ရင်သားတွဲကျခြင်းအတွက်ရင်သားတင်းစေရန်ခွဲစိတ်ကုသမှုနှင့်ရင်သားသေးစေ ရန်ခွဲစိတ်ကုသမှု

ရင်သားတွဲကျခြင်းအတွက်ရင်သားတင်းစေရန်ခွဲစိတ်ကုသမှုနှင့်ရင်သားသေးစေ ရန်ခွဲစိတ်ကုသမှု

အနှစ်ချုပ်

  • အမျိုးသမီးများအနေနဲ့ ရင်သားမခွဲစိတ်ခင်မှာ ဒီနည်းလမ်းရဲ့ ဆိုးကျိုး ကောင်းကျိုးများ အပါအဝင် ခွဲစိတ်ကုသမှုအကြောင်းကို သေချာသိထား  သင့်ပြီး ဆရာဝန်များနဲ့ သေချာဆွေးနွေးတိုင်ပင်မယ်ဆိုရင် မျှော်မှန်းထား တဲ့ ရလဒ် ရရှိနိုင်မှာဖြစ်ပါတယ်။ ဒါဟာ ဆရာဝန်နဲ့လူနာကြား အပြန်အ လှန် နားလည်မှုရရှိပြီး လူနာအတွက်လည်း အကောင်းဆုံး ရလဒ်တွေ ရရှိမှာ ဖြစ်ပါတယ်။
  • လက်ရှိချိန်မှာ ရင်သားခွဲစိတ်ကုသရာမှာ စစ်ဆေးခြင်း၊ ကုသမှုအစီအစဉ် များ အပြင် ပုံရိပ်ဖမ်းကြည့်ခြင်း၊ လေဆာပစ်ခြင်း၊ မှန်ပြောင်းကိရိယာ အသုံး ပြုခြင်း ကဲ့သို့သော ခွဲစိတ်မှုအတွင်းလိုအပ်တဲ့ အပြောင်းအလဲ လုပ်ဆောင်မှုများအတွက် ကူညီပံ့ပိုးပေးတဲ့ နည်းပညာများကို ပေါင်းစပ် အသုံး ပြုလျက်ရှိပါတယ်။

အမျိုးသမီးတစ်ယောက်ချင်းစီတိုင်းရဲ့ ရင်သားပုံစံဟာ တစ်မျိုးစီ ကွဲပြားခြားနား ကြပါတယ်။ ရင်သားပုံစံဟာ အသက်အရွယ်၊ ကိုယ်အလေး ချိန်ကျဆင်းခြင်း၊ မျိုးရိုးဗီဇ၊ ကိုယ်ဝန်ဆောင်ခြင်း၊ ကလေးနို့တိုက်ခြင်း၊ ခွန်အား စိုက်ရတဲ့ လှုပ်ရှား မှုများ၊ Sports Bra မဝတ်ဘဲလေ့ကျင့်ခန်းလုပ်ခြင်း စတဲ့ အချက်တွေကြောင့် ပြောင်းလဲသွားနိုင်ပါတယ်။ ဒီအချက်များအားလုံးဟာ အရေပြား နဲ့ တွယ်ဆက်နေတဲ့ တစ်ရှူးများရဲ့ ပျော့ပျောင်းမှုကို လျော့ကျသွား စေပါတယ်။  တစ်ဖက်မှာလည်း ဟော်မုန်းနဲ့ မျိုးရိုးဗီဇကြောင့် ရင်သားအရွယ် အစား ကြီးမားလွန်းခြင်း ဖြစ်လာနိုင်ပါတယ်။

ရင်သားပုံစံပြောင်းလဲစေသည့်အကြောင်းအရင်းများ

  • ရင်သားထဲမှာ ထူပြောတဲ့တစ်ရှူးတွေ ရှိနေတဲ့ အမျိုးသမီးများဟာ ပိုမို ကြီးမားလေးလံတဲ့ ရင်သားတစ်စုံကို ပိုင်ဆိုင်လေ့ရှိပါတယ်။ ၎င်းအမျိုးသမီး များဟာ ပိုမိုပေါ့ပါးသေးငယ်တဲ့ ရင်သားအဆီဓာတ်ရှိတဲ့ အမျိုးသမီးများနဲ့ ယှဉ်မယ်ဆိုရင် ရင်သားတွဲကျမှုနှုန်း ပိုမိုဖြစ်ပွားနိုင် ပါတယ်။
  • ရင်သားပိုမိုကြီးမားတဲ့ အမျိုးသမီးများဟာ ရင်သားအရွယ်အစားအလယ် အလတ်(သို့) ပိုမိုသေးငယ်တဲ့ အမျိုးသမီးများထက် ရင်သားတွဲကျမှု ပိုမို ကြာရှည်စွာဖြစ်ပေါ်နိုင်ပါတယ်။
  • ရုတ်တရက် ဦးတည်ချက်ကိုပြောင်းလဲခြင်း၊ ခုန်ခြင်း၊ Sports Bra မဝတ်ဘဲ ခွန်အားစိုက်ရတဲ့ လှုပ်ရှားခြင်း စတဲ့ ကာယလှုပ်ရှားမှုများဟာ ရေရှည်မှာ ရင်သားပုံစံပြာင်းလဲမှုကို ဖြစ်ပေါ်စေပါတယ်။
  • ကိုယ်ဝန်ဆောင်ခြင်းနဲ့ နို့တိုက်ခြင်းဟာလည်း ရင်သားပုံစံကို ပြောင်းလဲ စေပါတယ်။
  • ဝိတ်ချခြင်းနည်းလမ်းများကြောင့် (သို့) ဖျားနာခြင်းကြောင့် ကိုယ်အလေး ချိန်ရတ်တရက်ကျဆင်းခြင်းဟာလည်း ရင်သားပုံစံကိုပြောင်းလဲစေပါတယ်။
  • အသက်အရွယ်ကြီးလာခြင်းဟာလည်း ရင်သားအရေပြား ပျော့ပျောင်းမှု ကို လျော့ကျလာစေပြီး ရင်သားတွဲကျခြင်းရဲ့ အကြောင်းအရင်းတစ်ချက် အနေနဲ့ သတ်မှတ်နိုင်ပါတယ်။ 
  • ကိုယ်အလေးချိန်များခြင်း (သို့) အဝလွန်ခြင်းဟာလည်း ရင်သားကို ပိုမို လေးလံလာစေပြီး ပုံစံပြောင်းလဲသွားစေပါတယ်။
  • မျိုးရိုးဗီဇကြောင့်လည်း ရင်သားပုံစံပြောင်းလဲနိုင်ပါတယ်။

