လူတိုင်းသိထားသင့်တဲ့ Covid-19 ရောဂါကာကွယ်ဆေးများအကြောင်း

လူတိုင်းသိထားသင့်တဲ့ Covid-19 ရောဂါကာကွယ်ဆေးများအကြောင်း

အဓိကအချက်များ

  • ကာကွယ်ဆေးထိုးခြင်းကြောင့်ဖြစ်တဲ့ ပြင်းထည်သည့်ဓာတ်မတည့်သော တုန့်ပြန်မှု (Anaphylaxis) ရဲ့ နောက်ဆက်တွဲအဖြစ် အန္တရာယ်ရှိလောက်သည် အထိ သွေးပေါင်ချိန်ကျခြင်း၊ အသက်ရှူလမ်းကြောင်း ပြဿနာဖြစ်ပြီး အသက်ရှူ ရခက်ခဲခြင်း စတဲ့လက္ခဏာ တွေဟာ လူအယောက်(၁)သိန်းလျှင် တစ်ယောက် (သို့) လူအယောက် (၄) သိန်းလျှင် တစ်ယောက် နှုန်းကြုံတွေ့ရတတ်ပါတယ်။ ပြင်းထန်တဲ့ သွေးဥမွှားအရေအတွက် လျော့နည်းခြင်း(Thrombocytopenia) နဲ့ သွေးယိုခြင်း(Hemorrhage) ဖြစ်နိုင်ခြေများဟာလည်း အယောက်(၁) သန်းလျှင် တစ်ယောက်၊ အယောက်(၂)သန်းလျှင်တစ်ယောက် ဖြစ်နိုင်ခြေရှိတာကြောင့် ဒီလိုရောဂါအခြေအနေတွေဟာ COVID 19 ရောဂါကူးစက်ခံရနိုင်ခြေထက် အများကြီး နည်းတယ်လို့ ဆိုရမှာဖြစ်ပါတယ်။
  • Covid 19 အတွက် ကိုယ်ခံအားမြှင့်တင်ပေးတဲ့ နည်းလမ်း(၂) မျိုးရှိပြီး သင့်ဘဝ အတွက်အန္တရာယ်ရှိတဲ့ရောဂါကို ကူးစက်ခံမလား ဒါမှမဟုတ် ကာကွယ်ဆေးထိုး မလား ဆိုတာပဲဖြစ်ပါတယ်။
  • လေတစ်ခြမ်းဖြတ်ခြင်း(သို့)လုံးဝလေဖြတ်ခြင်း၊ နှလုံးရောဂါ၊ အဆုတ်ရောဂါ၊ အသည်းရောဂါ၊ ကျောက်ကပ်ရောဂါ၊ ကိုယ်ခံအားစနစ်ချို့ယွင်းမှု(သို့) ကိုယ်ခံအားချို့တဲ့မှု စတဲ့ ရောဂါရှိသူလူနာများဟာ ကာကွယ်ဆေးထိုးလို့ မရဘူး ဆိုပြီး တိကျတဲ့ဆေးဘက်ဆိုင်ရာအကြောင်းအရင်း မရှိပါဘူး။

၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်း တရုတ်နိုင်ငံ ဟူဘေးခရိုင်မျြို့တော်ဖြစ်တဲ့ ဝူဟန် မြို့မှာ ပထမဆုံး ကိုရိုနာဗိုင်းရပ်စ်ရောဂါ စတင်ပျံ့နှံ့ခဲ့ပါတယ်။ အဲဒီအချိန်မှ စတင်ကာ ယနေ့အထိ ရောဂါကူးစက်ပျံ့နှံ့မှုကို မြင်တွေ့နေရဆဲ ဖြစ်ပြီး တစ်ကမ္ဘာလုံးရဲ့ အဓိက ဇီဝဆိုင်ရာ ကျန်းမာရေးပြဿနာကြီးအဖြစ် ထိန်းချုပ်ဟန့်တားဖို့နဲ့ တိုက်ဖျက်ဖို့ကို အလူးအလဲရုန်းကန်နေကြရပါတယ်။

