကျယ်ရှိတဲ့ ဖိနပ်ကို ရွေးချယ်ပါ။ ဒါမှသာ ခြေချောင်းလေးတွေကို ညှစ်ထားသလို မဖြစ်စေမှာပါ။ ခိုင်ခံ့ပြီး ခြေကျင်းဝတ်နေရာမှာ ကွေးညွတ်နိုင်တဲ့ ဖိနပ်မျိုးရွေးချယ်မယ်ဆိုရင် ကလေးငယ်အတွက် ဟန်ချက်မျှစေမှာပါ။ ကြိုးသိုင်းဖိနပ်(သို့) ကပ်ခွာ ပါတဲ့ ဖိနပ်ဟာလမ်းလျှောက်တဲ့အချိန်မှာ ခြေဖနောင့်နေရာကို ထိန်းပေးနိုင် မှာဖြစ်သလို ခြေချောင်းလေးတွေကိုထိခိုက်စေတဲ့ ရှေ့ဘက်သို့ ချော်ထွက်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
  • ဖိနပ်တွေဟာ အရမ်းမထူသင့်ဘဲ ပေါ့ပါးနူးညံ့ပြီး ကွေးဆန့်နိုင်တဲ့ အသားနဲ့ လုပ်တဲ့ဖိနပ်တွေကိုရွေးချယ်သင့်ပါဘူး။ ဒီလိုဖိနပ်မျိုးဟာ ကလေးငယ်ရဲ့ ခြေဖဝါးကိုထိန်းပေးပြီး လမ်းလျှောက်ရာမှာ ဟန်ချက်ညီစေသလို ခြေလှမ်း လှမ်းရာမှာလည်း မြဲမြံနေစေပါတယ်။  အတွင်းပိုင်း အောက်ခံပြားများဟာ မာကျောတဲ့အရာတွေမဖြစ်နေဖို့လိုသလို အနားသတ်တွေကလည်း တောင့်တင်းမနေသင့်ပါဘူး။ ဒီလိုမှမဟုတ်ရင် လမ်းလျှောက်လိုက်တိုင်း မှာ ပွတ်တိုက်မှုတွေဖြစ်ပေါ်လာပြီး ကလေးငယ်ဟာ နောက်ဆိုရင် ဖိနပ်စီးချင် တော့မှာ မဟုတ်ပါဘူး။
  • စိုထိုင်းမှုနဲ့ ခြေဖဝါးချွေးထွက်ခြင်းမှဖြစ်လာတဲ့ ဘတ်တီးရီးယားပေါက်ဖွား မှုကို လျှော့ချနိုင်ဖို့အတွက် လေဝင်လေထွက်ကောင်းတဲ့အသားနဲ့ပြုလုပ် ထားတဲ့ ဖိနပ်များကို ရွေးချယ်ပါ။
  • Second-Hand ဖိနပ်များဟာ ဖိနပ်အသစ်တွေလောက် သက်သောင့်သက် သာ မဖြစ်သလို ဘတ်တီးရီးယားပိုးမွှားတွေလည်း သယ်ဆောင်လာန်ိုင် တာကြောင့် ဒီလိုဖိနပ်များဝယ်ယူခြင်းကို ရှောင်ကျဉ်ပါ။

ဖော်ပြခဲ့တဲ့ အချက်များကို လိုက်နာပြီး ကလေးငယ်အတွက် သင့်တော်တဲ့ ဖိနပ်များကို ရွေးချယ်ဝယ်ယူဖို့ အရေးကြီးပါတယ်။ ကလေးငယ်အတွက် စီးလိုက်တဲ့ဖိနပ်ဟာ သူတို့ရဲ သဘာဝ ခြေဖဝါး ပုံသဏ္ဍာန်အတိုင်း ကွက်တိ ဖြစ်နေဖို့လိုပါတယ်။ တကယ်လို့ စိုးရိမ်ပူပန်မှုတစ်ခုခု(သို့) ပုံမှန်မဟုတ်မှု တစ်ခုခု ရှိနေသေးတယ်ဆိုရင် ကနဦးကုသမှုအတွက် သေချာလမ်းညွှန်နိုင်တဲ့ အထူးကုဆရာဝန်နဲ့ တွေ့ဆုံဆွေးနွေးသင့်ပါတယ်။

အဆင့်သတ်မှတ်ချက်

မှတ်ပုံတင်ပြီးသားလား။