ရင်သားတင်းစေရန်ခွဲစိတ်ကုသမှု (Breast Lift Surgery)

အမျိုးသမီးတစ်ယောက်ရဲ့ ရင်သားဟာ ကိုယ်မလိုချင်တဲ့ ပုံစံမျိုးဖြစ်နေတယ် (သို့) ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိလောက်တဲ့အထိ ရင်သားတွဲကျနေတယ် ဆိုရင် အဝတ်အစားရွေးချယ်မှု၊ လေ့ကျင့်ခန်းလုပ်ခြင်းနဲ့ ပုံမှန်နေ့စဉ်ဘဝ ကို သိသိသာသာ ထိခိုက်စေမှာဖြစ်ပါတယ်။ ရင်သားတင်းစေရန်ခွဲစိတ်ကုသမှု အတွင်း ခွဲစိတ်ဆရာဝန်များဟာ ရင်သားရဲ့ တွဲကျနေတဲ့ အရေပြားအပိုများကို ဖယ်ရှားခြင်း၊ ရင်သားပုံစံကိုပြုပြင်ခြင်း၊ နို့သီးခေါင်း (Nipple) ကို ကိုယ်လိုချင်တဲ့ နေရာမှာ ပြန်ထားခြင်း၊ နို့သီးခေါင်းပတ်လည်ရှိ အညိုရောင်ကွင်း ပမာဏကို လျှော့ချခြင်း စတဲ့နည်းလမ်းများနဲ့ ရင်သားကိုတင်းအောင်ပြုပြင်မှာဖြစ်ပါတယ် ဒီလိုအောင်မြင်တဲ့ရလဒ် ရရှိစေဖို့အတွက် ရင်သားအတွင်း Internal Bra ထည့်သွင်းခြင်း၊ အစားထိုးထည့်သွင်းပြီးရင်သားတင်းရင်း အောင်ပြုလုပ်ခြင်း၊ အစားထိုးထည့်သွင်းခြင်းမပြုဘဲ ရင်သားတင်းအောင်ပြုလုပ်ခြင်း စတဲ့ နည်းလမ်း တွေကို အသုံးပြုပါတယ်။ ဒီလိုမျိုး ခွဲစိတ်ကုသမှုကို ရွေးချယ်ဖို့အတွက် ဒီနယ်ပယ်မှာ ထဲထဲ ဝင်ဝင် အတွေ့အကြုံရှိတဲ့ ခွဲစိတ်ဆရာဝန်နဲ့ဆွေးနွေး တိုင်ပင်ဖို့ အကြံပေးချင်ပါတယ်။ ဒါမှသာ အမျိုးသမီးများအနေနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုကို မြှင့်တင်ပေးနိုင်တဲ့ အကောင်းဆုံးရွေးချယ်မှုကို ဖြစ်စေမှာ ပါ။

ရင်သားတင်းစေရန်ခွဲစိတ်ကုသမှုကိုလုပ်ဆောင်သင့်သည့်သူများ

၁။ အသက်အရွယ်၊ ကိုယ်အလေးချိန်ကျဆင်းခြင်း(သို့) ကိုယ်ဝန်ဆောင်ခြင်း ကြောင့် ရင်သားတွဲကျနေတဲ့အမျိုးသမီးများ။

၂။ နို့သီးခေါင်း(Nipples)ဟာ သာမန်ထက် ရင်သားအောက်ကို ပိုမိုနိမ့်ကျ နေတဲ့အမျိုးသမီးများ။

၃။ ကလေးနို့တိုက်ခြင်းကြောင့်ရင်သားတွဲကျနေတဲ့မိခင်များ။

၄။ ကိုယ်ခန္ဓာကျန်းမာသန်စွမ်းပြီး ရင်သားကိုပုံမှန်ဖွံ့ဖြိုးချင်တဲ့ အမျိုးသမီးများ။

၅။ အသက်(၂၀)အထက်အမျိုးသမီးများ။ ( အသက်(၂၀)အောက် အမျိုးသမီး များအနေနဲ့ မိဘ (သို့)တရားဝင်အုပ်ထိန်းသူဆီကနေ ခွင့်ပြုချက်ယူရပါမယ်။)

၆။ ကိုယ်ဝန်ဆောင်အမျိုးသမီးမဟုတ်သူများ (သို့) ကလေးနို့တိုက်ခြင်း မရှိသူများ။

၇။ သွေးမခဲသည့်ရောဂါ(Hemophilia)၊ Ehler-Danlos Syndrome ခေါ် မျိုးရိုးလိုက်တဲ့ တစ်ရှူးတွယ်ဆက်ရောဂါလက္ခဏာ အပါအဝင် ခွဲစိတ်မှု ကို အဟန့်အတားဖြစ်စေတဲ့ရောဂါအခံမရှိသူအမျိုးသမီးများ။

၈။ ရင်သားတင်းစေရန်ခွဲစိတ်ကုသဖို့ မဆုံးဖြတ်ခင်မှာ ကိုယ်အလေးချိန် လျှော့ချဖို့ရည်ရွယ်ထားသူများ။