ဗိုင်းရပ်စ်ပိုး ဟာ တံတွေး၊ ချွဲ၊ သလိပ် စတဲ့ အရည်အစက်ကလေးများထဲမှာ ပါဝင်တဲ့ ပိုးမွှားများမှတစ်ဆင့် လူ ကိုကူးစက်ပါတယ်။ ရောဂါပိုးဝင်ရောက်ပြီး (၅)ရက်အတွင်း (သို့) ရောဂါကူးစက်ခံရပြီး (၂)ရက်မှ (၁၄)ရက်အတွင်း ရောဂါလက္ခဏာတွေ ပြလာတတ်ပါတယ်။ အများဆုံးတွေ့ရလေ့ရှိတဲ့ ရောဂါလက္ခဏာများကတော့ ဖျားခြင်း၊ ချောင်းဆိုး ခြင်း၊ မောပန်းခြင်း၊ အသက်ရှူရခက်ခြင်း၊ ကိုက်ခဲနာကျင်ခြင်း၊ အရိုးအဆစ်များ နာကျင်ခြင်း၊ လည်ချောင်းနာခြင်း၊ ခေါင်းကိုက်ခြင်း နဲ့ ချမ်းတုန်ခြင်း တို့ပဲဖြစ်ပါ တယ်။ ဒီလိုမျိုးလက္ခဏာများရဲ့ နောက်ဆက်တွဲရောဂါ ပြဿနာများအဖြစ် နမိုးနီးယားအဆုတ်ရောင်ရောဂါ၊ ရုတ်တရက် အသက်ရှူရခက်ခဲခြင်းနဲ့ အသက်သေဆုံးခြင်းတို့ ဖြစ်တတ်ပါတယ်။  လက်ရှိချိန်မှာ ဗိုင်းရပ်စ်ပိုးအတွက် ကုသမှုကို မသိရှိရသေးပေမယ့် ရောဂါလက္ခဏာများကို သက်သာစေဖို့ ရည်ရွယ်တဲ့ ကုသမှုကိုတော့ လုပ်ဆောင်နိုင်ပါတယ်။ လက်ရှိအချိန်မှာ အစိုးရ အနေနဲ့ Covid 19 ပျံ့နှံ့မှုကို ကြိုတင်ကာကွယ်နိုင်ဖို့အတွက် အောက်ပါ လုပ်ဆောင်ချက်တွေကို အင်တိုက်အားတိုက် လမ်းညွှန်ထားပါတယ်။

ထိုင်းနိုင်ငံတွင်ရရှိနိုင်သည့် Covid 19 ရောဂါကာကွယ်ဆေးများ

Covid-19 ကာကွယ်ဆေးတွေ ဘယ်လို အလုပ် လုပ်သလဲ?