ရင်သားသေးစေရန်ခွဲစိတ်ပြုပြင်ခြင်း

အမျိုးသမီးများဟာ ရင်သားအရွယ်အစားကြီးမားတာမျိုးကို လိုချင်တဲ့အချိန်မှာ တချို့အမျိုးသမီးများကတော့ ကြီးမားတဲ့ ရင်သားမလိုချင်တာမျိုးလည်းရှိပါတယ်။ ကြီးမားတဲ့ ရင်သားတစ်စုံဟာ အမျိုးသမီးတစ်ယောက်ရဲ့ ခန္ဓာကိုယ်နဲ့ဆိုင်တဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပေါ် ထိခိုက်စေပါတယ်။  ပိုမိုကြီးမားတဲ့ ရင်သား တစ်စုံဟာ လည်ပင်း၊ ခါး၊ ပုခုံး စတဲ့ အစိတ်အပိုင်းမှာ နာကျင်ခြင်း ကို ဖြစ်ပေါ် စေရုံသာမက ရင်သားကြားထဲက အပူချိန်နဲ့ စိုထိုင်းဆကို မြင့်တက်စေတာ ကြောင့် လူမှုဝန်းကျင်နဲ့ဆက်ဆံရေး၊ အဝတ်အစားရွေးချယ်ခြင်း၊ နေ့စဉ်နေထိုင်မှု ဘဝ၊ ကျန်းမာရေး စတာတွေအပေါ် သက်ရောက်မှုရှိစေပါတယ်။ ဒါကြောင့် ရင်သားသေးစေရန်ခွဲစိတ် ပြုပြင်ခြင်း (Breast Reduction Surgery)ဟာ ရင်သားကြီးမား တဲ့ အမျိုးသမီးများအတွက် စိတ်ဝင်စားဖို့ကောင်းတဲ့ ရွေးချယ်မှု တစ်ခုဖြစ်လာပါတယ်။

ရင်သားသေးစေရန်ခွဲစိတ် ပြုပြင်ခြင်း (Breast reduction surgery) ဟာ ရင်သားအရွယ် အစားကိုလျှော့ချကာ နို့သီးခေါင်းပတ်လည်ရှိ အညို ရောင်ကွင်း(Areolae) ကို ကိုယ်လိုတဲ့အတိုင်းဖြစ်စေပြီး အချိုးအစားကျတဲ့ ပုံစံဖြစ်အောင် ပြုပြင်လိုက်တာ ဖြစ်ပါတယ်။ ရင်သားတစ်ရှူးများကိုနေရာလဲခြင်း၊ ရင်သားပုံစံကိုထိန်းဖို့အတွက် အစားထိုးထည့်သွင်းခြင်း စတာတွေအပါအဝင် ရင်သားတစ်ရှူး ပမာဏကို လျှော့ချနိုင်တဲ့ နည်းလမ်းတွေ အများကြီး ရှိနေပြီဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီနည်းလမ်းကို ရွေးချယ်မယ်ဆိုရင် ဆုံးဖြတ်ချက်မချခင်မှာ ကိုယ့်ရဲ့ ရွေးချယ်မှုအားလုံးကို ဂရုတစိုက်နဲ့ သေချာသုံးသပ်ပေးနိုင်မယ့် အတွေ့အကြုံရှိ ခွဲစိတ်အထူးကုဆရာဝန်နဲ့ အရင်ဆုံးဆွေးနွေး တိုင်ပင်ရမှာဖြစ်ပါ တယ်။

မျိုးရိုးဗီဇ (သို့) ဟော်မုန်းမညီမျှမှုကြောင့် ရင်သားကြီးနေတဲ့ အမျိုးသမီးများ အနေနဲ့လည်း ရင်သားအရွယ်အစားကိုလျှော့ချဖို့ အကြံပြုလိုပါတယ်။

ရင်သားသေးစေရန်ခွဲစိတ်ပြုပြင်ခြင်းနည်းလမ်းနဲ့သင့်လျော်တဲ့အမျိုးသမီးများ

၁။ ရင်သားကြီးမားပြီး ၎င်းပုံစံကို မလိုချင်တဲ့အမျိုးသမီးများ။

၂။ ရင်သားကြီးမားခြင်းကြောင့် လည်ပင်း၊ ခါးနဲ့ ပုခုံးတို့မှာ နာကျင်မှုကို ခံစားရတဲ့အမျိုးသမီးများ။

၃။ ကျန်းမာတဲ့ခန္ဓာက်ိုယ်အလေးချိန်ရှိတဲ့အမျိုးသမီးများ။ ရင်သားခွဲစိတ် ပြုပြင်ဖို့ မဆုံးဖြတ်ခင်မှာ ကိုယ်အလေးချိန် လျှော့ချဖို့ရည်ရွယ်ထားသူများ။

၄။ သွေးမခဲသည့်ရောဂါ(Hemophilia)၊ Ehler-Danlos Syndrome ခေါ် မျိုးရိုးလိုက်တဲ့ တစ်ရှူးတွယ်ဆက်ရောဂါလက္ခဏာ အပါအဝင် ခွဲစိတ်မှု ကို အဟန့်အတားဖြစ်စေသော ရောဂါအခံမရှိသူအမျိုးသမီးများ။

၅ ။ ကိုယ်ဝန်ဆောင်အမျိုးသမီးမဟုတ်သူများ (သို့) ကလေးနို့တိုက်ခြင်း မရှိသူများ။

၆။ ကိုယ်ခန္ဓာကျန်းမာသန်စွမ်းပြီး ရင်သားကိုပုံမှန်ဖွံ့ဖြိုးချင်တဲ့ အမျိုးသမီးများ။

၇။ အသက်(၂၀)အထက်အမျိုးသမီးများ။ ( အသက်(၂၀)အောက် အမျိုးသမီး များအနေနဲ့ မိဘ (သို့)တရားဝင်အုပ်ထိန်းသူဆီကနေ ခွင့်ပြုချက်ယူရပါမယ်။)

ရင်သားခွဲစိတ်မှုပြုလုပ်လျှင်ကြုံတွေ့နိုင်သည့်အန္တရာယ်များ

ခွဲစိတ်ကုသမှုပုံစံအားလုံးဟာ အန္တရာယ်ဖြစ်နိုင်ခြေရှိပါတယ်။ ဒါပေမယ့်လည်း ဒါဟာ ခွဲစိတ်ကုသမှုခံယူသူတိုင်း အခက်အခဲ ရှိမယ်လို့ မဆိုလိုပါဘူး။ ခွဲစိတ်ကုသမှုခံယူဖို့ နှစ်ဦးနှစ်ဖက် သဘောတူညီမှုမယူခင်မှာ ကျန်းမာရေး ဝန်ထမ်းများက ခွဲစိတ်မှုပြုလုပ်လျှင်ကြုံတွေ့နိုင်တဲ့ အန္တရာယ်များနဲ့ စဉ်းစားရမယ့် အချက်များကို ပြောပြပေးမှာဖြစ်ပါတယ်။

၁။ အမာရွတ် - လူနာဟာ အမာရွတ်အဖု(Keloid)လိုမျိုး မဖြစ်ဖူးဘူးဆိုရင် ကြိုတင်သိရှိနိုင်ပြီးမမြင်နိုင်တဲ့နေရာက အမာရွတ်ကလွဲလို့ ချောမွတ်တဲ့ ရင်သားပုံစံကိုရရှိမှာဖြစ်ပါတယ်။

၂။ မျှော်လင့်ထားတဲ့အတိုင်းမဖြစ်လာတဲ့ရလဒ် - ဒါဟာ အကြောင်းအရင်း များစွာကြောင့်ဖြစ်နိုင်ပါတယ်။ ဒါပေမယ့်လည်း အတွေ့အကြုံရှိတဲ့ ခွဲစိတ်ဆရာဝန်များက ခွဲစိတ်မှုရလဒ်နဲ့ပတ်သက်ပြီး အကြံပေးနိုင်မှာဖြစ်တာ ကြောင့် လူနာအတွက် အကောင်းဆုံးသော ရလဒ် ရရှိစေမှာဖြစ်ပါတယ်။

၃။ တခြားဖြစ်လာနိုင်တဲ့အန္တရာယ်များ - ခွဲစိတ်မှုခံယူသူများဟာ ထုံကျင်ခြင်း (သို့) နို့သီးခေါင်းပုပ်ခြင်း(Nipple Necrosis) ကဲ့သို့သော နို့သီးခေါင်းကို ထိခိုက်စေတဲ့ နောက်ဆက်တွဲပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ ဆေးလိပ် အလွန်အကျွံသောက်တဲ့အမျိုးသမီးများဟာ နို့သီးခေါင်း ပုပ်ခြင်းဖြစ်ပွားနိုင် သလို ဆီးချို၊ သွေးတိုး၊ သွေးတွင်းအဆီးပမာဏများခြင်း ကဲ့သို့ ရောဂါအခံ ရှိသူများမှာလည်း ဖြစ်ပွားနိုင်ပါတယ်။ ဒါပေမယ့်လည်း ဒီအခြေအနေတွေ ဟာ ထိထိရောက်ရောက် သေချာကိုင်တွယ်လုပ်ဆောင်မယ်ဆိုရင် ခွဲစိတ်ကုသမှုကို ထိခိုက်စေမှာမဟုတ်ပါဘူး။

 

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဆစ်မီတဝေ့ဆရီနာကရင်ဆေးရုံမှာ လုပ်ဆောင်နိုင်တဲ့ ရင်သားတင်းစေရန်ခွဲစိတ်ကုသမှုနှင့်ရင်သားသေးစေရန်ခွဲစိတ်ပြုပြင်ခြင်း

၁။   ဆစ်မီတဝေ့ဆရီနာကရင်ဆေးရုံဟာ ရင်သားခွဲစိတ်ရာမှာ စစ်ဆေးခြင်း၊ စီစဉ်ရေးဆွဲခြင်း၊ ခွဲစိတ်မှုအတွင်းချိန်ညှိခြင်း စတာတွေကို လုပ်ဆောင်နိုင်ဖို့  ပုံရိပ်ဖမ်းကြည့်ခြင်း၊ လေဆာပစ်ခြင်း၊ မှန်ပြောင်းကိရိယာ အသုံးပြုခြင်း အပါအဝင် ခေတ်မီနည်းစနစ်များကို အသုံးပြုလျက်ရှိပါတယ်။

၂။ ဆစ်မီတဝေ့ဆရီနာကရင်ဆေးရုံရဲ့ ရင်သားခွဲစိတ်ကုသမှု ကို ဦးဆောင်တဲ့ ခွဲစိတ်အထူးကုဆရာဝန်ကြီးများဟာ ခွဲစိတ်ကုသမှုနယ်ပယ်မှာ နှစ်ပေါင်း(၂၀) ကျော် အတွေ့အကြုံရှိသူများဖြစ်ပါတယ်။

၃။ ဝါရင့်ကျွမ်းကျင်ခွဲစိတ်ဆရာဝန်ကြီးများနဲ့ နောက်ဆုံးပေါ်နည်းပညာများ ပေါင်းစပ်ထားခြင်းရဲ့ ရလဒ်အဖြစ် အောင်မြင်တဲ့ ခွဲစိတ်ကုသမှုများကို စွမ်းဆောင်နိုင်ခဲ့ပါတယ်။

၄။ ခွဲစိတ်ကုသမှုပြီးတဲ့နောက် ဆေးရုံကို လူကိုယ်တိုင်လာဖို့ အဆင်မပြေသူ များအနေနဲ့ Virtual Hospital ကိုအသုံးပြုပြီး နောက်ဆက်တွဲလက္ခဏာများ ကို ပြသတ်ိုင်ပင်နိုင်ပါတယ်။