  • Sinovac - လှုပ်ရှားသက်ဝင်မှုမရှိတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ ထပ်ပြီး ပုံစံတူ မပွားနိုင်ပါဘူး။ ဒါပေမယ့် ဗိုင်းရပ်စ်ရဲ့ ဆူးချွန်(Spikes) အပါအဝင် ပရိုတိန်းများဟာ အကောင်းပကတိအတိုင်းရှိနေပြီး လူရဲ့ ခုခံအားစနစ်ကို မြှင့်တင်ဖို့ SARS-CoV-2 ကိုရိုနာဗိုင်းရပ်စ်ကို တုန့်ပြန်တဲ့ Antibodies များကို ထွက်ပေါ်စေပါတယ်။ 
  • AstraZeneca: မတူညီတဲ့ဗိုင်းရပ်(the vector) ကို အထူးပြုလုပ် အသွင်ပြောင်း ထားတဲ့ Viral Vector Vaccines များဟာ ကိုရိုနာဗိုင်းရပ်စ်ရဲ့ ဗီဇဆိုင်ရာပါဝင်    ပစ္စည်းများကို ကျွန်တော်တို့ရဲ့ ဆဲလ်ဆီကို ပို့ဆောင်ပေးပြီး ခုခံနိုင်တဲ့ Antibodies များကို ထုတ်လုပ်ပေးစေပါတယ်။  
  • J&J: မတူညီတဲ့ဗိုင်းရပ်(the vector) ကို အထူးပြုလုပ် အသွင်ပြောင်း ထားတဲ့ Viral Vector Vaccines များဟာ ကိုရိုနာဗိုင်းရပ်စ်ရဲ့ ဗီဇဆိုင်ရာပါဝင်    ပစ္စည်းများကို ကျွန်တော်တို့ရဲ့ ဆဲလ်ဆီကို ပို့ဆောင်ပေးပြီး ခုခံနိုင်တဲ့ Antibodies များကို ထုတ်လုပ်ပေးစေပါတယ်။ 
  • Sputnik V:  မတူညီတဲ့ဗိုင်းရပ်(the vector) ကို အထူးပြုလုပ် အသွင်ပြောင်း ထားတဲ့ Viral Vector Vaccines များဟာ ကိုရိုနာဗိုင်းရပ်စ်ရဲ့ ဗီဇဆိုင်ရာပါဝင်    ပစ္စည်းများကို ကျွန်တော်တို့ရဲ့ ဆဲလ်ဆီကို ပို့ဆောင်ပေးပြီး ခုခံနိုင်တဲ့ Antibodies များကို ထုတ်လုပ်ပေးစေပါတယ်။ 
  • Pfizer: အဆီဖုလေးများနှင့်ဖွဲ့စည်းထားသည့်အမှုန်လေးများထဲမှာပါဝင်တဲ့ mRNA ကာကွယ်ဆေးများဟာ mRNA မော်လီကျူးများကို အိမ်ရှင်၏ဆဲလ်များ (Host Cells) ရဲ့ Cytoplasm(ဆဲလ်အတွင်းရှိစေးပျစ်ပျစ်ပျော်ဝင်ရည်တစ်မျိုး) ဆီသို့ ပို့ဆောင်ပေးမှုအပေါ်မှာ မူတည်ပါတယ်။ အဆိုပါ Host Cells များကို လှုံ့ဆော်ပေးတဲ့ပရိုတိန်း(Antigenic Protein) အဖြစ် ပြောင်းလဲနိုင်ပြီး ဗိုင်းရပ်စ် ပိုးကို ခုခံပေးသည့်ဓာတ်(Antibodies) ထုတ်လုပ်မှုကို ဖြစ်စေပါတယ်။
  • Moderna: အဆီဖုလေးများနှင့်ဖွဲ့စည်းထားသည့်အမှုန်လေးများထဲမှာပါဝင်တဲ့ mRNA ကာကွယ်ဆေးများဟာ mRNA မော်လီကျူးများကို အိမ်ရှင်၏ဆဲလ်များ (Host Cells) ရဲ့ Cytoplasm(ဆဲလ်အတွင်းရှိစေးပျစ်ပျစ်ပျော်ဝင်ရည်တစ်မျိုး) ဆီသို့ ပို့ဆောင်ပေးမှုအပေါ်မှာ မူတည်ပါတယ်။ အဆိုပါ Host Cells များကို လှုံ့ဆော်ပေးတဲ့ပရိုတိန်း(Antigenic Protein) အဖြစ် ပြောင်းလဲနိုင်ပြီး ဗိုင်းရပ်စ် ပိုးကို ခုခံပေးသည့်ဓာတ်(Antibodies) ထုတ်လုပ်မှုကို ဖြစ်စေပါတယ်။

ကာကွယ်ဆေးမထိုးခင် ဆရာဝန်/ သူနာပြု များကို ကြိုတင်ပြောပြထားသင့်သည့် အရေးကြီးအချက်အလက်များ