ရင်သားသေးစေရန်ခွဲစိတ်မှုမပြုခင်(သို့) ရင်သားတင်းစေရန်ခွဲစိတ်ကုသမှု မပြုခင်ပြင်ဆင်ရ မည့်အချက်များ

ခွဲစိတ်မှုမတိုင်ခင်(၆)လ

  •   ဗီတာမင် A ဟာ ဒဏ်ရာအနာသက်သာခြင်းကို ထိခိုက်စေတာကြောင့် ခွဲစိတ်မှုမတိုင်ခင် (၆)လအတွင်း ဗီတာမင် A ပါဝင်တဲ့ ဆေးဝါးများ သောက်သုံးခြင်းကို ရပ်ထားရပါမယ်။

ခွဲစိတ်မှုမတိုင်ခင်(၃)လ

  • ခွဲစိတ်ဖို့အတွက် ခန္ဓာကိုယ်ကို ပြင်ဆင်တဲ့ အနေနဲ့ ပုံမှန်လေ့ကျင့်ခန်း လုပ်ပြီး ညစဉ် ကောင်းစွာအိပ်စက်အနားယူပါ။
  • နှစ်စဉ်ကျန်းမာရေးစစ်ဆေးပါ။ ရောဂါအခံရှိသူများအနေနဲ့ ကိုယ့်ရောဂါ အခြေအနေကို ဆရာဝန်ရဲ့ အကြံပေးလမ်းညွှန်မှုအောက်မှာ အမြဲ ရှိနေ စေဖို့ ပုံမှန်ပြသနေကျဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ရပါမယ်။
  • Undergo cancer screening with a mammogram (for those deemed at risk of developing breast cancer). 

ခွဲစိတ်မှုမတိုင်ခင်(၄)ပတ်

  • ခွဲစိတ်မှုမတိုင်ခင် အနည်းဆုံး (၄)ပတ်လောက်အတွင်း ဆေးလိပ်သောက် ခြင်းကို ရှောင်ကျဉ်ရပါမယ်။
  • ရင်သားမှာအပေါက်အသစ်ဖောက်ခြင်း(Piercings)၊ ဆေးမင်ကြောင်ထိုး ခြင်း နဲ့ နေပူစာလှံႈခြင်းများ မလုပ်ပါနဲ့။ တကယ်လို့ မဖြစ်မနေ အပေါက် ဖောက် တယ်ဆိုရင် အလွယ်တကူ ပြန်ဖြုတ်လို့ရတဲ့ ကွင်း တစ်ခုကို ထပ်ဆင်ပါ။ ဒါမှသာ အဲဒီနေရာကို သန့်ရှင်းအောင်လုပ်လို့ရမှာဖြစ်ပြီး လိုအပ်တဲ့အတိုင်း ကုသနိုင်မှာဖြစ်ပါတယ်။
  • ဓမ္မတာလာနေစဉ်အတွင်း (သို့) ဓမ္မတာလာဖို့ နီးကပ်နေတဲ့အချိန်မှာ ခွဲစိတ်ကုသမှုကိုမလုပ်ပါနဲ့။ ဒါနဲ့ပတ်သက်ပြီး စိတ်ထဲ မတင်မကျ ဖြစ်နေ တယ်ဆိုရင် ခွဲစိတ်ကုသမှုကို နောက်ဆုတ်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပါ။

 ခွဲစိတ်မှုမတိုင်ခင် (၁၀)ရက်

  • သွေးခဲနိုင်မှုကို ထိခိုက်စေတဲ့ အောက်ပါဆေးဝါးများကို ရှောင်ကျဉ်ပါ။
    • Asprin , Comadin , Ticlid , Plavix , Aggrenox ကဲ့သို့သော သွေးကျဲဆေးများ။ ( မည်သည့်ဆေးများကို အန္တရာယ်ကင်းစွာ ရပ်နား သင့်သလဲဆိုတာကို ပြသနေကျဆရာဝန်နဲ့တိုင်ပင်ပါ)
    • Ibuprofen , Advil , Motrin , Nuprin , Aleve , Relafen , Naprosyn , Diclofenac , Naproxen , Voltaren , Daypro , Feldence , Clinoril , Lodine , Indocin , Orudis ကဲ့သို့သော အရောင်ကျဆေးများ။
    • Zoloft , Lexapro , Prozac , Pristiq ကဲ့သို့သော အိပ်ဆေးများ။
  •  ငါးကြီးဆီ၊ Omega-3 , co-enzyme Q10 , Evening Primrose Oil , Glucosamine , Arnica , Ginseng , Ginko , တိုင်းရင်းဆေး စသဖြင့် သွေးခဲနိုင်မှုကို ထိခိုက်စေတဲ့ ဗီတာမင်နဲ့ ဖြည့်စွက်စာများ။

ခွဲစိတ်မှုခံယူမယ့်သူများဟာ အထက်မှာဖော်ပြခဲ့တဲ့ အချက်များအပြင် ရင်သားခွဲစိတ်ကုသမှုနဲ့ပတ်သက်တဲ့ ကောင်းကျိုးဆိုးကျိုးများကို ပိုမိုနားလည် သိရှိဖို့အပြင် ကုသပေးသူနဲ့ ကုသမှုခံယူသူကြား နားလည်မှုလွဲမှားခြင်း မရှိဘဲ မျှော်မှန်းထားတဲ့ ရလဒ်များကို သိရှိနားလည်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင် ရပါမယ်။

အသိအမှတ်ပြု ပလတ်စတစ်ဆာဂျရီ ခွဲစိတ်အထူးကု ဘုတ်အဖွဲ့နဲ့ပတ်သက်ပြီး ပိုမိုသိရှိလိုရင် အောက်ပါလင့်ခ်တွေကနေဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။

ရင်သားတင်းစေရန်ခွဲစိတ်ကုသမှုနှင့် ရင်သားသေးစေရန် ခွဲစိတ်ပြုပြင်မှု တွင်ပါဝင်သည့် အဆင့်များ

၁ ။ ခွဲစိတ်မှုခံယူမယ့်သူ အနေနဲ့ ဆရာဝန်နဲ့ တွေ့ဆုံပြီး သိရှိလိုတဲ့ မေးခွန်းများမေးမြန်းခြင်း၊ ခွဲစိတ်ခန်း မဝင်ခင် ဆွေးနွေးတိုင်ခြင်းများကို လုပ်ဆောင်ရပါမယ်။

၂ ။ ခွဲစိတ်ကုသမှု အစအဆုံးပြီးမြောက်ဖို့ (၄)နာရီ-(၆)နာရီ လောက် အချိန်ယူ ရပါတယ်။

၃ ။ မေ့ဆေးကျွမ်းကျင်ဆရာဝန် က မေ့ဆေးပေးမှာဖြစ်ပါတယ်။


၄။ ခွဲစိတ်ကုသမှုအပြီးမှာ လူနာအနေနဲ့ ဆေးရုံမှာ (၁)ရက်-(၂)ရက်လောက် နေဖို့လိုပါလိမ့်မယ်။

၅။ လူနာရဲ့ အခြေအနေကို ပြန်လည်စစ်ဆေးဖို့ နောက်ဆက်တွဲလိုအပ်တဲ့ ဆွေးနွေးတိုင်ပင်ခြင်းများကို ခွဲစိတ်ပြီး (၇)ရက်မြောက်နေ့ နဲ့ (၁၀)ရက် မြောက်နေ့မှာပြုလုပ်ရမှာဖြစ်ပါတယ်။

ရင်သားတင်းစေရန်ခွဲစိတ်ကုသမှုနဲ့ ရင်သားသေးစေရန်ခွဲစိတ်ပြုပြင်မှု အပြီး ဂရုစိုက် ရမယ့်အချက်များ

၁။ ခွဲစိတ်မှုအပြီး ခွဲစိတ်ထားတဲ့ နေရာမှာ နာကျင်ကိုက်ခဲခြင်းကို ခံစားရနိုင် ပါတယ်။ ဒါပေမယ့်လည်း ခွဲစိတ်ကုသတဲ့နေ့မှာပဲ ထပြီးလမ်းလျှောက်နိုင်မှာ ဖြစ်ပြီး နာကျင်မှုဟာ အချိန်ကြာလာတာနဲ့အမျှ သက်သာသွားပါလိမ့်မယ်။

၂။ ခွဲစိတ်ပြီးနောက်ပိုင်း (၁)ပတ်-(၃)ပတ် အတွင်း ဒဏ်ရာတစ်ချို့ ကျန်နေမှာဖြစ်ပြီး ရင်သားအချိုးအစားမကျတာမျိုး ဖြစ်လာနိုင်ပါတယ်။ (၁)လ-(၂)လ လောက်နေရင် ဒီအခြေအနေဟာ သက်သာသွားမှာဖြစ်ပါတယ်။

၃။ ရင်သားနဲ့ နို့သီးခေါင်း မှာ ထိတွေ့မှုကို မခံစားရတာမျိုး ဖြစ်န်ိုင်ပါတယ်။ ဒါပေမယ့်လည်း (၃)လ-(၆)လ လောက်နေရင် သိသိသာသာ အဆင်ပြေသွား မှာဖြစ်ပါတယ်။

၄။ ပထမ(၁)လ-(၃)လ အတွင်း ခွဲစိတ်ထားတဲ့နေရာဟာ နီရဲ ရောင်ရမ်းခြင်း ဖြစ်နိုင်ပြီး (၆)လ - (၁၂)လ ကြာရင် လုံးဝ ပျောက်ကင်းသွားနိုင်ပါတယ်။ ဒီအချိန်အတွင်း နေပူစာလှုံခြင်းကို လုံးဝ ရှောင်ကျဉ်ရမှာဖြစ်ပါတယ်။

၅။ လူနာအနေနဲ့ မေ့ဆေးရဲ့ တုန့်ပြန်မှုကြောင့် ဘေးထွက်ဆိုးကျိုး အနေနဲ့ ခေါင်းမူးခြင်း၊ ပျို့အန်ခြင်း (သို့) လည်ချောင်းနာခြင်းများ ခံစားရနိုင်ပါတယ်။

၆။ နာကျင်မှုကိုလျှော့ချဖို့နဲ့ ရောဂါပိုးဝင်ခြင်း မဖြစ်စေဖို့ လူနာအနေနဲ့ ဆရာဝန်ညွှန်ကြားထားတဲ့ဆေးအားလုံးကို မပျက်မကွက်သောက်ရပါမယ်။

၇။ လူနာရဲ့ အခြေအနေကို သေချာသုံးသပ်ဖို့နဲ့ လိုအပ်တဲ့ အကြံဥာဏ်တွေ   ရယူနိုင်ဖို့အတွက် ဆရာဝန်နဲ့ပြရမယ့် ရက်ချိန်းများအားလုံးကို မပျက်မကွက် ပြသရပါမယ်။

၈။ လူနာဟာ နေရောင်ခြည်နဲ့တိုက်ရိုက်ထိတွေ့မှု နဲ့ ခွဲစိတ်ထားတဲ့နေရာကို သိသိသာသာကာကွယ်နိုင်ဖို့ Sun Cream များ လိမ်းခြင်းကို ရှောင်ကျဉ်ရ ပါမယ်။