  • ကာကွယ်ဆေးရဲ့ ပါဝင်ပစ္စည်းများနဲ့ ယခင်က ဓာတ်မတည့်မှုကြီးကြီးမားမား ဖြစ်ပေါ်ခဲ့ခြင်း ရှိ မရှိ (သို့) ပထမတစ်ကြိမ်ထိုးနှံပြီးနောက် ဓာတ်မတည့်မှုကြောင့် ခံစားရတဲ့ အသက်ရှူမြန်ခြင်း၊ မျက်နှာဖောရောင်ခြင်း၊ လျှာရောင်ခြင်း(သို့) အသက်ရှူလမ်းကြောင်း ပြဿနာများ ရှိ မရှိ။
  • ကာကွယ်ဆေးထိုးသည့်နေ့တွင် အဖျား(၃၈) ဒီဂရီ ဆဲလ်စီးရက်စ် ရှိနေခြင်း။
  • ပွန်းပဲ့ဒဏ်ရာ၊ သွေးအစက်အပြောက်(သို့) ပုံမှန်မဟုတ်တဲ့သွေးထွက်ခြင်း၊ Warfarin ကဲ့သို့သော သွေးကျဲဆေးများ သောက်သုံးခြင်း။
  • ကိုယ်ခံအားနည်းခြင်း၊ စတီးရွိုက်အပါအဝင် ကိုယ်ခံအားကိုကျဆင်းစေသည့် ဆေးများ သောက်သုံးထားခြင်း၊ ခီမိုဆေးသွင်းထားခြင်း။
  • ကိုယ်ဝန်ဆောင်များ၊ ကိုယ်ဝန်ယူမည့်သူများ၊ နို့တိုက်မိခင်များ။
  • ပထမအကြိမ်ကာကွယ်ဆေးထိုးပြီး ဘေးထွက်ဆိုးကျိုးရှိခဲ့သူများ။
  • သွေး၊ သွေးရည်ကြည် (သို့) သွေးသွင်းကုသမှုခံယူဖူးခြင်း၊ ဗိုင်းရပ်စ်ဆန့် ကျင်ဆေး (Antiviral Drugs) သောက်ထားသူများ၊ ပြီးခဲ့သည့် ရက်(၉၀) အတွင်း COVID-19 ကုသဖို့အတွက် Immunoglobulin ခေါ် ဗိုင်းရပ်စ်ဆန့်ကျင်ဆေး သုံးစွဲထားခြင်း။
  • ထိန်းချုပ်မရသည့်ကျန်းမာရေးအခြေအနေများ။ ( ဥပမာ - ရင်ဘတ်တင်း ကျပ်ခြင်း၊ အသက်မရှူနိုင်ခြင်း၊ အသက်ရှူမြန်ခြင်း၊ ရန်တုန်ခြင်း၊ ဦးနှောက်နှင့်ရုံကြောရောဂါကြောင့်ခံစားရသည့် ရောဂါလက္ခဏာများ)
  • လွန်ခဲ့သည့်(၁၀)ရက်အတွင်း Covid 19 ကူးစက်ခံရမှု Positive ထွက်ထား သူများ။
  • ရုတ်တရက်ဖျားနာခြင်းလက္ခဏာများ(သို့) လွန်ခဲ့သည့်(၁၄)ရက်အတွင်း ဖျားနာခြင်းကြောင့် ဆေးရုံတက်ရခြင်း။

မဖြစ်မနေသိထားရမည့် Covid 19 ကာကွယ်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးများ

  • မှတ်တမ်းများအရ အဖျားအနည်းငယ်ရှိခြင်း၊ နာကျင်ကိုက်ခဲခြင်း၊ ရောင်ရမ်းခြင်း ကဲ့သို့သော ဘေးထွက်ဆိုးကျိုးများဟာ (၁၀) ရာခိုင်နှုန်းအောက်လျော့နည်း ပါတယ်။ ဒါဟာ ခန္ဓာကိုယ်အနေနဲ့ ကာကွယ်ဆေးကို တုန့်ပြန်နေတဲ့ သာမန် လက္ခဏာတစ်ခုမျှသာဖြစ်ပါတယ်။
  •  လေဖြတ်ခြင်း၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ သွေးပြန်ကြောအတွင်း သွေးခဲခြင်း(Venous Thrombosis)၊ အဆုတ်အတွင်း သွေးကြောပိတ်ခြင်း  (Pulmonary Embolism) စတဲ့ရောဂါအခံရှိသူများဟာ ဒီကာကွယ်ဆေး ထိုးခြင်းကြောင့် ပိုမိုဆိုးရွားလာစရာမရှိပါဘူး။   ဒါကြောင့် ဆက်စပ်ကျန်းမာရေး ပြဿနာများဖြစ်တဲ့ လေတစ်ခြမ်းဖြတ်ခြင်း(သို့) ခန္ဓာကိုယ်တစ်ခုလုံး လေဖြတ် ခြင်း၊ နှလုံးသွေးကြော ကျဉ်းခြင်း (သို့) သွေးခဲခြင်း ရောဂါရှိသူများလည်း ကာကွယ်ဆေး ထိုးနိုင်ပါ တယ်။
  • ကာကွယ်ဆေးဟာ ယေဘုယျသွေးခဲခြင်းရောဂါ ဖြစ်နိုင်ခြေမရှိပေမယ့်လည်း တချို့သော သွေးခဲခြင်းရောဂါအမျိုးအစားများဖြစ်စေတတ်ပြီး ကုသလို့ရနိုင်ပါ တယ်။ ထိုင်းလူမျိုးတွေမှာ ဒီလိုဖြစ်ရပ်မျိုး ကြုံတွေ့ရခြင်းမရှိသေး ပါဘူး။ ဒါပေမယ့်လည်း Covid 19 ရောဂါပိုးကူးစက်ခံရပြီးနောက် (၁၀) ယောက်လျှင် (၁) ယောက်ဟာ သွေးခဲခြင်းရောဂါဖြစ်နိုင်ခြေရှိပြီး တချို့သော ရောဂါပုံစံတွေ ဟာ ပြင်းထန်ပါတယ်။
  • လူတချို့ကတော့ လေတစ်ခြမ်းဖြတ်ခြင်း(သို့)အလုံးစုံလေဖြတ်ခြင်း ဖြစ်မှာကို စိုးရိမ်ပြီး Sinovac ကာကွယ်ဆေးထိုးဖို့ကို ကြောက်နေကြပါတယ်။ ဒါပေမယ့်လည်း ကျူရာလောင်ကွန်းဆေးရုံ ဦးနှောက်နှင့်အာရုံကြောဌာန မှ MRI၊ MRA၊ SPECT စတဲ့ ပုံရိပ်ဖော်နည်းပညာများအသုံးပြုကာ အသေးစိတ်လေ့လာမှု များအရ လေဖြတ်ခြင်း မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။ အဲဒီအစား ကာကွယ်ဆေး ထိုးခြင်းကြောင့် သွေးကြောကျဉ်းခြင်းကို ဖြစ်စေနိုင်တယ်ဆိုတာကို တွေ့ရှိ ခဲ့ကြပြီး ဒါကို သွေးကြောကျယ်စေသည့်ကိရိယာ (Vasodilator) နဲ့ ကုသလို့ ရနိုင်ပါတယ်။ ဒီကုသမှုဟာ လူနာကို အပြည့်အဝပြန်လည်ကောင်းမွန်လာစေနိုင် ပြီး ထုံကျဉ်ခြင်းနဲ့ ကြွက်သားအားနည်းခြင်းလက္ခဏာများကိုတော့ ခံစားရနိုင် ပါတယ်။
  • AstraZeneca (သို့) Johnson and Johnson ကာကွယ်ဆေး ထိုးပြီးနောက် သွေးကြောအတွင်း သွေးခဲများဖြစ်တည်မှု အယောက်(၁)သိန်းလျှင် တစ်ယောက်၊ အယောက်(၅)သိန်းလျှင် တစ်ယောက်ဖြစ်နိုင်ခြေရှိပါတယ်။ ကံကောင်းတာကတော့ ဒီလိုမျိုးပြဿနာတွေကို ထိုင်းနိုင်ငံမှာ ရောဂါရှာဖွေ စစ်ဆေးနိုင်သလို ဆေးဝါးများနဲ့ ကုသနိုင်ခဲ့ပြီးလည်းဖြစ်ပါတယ်။ ဒါကြောင့် ရောဂါဖြစ်နိုင်ခြေရှိပေမယ့် ကုသမှုကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နိုင် ပါတယ်။
  • ကာကွယ်ဆေးထိုးခြင်းကြောင့်ဖြစ်တဲ့ ပြင်းထန်သည့်ဓာတ်မတည့်သော တုန့်ပြန်မှု (Anaphylaxis) ရဲ့ နောက်ဆက်တွဲအဖြစ် အန္တရာယ်ရှိလောက်သည် အထိ သွေးပေါင်ချိန်ကျခြင်း၊ အသက်ရှူလမ်းကြောင်း ပြဿနာဖြစ်ပြီး အသက်ရှူ ရခက်ခဲခြင်း စတဲ့လက္ခဏာ တွေဟာ လူအယောက်(၁)သိန်းလျှင် တစ်ယောက် (သို့) လူအယောက် (၄) သိန်းလျှင် တစ်ယောက် နှုန်းကြုံတွေ့ရတတ်ပါတယ်။ ဒါ့အပြင် ပြင်းထန်တဲ့ သွေးဥမွှားအရေအတွက် လျော့နည်းခြင်း (Thrombocytopenia) နဲ့ သွေးယိုခြင်း(Hemorrhage) ဖြစ်နိုင်ခြေများဟာ လည်း အယောက်(၁) သန်းလျှင် တစ်ယောက်၊ အယောက်(၂)သန်းလျှင်တစ် ယောက် ဖြစ်နိုင်ခြေရှိတာကြောင့် ဒီလိုရောဂါအခြေအနေတွေဟာ COVID 19  ရောဂါကူးစက်ခံရနိုင်ခြေထက် အများကြီး နည်းတယ်လို့ ဆိုရမှာဖြစ်ပါတယ်။
  • COVID 19 ကာကွယ်ဆေးထိုးပြီး သေဆုံးတယ် ဆိုတဲ့ ကာလဟာလတွေ ရှိနေပေမယ့်လည်း ဒါဟာ ကာကွယ်ဆေးနဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့ ရလဒ်အဖြစ် တိတိကျကျ အတည်ပြုလို့မရသလို လက်ဆုပ်လက်ကိုင် လည်းမပြနိုင်သေးပါဘူး။
  • ဒါ့အပြင် မွေးရာပါကျန်းမာရေးပြဿနာ၊ လေတစ်ခြမ်းဖြတ်ခြင်း(သို့) ခန္ဓာကိုယ် တစ်ခုလုံးလေဖြတ်ခြင်း၊ ကင်ဆာ၊ နှလုံးရောဂါ၊ အဆုတ်ရောဂါ၊ အသည်းရောဂါ၊ ကျောက်ကပ်ရောဂါ၊ ကိုယ်ခံအားနည်းခြင်း၊ ကိုယ်ခံအားချို့တဲ့ခြင်း စတဲ့ ရောဂါရှိ သူများဟာ ဆေးထိုးလို့မရဘူးဆိုတာနဲ့ပတ်သက်ပြီး ဆေးပညာရှုထောင့်မှ တိကျတဲ့ အကြောင်းအရင်းမရှိပါဘူး။