၉။ လူနာအနေနဲ့ ခွဲစိတ်မှုအပြီး (၇) ရက်အထိ လေးလံတဲ့ ပစ္စည်းများ မ ခြင်းကို ရှောင်ကျဉ်ရမှာဖြစ်ပြီး ခေါင်း ကို ကျော်တဲ့အထိ လက်မြှောက်ခြင်း မျိုး ကိုတောင် လုပ်လို့မရပါဘူး။ ဒါတွေကို လုပ်မိမယ်ဆိုရင် ခွဲစိတ်ထားတဲ့ နေရာဟာ ရောင်ရမ်းခြင်း ဖြစ်လာနိုင်ပါတယ်။

၁၀။ လူနာအနေနဲ့ ပြည့်ဝစွာအိပ်စက်အနားယူဖို့လိုပါတယ်။ မှောက်အိပ်ခြင်း၊ ဘေးစောင်းအိပ်ခြင်းများဟာ ရင်ဘတ်တင်းကျပ်ခြင်းဖြစ်စေတဲ့အပြင် အနာကျက်ခြင်းကိုပါ ထိခိုက်စေတာကြောင့် ရှောင်ကျဉ်ရပါမယ်။ ရောင်ရမ်းခြင်းကို လျော့ပါးစေဖို့ ခေါင်းအုံးအနည်းငယ်သုံးကာ ခေါင်းကို မြင့်မြင့် ထားဖို့ လိုပါတယ်။

၁၁။ လူနာအနေနဲ့ ပုံမှန် အလုပ်ပြန်မလုပ်ခင် အိမ်မှာ (၂)ပတ်လောက် အနားယူဖို့ အကြံပြုချင်ပါတယ်။

၁၂။ ခွဲစိတ်ထားတဲ့ နေရာမှာ စိုထိုင်းဆ ဖြစ်မနေစေဖို့ သတိပြုပါ။ တကယ်လို့ ခွဲထားတဲ့နေရာကို ရေစိုခံပလတ်စတာ ကပ်ထားတယ်ဆိုရင် ခွဲစိတ်ပြီး နောက်တစ်နေ့မှာ ပုံမှန်အတိုင်းရေချိုးနိုင်ပါတယ်။

၁၃။ ခွဲစိတ်ပြီး အနည်းဆုံး (၆)ပတ်-(၈)ပတ်လောက်အတွင်းမှာ လူနာဟာ ဆေးရုံကပေးတဲ့ Bra (သို့) အတွင်းမှာသံချောင်းကြိုးမပါတဲ့ အထောက်အ ကူပြု Bra ကို နေ့ရော ညရော ဝတ်ထားမယ်ဆိုရင် ဒဏ်ရာချုပ်ရိုး ပြေမသွားအောင် ကာကွယ်နိုင်မှာဖြစ်ပါတယ်။

 ၁၄။ ခွဲစိတ်ပြီးနောက်ပိုင်း (၄)ပတ်အထိ အားစိုက်ရတဲ့ လေ့ကျင့်ခန်းများကို မလုပ်ပါနဲ့။ ဒါပေမယ့် သွေးခဲခြင်းကိုကာကွယ်ဖို့အတွက် လမ်းဖြေးဖြေးလျှောက် ခြင်းမျိုးကို လုပ်ပေးသင့်ပါတယ်။

၁၅။ ပြန်လည်သက်သာလာဖို့အားယူနေရတဲ့အချိန်တွေမှာ မလိုလားအပ်တဲ့ နောက်ဆက်တွဲပြဿနာတွေကို ကာကွယ်ဖို့အတွက် ဆေးလိပ်၊ အရက် စတာတွေကို ခွဲစိတ်ပြီး (၄)ပတ်အထိ ရပ်နားထားရပါမယ်။

၁၆။ လူနာအနေနဲ့ ကျန်းမာရေးနဲ့ညီညွတ်အောင် စားသုံးဖို့လိုအပ်ပြီး ရောင်ရမ်းခြင်းကို ပိုမိုဆိုးရွားစေတဲ့ အငံ ဓာတ်များတဲ့ အစားအစာများကို ရှောင်ကျဉ်သင့်ပါတယ်။ ပြန်လည်သက်သာလာအောင် အထောက်အကူပြု စေဖို့ အမျှင်ဓာတ်များများစားခြင်း၊ ရေများများသောက်ခြင်း များကို လုပ်ပေးရ ပါမယ်။

ရင်သားတင်းစေရန်ခွဲစိတ်ကုသမှု (Breast Lift Surgery) နဲ့ ရင်သားသေးစေရန် ခွဲစိတ်ပြုပြင်မှု(Breast Reduction Surgery) များဟာ အမျိုးသမီးတစ်ယောက်ရဲ့ ရင်ဘတ်နေရာက အချိုးမညီတဲ့အရာတိုင်းကို ပြုပြင်ပေးရာမှာ ထိရောက်မှုရှိတဲ့ နည်းလမ်းများဖြစ်ပါတယ်။ ဒီခွဲစိတ်ကုသမှုနည်းလမ်းများဟာ အမျိုးသမီး တစ်ယောက် ကျေနပ်နှစ်သက်တဲ့ သဘာဝ ကျကျ လှပမှုမျိုးဖြစ်အောင် ပြောင်းလဲ ပေးနိုင်တာကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်မှု နဲ့ လေးစားမှုကို မြှင့်တင်ပေးနိုင်ပါ တယ်။ ဒီခွဲစိတ်ကုသမှုနည်းလမ်းများဟာ ဆေးဘက်ဆိုင်ရာ စံ သတ်မှတ်ချက် တစ်ခုမှာ ရှိနေပြီး တစ်ကမ္ဘာလုံးမှာလည်း ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေ ကြပါတယ်။ ဒါပေမယ့်လည်း ဘယ်လိုခွဲစိတ်ကုသမှုမျိုးပဲဖြစ်ဖြစ် ကြုံတွေ့ လာနိုင်တဲ့ ဆိုးကျိုး များကို သတိထားပြီးကြိုတင်တွက်ဆထားဖို့ မမေ့ပါနဲ့။ ဒါပေမယ့် အမျိုးသမီး တစ်ယောက်ရဲ့ ကိုယ့်ကိုယ်ကို အထင်ကြီးလေးစားမှုကို အသစ်တစ်ဖန် ပြန်လည် မွေးဖွားပေးပြီး သူတို့ရဲ့ နေ့စဉ်ဘဝကို ပိုမိုလှပအောင် ဖန်တီးပေးနိုင်မယ့် ဒီလိုမျိုး ရင်သားခွဲစိတ်မှုနည်းလမ်းများဟာ တန်ဖိုးမဖြတ်နိုင်တာကတော့ အသေအချာပါပဲ။

ဆစ်မီတဝေ့ပလတ်စတစ်ဆာဂျရီနှင့်အလှအပဆိုင်ရာခွဲစိတ်ကုသမှုအင်စတီကျု  Samitivej Plastic and Esthetic Surgery Institute  ဟာ ဘန်ကောက်မြို့မှာ ပလတ်စတစ်ဆာဂျရီနဲ့ပတ်သက်ပြီး အလုံးစုံသော ဝန်ဆောင်မှုများကို ရရှိနိုင်တဲ့ နေရာဖြစ်ပါတယ်။ ဆစ်မီတဝေ့ရဲ့ ပလတ်စတစ်ဆာဂျရီနှင့် ခန္ဓာကိုယ်အစိတ် အပိုင်း အစားထိုးခွဲစိတ်အထူးကုဆရာဝန်များမှ သင့်ရဲ့ အပြင်ပန်း ပုံသဏ္ဍာန် ကို စိတ်ထဲရှိတဲ့ အတိုင်းဖြစ်အောင် အကောင်းဆုံးသော နည်းလမ်း အားလုံးနဲ့ ခွဲစိတ်ကုသမှုပေါင်းများစွာကို လုပ်ဆောင်ပေးလျက်ရှိပါတယ်။ ဆစ်မီတဝေ့ဆေးရုံအနေနဲ့ ရင်သားကြီးထွားစေဖို့ခွဲစိတ်ကုသမှု၊ ရင်သားတင်းစေ ရန်ခွဲစိတ်ကုသမှု၊ ရင်သားသေးစေရန်ခွဲစိတ်ပြုပြင်မှု စတာတွေကို အထူး ဝန်ဆောင်မှုပေး လျက်ရှိပါတယ်။ ဆစ်မီတဝေ့ရဲ့ ပလတ်စတစ်ဆာဂျရီ ခွဲစိတ် အထူးကုဆရာဝန် ကြီးများဟာ မျက်နှာခွဲစိတ်ပြုပြင်ခြင်း၊ ကိုယ်ခန္ဓာအဆီပို များ ကိုခွဲစိတ်ဖယ်ရှားခြင်း၊ သိသိသာသာကိုယ်အလေးချိန်ကျ ဆင်းပြီးနောက် ခန္ဓာကိုယ်ကိုခွဲစိတ်ပြုပြင်ခြင်း စတာတွေမှာလည်း အတွေ့အကြုံရှိပြီးသား ဖြစ်ပါ တယ်။ ဆရာဝန်များအနေနဲ့ ရင်သားအပြင် ဝမ်းဗိုက်နဲ့ တခြားအစိတ်အပိုင်း များကိုလည်း တစ်ပေါင်းတည်း ခွဲစိတ်ကုသမှုမျိုးကိုလည်း လုပ်ဆောင်ပေး ပါ တယ်။

ပလတ်စတစ်ဆာဂျရီနှင့်အစားထိုးခွဲစိတ်ဆရာဝန်များ အပြင် သူနာပြု၊ မေ့ဆေးအထူးကု၊ နှလုံးအထူးကု၊ တခြားအထူးကုဆရာဝန်များ ရဲ့ လက်တွဲ လုပ်ဆောင်မှုနဲ့အတူ ခွဲစိတ်ကုသမှုခံယူမယ့် လူနာအတွက် ဘေးကင်းလုံခြုံမှု ကို ပေးစွမ်းနိုင်မှာပါ။

ဆစ်မီတဝေ့မှ ဝန်ထမ်းများအနေနဲ့ လူနာများကိုကူညီဖို့အတွက် အောက်ပါ ဝန်ဆောင်မှုများပေးဖို့အသင့်ရှိနေပါတယ်။

  • အွန်လိုင်းဗီဒီယိုကောလ်မှတစ်ဆင့်ဆရာဝန်နှင့် ကုသမှုအစီအစဉ် ဆွေးနွေးတိုင်ပင်ခြင်း (ဒုတိယရွေးချယ်မှု)။
  • တခြားဆေးရုံမှ ဆေးမှတ်တမ်းများနဲ့ ခန့်မှန်းကုန်ကျစရိတ်များရှိ ခဲ့မယ်ဆိုရင်လုပ်ဆောင်နိုင်တဲ့ ကုသမှုစီစဉ်ရေးဆွဲခြင်း ။
  • ဆစ်မီတဝေ့ရဲ့ တန်ဖိုးတွက်ချက်မှုအဖွဲ့ (Appraisal Team) မှ အာမခံ ဈေးနှုန်းနဲ့အတူ ကုန်ကျစရိတ်တွက်ချက်ရေးဆွဲခြင်း။ ( နောက်ဆက်တွဲ ရောဂါမရှိသည့်ကုသမှုအစီအစဉ်များအတွက်သာ)
  • ထိုင်းနိုင်ငံအပါအဝင် နိုင်ငံတကာကုမ္ပဏီများနှင့် ဆေးဝါးဝယ်ယူနိုင် သည့်ပမာဏ (Initial Coverage Eligibility) တွက်ချက်ပေးခြင်း။ (ဆေးရုံနှင့်စာချုပ် ချုပ်ဆိုထားသည့်ကုမ္ပဏီများအတွက်သာ)
အဆင့်သတ်မှတ်ချက်

မှတ်ပုံတင်ပြီးသားလား။