ထိုင်းနိုင်ငံမှာ ဘယ်အချိန်လောက်ကျမှ COVID 19 ကပ်ရောဂါဆိုးကြီးကို အောင်မြင်ကျော်လွှားနိုင်မလဲလို့ မေးခွန်းတစ်ခု ရှိကောင်း ရှိပါလိမ့်မယ်။ နိုင်ငံလူဦးရေရဲ့ (၇၀) ရာခိုင်နှုန်းကျော်ဟာ ဗိုင်းရပ်စ်ကို ခံနိုင်ရည် ရှိပြီဆိုတဲ့ အချိန် ကျရင် အောင်မြင်ကျော်လွှားနိုင်လိမ့်မယ်လို့ပဲ ဖြေရမှာပါ။ သေချာတာကတော့ က်ိုယ်ခံအားကို တည်ဆောက်မြှင့်တင်ဖို့ နည်းလမ်း (၂)မျိုးပဲ ရှိတယ်ဆိုတာကို သိထားဖို့က အရေးကြီးပါတယ်။
ပထမနည်းလမ်းကတော့ သင်ကိုယ်တိုင်ရောဂါကူးစက်ခံရမှာဖြစ်ပြီး ဒါဟာ သင့်အတွက် အရမ်းကို အန္တရာယ်ကြီးမားတဲ့ အခြေအနေဖြစ်ပါတယ်။ ဒုတိယနည်းလမ်းကတော့ ကာကွယ်ဆေးထိုးခြင်းဖြစ်ပါတယ်။ လက်ရှိချိန်မှာတော့ ကာကွယ်ဆေးထိုးခြင်းဟာ ဗိုင်းရပ်စ် နဲ့ လူမှုဝန်းကျင်အပေါ် ဗိုင်းရပ်စ်ရဲ့ သက်ရောက်မှုကို သေချာအမြစ်ပြတ် သုတ်သင်ရှင်းလင်းနိုင်တဲ့ အကောင်းဆုံးသော နည်းလမ်းပဲဖြစ်ပါတယ်။

(၂၀၂၁ ခုနှစ် မေလ (၂၀) ရက်နေ့တွင်ထုတ်ပြန်သည့်အချက်အလက်များအရ)

Covid - 19 နဲ့ပတ်သက်ပြီး နောက်ဆုံးရရှိထားသော အချက်အလက်များကိုလေ့လာရန် ဒီနေရာတွင်နိုပ်ပါ။

အဆင့်သတ်မှတ်ချက်

မှတ်ပုံတင်ပြီးသားလား။